10/26/2015

♪ ဒီဇိုင်းသစ်နဲ့ ထူးခြားတဲ့ Robin စမတ်ဖုန်း ♫

robin1

Nextbit လို့ အမည်ရတဲ့ စွန့်ဦးတီထွင်ကုမ္ဗဏီငယ်တစ်ခု အနေနဲ့ စမတ်ဖုန်း အသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ယင်းကတော့ Robin လို့ အမည်ရတဲ့စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ ဒီဇိုင်းအရလည်း ထူးခြားပြောင်မြောက်တဲ့စမတ်ဖုန်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်ဇန်နဝါရီလဆန်းမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

၅.၂ လက်မ အရွယ် 1080p touch screen ကို အသုံးပြုပြီး RAM 3GB, Qualcomm processor တို့ကြောင့် အတော်လေး မြန်ဆန်တဲ့ စမတ်ဖုန်းပါ။ ရှေ့ကင်မရာ 5 Megapixel နောက်ကင်မရာ 13 Megapixel တို့ ပါဝင် ပါတယ်။ သူ့ရဲ့ အဓိက Selling point က ယင်းအချက်များ မဟုတ်ပါ။ သူ့ရဲ့ အဓိက selling point က memory ဖြစ်ပါတယ်။ internal memory 32 GB ပါဝင်ပြီး Cloud Storage 100GB အခမဲ့ ပါဝင်ပါတယ်။ ယင်း Cloud Storage မှာ မိမိရဲ့ App များကိုပါ store လုပ်လို့ရပါတယ်။

App များကို လွယ်တကူ တင် လွယ်တကူ ထည့်လုပ်လို့ရတာကြောင့် Storage ပြဿနာကို ဖြေရှင်းနိုင် မှာ ဖြစ်ကြောင်း ဆိုပါတယ်။ အတွင်းမှာလည်း 32GB ပါဝင်တာကြောင့် သာမန်အားဖြင့်လည်း Storage များတာကြောင့် သူ့ကို hybrid memory ရှိတဲ့ စမတ်ဖုန်းလို့လည်း ခေါ်ပါတယ်။ Android 5.0 Lollipop ကို အသုံးပြုထားပါတယ်။

ကျန်တဲ့ Spec များက လက်ရှိ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းများနဲ့ အတူတူ ဖြစ်ပြီး Fingerprint scanner များကအစ ပါဝင်ပါတယ်။ ဈေးနှနုးအားဖြင့် အမေရိက်ဒေါ်လာ ၃၄၉ ဒေါ်လာသာ ရှိတာကြောင့် အော်ဒါမှာ များယူလျက်ရှိပါတယ်။ ကြိုတင်အော်ဒါဈေးက ကန်ဒေါ်လာ ၂၀၀ ကျော်သာရှိပြီး ရက်ပိုင်းအတွင်း အော်ဒါ ပြည့်ခဲ့ကြောင်း ဆိုပါတယ်။
.
Ref: verge
အောင်ခမ်း (MMA)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com