Showing posts with label English Language. Show all posts
Showing posts with label English Language. Show all posts

10/30/2017

♪ မကြာခဏအသုံးအများဆုံး အင်္ဂလိပ်စကားလုံး 5000 နှင့်အသုံးချနည်းလမ်းများ - Ebook ♫


အင်္ဂလိပ်စာလေ့လာနေသူများအတွက် အသုံးတည့်စေမယ့် စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်ဗျာ။ ယခုစာအုပ် ကို Dr ၀င်းမောင်ထက်မှ ရေးသားပြုစုထားတာဖြစ်ပါတယ်ဗျာ။ မိမိပတ်ဝန်းကျင်မှာ အသုံးအများဆုံး အင်္ဂလိပ် စကားလုံးများ နှင့် ၄င်းတို့နှင့် ဆက်စပ်ပြီးအသုံးချနိုင်စေမယ့်နည်းလမ်းများပါဝင်ပါတယ်ဗျာ။ PDF File လေးဖြစ်တာကြောင့် ဖုန်းထဲမှာထည့်ပြီးလည်း အားတဲ့အချိန်လေ့လာနိုင်မှာပါ။ အောက်ဆုံးမှာဒေါင်းယူသွား နိုင်ပါတယ်ဗျာ။












https://www.solidfiles.com/v/2AYydG2wZj32W




www.pyaephyo.com
 
 
 
Read More ...

7/23/2017

♪ အင်္ဂလိပ်ဘာသာစကားကို တိုးတက်စေဖို့ ♫


မိခင်ဘာသာစကားတွေကနေ အခြားဘာသာစကား တစ်ခုခုကို ထပ်သင်တော့မယ်ဆိုရင် အင်္ဂလိပ်စာ ဘာသာစကားကို အရင်ဆုံးပြေးမြင်မိကြမှာပါ။ ဒီဘာသာစကားက မြန်မာပြည်မှာဆိုရင် မိခင်ဘာသာစကားပြီးရင် မတတ်မဖြစ် ဘာသာစကား တစ်ခုလို့တောင် ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အထက်တန်း ဘာသာသင်ယူတဲ့အခါမှာ မြန်မာစကားဟာ ဘာသာရပ်တစ်ခုအဖြစ်သာ ရှိနေတော့မှာဖြစ်ပြီး ကျန်ဘာသာရပ်အားလုံးဟာ အင်္ဂလိပ်လိုသင်ယူရမှာဖြစ်တာက တစ်ကြောင်းဖြစ်ပါတယ်။ လုပ်ငန်းခွင် ဝင်တဲ့အခါမှာ ဘွဲ့ရတစ်ယောက်ကိုခေါ်တဲ့အလုပ် အများစုက အခြေခံကွန်ပျူတာ တတ်ကျွမ်းစေရမယ့်အပြင် အင်္ဂလိပ်စာကိုပါ အရေး၊ အဖတ်၊ အပြော တတ်ရမယ်လို့ ပြောပြီးခေါ်တဲ့အလုပ်တွေ အတော်များပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို လေ့လာတော့မယ်ဆိုရင် အရင်ဆုံးသတိပြုရမှာက ငယ်ငယ်ကတည်းက သင်ကြားထားတာတွေက ဘာကြောင့် မတတ်သေးလဲဆိုတာပါ။ တကယ်တော့ ဘာသာစကားတစ်ခုကို တတ်မြောက်ဖို့က နည်းစနစ်တကျနဲ့ လေ့လာအားထုတ်မှုအပြင် ကိုယ်တတ်ထားတာလေး မပျောက်ပျက်သွားအောင် အသုံးပြန်ချရမယ့်နေရာ ရှိရမယ်ဆိုတဲ့အချက်ပါ။
ဘာကြောင့်ဆိုတာ စဉ်းစားမိသလား
ငယ်ငယ်တုန်းကကျောင်းမှာ အင်္ဂလိပ်ဘာသာကို သင်တဲ့အခါမှာ စာကားလုံး၊ အဓိပ္ပါယ်တွေ ကျက်ကြတယ်။ သဒ္ဒါတွေဆိုလည်း နည်းပေါင်းစုံနဲ့ သင်လိုက်ကြရတာ သောက်သောက်လဲ။ အင်္ဂလိပ်စာ စာစီစာကုံးလည်း ရေးရတယ်။ ဝတ္ထုတိုတွေလည်း ဖတ်ရတယ်။ ကဗျာတွေလည်း သင်ရတယ်။ သင်ရတာမှ သူငယ်တန်းကနေ တက္ကသိုလ်ကနေ ဘွဲ့ရတဲ့အထိပါပဲ။ ဒါပေမဲ့ အင်္ဂလိပ်စကားကို ရည်လည်အောင် မပြောတတ်ကြပါဘူး။ ပြောလာတာကိုလည်း သိပ်နားမလည်ကြပါဘူး။ အင်္ဂလိပ်လို စာအုပ်တွေကို၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ စတာတွေလည်း မဖတ်တတ်ကြပါဘူး။ ဘာကြောင့်ပါလဲ။ မေးစရာရှိလာပါတယ်။ ကိုယ့်ဘဝထဲ ရောက်မလာလို့လား။ စာမေးပွဲမှာ သင်တာပဲဖြေရလို့လား။ စားမေးပွဲကို အလွတ်ကျက်ဖြေတာလား။ ကိုယ့်ဘာသာ ဆန်းစစ်ကြည့်သင့်ပါတယ်။ တက္ကသိုလ်မှာမှ သင်ကြားပေးနိုင်တဲ့ အတတ်ပညာမှတစ်ပါး သူလိုကိုယ်လိုသင်ယူလို့ရတဲ့ အတတ်ပညာတစ်ခု၊ အသိပညာတစ်ခုကို သင်ယူဖို့က တစ်နေ့ ၃ နာရီ ဆက်တိုက်လေ့လာရင် တစ်နှစ်ဆို အတော်အသင့် နားလည်တဲ့ အဆင့်ရောက်ပါပြီတဲ့။ သိပ်တော်တဲ့သူတွေဆို အတော်လေး ဆရာဖြစ်နေပြီ၊ သာမန်လူဆို အလယ်အလတ်အဆင့် ပတ်ချာလည်ပေါ့။
ဇွဲနဲ့အချိန်ပေးလေ့လာမယ်
ဒီတော့ ဘာသာစကားတစ်ခုကို လေ့လာမယ်ဆို တစ်နေ့ ၂ နာရီနဲ့ ၃ နာရီကြား နေ့တိုင်းလေ့လာမယ်ဆိုရင် တစ်နှစ်ဆိုအတော်သင့် ရောက်နေပါပြီ။ ဒီလိုလေ့လာဖို့ကတော့ ဇွဲကောင်းဖို့နဲ့ နည်းစနစ်ကောင်းရှိဖို့တော့ လိုအပ်ပါတယ်။ ဟုတ်ပါပြီ။ ဒါဆို ဘယ်လိုလေ့လာ ကြမလဲ။ ဒီလိုပြောတော့မယ်ဆိုရင်တော့ နေရာတစ်ခုကိုရောက်နိုင်တဲ့ နည်းလမ်းတွေက အများကြီးရှိတယ်လို့ ဆိုချင်ပါတယ်။ ပထမအချက်က ကိုယ်က တကယ်သိချင် တတ်ချင်တာလား။ ကိုယ့်အတွက် အချိန်ဖြုန်းပစ်ရာ မရောက်ဘဲ အမှန်တကယ်  အကျိုးရှိစေမှာလားဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ အချိန်ဟာဘဝဖြစ်နေလို့ပါ။ ဒီလိုသေချာတွေးပြီးလို့ လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင် ပထမဆုံးနေရာကို ပြင်ဆင်ပါ။ နောက်တစ်ချက်က တစ်နေ့ဘယ်လောက် လေ့လာမယ်။ ဘာတွေစလေ့လာမယ်၊
ဘာတွေကိုတော့ မလေ့လာသေးဘူးစသဖြင့် စီမံကိန်းရေးဆွဲပြီး ကိုယ်လေ့လာမယ့်နေရာမှာ ကပ်ထားပါ။ စာအုပ်ရဲ့ပထမဆုံး စာမျက်နှာလေးမှာ ရေးပေးထားပါ။ ဒါမှ အစီစဉ်တကျ လုပ်နိုင်မှာဖြစ်ပါတယ်။ အခုက အင်္ဂလိပ်စာလေ့လာဖို့အတွက် ပြောတာဖြစ်တာကြောင့် ဒီဘက်ကိုဇောင်းပေးပြောရမယ်ဆိုရင် အဘိဓာန် (Dictionary) ကောင်းတာလေးကို ယူထားပါ။ အင်္ဂလိပ်စာကနေ အင်္ဂလိပ်စာကို ဘာသာပြန်တာကိုလည်း ရှာယူထားသင့်သလို အင်္ဂလိပ်ကနေ မြန်မာဘာသာပြန်တာကိုလည်း
ရှာယူထားသင့်ပါတယ်။ အကြံပေးချင်တာက ကျောင်းသုံး အင်္ဂလိပ်ကနေမြန်မာက အတော်ကောင်းတယ်၊ ရယူထားသင့်တယ်ဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာစကားလုံးတွေကို မြန်မာပြန်ဆိုထားတဲ့အပြင် စကားနဲ့သက်ဆိုင်တဲ့ ဝါကျကောင်းလေးတွေကို  အင်္ဂလိပ်တစ်ကြောင်း-မြန်မာပြန်တစ်ကြောင်း တည်ဆောက်ပေးထားတာက သင့်ကိုဘာသာပြန်ဆိုမှုအပိုင်း နားလည်အောင် အထောက်အကူ ကောင်းကောင်းပေးနိုင်မှာဖြစ်လို ဒီလိုရေးလို့ရပါလား ဆိုတာလည်း သိသွားပါလိမ့်မယ်။ ဝါကျတည်ဆောက်
ပုံလေးတွေပါ နားလည်သွားမှာပေါ့။
မိခင်ဘာသာစကားကို ဘယ်လိုတတ်လာသလဲ
ကိုယ်ကမြန်မာနိုင်ငံမှာမွေးပြီး မြန်မာစကား ဘယ်လိုပြောတတ်လာသလဲ၊ အခြားသူတစ်ယောက်က မြန်မာလိုပြောတာကို ဘယ်လိုနားလည်လာသလဲ၊ မြန်မာစာကို ဘယ်လိုဖတ်တတ်လာသလဲ၊ မြန်မာစာဘယ်လို ရေးတတ်လာသလဲ စတဲ့အချက်တွေ
ကို ကိုယ့်ဘာသာ အသေအချာလေ့လာ ဆန်းစစ်ကြည့်သင့်ပါတယ်။ မွေးလာကြတယ်၊ သူများပြောတာတွေကို နားထောင်ကြတယ်။ ကိုယ်နဲ့နီးစပ်သူတွေက စကားပြောသင်ပေးတယ်။ ကိုယ်ကမေးခွန်းတွေ မေးလာတယ်။ ကလေးတိုင်းက မေးခွန်းတွေ မေးပြီး ပတ်ဝန်းကျင်ကိုသင်ယူကြတယ်။ ပတ်ဝန်းကျင်ကလူတွေ ပြောတာနဲ့လုပ်တာကို အတုခိုးလုပ်ကိုင်ကြတယ်။ ဒီလိုနဲ့ စကားပြောတတ်လာတယ်။ ပြောတာကိုနားလည်လာတယ်။ ပြန်လှန်ပြောဆိုနိုင်လာတယ်။ ငါပြောတာမှားသွားမလားဆိုတာမရှိဘူး။
အဓိပ္ပါယ်ကောက်လွဲသွားမလား ဆိုတာမရှိဘူး။ တစ်ဖက်လူတွေကလည်း စကားပြောမှားသွားရင် ဒါမှမဟုတ် ဆိုလိုရင်းမှားနေရင် ပြင်ပေးကြတယ်။ ဒီလိုပဲပြောလာရင်းနဲ့ နားထောင်နိုင်စွမ်းနဲ့ စကားပြောနိုင်စွမ်းက အသုံးချနိုင်တဲ့အထိ ဖြစ်လာကြတယ်။ အထူးသတိပြုရမှာကတော့ ကိုယ့်မိခင်ဘာသာစကားမှာတောင် စကားပြေားကောင်းတဲ့သူ ဖြစ်လာအောင်၊  နားထောင်နိုင်စွမ်း မြင့်တဲ့သူဖြစ်လာအာင်၊ စာအရေးအသားကောင်းတဲ့ သူဖြစ်လာအောင်နဲ့ စာဖတ်သွက်တဲ့သူ ဖြစ်လာအောင်က အများစုအတွက် သီးသန့် လေ့ကျင့်ရတယ်ဆိုတာပါ။
ဒါ့ကြောင့် မိခင်ဘာသာစကားမှာလည်း နားထောင်တယ်- စကားပြောတယ်၊ အပြန်အလှန်ပြော တယ်ဆိုတာတွေက တစ်ဆင့်ပြီးတစ်ဆင့်လိုဖြစ်လာတာပါ။ နောက်ပိုင်းမှ စာရေးတာနဲ့ စာဖတ်တာကို သင်ယူရတာပါ။ တစ်ခုကတော့ ကိုယ်ကပြောဆိုနေ
တဲ့အရာတွေကို စကားလုံးတွေအဖြစ်ပြန်ရေးရတာ၊ ပြန်ဖတ်ရတာဖြစ်တယ်ဆိုတာပါ။ စာရေး၊ စာဖတ်တတ်သူတိုင်း၊ ငယ်ငယ်က စာရေးစာဖတ်တတ်အောင် သင်ရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိကြမှာပါ။ စာမရေးတတ်လို့၊ စာမဖတ်တတ်လို့ အမေကဆူတာ၊ ဆရာမကဆူတာတွေ ခံရဖူးမှာပါ။
ဒုတိယဘာသာစကားကို ဘယ်လိုတတ်အောင်လုပ်မလဲ
မိခင်ဘာသာစကားပြီးတော့ နောက်ဘာသာစကားတစ်ခုကိုသင်မယ်ဆိုရင် ဘယ်လိုစလေ့လာကြလဲ။ သေချာတာက ငယ်ငယ်တုန်းကလို ကိုယ့်အနားမှာ မိခင်ဘာသာစကားသင်ယူတုန်းကလို ကိုယ်နောက်ထပ်သင်ယူမယ့် စကားပြောဆိုတဲ့ အသိုင်းအဝိုင်း ရှိကောင်းမှရှိပါလိမ့်မယ်။ မရှိဖို့ကများပါတယ်။ ဒီတော့ သင်ယူနေတုန်း ကိုယ်ပြောနေတာတွေ မှန်/မမှန်ဆိုတာ ဘယ်လိုသိနိုင်မှာပါလဲ။ အဓိပ္ပါယ်ကရော လွဲသွားမှာလား။ ကိုယ်ပြောတာကို တစ်ဖက်သား နားလည်ပါ့မလားစတဲ့ အကြောင်းအရာပေါင်းစုံတွေ အတွေးထဲကို တန်းစီဝင်လာပါတယ်။ ဒီလိုအကြောက်တရားတွေကြောင့်ပဲ စကားပြောရမှာ အပြန်အလှန် မပြောဆိုနိုင်ကြတော့ပါဘူး။ ဒါကတော့ မိခင်ဘာသာစကား သင်ယူတုန်းကနဲ့ မတူတဲ့အချက်ပါ။ မိခင်ဘာသာစကားနဲ့ တူအောင်လေ့လာရင် မရဘူးလားဆိုတာကလည်း မေးစရာရှိလာပါတယ်။ ဒါတွေကို ဆက်လက်ဆွေးနွေးကြတာပေါ့။
အင်္ဂလိပ်စာကိုလေ့လာတဲ့အခါမှာ သင်လာတာကြာပေမယ့် ဘာကြောင့်မတတ်သေးတဲ့အကြောင်း၊ မိခင်ဘာသာစကားကို ဘယ်လိုသင်ယူ လေ့လာခဲ့တာလဲဆိုတာ၊ ဇွဲနဲ့အချိန်ပေးပြီး အဆက်မပြတ် လေ့လာသင့်တဲ့အကြောင်းနဲ့ ဒုတိယဘာသာစကားကို ဘယ်လိုတတ်အောင် လေ့လာရမလဲဆိုတဲ့အ ကြောင်းတွေကို အတော်လေးပြောပြီးပါပြီ၊ အခုတော့ နောက်ထပ်သိမှတ်ဖွယ်ရာတွေ၊ ကိုယ်သိပေမယ့် သတိမမူမိတာလေးတွေကို ထပ်ပြီးပြောပြပေးပါအုံးမယ်။

အင်္ဂါလေးရပ်
ဘာသာစကားတစ်ခုစီတိုင်းမှာ အင်္ဂါလေးရပ်ရှိပါတယ်။ ဒီလေးခုလုံး မပြည့်စုံတဲ့ ခြွင်းချက်တချို့တော့ ရှိတာပေါ့။ ဒါလေးတွေ လျစ်လျူရှုပြီး အသစ်စရအောင် အင်္ဂါလေးရပ်ကို ကြည့်ကြပါစို့။ အင်္ဂလိပ်စာဘာသာမှာလည်း အခြားဘာသာစကားတွေလို အရေး၊ အဖတ်၊ အပြောနဲ့ နားထောင်နိုင်စွမ်းဆိုပြီး အင်္ဂါရပ် လေးခုပါရှိပါတယ်။ အရေးနဲ့အဖတ်က ဆက်စပ်နေပြီး အပြောနဲ့နားထောင်နိုင်စွမ်းက ဆက်စပ်နေပါတယ်။
စကားပြောတတ်တယ်၊ ပြောတာကိုနားလည်တယ်၊ ဒါပေမဲ့ စာမဖတ်တတ်ဘူး။ စာမရေးတတ် ဘူးဆိုတဲ့သူတွေကို မြင်တွေ့ဖူးကြမှာပါ။ စကားပြောတတ်တိုင်း စာရေးတတ်ကြတာ မဟုတ်ပါဘူး။ ပြောနေကျသူက ပြောတတ်ပါတယ်။ ဒီအချက်ကိုသိရင် ကိုယ်က ဘာကိုစလုပ်မယ်လို့ စဉ်းစားနိုင်ပါပြီ။ စာရေးတတ်၊ စာဖတ်တတ်အောင် အရင်လုပ်မလား၊ နားထောင်မယ်၊ စကားပြောမယ်ဆိုတဲ့ အပိုင်းကိုပဲ အားစိုက်လုပ်မလားကြိုက်တာရွေးပေါ့။
နားထောင်ကြမယ်၊ စကားပြောမယ်
မွေးကတည်းက ဘယ်သူမှ ဘာသာစကားတစ်ရပ်ရပ် မပြောတတ်ကြပါဘူး။ နားထောင်တတ်၊ ကိုယ်လက်အမူအရာနဲ့ လိုချင်တာကို ပြောတာတော့တတ်ကြပါတယ်။ ဒီတော့ နားထောင်မှုနဲ့ စသင်ကြတာပေါ့။ အင်္ဂလိပ်စာအတွက်ပြောတာဖြစ်လို့ အင်္ဂလိပ်
သီချင်းတွေကို စနားထောင်ပေးပါ။ အင်္ဂလိပ်လိုပြောတာကို ကြားရအောင် အင်္ဂလိပ်စာတန်းထိုးပါတဲ့ အင်္ဂလိပ်ကားတွေကြည့်ပေးပါ။ ဒီလိုကြည့်ပေးရင် သူတို့အသံအနိမ့်မြင့်နဲ့ ပြောတာတွေကို နားလည်လာပါတယ်။ မြန်မာတွေရဲ့စကားပြောပုံနဲ့ အင်္ဂလိပ်လို ပြောတဲ့ပုံက မတူပါဘူး။ နေ့စဉ်သုံးစကားလုံးတွေ၊ အခေါ်အဝေါ်လေးတွေကို မှတ်ထားပါ။ ရုပ်ရှင်ထဲကပြောတဲ့ အသံအတိုင်းဖြစ်အောင် နားထောင်ပြီးရင် ပြန်ပြောကြည့်ပါ။ ရုပ်ရှင်တစ်ကားကို ၃ ခါလောက် စမ်းကြည့်ရင် စကားပြောတဲ့ အသံအနိမ့်အမြင့်တွေ ပြောင်းလဲတိုးတက် လာတာတွေ့ရမှာပါ။ အင်္ဂလိပ်သီချင်းတွေ လိုက်ဆိုကြည့်ပါ။ မဆိုခင် သီချင်းစာသားတွေကို ထုတ်ထားပြီး ဖတ်ကြည့်ပါ။ သူဘယ်လို သီဆိုသွားလဲလို့ နားထောင်ကြည့်ပါ၊ ပြီးရင်ပြန်ဆိုကြည့်ပါ။ ဒီလိုနဲ့အတော်လေး ထပ်တူညီအောင် ဆိုလာနိုင်ရင် အခြားသီချင်းတွေကို နားထောင်၊ လိုက်ဆိုကြည့်ပြီးရင် သီချင်းစာသားကိုထုတ်ပြီး ကိုယ်ဆိုတဲ့စကားလုံး ဟုတ်လား၊ မဟုတ်လား ပြန်စစ်ကြည့်ပါ။ စကားလုံးမှားနေရင် ပြန်နားထောင်ပြီး ဘာကြောင့်မှားသွားတယ်ဆိုတာ ပြန်စစ်၊ ဒီလိုနဲ့ မူရင်းအင်္ဂလိပ်အသံကို နားရည်ဝလာပါမယ်။ အသံထွက်တွေ။ အသံအနိမ့်အမြင့်တွေလည်း မှန်လာမှာပါ။ သီချင်းနဲ့ကျင့်တာက တစ်ယောက်တည်း လုပ်လို့ရပါတယ်။ အင်္ဂလိပ်ကားကောင်းလေးတွေ ကြည့်ပြီးလိုက်ပြော ကြည့်တာကလည်း အသံထွက်မှန်ဖို့နဲ့ အသုံးမှန်ဖို့အတွက် အလွန်ကို အထောက်အကူဖြစ်ပါတယ်။
နောက်တစ်ခုကတော့ အင်္ဂလိပ်လိုနားထောင်စွမ်းရည်နဲ့ အပြောစွမ်းရည်အတွက် သင်ကြားပေးတဲ့ ဝက်ဘ်ဆိုက်လေးတွေကို ဝင်ကြည့်ပြီး မိမိဘာသာ လေ့လာရင်လည်း ရပါတယ်။
စာဖတ်ကြမယ်
စာဖတ်တဲ့အခါမှာ စတင်လေ့လာသူဖြစ်နေတဲ့ အချိန်မှာသူများတွေလို စာအုပ်အထူကြီးတွေကို ဖတ်ဖို့စိတ်မကူးပါနဲ့။ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ စတာတွေကိုမဖတ်ပါနဲ့ စာဖတ်ခါစ သူတွေဖတ်နိုင်ဖို့ မူရင်းဝတ္ထုကြီးတွေကို ပြန်ရေးထားတဲ့ စကားလုံးရေ ကန့်သတ်ထားတဲ့ စာအုပ်တွေရှိပါတယ်။ ဒီစာအုပ်တွေကို အရောင်နဲ့ခွဲပေးထားပါတယ်။ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ Elementary ကို
စာလုံးရေ ၃၀၀ နဲ့ရေးပေးထားပြီး အဆင့်တိုင်းဆီအတွက် စာလုံးရေတိုးရေးပေးထားပါတယ်။ ဒီလိုစာအုပ်တွေကို အကုန်ဖတ်ပေးပါ။ အဆင့်ကျော်မဖတ်မိဖို့တော့ သတိထားရပါမယ်။ ကိုယ်က Elementary အဆင့်ကိုသာ စဖတ်နေတဲ့အချိန်မှာ Intermediate Level စာအုပ်တွေကို မဖတ်ပါနဲ့။ စာဖတ်တဲ့အခါမှာ မသိတဲ့စာလုံးတွေကို ကျော်ဖတ်ပါ။ စကားလုံးကို ဒီမှာဘယ်လိုဆိုလိုတာလည်း ဆိုတာကို တွေးကြည့်ပါ။ မသိတာကိုချရေးထားပါ။ စာဖတ်ပြီးမှ Dictionary ပြန်ကြည့်ပါ။ စာဖတ်နေတုန်း Dictionary ကြည့်မယ်ဆိုရင် စာဖတ်တာ မသွားတော့ဘဲ နှေးနေတဲ့အတွက် ပျင်းလာပါလိမ့်မယ်။ စာအုပ်တစ်အုပ်ကို ၃ ကြိမ်လောက် ပြန်ဖတ်ပါ။ စာဖတ်တာကို
မြန်မာလို ဝတ္ထုတစ်အုပ်ဖတ်သလို ခံစားမိလာတဲ့အခါ စာဖတ်မြန်အောင်လေ့ကျင့်ပါ။ တစ်အုပ်ကို မိနစ် ၃၀ လောက်ဖတ်နိုင်အောင် ကျင့်ပါ။ ဒီလိုနဲ့စာဖတ်မြန်လာမှာပါ။ Advance Level အဆင့်လောက် ဖတ်လာနိုင်တဲ့အခါမှာတော့ သတင်းစာနဲ့ မဂ္ဂဇင်းတွေကို ဖတ်ကြည့်ပါ။ နားမလည်တာတွေ့ရင်လည်း ကြိုးစားဖတ်ပါ။ ဒီလိုမျိုး ဆက်တိုက်လေ့ကျင့်သူအနေနဲ့ တစ်နေ့ ၃ နာရီ အချိန်ပေးလေ့ကျင့်တဲ့အခါ တစ်နှစ်အတွင်းမှာ အတော်အသင့်ဖတ်နိုင်တဲ့သူ ဖြစ်လာပါမယ်။
စာရေးကြမယ်
စာဖတ်တဲ့အခါမှာ သဒ္ဒါအထားအသို မှန်ရဲ့လားလို့ တွေးစရာမလိုပါဘူး။ စာဖတ်များတဲ့အခါ စာလုံးတွေကို သူ့နေရာနဲ့သူ သုံးတတ်လာတာလည်း တွေ့ရမှာပါ။ စာဖတ်တာ ၆ လလောက်ကြာလာရင် စာရေးတာစတင်ပြီး လေ့ကျင့်သင့်ပါတယ်။ စာရေးတာက မူရင်းဘာသာစကား သုံးစွဲတဲ့သူတွေလည်း လေ့ကျင့်ရပါတယ်။ ကိုယ့်မြန်မာစကားမှာတောင် စာစီစာကုံးရေးတဲ့အခါမှာ ကောင်းအောင် ရေးနိုင်ဖို့က အတော်လေးကို လေ့ကျင့်မှရတာပါ။ ဒါတောင် လေ့ကျင့်ဖန်များမှ ဖြစ်တာပါ။ ဒါကြောင့် စာရေးတဲ့အခါမှာ ကိုယ့်ဆိုလိုရင်းကို တစ်ဖက်သားနားလည်အောင် ရိုးရိုးလေးရေးတာ ကောင်းပါတယ်။
သူများရေးထားတာတွေကို အတုယူရေးသားသင့်ပါတယ်။ စာကြောင်းတွေကို ဘယ်လိုရေးတယ် ဆိုတာကို အတုယူပါ။ ပြန်ရေးကြည့်ပါ။ တိုးတက်လာတာ တွေ့ရပါလိမ့်မယ်။

နိဂုံးချုပ်လေး
စာကြောင်း (sentence) ဘယ်လိုတည်ဆောက်တယ်။ စာကြောင်းတွေကို ဘယ်လိုဆက်တယ်။ Phrase က ဘယ်လို၊ Clause က ဘယ်လို၊ စာပိုဒ်တွေချိတ်ဆက်ရေးပုံ စတာတွေကို လေ့လာသင့်ပါတယ်။ နောက်တစ်ခုက အသုံးများတဲ့ စကားလုံး အတွဲတွေနဲ့ စကားလုံး Usage တွေကိုလေ့လာပါ။ ဒီလောက်ဆို စာရေးတာ အဆင်ပြေပါတယ်။ သတိထားရမှာက စကားလုံးအဓိပ္ပါယ်တွေကို အသေမှတ်ထားတာက မကောင်းဘူးဆိုတာပါ။ စကားလုံးက သုံးတဲ့နေရာလိုက်ပြီး အဓိပ္ပါယ်ကွဲပြားပါတယ်၊ သူနဲ့ဆက်တဲ့ Proposition ကြောင့်လည်း အဓိပ္ပာယ်နောက်တစ်ခု ပေါက်သွားပါတယ်။
တစ်ခုသတိထားရမှာက Advance Level အဆင့်လောက် စဖတ်နိုင်ရင်၊ အထက်ကပြောထားတဲ့ သဒ္ဒါသဘောနည်းနည်းသိပြီး ရေးတတ်လာရင် လုပ်ငန်းလုပ်မယ့်သူတွေက Business English ကို လေ့လာနိုင်ပါပြီ။ ဘာပဲဖြစ်ဖြစ် ဘာသာဗေဒလေ့လာသူ
တစ်ယောက်လို အသေးစိတ်လေ့လာ နေစရာမလိုပါဘူး။
အဆင့်သတ်မှတ်ထားတဲ့ ပြန်ရေးစာအုပ်တွေကို British Council စာကြည့်တိုက်နဲ့ American Council စာကြည့်တိုက်တွေမှာ ရနိုင်ပါတယ်။ မြန်မာလိုပါ ပြန်ရေးပေးထားတဲ့ စာအုပ်တွေကိုတော့ အချို့စာအုပ်ဆိုင်တွေမှာ ရှာဖွေနိုင်ပါတယ်။ ဒီလိုစာအုပ်တွေ
တွေ့ရင် မြန်မာအခြမ်းကို အရင်မဖတ်ပါနဲ့ အင်္ဂလိပ်စာဘက်ခြမ်းကို အရင်ဖတ်ပါ။ စာလုံးတွေရှာပြန်ဖတ်၊ ဒီလိုလုပ်ပြီးလို့ ၃ ကြိမ်လောက်ဖတ်ပြီးမှ မြန်မာဘက်ခြမ်းကိုဖတ်ပါ။ ကိုယ်နားလည်တာနဲ့ စာရေးသူပြန်ဆိုထားတာ ဘာတွေလွဲနေတယ်။ ဘာကြောင့် လွဲလည်း ဆိုတာအဖြေရှာကြည့်ပါ။ နားလည်နိုင်စွမ်းတိုးတက် လာပါလိမ့်မယ်။
ဒါပေမဲ့ စွဲစွဲမြဲမြဲမှတ်ထားသင့်တဲ့ အချက်တစ်ခုကတော့ အသုံးချနယ်ပယ်မရောက်ရင် သိထားတာတွေကို ပြန်အသုံးမချရင်တော့ အချိန်တစ်ခုရောက်ရင် ပြန်မေ့ကုန်ပါလိမ့်မယ်ဆိုတာပါ။
တိုးတက်အောင်မြင်ကြပါစေ…


မင်းသစ်

Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/11/2016

♪ English စာလုံးတွေကိုဘယ်လိုအသံထွက်ရမလဲဆိုတာကို စနစ်တကျပို့ချပေးမဲ့ စာအုပ်နဲ့အသံ (CD) ဖိုင် ♫


English စာလုံးတွေကို နည်းစနစ်ကျကျဘယ်လိုအသံထွက်ရမလဲဆိုတာကို သင်ယူနိုင်မဲ့စာအုပ်နဲ့အသံ (CD) ဖိုင်လေးတွေကိုတင်ပေးလိုက်ပါတယ်။ အသံထွက်လေးတွေမှန်ကန်ဖို့ download ရယူလေ့ကျင့်လိုက်ကြရအောင် 🙂

Download PDF ( စာအုပ် ) File

d now

Download CD File

d now


အဆင်ပြေပါစေ။
Warmly Welcome




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

8/09/2016

♪ English စာကျွမ်းကျွမ်းကျင်ကျင်ရေးသားနိုင်ရန် စာအုပ်ကောင်းများနှင့် CD များ ♫


English စာကိုကျွမ်းကျွမ်းကျင်ကျင်ရေးသားတက်မြောက်လိုသူတွေအတွက်စာအုပ်ကောင်း ( PDF ) ၆ အုပ်နှင့် အသံဖိုင် CD ၆ ခုကိုမျှဝေပေးလိုက်ပါတယ်။ဒီစာအုပ်လေးတွေနဲ့ CD တွေမှာ English စာကိုအခြေခံမှစပြီး အဆင့်မြင့်အခြေအနေထိသင်ကြားပြသပေးထားပါတယ်။ လိုအပ်ပါက ရယူလိုက်ပါ။

စာအုပ် ( PDF ) ဖိုင်များရယူရန်

d now

CD များရယူရန်

d now


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

7/17/2016

♪ Learn to Speak English apk ♫


အင်္ဂလိပ်စကားပြော လေ့လာသူတွေအတွက် application တွေအများကြီးရှိတဲ့အထဲကအကောင်းဆုံး application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီ application လေးကိုတော့ http://www.eng11.com/ မှမျှဝေပေးထားတာ ဖြစ်ပါတယ်။ သုံးစွဲလိုတယ်ဆိုရင်တော့ download ရယူလိုက်ပါ။


d now


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

7/10/2016

♪ " အီးမေးလ်ဖတ်ပြီး အင်္ဂလိပ်စာ သင်ကြရအောင် - ၂ " ♫


(ပြန်မပြောရင် ငွေနှုတ်သွားတော့မယ်)

အင်္ဂလိပ်စာလေ့လာတဲ့ ပုံစံအမျိုးမျိုးရှိတဲ့အထဲမှာ မိမိကိုယ်တိုင်စာဖတ်ပြီး
လေ့လာခြင်းက သူတစ်ပါးလည်း မသိနိုင်သလို တိတ်ဆိတ်ငြိမ်သက်မှုလည်း
ရှိပါတယ်။ အားသာချက်က ကိုယ်ပိုင်လေ့လာခြင်း - Self Studying ကို တိုးတက်စေတယ်။ အားနည်းချက်ကတော့ မသိတာတစ်ခုခုပေါ်လာရင် ဘယ်လိုရှာရန်မသိတဲ့အခါ တ၀ဲဝဲ လည်နေစေတာပါပဲ။ ဒါ့အပြင် အင်တာနက်ရှိဖို့လိုအပ်ခြင်း၊ အင်တာနက်မလိုဘဲ စာဖတ်နိုင်တဲ့ Device တစ်ခုခုရှိဖို့ လိုအပ်ခြင်းနဲ့ ဘာဖတ်ရမယ်ဆိုတာကို ရှာတတ်ခြင်း စတဲ့ အကြောင်းအချင်းအရာတွေ ပြည့်စုံဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ဒီအခက်အခဲတွေကို အထိုက်အသင့် ဖြတ်ကျော်စေပြီး သက်သောင့်သက်သာ အင်္ဂလိပ်စာဖတ်နိုင်ဖို့ နည်းလမ်းက ကိုယ့်ရဲ့အီးမေးလ် ထဲကိုရောက်လာတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ အီးမေးလ်တွေကို သဒ္ဒါနည်း လမ်းကျကျ - Grammatically လေ့လာနိုင်ဖို့ လွယ်ကူတဲ့အခွင့်အရေးရှိနေသလို ကုန်ကျစရိတ် အင်မတန်နည်းပါးပါတယ်။ ပိုမိုလွယ်ကူအောင် စာပိုဒ်တွေကို Breaking Down - ခွဲခြမ်းစိတ်ဖြာပြရင်း ဗဟုသုတ ရစေလိုရင်းအလို့ငှာ သမီးတက်နေတဲ့ ကျောင်းကပို့လာတဲ့ အီးမေးလ်ကို
အရင်ဖတ်ကြည့်စေလိုပါတယ်။
This is a very important notification that you have been enrolled into, and charged $2 , 170 for, the Suffolk Student Health Insurance Plan ("SSHIP") because you meet the student eligibility requirements for mandatory university health insurance coverage in Massachusetts. .
(အရေးတကြီးသတိပေးလိုသည်မှာ သင်ဟာ ဆဲဖစ်တက္ကသိုလ်ကျောင်းရဲ့ ကျောင်းကျန်းမာရေးအစီအစဉ်ကိုပါဝင်ဖို့ အရည်အချင်းပြည့်မီတာ တွေ့ရပါတယ်။ ဒီအစီအစဉ်ကတော့ မက်ဆာချူးဆက်ပြည်နယ်ရဲ့ တက္ကသိုလ်များတွင် မယူမနေရကျောင်းသား ကျန်းမာရေးအာမခံဖြစ်ပြီး သင်ဟာ (အလိုလို) ပါဝင်စာရင်းပေးသွင်းပြီး သားဖြစ်သလို ကျောင်းမှ (၂၁၇၀) ဒေါ်လာကို ကောက်ခံသွားမှာ ဖြစ်ပါတယ်)
ပထမဦးဆုံးအနေနဲ့ စာရင်းပေးသွင်းပြီးသားကို “you have been enrolled” လို့ ရေးထားပါတယ်။ သူ့နောက်မှာ “ into ” ဆိုတဲ့ Preposition ကပ်လိုက်လာတဲ့ အသုံးအနှုန်းကို ထူးခြားတယ်လို့ သတိထားမိပါတယ်။ “ ( , ) and charged” ဆိုတဲ့ နေရာမှာအရှေ့က “ You are charged ” သင့်ကို ငွေကောက်ခံလိုက်ပါတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် Passive Voice နဲ့ ဘယ်သူက charge
ငွေနှုတ်ခံရတာလဲဆိုတာမတွေ့ဘဲ ပျောက်နေတတ်တာမို့
မြန်မာစာအရေးအသားနဲ့ မတူတာကို သတိထား ဘာသာပြန်ရပါမယ်။
“ you meet ” ဆိုတာကို “သင်တွေ့ဆုံတယ်” လို့ ဘာသာပြန်လို့ မဖြစ်ပြန်ပါဘူး။ “ you ” က ကတ္တားအဖြစ် ရပ်တည်ပြီး “ meet the student eligibility requirements ” ဆိုတဲ့ အဓိပ္ပာယ်ဖော်ပြချက်ကိုညွှန်းပြီး “ပြည့်မီ” တယ်လို့ ပြောချင်တာပါ။ မဖြစ်မနေလုပ်ရတယ်ဆိုတာကို “mandatory” အနေနဲ့ သုံးထားတဲ့အပြင် အသုံးများတဲ့ စကားလုံးအနေနဲ့ မှတ်သားသင့်ပါတယ်။
တစ်ဆက်တည်း ////////// You are required by law to participate in SSHIP or in a health insurance benefit plan with qualifying comparable coverage. As you prepare for the semester, we urge you to consider health insurance coverage a top priority. It is important that students have access to comprehensive medical care while enrolled at Suffolk University.
(ပြည်နယ်) ဥပဒေအရ အနှိုင်းယှဉ်ခံနိုင်တဲ့ ကျန်းမာရေးအာမခံများမှာ သင်ပါဝင်ဖို့ လိုအပ်ပါတယ်။ လာမည့်ကျောင်းစာသင်နှစ်အတွက
ပြင်ဆင်တဲ့အခါ ကျန်းမာရေးအာမခံကို ဦးစားပေးစဉ်းစားဖို့လည်း ကျောင်းမှ တိုက်တွန်းပါတယ်။ ဒါကြောင့်မို့ ကျောင်းသားများဟာ ပြည့်စုံကောင်းမွန်တဲ့ ကျန်းမာရေးအာမခံကို ဆဲလ်ဖစ်တက္ကသိုလ်မှာ စာရင်းပေးသွင်းနိုင်တဲ့ အခြေအနေတွေရရှိဖို့ အရေးကြီးလှပါတယ်)
ဒီအပိုဒ်မှာ “ qualifying comparable coverage” စာတွဲလေးမှာ Adjective (၂) လုံးဆက်တိုက်နောက်က Noun တစ်လုံးတည်းကို ထိန်းထားတာ
တွေ့ရပါမယ်။ အရည်အချင်းပြည့်မီတယ်ဆိုတဲ့ “ qualify ( V ) ” ကြိယာကို
“ ing ” ထည့်လိုက်တဲ့အခါ အထူးပြုတဲ့ Adjective ဖြစ်သွားပါတယ်။
တစ်ဆက်တည်းမှာ သူ့ရဲ့အတိတ်ကာလ ကြိယာဖြစ်တဲ့ “ qualified ” နဲ့ မတူတဲ့အဓိပ္ပာယ်တစ်ခုက “qualifying” ဟာ အခုလက်ရှိတည်ဆဲဥပဒေ -
“ by law ” က ချမှတ်ထားတဲ့ အရည်အချင်းနဲ့ “ပြည့်မီနေတုန်းပဲ” ဆိုတဲ့ ထူးဆင့်အဓိပ္ပာယ်ကိုဖော်ယူသင့်ပါတယ်။ ပြီးတော့ အမေရိကန်မှာ ဥပဒေနဲ့ မကိုက်ညီရင် ဥပေဒေချိုးဖောက်ပြီးသားဖြစ်နေတယ်ဆိုတဲ့ ဒေသန္တရ စည်းမျဉ်းများကို လေ့လာမိပါတယ်။
“ a top priority ” က အထူးဦးစားပေးလို့ ပြောချင်တာဖြစ်ပြီး အမေရိကန်တွေ အကြိုက်ဆုံးစကားလုံးလို့တောင် ပြောလို့ရပါတယ်။ ထစ်ကနဲဆို ဒါက အရေးကြီးတယ်ဆိုပြီး ပျာယီးပျာယာ လုပ်တတ်ကြတာ အမေရိကန်တွေပါ။ “ students have access ” ဆိုရာမှာ ကျောင်းသားတွေမှာ လုပ်စရာရှိတယ်လို့ ပြောတာဖြစ်ပါတယ်။ ဒီ “ access ” ဆိုတာကို လုပ်ငန်းခွင်မှာလည်း တော်တော်သုံးကြပါတယ်။ “ comprehensive medical care ” ဆိုတဲ့ Vocabulary ကတော့ ရှင်းပါတယ် ... ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေါ့ဗျာ ...။
ကဲ ... အားမလျှော့တမ်း ဆက်ဖတ်လိုက်ရအောင် ... ပြီးတော့မှာပါ ... ////////// If you will be covered under a qualifying alternative health insurance plan while enrolled at Suffolk University, then BEFORE September 30, 2015 you must submit your online SSHIP Waiver Form in order to avoid being automatically enrolled and charged for SSHIP. Your enrollment and charge for SSHIP cannot be reversed after the open waiver period closes.
(အကယ်၍ ဆဲလ်ဖစ်တက္ကသိုလ်မှာ အာမခံလျှောက်ထားစဉ်အတွင်း သင့်မှာ တခြားအာမခံရှိနေပြီးသားဖြစ်ခဲ့ရင် SSHIP ရဲ့ အလိုအလျောက် စာရင်းသွင်းခြင်းကို လွဲဖယ်နိုင်ဖို့ SSHIP ငြင်းပယ်ဖောင်ကို မဖြစ်မနေတင်ပါ။ သင့်ရဲ့စာရင်းသွင်းမှုနဲ့ ငွေကောက်ခံရမှုကို ငြင်းပယ်ဖောင်စာရင်းပိတ်ပြီ
နောက်ပိုင်းအချိန်မှာ ပြန်လှည့် (နောက်ဆုတ်) နိုင်ခွင့်မရှိပါ)
“ you will be covered ” ဆိုတဲ့ Passive Voice ကို ထပ်သုံးထားတာ တွေ့ရပြန်ပါတယ်။ အဓိပ္ပာယ်က သင်ဝယ်ထားမှာအာမခံက သင့်ကိုကာဗာလုပ်ပေးမယ့်သဘော ဖြစ်နေပါတယ်။ ဒီနည်းလမ်းကလည်း သစ္စာမရှိတဲ့ အမေရိကားရဲ့ သင်ဝယ်မှ သင်ရမယ်ဆိုတဲ့ အာမခံကို အတင်းဝယ်ခိုင်းတာ ပေါ်လွင်စေပါတယ်။ တခြားနည်းလမ်းကို “alternative” လို့ သုံးပါတယ်။ အသံထွက်မှန်က အော်တာနေးတစ်မဟုတ်ပါ။ “အော်ထဲနထစ်” ဆိုမှ Native Speaker အသံရမှာ ဖြစ်ပါတယ်။
“ submit ” ဆိုတဲ့စာလုံးက ဖောင်တင်တယ်၊ တင်သွင်းတယ်လို့ အဓိပ္ပာယ်ရပြီး “ waive ” ဆိုတာက မြန်မာတွေနဲ့စိမ်းပြီး အမေရိကန်ရုံးကိစ္စ၊ ကျောင်းကိစ္စ၊ ဘဏ်ကိစ္စတွေမှာ နားလည်ထားမှဖြစ်ရမယ့် စကားလုံးဖြစ်ပါတယ်။
မြန်မာခေတ်စကားနဲ့ အလွယ်နားလည်အောင်ပြောရရင် “ပြန်ပေးတယ်၊ လျှော်ပေးတယ်” လို့ အဓိပ္ပာယ်ရပါတယ် (ဒီစာပိုဒ်မှာ waiver လို့ သုံးထားတာကို ကြည့်ပါ)
နောက်ထပ် Passive Voice “ to avoid being automatically enrolled and charged ” နဲ့ “ cannot be reversed ” တို့ကို ဆက်လက်လေ့လာစေလိုပါတယ်။ “cannot( -V )” သုံးထားတဲ့ အပြီးသတ် စာပိုဒ်ဆုံးခါနီးလေးမှာ ရှေ့ပိုင်းနဲ့ ကြိယာမျှခြေဖြစ်အောင် “ open waiver period ” ရဲ့နောက်ကလိုက်တဲ့ ကြိယာ “ close ( V ) ” မှာ “ s ” ထည့်ထားတာကို အဆင့်မြင့်တဲ့ အရေးအသား သတိထားမှုအနေနဲ့
လေ့လာမိပါတယ်။
လာပါပြီ ... နောက်ဆုံးတစ်ပိုဒ်ပါ ... ////////// If you do not submit your SSHIP Waiver Form BEFORE September 30, 2015 , then you will continue to be enrolled in SSHIP at a cost of $ 2,170 annual premium and will not be allowed to waive the charge after the open enrollment waiver period. SSHIP coverage dates are effective August 21, 2015 - August 21, 2016.
(အကယ်၍ SSHIP Waiver Form ကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ မတင်လာဘူးဆိုရင် တစ်နှစ် (၂၁၇၀) ဒေါ်လာတန်ကြေးရှိတဲ့ ကျန်းမာရေးပရီမီယမ် (တစ်ကြိမ်) ကို ဆက်လက်စာရင်းသွင်းပေးသွားမှာဖြစ်ပြီး ရက်ကျော်သွားရင် ပြန်လည်ငြင်းပယ်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ အခုပြောတဲ့ ကျန်းမာရေးကုသခွင့်ဟာ (၂၀၁၅) ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့ကနေ (၂၀၁၆) ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်)
“ at a cost of … annual ” ဆိုတဲ့ အသုံးလေးဟာ သိပ်လှပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကုန်ကျစရိတ် - cost နဲ့ တစ်နှစ်စာလုံး တစ်ကြိမ် - a တို့အပြင် နှစ်စဉ် - annual ကို တွဲသုံးထားတာ အင်မတန် Professional ဆန်တယ်လို့ မြင်မိပါတယ်။
ကျွန်တော်ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ( . ) Full Stop ကို ဒီမှာ “ period ” လို့ ဖတ်ပါတယ်။ အခုလက်ရှိ မြန်မာကျောင်းတွေမှာ ဘယ်လိုဖတ်သလဲတော့ အနေဝေးနေလို့ မသိတော့ပါဘူး။ အသံထွက်အမှန်က “ဖီးရီးယက်” ပါ။ ကန့်သတ်ထားတဲ့ အချိန်ကာလအပိုင်းအခြားလို့ ဆိုလိုပါတယ်။
“ effective ” ဆိုတာက “အသက်ဝင်သည်” လို့ ပြောတာပါ။ ဗဟုသုတအနေနဲ့ အမေရိကားမှာ အာမခံဝယ်ပြီးရင် (ငွေရှင်းပြီးတာနဲ့) မိနစ်ပိုင်းမခြား အကျုံးဝင်ပါတယ်။ ဥပမာ - ကားအာမခံဝယ်ထားရင် ငွေရှင်းပြီးတာနဲ့ ကားတိုက်မိရင်တောင် “ effective date ” သာ မှန်နေပါစေ ... အလျော်ရပါတယ်။
အထက်မှာပြောပြခဲ့သလို ဒီအီးမေးလ်က သမီးတက်နေတဲ့ တက္ကသိုလ်မှာ ဆေးကုသခွင့် အာမခံဝယ်ဖို့ (ဈေးရောင်းတဲ့) စာတစ်စောင်သာ ဖြစ်ပါတယ်။ ကျောင်းသားသစ်အနေနဲ့ မယူမနေရ၀ယ်ရမယ်ဆိုတဲ့ သဘောပါ။ ဥပဒေနဲ့ ကိုင်တုတ်ပြီးမရှိရင် ချိုးဖောက်တယ်ဆိုတာ ထင်ရှားတာသိပေသော်ငြားလည်း
ကျွန်တော့်လက်အောက်မှာ သမီးအတွက် ကျန်းမာရေးအာမခံ ၀ယ်ပြီးသားက အဆင်သင့်ရှိနေပါတယ်။
အဲဒီအထောက်အထားကို ဖောင်ဖြည့်ပြီး တင်ပြတဲ့အခါ ကျောင်းလခထဲက ကြိုတင်ယူထားတဲ့ (၂၁၇၀) ဒေါ်လာကို မဖြစ်မနေပြန်ပေးရပါလိမ့်မယ်။ ဒါကိုမတင်ပြရင် ဒါမှမဟုတ် အီးမေးလ်ကို သတိမထားမိရင်
ကျောင်းလခနဲ့ပေါင်းပြီး (၂၁၇၀) ဒေါ်လာကို ရှင်းရတော့မှာပါ။
တစ်လောက မြန်မာနိုင်ငံကနေ ကျောင်းလာတက်တဲ့ ကျောင်းသူတစ်ယောက်ကလည်း ဒီလိုအဖြစ်မျိုးရင်ဆိုင်ရလို့ မေးလာပါသေးတယ်။ သူ့ကျတော့ ကျောင်းကအာမခံကို တစ်နှစ်စာ (၁၈၅၀) ဒေါ်လာနဲ့ ၀ယ်ခိုင်းတယ်လို့ ပြောပါတယ်။ အဲဒီကျောင်းသူလေးက ဒီမှာအမျိုးမရှိဘဲ တစ်ယောက်ထဲနေရတဲ့ အနေအထားမှာ တခြားအာမခံဝယ်ပေးမယ့်
ဆွေမျိုးအရင်းအချာမရှိပါဘူး
ဒါကြောင့်ပဲ ကျွန်တော်အလုပ်လုပ်တဲ့ကုမ္ပဏီမှာ မိသားစုအတွက် ၀ယ်ရတဲ့အာမခံကြေး - Premium နဲ့ နှိုင်းယှဉ်ပြီး ယူသင့်ယူထားမှ
ရမယ့်ဈေးနှုန်းဖြစ်တဲ့အကြောင်း အကြံပေးလိုက်ပါတယ်။
အခုလောက်ဆို အမေရိကားမှာ ကျောင်းတက်တော့ ကြိုမသိနိုင်တဲ့ အရေးပေါ်ငွေတွေ ကုန်ရတတ်တာတွေကို သိလောက်ပြီထင်ပါတယ် ... ဆင်ခြင်တတ်အောင်လည်း အီးမေးလ်ဆိုရင် မကြောက်ဘဲ သေသေချာချာ ဖတ်သင့်ပါတယ်။ တစ်ဆက်တည်းမှာလည်း အနည်းနဲ့ အများမဆို အခုဥပမာပေးထားတဲ့ အီးမေးလ်ကနေ အင်္ဂလိပ်စာသဒ္ဒါနဲ့ အရေးအသားကို လေ့လာမိပြီလို့ ယူဆပြီး စာကို ရပ်နားပါရစေ။

ကိုညီညီ (တောင်ကြီး)

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

12/07/2015

♪ ဖုန်းထဲမှာတင် Eng: Grammar တိုးတက်အောင်လေ့လာသင်ယူနိုင်မယ့် - english grammar Test v2.21 (Ad-free) Apk ♫

English Grammar Test Apk

အခုတင်ပေးလိုက်တဲ့ Application ကတော့ အင်္ဂလိပ်စာလေ့လာလိုက်စားနေသူများအတွက် အသုံးတည့် မယ့် Application တစ်ခုဖြစ်ပါတယ်ဗျာ။ English Grammar နဲ့ပတ်သတ်တဲ့ သင်ခန်းစာပေါင်းများစွာ ကိုလေ့လာနိုင် လေ့ကျင့်ဖြေဆိုနိုင်မယ့် Application လေးပါ။ ပါဝင်တဲ့ Lessons များကိုတော့ အောက်မှာ အသေးစိတ်ရေးပြပေးထားပါတယ်ဗျာ။ ဖုန်းထဲမှာတင် English grammar questions 1000 လောက် အထိလေ့ကျင့်နိုင်မှာဖြစ်လို့ အတော်လေးကိုအသုံးတည့်စေမှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင့် Beginner , Elementary , Intermediate , Advance ဆိုပြီးမိမိရဲ့ Level အလိုက်ရွေးချယ်ပြီးသင့်တော်သလိုလေ့လာ သင်ယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Application ရဲ့နမူနာပုံစံ ကိုတော့အောက်မှာ Screen Shoot တွေရိုက်ပြ ထားပါတယ်ဗျာ။ Android OS 3.2 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Simple and Simple!!! With this quiz, English grammar won't hurt you anymore.
Many Grammar Quizzes, Questions, Flashcards and Lessons are waiting you.
English Chat room for making friends and practice your english.
Enjoy your learning with 4 different levels:
1. Beginner
2. Elementary
3. Intermediate
4. Advanced
English Practice application also has many flashcards for you. Practice them everyday to improve your vocabulary
This app is useful for people who are preparing to get TOEFL, TOEIC and IELTS certificates
"Practice makes perfect", so using English practice everyday, your English will be better

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




   English Practice- screenshot         English Practice- screenshot

   English Practice- screenshot         English Practice- screenshot

   English Practice- screenshot         English Practice- screenshot

   English Practice- screenshot         English Practice- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

11/03/2015

♪ Eng စကားပြောတိုးတက်လာစေဖို့လေ့ကျင့်နိုင်မယ့် - Learning English Full v3.8 Apk ♫

Cover art

ကျွန်တော်အခုတင်ပေးလိုက်တဲ့ Application လေးကတော့ English ဘာသာစကားပြောလေ့လာနေသူ များအတွက် များစွာအထောက်အကူပေးနိုင်တဲ့ Learning English ဆိုတဲ့ Apk လေးဖြစ်ပါတယ်ဗျာ။ Learning English ဆိုတဲ့ Apk လေးထဲမှာတော့ အကျိုးရှိစေမယ့် Vocabulary , Grammar , Lessons , နဲ့ Tests တို့အပြင် English စကားလုံးပေါင်း 5000 ကျော်အထိလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်ဗျာ။ ဖုန်းထဲမှာတင်ပဲလေ့လာသင်ယူနိုင်မှာဖြစ်လို့ အချိန်မရွေးနေရာမရွေး အဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ် ဗျာ။ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


Easy English is a free English learning application, for those who want to improve their English and make an excellent English vocabulary knowledge, with so many English grammar options, tests, and almost English 5000 words.

* "Learning words" you can learn new English words with different methods and English sentences.
* "Grammar" you can study English grammar lessons from here.
* "Test" you can solve english tests.
* "Regular Verbs, Irregular Verbs" sections. You can study regular verbs or irregular verbs with sentences.
Learn and practice a lot of great English words, sentences for your upcoming conversations. Don't forget that learning new words and using these words in your conversations will move you to the next level!

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



   Learning English Full- screenshot         Learning English Full- screenshot

   Learning English Full- screenshot         Learning English Full- screenshot

   Learning English Full- screenshot         Learning English Full- screenshot

   Learning English Full- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Read More ...

10/16/2015

♪ လှပတဲ့ English စကားစုလေးများ (Ebook) စကားစုပေါင်း ၁၅၀ကျော် ♫


English စာကိုလေ့လာနေတဲ့သူများအတွက် အသုံးတည့်စေမယ့် လှပတဲ့ English စကားစုလေးများကို Pdf File အဖြစ်တင်ပေးလိုက်ပါတယ်ဗျာ။ 60Kb လေးသာရှိတာမို့လွယ်ကူမြန်ဆန်စွာနဲ့ဒေါင်းယူနိုင်မှာဖြစ်ပါ တယ်ဗျာ။ English စကားစုပေါင်း ၁၅၀ ကျော်အထိပါဝင်တဲ့အတွက်တော့ Eng Knowledge များပိုမိုတိုးပွာ လာစေမှာဖြစ်ပါတယ်ဗျာ။ အောက်က Link မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။ Facebook ကနေအဆင့်ဆင့် ပြန်လည် မျှဝေပေးတာဖြစ်တဲ့အတွက် မူရင်းရေးသားသူကို Credit ပေးပါတယ်ဗျာ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

8/15/2015

အင်္ဂလိပ်စာကို ဖုန်းမှာသင်ယူဖို့အတွက် English Grammar Test apk


ဒီတစ်ခါတော့ စာအုပ်လည်းမဟုတ် CD လည်းမဟုတ်...English စာကို Application ကိုထည့်ထားပြီးလွယ်လွယ်ကူကူသင်နိုင်အောင်...English Grammar Test ဖြစ်ပါတယ်...Level 7ဆင့်အထိပါဝင်ပါတယ်..အဓိကအာ့းဖြင့်တော့ Elementary, Intermediate နှင့်Advanced ဆိုပြီး Level သုံးခုဖြစ်ပါတယ်...အဆင်ပြေပါစေဗျာ..


ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

8/11/2015

♪ နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျများ (EBook) ♫


အခုတင်ပေးလိုက်တာကတော့ အင်္ဂလိပ်စာကိုလေ့လာနေကြတဲ့ သူငယ်ချင်းများအတွက် အသုံးများ အပြော များကြတဲ့  နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျများ ဖြစ်ပါတယ်ဗျာ။ Eng to Myanmar ဘာသာပြန်ပေး ထားတာဖြစ်လို့ Beginner များအတွက်ပါအဆင်ပြေစေမှာဖြစ်ပါတယ်ဗျာ။ စကားစုပေါင်း 100 ပါဝင်ပါတယ်။ အသုံးဝင်တဲ့စကားစုများဖြစ်လို့လေ့လာချင်တယ်ဆိုရင်တော့ PDF အနေနဲ့အောက်မှာ တင်ပေးထားပါတယ် ဗျာ။

Credit to ==> ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

7/07/2015

♪ အင်္ဂလိပ်-သဒ္ဒါ အောက်ခြေသိမ်းအသုံးများ အခြေခံအကျဆုံး စကားလုံးများ (မြန်မာလိုရှင်းလင်းချက် Ebook)


ဆရာဦးသာနိုးရေးသားပြုစုထားတဲ့ အင်္ဂလိပ်-သဒ္ဒါ အောက်ခြေသိမ်းအသုံးများ အခြေခံအကျဆုံး စကားလုံး များ စာအုပ်လေးတစ်အုပ်တင်ပေးလိုက်ပါတယ်ဗျာ။ English Language ကိုလေ့လာနေသူများအတွက် အထူးသင့်တော်တဲ့ စာအုပ်လေးတစ်အုပ်ပါဗျာ။ စာအုပ်ထဲမှာတော့ ဆရာဦးသာနိုးက English Grammar ရဲ့အခြေခံကျကျစကားလုံးများသုံးနှုန်းပုံကိုအသေးစိတ်ရေးသားရှင်းလင်းသင်ပြပေးထားတာဖြစ်လို့ ဒီစာအုပ် ကိုလေ့လာစေချင်ပါတယ်ဗျာ။ ဒီစာအုပ်လေးကို PDF ဖန်တီးပေးတဲ့ Burmese Classic ကိုလည်းကျေးဇူး အထူးတင်ရှိပါတယ်ဗျာ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Read More ...

7/04/2015

မိမိဖုန်းမှာ English Grammar Test လုပ်နိုင်မယ့် Grammar Test APK



အခုတင်ပေးလိုက်တဲ့ apps ကတော့ Android ဖုန်းကိုင်သူတွေတိုင်းအတွက်..ဖြစ်ပါတယ်..မိမိဖုန်းမှာ ဒီ Application ကိုထည့်ထားတာနဲ့တင်...Grammar ကိုအားရင် အားသလို..ကြုံရင် ကြုံသလို Test လုပ်နေ..လို့ရပါတယ်..ဒီလိုဆိုရင်တော့ စာမေးပွဲတွေဖြစ်သလို...လေ့ကျင့်ခန်းတွေလုပ်နေသလိုဖြစ်နေတော့...တကယ်စာမေးပွဲဖြေတဲ့အခါ ကိုယ့်အတွက် လွယ်ကူစေမှာ ဖြစ်ပါတယ်.....
..............
ဒေါင်းယူရမယ့် File size ကလည်းသေးသေးလေးဆိုတော့ အင်တာနက် ရှိသူတိုင်း ဒေါင်းလုပ်ယူထားလိုက်ကြပေါ့ဗျာ...အင်ဆင်ပြေကြပါစေ......

......

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

6/29/2015

Cambridge Essential Grammar in use (ebook နှင့် CD) တင်ပေးလိုက်တယ်နော်

အင်္ဂလိပ်စာ..လေ့လာသင်ယူနေကြသူများ အထူးသဖြင့် အခုမှ စပြီးလေ့လာနေသူများအတွက် အထူးရည်ရွယ်ပြီးတော့..Cambridge Grammar in Use ကို pdf e-book နဲ့ရော...Audio file လေးနဲ့ပါ တင်ပေးလိုက်ပါတယ်.........
ဒီစာအုပ်က အခြခံလို့ဆိုပေမဲ့ တစ်ကယ်တမ်းတော့..အကုန်သူအတွက် သင့်တော်ပါတယ်..ကျွန်နော်တို့က အခြေခံကို တက်ပြီးသား ဆိုပေမဲ့ သွားကြာတယ် မလား..ဒီလိုတတ်ထားတာလေးတွေ မမေ့ရလေအောင်...ပြန်လေ့လာနိုင်ဖို့ Intermediate နှင့် Advanced level ကျောင်းသွားတွေအတွက်လည်း အသုံးဝင်ပါတယ်.....
...............
ဒီစာအုပ်ကို CD နဲ့တွဲလေ့လာရင် ပိုကေါင်းပါတယ်..ဘာလို့လည်းဆိုတော့ CD မှာ စာကျောင်းတွေကို အသံထွက်ပါလို့..စကားပြောအတွက် အထူးအသုံးဝင်ပါတယ်..Native Speaker တွေဘယ်လို ပြောကြလဲဆိုတာကို သင်ယူနိုင်ပါတယ်.....
..................
CD နှင့်...PDf e-book ကိုခွဲတင်လိုက်တယ်နော်...သီးသန့်စီ ဒေါင်းယူနိုင်ပါတယ်...

  Download Here



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

3/18/2015

အင်္ဂလိပ်စာသင်သူများအတွက် ဆောင်ထားသင့်တဲ့Really Learn 100 Phrasal Verbs e-book Pdf

14523536

အခုတင်ပေးလိုက်တာကတော့ Application တော့မဟုတ်ပါဘူး English စာကိုလေ့လာနေသူတွေဆောင်ထားသင့်တဲ့ (e-book ) ဖြစ်ပါတယ်...
အင်္ဂလိပ်စာသင်တဲ့နေရာမှာ Phrasal Verbs လို့ခေါ်တဲ့ Verb+Adv/Verb+prep/verb+adv+prep စကါးလုံးတွေဟာ မူရင်းစကားလုံးနဲ့..လိုက်ပြီး တစ်ခါတစ်လေ ဘယ်လိုမှ မရနိုင်ပါ..ပြီးတော့ ဒီလိုကါးလုံးတွေဟာ Idiomatic ဆန်တာတွေလည်း အများကြီးရှိပါတယ်..ဒါကြောင့် အင်္ဂလိပ်စာလေ့လာသူတွေအဖို့..Phrasal verbs ဆိုတာ သင်ယူဖို့တကယ်အရေးကြီးပါတယ်...
အခုတင်လိုက်တဲ့စာအုပ်ကတော့ သင့်ရဲ့အင်္ဂလိပ်စာတိုးတက်ဖို့အတွက်...တကယ်အရေးကြီးတဲ့ (Really learn 100 Phrasal verbs ) Phrasal verbs အလုံးတစ်ရာကို ဥပမာ တွေ ရှင်းပြချက်တွေ လေ့ကျင့်ခန်းတွေနဲ့ အစုံးဖေါ်ပြထားတာဆိုတော့ သင့်အတွက်..အချိန်လေးနည်းနည်းရရင် တကယ်မရှိမဖြစ် လုပ်သင့်တဲ့ Self-study စာအုပ်ကေါင်းတစ်အုပ် ဖြစ်ပါတယ်ဗျာ........

Download

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...