10/23/2015

♪ အိုင်ဖုန်း အသစ်များကို lock ဖြည်လို့မရပါ ♫


အိုင်ဖုန်းအသစ်တွေကို Lock လုံးဝ ဖြေလို့ရတော့မှာ မဟုတ်ကြောင်း Apple က တရားဝင် ထုတ်ပြန်ပြောဆိုပါတယ်။ အိုင်ဖုန်းအသစ် ဆိုတာ iOS 8 ကနေစလို့ OS များကို အသုံးပြုတဲ့ iPhone များကို ဆိုလိုခြင်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ တရားရုံး တစ်ရုံးမှ နေပြီးတော့ Apple ရဲ့ iPhone များကို လိုအပ်ရင် လိုအပ်သလို unlock လုပ်၍ အချက်လက်များကို ကြည့်ရှုနိုင်ကြောင်း ထွက်ဆိုတာကြောင့် ယင်းထွက်ဆိုမှု နဲ့ ပက်သက်ပြီးတော့ Apple မှ ပြန်လည် သတင်းထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါတယ်။


Apple ရဲ့ အိုင်ဖုန်းများကို အသုံးပြုသူများအနေဖြင့် ဖုန်းကို Lock ခံထားခြင်းက အခြားသူတောင်မှမက Apple ကိုယ်တိုင်တောင် ဝင်ရမှာ မဟုတ်ကြောင်း ဆိုပါတယ်။ Security passcode သိသူသာ ဝင်လို့ရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က Edward Snowden ရဲ့ အချက်အလက်များ ဖြေချမှု ကြီး ဖြစ်ခဲ့ပြီးနောက် နည်းပညာ ဆိုင်ရာ ပစ္စည်းများကို လုံခြုံအောင် ပြုလုပ်ဖို့အတွက် Apple အနေနဲ့လည်း တိုးမြင့်ခဲ့ခြင်း ဖြစ်ပါတယ်။

၁၀ ရာခိုင်နှုန်းသော ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ iOS 8 အောက် အသုံးပြုတဲ့ စမတ်ဖုန်းများသာ လုံခြုံရေးအတွက် concern ဖြစ်ပြီး ကျန်တဲ့ ၉၀ ရာခိုင်နှုန်းဟာ Apple ကိုယ်တိုင်တောင် မဖောက်နိုင်အောင် လုံခြုံမှုရှိကြောင်း ထွက်ဆိုခဲ့ ပါတယ်။
.
Ref: dailymail
Credit : MMAS



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com