10/23/2015

♪ “BLU က တန်ဖိုးနည်း Studio Energy 2 နဲ့ Energy X တို့ကို ရောင်းချ” ♫


အမေရိကန်ပြည်ထောင်စု မိုင်ယာမီ အခြေစိုက် BLU က တန်ဖိုးနည်း စမတ်ဖုန်း နှစ်လုံးဖြစ်တဲ့ Studio Energy 2 နဲ့ Energy X တို့ကို မိတ်ဆက် လိုက်ပါတယ်။ အမေဇုန်ကနေ ၀ယ်ယူနိုင်ပြီး Studio Energy 2 ကို ဒေါ်လာ ၁၇၉ ၊ Energy X ကို ဒေါ်လာ ၁၀၉ သတ်မှတ်ထားပါတယ်။

Studio Energy 2 မှာ Quad-Core 1.3GHz Cortex-A53 CPU တပ်ဆင်ထားတဲ့ MediaTek MT6735 Chipset, 5.0” 720p Super AMOLED Display တပ်ဆင်ထား ပါတယ်။ 1.5GB RAM , 16GB Storage, 5000mAh Battery တပ်ဆင် ထားပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP Camera များ တပ်ဆင်ထားပါတယ်။ Android 5.0 Lollipop မောင်းနှင်မှာ ဖြစ်ပြီး အညိုနဲ့ ရွှေဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Energy X မှာ 1.3GHz Cortex-A7 Processor ပါရှိတဲ့ Quad-Core MediaTek 6580 SoC ထည့်သွင်းထားပါတယ်။ ငါးလက်မ 720p IPS LCD Display ပါရှိပါတယ်။ 1GB RAM, 8GB Internal Storage, 4000mAh Battery ပါရှိပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 2MP Camera များ တပ်ဆင်ထား ပါတယ်။

Android 5.1 Lollipop ထည့်သွင်းထားပြီး အညိုနဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။ စမတ်ဖုန်း နှစ်လုံးရဲ့ ထူးခြားချက်မှာ ကြီးမားတဲ့ ဘက်ထရီများ ထည့်သွင်းထားတာဖြစ်တဲ့အတွက် တစ်ခါအားသွင်းထားရင် သုံးရက်လောက်အထိ အသုံးခံမှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com