10/01/2015

♪ မိုဘိုင်းခေတ်ကြီးထဲမှာ Professional ဆန်ဆန်လုပ်ကိုင်နိုင်ဖို့အတွက် အသင့်တော်ဆုံးသင်တန်းကျောင်းတစ်ခု - The Last Mobile Service & Training Centre ♫


မိုဘိုင်းဖုန်း ပြုပြင်ခြင်း နည်းပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုပြီး သင့်ဘ၀ နောင်ရေးအတွက် ခိုင်မာချင်ပါသလား …. ။

တစ်နေ့ ထက် တစ်နေ့ လျှင်မြန်စွာ တိုးတက်နေသော ယနေ့ ၂၁ ရာစု ခေတ်ကြီးထဲမှာ မိုဘိုင်းဖုန်း တွေ ကလည်း အဓိက ကျတဲ့ အခန်း ကဏ္ဍကနေပါဝင်လာခဲ့ပြီ ဖြစ်ပါတယ် ... ။ အိမ်မှာ ၊ ထမင်းစားနေရင်း ၊ လမ်းလျှောက်နေရင်း ၊ Bus ပေါ်မှာ ၊ ကိုယ်ပိုင်ကားပေါ်မှာ ၊ အိပ်ယာထဲမှာ နောက်ဆုံး အိမ်သာထဲမှာ …… စသဖြင့် မိုဘိုင်းဖုန်း စွဲလမ်းကြသူများကို မြင်ဖူးတွေ့ဖူးပါလိမ့်မယ် … ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပါချင် ပါနေနိုင်ပါတယ် … ။ အဲ့ဒါကြောင့် ဒီနေ့ ခေတ်ရဲ့ မရှိမဖြစ် လိုအပ်ချက် တစ်ခု လို ဖြစ်လာတဲ့ မိုဘိုင်းဖုန်း အမျိုးမျိုး ပြုပြင်ခြင်း နည်းပညာရပ်များကို တတ်မြောက်ထားပါ က အသက်မွေးဝမ်းကြောင်း တစ်ခုအနေဖြင့် ရပ်တည်နိုင်သော ပညာရပ် တစ်ခုပင် ဖြစ်ပါတယ် …. ။ လွတ်ကျမယ် ၊ အမှတ် တမဲ့ ဖြစ်ပြီး ရေစိုမယ် ၊ မီးအား အတက် အကျကြောင့် ပါဝါ မလာတော့ ၊ အားသွင်းခေါင်း ကို ဆောင့်ဆောင့်ပြီး ထိုးတာကြောင့် အားသွင်းခေါင်း မကောင်းတော့ ၊ သုံးရတာ ကြာလာလို့ စက်က လေးလာမယ် ၊ စက် အသစ်လေးမှာ မြန်မာဖောင့်လေးနဲ့ သုံးချင်တယ် ၊ Version လေး Update ရလို့ မြှင့်ချင်တယ် ၊ COC လေး မှာ google နဲ့ ချိတ်ချင်တယ် ၊ COC မှာ မြန်မာဖောင့် မြင်ချင်လာမယ် စတဲ့ အမျိုးမျိုးသော လိုအပ်ချက်တွေ ကြောင့် မိုဘိုင်းဖုန်း ပြုပြင်ခြင်း နည်းပညာရပ်များကိုသာ တတ်မြောက်ထားပါက နေ့စဉ် ၀င်ငွေ ရနိုင်သော အသက်မွေးဝမ်းကြောင်း ပညာတစ်ရပ် လည်း ဖြစ်ပါတယ် ။


လက်ရှိ ကိုယ်ကိုယ်တိုင်ရော ၊ ကိုယ့် ပတ်ဝန်းကျင်မှာပါ နေ့စဉ် ကြုံတွေ့နေရတဲ့ များပြားလှတဲ့ မိုဘိုင်းဖုန်းတွေရဲ့ Error တွေကို လေ့လာကြည့်ပါ … ။နေ့စဉ် နှင့်အမျှ ကို ဖြစ်ပျက်နေတာပါ … ။ အဲ့ဒါကြောင့် မဖြစ်မနေ တတ်ထားသင့်တဲ့ ပညာရပ် တစ်ခု ဖြစ်ကြောင်း ပြောဆိုရင်း ကျွန်တော်တို့ The Last Mobile Service & Training Centre လေးနဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗျာ … ။
၁၁ လ ပိုင်း ၅ ရက်နေ့ မှာ တန်းခွဲ အပတ်စဉ် (၉) ကို ထပ်မံ ဖွင့်လှစ် သင်ကြားပေးမှာ ဖြစ်ပါတယ် ။ ( ကွန်ပျူတာ အခြေခံ ကနေ စတင် သင်ကြားပေးတာ ဖြစ်တာကြောင့် ၁၀ လပိုင်း ၂၉ ရက်နေ့မှာကတည်းက ကွန်ပျူတာ အခြေခံ စတင် သင်ကြားပေးမှာ ဖြစ်ပါတယ် ။ ) ပြီးပြည့်စုံတဲ့ သင်ရိုးညွန်းတန်း ၊ နောက်ဆုံး ပေါ် ဖုန်းများနဲ့ Up To Date ဖြစ်တဲ့ နည်းပညာ ရပ်များကို သင်ကြားမှု ၊ Customer ဖုန်းများ ကို တိုက်ရိုက် ပြုပြင်ရင်း ချက်ခြင်း သင်ကြားပေးမဲ့ Customer Relationship ၊ မိမိ ပြုပြင်ရမဲ့ ဖုန်း များအတွက် ကိုယ်ကိုယ်တိုင် Spare Parts များ သွားရောက်ဝယ်ယူရမဲ့ သင်ကြားမှု စတဲ့ နည်းစနစ်များကြောင့် On Job Training အတွက် အချိန် ထပ်ပေးစရာ မလိုပဲ အချိန် တို အတွင်းမှာ လေ့လာမှု အားကောင်းရင် ကောင်းသလောက် သင်ယူတတ်မြောက်နိုင်မှာလည်း ဖြစ်ပါတယ် ။ အထက်ပါ အတိုင်း ပြုလုပ်သင်ကြားပေးတဲ့ သင်ကြားမှု နည်းစနစ်များကြောင့်လည်း သင်တန်းကြေး အနေနဲ့ Software ပိုင်း အတွက် ၂ သိန်း ၊ Hardware ပိုင်း အတွက် ၃ သိန်း ၊ ၂ မျိုးပေါင်း ၅ သိန်း သတ်မှတ် ထားပါတယ် ခင်ဗျာ …. ။ ( Discount လုံးဝ မရှိပါ ) ၂ မျိုးလုံး တက်ရောက်သော နယ်မှ သင်တန်းသားများ အတွက် နေစရာ အဆောင်လည်း အခမဲ့ စီစဉ်ထားရှိပါတယ် ။ အသေးစိတ် ထပ်မံ စုံစမ်းချင်သူတွေ အနေနဲ့ 09-33-80-5581 , 09-33-80-5591 စတဲ့ ဖုန်း တွေကိုလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ။ 
နောက်ဆုံး Up To Date ဖြစ်သော သင်ရိုးညွှန်းတန်း ၊ စုံလင်စွာ ထားရှိထားသော မိုဘိုင်းဖုန်း ပြုပြင်ရေး ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ ၊ သင်တန်းသားများ လက်တွေ့စမ်းသပ်ရန် နောက်ဆုံးပေါ် ဖုန်းများ အထိ ထားရှိထားရုံမျှ မက Customer လာရောက် ပြုပြင်သော ဖုန်းများနဲ့ပါ လက်တွေ့ စမ်းသပ် ပြုပြင်နိုင်ခွင့်နှင့် မိုဘိုင်းဖုန်း သင်ကြားရေး နယ်ပယ်တွင် Service အတွေ့အကြုံ ၊ သင်ကြားမှု အတွေ့အကြုံ အပြည့်အ၀ ရှိသောဆရာများ က သင်ကြားပေးသော သင်တန်းကောင်း တစ်ခု ဖြစ်ပါတယ် ။ သင်တန်းသားများ လက်တွေ့ သေချာစွာ ပြုလုပ်နိုင်ရေး အတွက် ထပ်မံပြီး အနီးကပ် သင်ကြားပေးမဲ့ လက်ထောက် ဆရာများလည်း ထားရှိကာ သင်တန်းသား တစ်ယောက်ချင်းစီအတွက် လက်တွေ့ လုပ်ကိုင်ပုံက အစ ဂရုတစ်စိုက်နဲ့ တိကျ သေချာစွာ သင်ကြားပေးတဲ့ သင်တန်းကျောင်း တစ်ခု ဖြစ်ပါတယ် ။
ကျွန်တော်တို့ The Last Mobile မိုဘိုင်းဖုန်း အမျိုးမျိုး ပြုပြင်ခြင်း သင်တန်းမှာ အဓိက အားဖြင့် Software , Hardware အပိုင်း ၂ ပိုင်းကို သင်ကြားပေးပါတယ် ။




Software ဆိုင်ရာ ပြုပြင်ခြင်း များ အတွက် လက်ရှိ မိုဘိုင်းဖုန်း လောကမှာ လူကြိုက် အများဆုံး OS ၂ ခု ဖြစ်တဲ့ Android နဲ့ iOS ပိုင်းဆိုင်ရာ Software Error အမျိုးမျိုးကို အဓိကထားပြီး သင်ကြားပေးပါတယ် ။
Android OS ပိုင်း အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဖုန်း Brand တွေ ဖြစ်တဲ့ Samsung , Sony , HTC , Huawei စတဲ့ နာမည်ကြီး ဖုန်း Brand တွေ အပြင် အခု နောက်ပိုင်းမှ အောင်မြင်လာတဲ့ Oppo , Vivo , Lenovo , Coolpad , Xiaomi , Gionee , G-Five , Kenbo , SingTech , Hisense , Telenor အစရှိတဲ့ ဖုန်းတွေ အားလုံး နဲ့ နယ်သမားများ စိတ်ကြိုက် ဖြစ်စေမဲ့ တန်ဖိုးနည်း China Phone , Clone ဖုန်းတွေ ၊ Samsung Clone , Sony Clone , MyPhone , X-Bo ,ILoveFa အစရှိတဲ့ brand မရှိသော Handset များအထိ အကောင်းဆုံး ပြုပြင်နိုင်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ။ 
ပထမဆုံး အနေနဲ့ Software နဲ့ သက်ဆိုင်တဲ့ မိုဘိုင်းဖုန်း ပြုပြင်ခြင်းများ အတွက် အခြေခံ သဘော တရားများကို ရှင်းလင်း သင်ကြားခြင်း
Android OS စတင် ဖြစ်ပေါ်လာပုံအကြောင်း အသေးစိတ် ရှင်းလင်းသင်ကြားခြင်း
လက်ရှိ ထွက်ခဲ့ပြီးသော Android Version History များအကြောင်း ရှင်းလင်း သင်ကြားခြင်း
မိုဘိုင်းဖုန်း တစ်လုံးထဲမှာ ရှိတဲ့ Settings ပိုင်းဆိုင်ရာများ အကြောင်း ရှင်လင်း သင်ကြားခြင်း ၊
ကွန်ပျူတာနဲ့ ချိတ်ဆက် အသုံးပြုဖို့အတွက် Driver ပိုင်း ဆိုင်ရာများ သင်ကြားခြင်း
Service ဆိုင် တစ်ဆိုင် အတွက် မရှိမဖြစ် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့ Application , Game Install လုပ်ခြင်း ၊ mp3 , mp4 သီချင်းသွင်းခြင်း စသည်တို့ကို နောက်ဆုံးထွက် PC Suite Update များဖြင့် ရှင်းလင်း သင်ကြားပြသပေးခြင်း ၊ contact , message , notes အစရှိတာတွေကိုလည်း backup , restore များ သင်ကြားပေးခြင်း ၊
ဖုန်း တစ်မျိုး ချင်းစီ အတွက် Official Firmware , Custom Firmware များ ကို သက်ဆိုင်ရာ ဖုန်းများအလိုက် ၊ သက်ဆိုင်ရာ Version အလိုက် Upgrade , Downgrade လက်တွေ့ စမ်းသပ် သင်ကြား ပြသပေးခြင်း
မိမိ တင်လိုက်သော Firmware Version အပေါ်မူတည်ပြီး ပုံမှန် အတိုင်း Root ဖောက်ခြင်း နည်းလမ်းများ ၊ One Click Software များကို အသုံးပြုပြီး Root ဖောက်ခြင်း နည်းလမ်းများကို လက်တွေ့ သင်ကြားပြသပေးခြင်း ၊ Root ဖောက်ခြင်းကြောင့် ဖြစ်တတ်သော Error များ အကြောင်းကိုလည်း ရှင်းလင်း ပြသပေးခြင်း
Root ဖောက်ဖို့ အတွက် ပထမအဆင့် လုပ်ဆောင်ရမဲ့ Bootloader Lock , Unlock များအကြောင်း ရှင်းလင်းသင်ကြားခြင်း ၊
Root ဖောက်ရန် လိုအပ်သော Custom Recovery (CWM) များအကြောင်း ရှင်းလင်း ပြသခြင်း ၊
Root ဖောက်ရန် ခက်ခဲသော Hauwei ဖုန်းများ အတွက် insecure boot များ ကိုယ်တိုင် ဖန်တီးပြီး လွယ်ကူစွာ Root ဖောက်နိုင်ရန် သင်ကြားပြသပေးခြင်း
Pattern , Password Lock များ အတွက် Data မပျက်သော ADB Command များ အသုံးပြုပြီး ပြန်လည် ဖြည်နည်းများ ၊
Network မကိုက်ခြင်း အခြေအနေတို့ကြောင့် Samsung ဖုန်းအများစုမှာ ဖြစ်တတ်သော imei , baseband unknown error တို့ကြောင့် not register on network , လိုင်း မတက်ခြင်း အစ ရှိတာတွေကို Box အသုံးပြုပြီး ဖြေရှင်းနည်းများ ၊ Box အသုံးမပြုပဲ ဖြေရှင်းနည်းများ
MediaTek (MTK Chipset) အသုံးပြုထားသော ဖုန်းများ အတွက် နောက်ဆုံးပေါ် Miracle Box အသုံးပြုပြီး Firmware Backup ထုတ်ခြင်း ၊ Firmware ပြန်တင်ခြင်း အစရှိသော နောက်ဆုံးပေါ် နည်းပညာရပ်များ ၊ .bin format ကို တိကျစွာနားလည်စေပြီး MTK Chipset အသုံးပြုထားသော မည်သည့်ဖုန်းကိုဆို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုပြင်တတ်စေရန် သင်ကြားပြသပေးခြင်း
Octopus , SPT , Z3X , Miracle Box များ အသုံးပြုပြီး သက်ဆိုင်ရာ ဖုန်းများ အလိုက် လက်တွေ့သင်ကြားပြသပေးပါတယ် ။
iOS သုံး Apple Devices များ အတွက် နောက်ဆုံးပေါ် 6s , 6sPlus ဖုန်းများကို အသုံးပြုပြီး
လက်ရှိ 6s , 6sPlus တို့ အထိ အရင်က ထွက်ခဲ့ဖူးတဲ့ iPhone တွေ အကြောင်း ၊ iOS Settings ပိုင်းဆိုင်ရာ ၊ System ပိုင်းဆိုင်ရာများကို ရှင်းလင်း သင်ကြားခြင်း
iOS သုံး ဖုန်းတစ်လုံး အတွက် မဖြစ်မနေ လိုအပ်တဲ့ Apple Store အသုံးပြုပုံ ၊ Apple Store အသုံးပြုဖို့ အတွက် လိုအပ်တဲ့ Apple ID ဖွင့်ခြင်း
itune အသုံးပြုနည်း ၊ third party pc suite များ အသုံးပြုပြီး game , application များ ထည့်သွင်းခြင်း
iPhone , iPod , iPad များ အတွက် firmware ပြန်တင်ခြင်း အစရှိသော နည်းပညာရပ်များ
firmware တင်ချိန်တွင် ဖြစ်တတ်သော itune Error များ
jailbreak ပြုလုပ်၍ရသော iOS version များအတွက် jailbreak ပြုလုပ်နည်းများ
မြန်မာဖောင့် ၊ ကီးဘုတ် ထည့်သွင်းနည်းများ ၊ Cydia Source Add နည်းများ Tweak ထည့်သွင်းခြင်းများ နှင့် အကောင်းဆုံး Tweak များ အကြောင်း စသည်တို့ကိုလည်း အသေးစိတ် သင်ကြားပြသပေးပါတယ် ။
အထက်ပါအတိုင်း  မိုဘိုင်းဖုန်းတွေရဲ့ အမျိုးမျိုးသော Error များ အပြင် Service တစ်ဆိုင် ဖွင့်ရမှာ လိုအပ်တဲ့ Facebook Account ဖွင့်ခြင်း ၊ Lock ဖြည်ခြင်း အစရှိသော နည်းပညာရပ်များ ၊ Skype , WeChat , Viber အစရှိသော Account ဖွင့်ခြင်းများ အစရှိတဲ့ နည်းပညာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးပါတယ် ။
သင်တန်းပြီးဆုံးပြီးနောက်ပိုင်းမှာလည်း Service ဆိုင်တစ်ဆိုင် ဖွင့်ရမှာ လိုအပ်မဲ့ Software , Game , Application , Firmware ဖိုင်များ အစရှိတာတွေ အပြင် နောက်ထပ်အသုံးဝင်မဲ့ Data များကိုလည်း ရရှိမှာ ဖြစ်ပါတယ် ။ အသစ်ထွက် Error များအတွက် နည်းပညာ အသစ်များ ၊ Data အသစ်များကိုလည်း သင်တန်းမှာ အချိန်မရွေး လာရောက် ရယူနိုင်အောင်လည်း စီစဉ်ထားရှိပေးထားပါတယ် ခင်ဗျာ … ။
Hardware ပိုင်းဆိုင်ရာ ပြုပြင်ခြင်း များအတွက် အခြေခံ Electronics သဘောတရားများကို နားလည်အောင် သင်ကြားပြသခြင်း
Hardware ပိုင်းဆိုင်ရာ ပြုပြင်ဖို့ အတွက် လိုအပ်တဲ့ Power Supply , Air Gun , ခဲဂေါက် အစရှိသော ပစ္စည်းအမျိုးမျိုး ကို လက်တွေ့ အသုံးချနည်းများနှင့် ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် ရှင်းလင်းသင်ကြားခြင်း
မိုဘိုင်းဖုန်း ၊ Tablet အမျိုးမျိုး တို့ အတွက် ဖြုတ်နည်း ၊ တပ်နည်းများအား စနစ်တကျ သင်ယူလေ့လာစေခြင်း ၊ မိမိ ကိုယ်တိုင် တစ်ဆင့်ချင်း သေချာစွာ လုပ်ဆောင်ရခြင်း
Hardware ပိုင်းဆိုင်ရာ ဖြစ်တတ်သော Error ရှာနည်းများ ၊ လမ်းကြောင်း လိုက်ခြင်းများ
Error ဖြစ်သော အစိတ်အပိုင်း ၊ လျှော့ကျနေသော IC နှင့် တစ်ခြားသော အစိတ်အပိုင်းများအား ပြုပြင်ခြင်း ၊ လဲလှယ်တပ်ဆင်ခြင်းတို့ကို ဖြစ်ပေါ်နေသော Error အလိုက် ရှင်းလင်း သင်ကြားခြင်း
5AMP Power Supply အသုံးပြုပြီး လျှော့ရှာနည်းများ
ယခု နောက်ပိုင်း ဖုန်းအများစုတွင် အဖြစ်များသော EMMC Error , Power IC Error တို့ကို ပြုပြင်ရန်အတွက် ခဲရှင်းခြင်း ၊ ခဲ ပြန်လောင်းခြင်း စသည့် နည်းပညာများ
Multi Meter , Digital Meter များ အသုံးပြုပြီး မိုဘိုင်းဖုန်း Board ပေါ်ရှိ အစိတ်အပိုင်းများအား Volt တိုင်းတာနည်းများ
တန်ဖိုးကြီး Model မြင့်ဖုန်းများ အတွက် အပေါ်မှန် သီးသန့် လဲလှယ်နည်းများ
ဖုန်းအများစု ဖြစ်တတ်သော Touch , LCD မရ ခြင်း ၊ Mic , Earpiece , Speaker မရခြင်း ၊ အားသွင်းခေါင်း မကောင်းခြင်း ၊ Battery မခံခြင်း အစရှိတဲ့ ချက်ခြင်း ၀င်ငွေ ရနိုင်တဲ့ ပြစ်ချက်များ အတွက် ကိုယ်တိုင် လုပ်ကိုင်နိုင်စေရန် အချိန်တို အတွင်း သင်ကြားပေးခြင်း
အထက်ပါ Error များ အတွက် Spare Parts အမျိုးမျိုးကို ဆိုင်တွင် ကိုယ်တိုင် ကိုယ်ကျ သွားရောက် စမ်းသပ် ၀ယ်ယူစေပြီး Customer များနှင့်ပါ တိုက်ရိုက် လက်ခ တောင်းယူပုံ တောင်းယူနည်းက အစ စနစ်တကျ သင်ယူလေ့လာစေခြင်း
အစရှိတဲ့ Software , Hardware Error အမျိုးမျိုး အတွက် သင်တန်းသင်ကြားပို့ချနေခြင်းမျိုး မဟုတ်ပဲ မိမိကိုယ်တိုင် Service ဆိုင် တစ်ဆိုင်မှာ အလုပ်သင် တစ်ယောက် အဖြစ် ၀င်ရောက် လုပ်ကိုင်နေရသလို ပုံစံ မျိုးဖြင့် စနစ်တကျ သင်ယူလေ့လာစေခြင်း ၊ သင်ကြားပို့ချပေးခြင်း စတဲ့ အလေ့အထ ကောင်းများကြောင့် သင်တန်း ပြီးသည်နှင့် တစ်ပြိုင်နက် မိမိ ကိုယ်မိမိ Software , Hardware Technician တစ်ယောက် အဖြစ် ကောင်းမွန်စွာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ် ။
သင်တန်းသားဦးရေ ကန့်သတ်ထားတာကြောင့်လည်း အမြန်ဆုံး စာရင်းပေး အပ်နှံထားမှ အပတ်စဉ် (၉) အတွက် စိတ်ချရမှာဖြစ်ပါတယ် ။

09-33-80-5581 , 09-33-80-5591 ကို အသေးစိတ် ထပ်မံ မေးမြန်းနိုင်ပါတယ် ။
The Last Mobile
Service & Training Centre
တိုက် (၁) ၊ အခန်း (၀၀၃) ၊ ပါရမီ အိမ်ရာ ၊ (၁၆)ရပ်ကွက် ( ဘုရားလမ်း မီးပွိုင့်အနီး) ၊ လှိုင်မြို့နယ်



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download