Xiaomi ဖုန်းတွေအတွက် MIUI 8 Update ထွက်ခဲ့တာ အချိန်တစ်ခုရှိသွားပြီဖြစ်သလို Xiaomi ဖုန်းကိုင်ဆောင်ထားတဲ့ Xiaomi ဖုန်းချစ်သူအများစုလည်း MIUI 8 ကို မြှင့်တင်ပြီးလောက်ပြီလို့ ထင်ပါတယ် ခင်ဗျာ။
MIUI 8 မှာ Second Space, Clone Apps စတဲ့ Features အသစ်အဆန်း အများအပြားပါဝင်နေသလို မကြီးမားပေမယ့်လည်း အသုံးဝင်တဲ့ Basic Features တွေကိုပါ ပြင်ဆင်ပေးခဲ့ပါတယ်။ ဘယ်လို Features တွေလည်းဆိုတာကတော့ အောက်မှာ လေ့လာကြည့်ရအောင်လား ခင်ဗျာ။
MIUI 8 ရဲ့ ပြောင်းလဲသွားတဲ့ Feature တွေထဲမှာ Screenshot ရိုက်တဲ့ပုံကလည်း တစ်ခုအပါအဝင်ဖြစ်မှာပါ။ ယခင်လိုမဟုတ်တော့ပဲ Screenshot ရိုက်ပြီးပါက Screen ရဲ့ညာဘက်အပေါ်ထောင့်မှာ Floating Preview အနေနဲ့ ခတ္တရှိနေမှာဖြစ်ပြီး Preview image ကို နှိပ်လိုက်ရင် Send (Share), Edit, Delete နဲ့ Scroll ဆိုတဲ့ Functions တွေကို တွေ့ရမှာပါ။ Scroll ကို နှိပ်လိုက်ရင် Screen ကို အောက်အထိဆွဲချပေးပြီး Scrolling Screenshot (သို့) Screenshot အရှည်တွေကို အလွယ်တကူ ရိုက်ကူးနိုင်မှာပါ။
MIUI 8 မှာ Gallery ပုံစံ ပြောင်းသွားတာကိုတော့ အများစုသတိထားမိမှာပါ။ ဒါပေမယ့် Gallery ရဲ့ တကယ်ပြောင်းလဲမှုကတော့ Editing Features တွေလို့ပဲ သတ်မှတ်ချင်ပါတယ်။ပ ဓါတ်ပုံပဲဖြစ်ဖြစ် Video ပဲဖြစ်ဖြစ် Gallery က Edit ကိုနှိပ်လိုက်ပြီး ဓါတ်ပုံ နဲ့ Video တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်မှာပါ။ ပြင်ဆင်နိုင်စွမ်းဟာဆိုရင် သာမန် Editing app တွေထက် များစွာသာလွန်တဲ့အတွက် စမ်းသပ်ကြည့်သင့်တဲ့ Feature တစ်ခု ဖြစ်မှာပါ။
Quick Ball features ကလည်း သာမန်ဖုန်းတွင်းဆောင်ရွက်မှုတွေကို ပိုမိုမြန်ဆန်စေတဲ့ Feature တစ်ခုဖြစ်မှာပါ။ Setting - Additional Setting ထဲကနေ Quick Ball ကို Functions ၅ ခု အထိသတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။ (Lock Screen, Mobile Data On/Off နဲ့ Screenshot တို့က ဖုန်းကိုပိုမို သွက်လက်စေမှာပါ။ ) Quick ball အလုံးလေးကို နှိပ်ပြီးလည်း ရွေးချယ်နိုင်ပြီး Quick Ball ကနေ အသုံးပြုလိုတဲ့ Functions ဘက်ကို အမြန်ပွတ်ဆွဲလိုက်ရုံနဲ့ အသုံးပြုနိုင်တဲ့အတွက် အချိန်ကိုများစွာလျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Lock Screen Shortcut ကိုတော့ Setting - Lock Screen & Password ထဲမှာ ပြင်ဆင်နိုင်မှာဖြစ်ပြီး ပုံမှန် Lock Screen မှာ သတ်မှတ်ပြီးသားဖြစ်တဲ့ ဘယ်ဘက် Mi Home app နဲ့ ညာဘက် Camera တို့ကို နှစ်သက်ရာ App နဲ့ ပြောင်းလဲသတ်မှတ်ထားနိုင်မှာဖြစ်တဲ့အတွက် ဖုန်းအသုံးပြုမှုကို ပိုမိုမြန်ဆန်စေမယ့် Feature လေးတစ်ခုဖြစ်နေမှာပါ။
ဖုန်းခေါ်နေတဲ့ အချိန်တွေမှာ မကြာခဏ Note မှတ်စရာကိစ္စတွေပေါ်လာတတ်မှာပါ။ အဲ့ဒီအတွက် MIUI 8 မှာ ဖုန်းခေါ်နေတဲ့အချိန်မှာ Note ဆိုတဲ့ Icon ပေါ်နေမှာဖြစ်ပြီး အလွယ်တကူ မှတ်စုတွေကို ရေးထားနိုင်မှာဖြစ်ပါတယ်။
MIUI 8 မှာ Default Notification Bar Style ကိုပြောင်းလဲခဲ့ပြီး ယခင်က Notifications Panel နဲ့ Quick Setting တွေကို တစ်ခုစီ ခွဲခြားထားတဲ့ပုံစံမျိုးမဟုတ်တော့ပဲ ၂ ခုကို ပေါင်းစပ်ထားလိုက်ပြီး တစ်မျိုးဆန်းသစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခင် ခွဲထားတဲ့ပုံစံကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်း Setting - Notification & Status Bar မှာ ပြန်လည် သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။
MIUI 8 မှာ ပါဝင်လာတဲ့ တကယ်အသုံးဝင်တဲ့ Basic Features တွေပါ ခင်ဗျာ။ အခြား ကျန်နေသေးတဲ့ Features တွေကိုတော့ နောက်ထပ် Posts တွေမှာ ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် Mi Store Yangon Page ကို ဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
အခြား သိချင်တဲ့ Features တွေကိုလည်း Page ရဲ့ Message Box ပဲဖြစ်ဖြစ်၊ Comments မှပဲဖြစ်ဖြစ် အချိန်မရွေး မေးမြန်းနိုင်ပါတယ် ခင်ဗျာ။