Showing posts with label Facebook ဆိုင်​ရာ. Show all posts
Showing posts with label Facebook ဆိုင်​ရာ. Show all posts

9/28/2017

♪ " Facebook မှနေ၍ Instagram App ကို တိုက်ရိုက်ဖွင့်နိုင်မည် " ♫

Image may contain: 1 person, text

Facebook သည် Instagram သုံးစွဲသူမှာ Facebook app ထဲမှနေ၍ Instagram profile ကို အလွယ်တကူ ၀င်ရောက်နိုင်စေရန် ပြုလုပ်ပေးခဲ့ပြီဟု သိရှိရသည်။ Mobile အတွက် navigation menu တွင် ထိုအချက်ကို ထပ်မံထည့်သွင်းပေးခဲ့ကြောင်း၊ instagram account နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုပေးခဲ့သည်။

အဆိုပါ option မှာ သင့်၏ Facebook app အတွင်းမှ personal profile အောက်ဘက်နားတွင်သာရှိပြီး သင့်၏ Facebook page များ၏ အထက်တွင်ဖြစ်ကြောင်း သိရသည်။ အဆိုပါ link ကိုနှိပ်ခဲ့ပါက ဖုန်းထဲရှိ Instagram app ကို ဖွင့်ပေးမည်ဖြစ်ပြီး သင့်ကို Instagram ၏ main feed ထံ တိုက်ရိုက်ပို့ပေးမည်ဖြစ်ကာ home screen သို့ ပြန်ထွက်၍ သီးခြားဖွင့်နေစရာမလိုတော့ပေ။ အဆိုပါအပြောင်းအလဲမှာ ကြီးကြီးမားမားမဟုတ်သော်လည်း Facebook သုံးစွဲသူများကို အခြားသော မိုဘိုင်း app များဆီ ရောက်မသွားစေရန် စွဲဆောင်ထားရာတွင် အရေးပါသော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။ ဥပမာ Twitter, snapchat စသည်တို့ဖြစ်သည်။

Instagram တွင် Facebook Link ပါဝင်လာပါက ပို၍ ထိရောက်နိုင်မည်ဖြစ်သော်လည်း ယခုထိမူ Instagram တွင် မတွေ့ရသေးချေ။ Facebook မှ ၎င်းပိုင်ဆိုင်သော app များပေါင်းရန် ယခုတစ်ခါတည်း ကြိုးပမ်းခဲ့ခြင်း မဟုတ်ပေ။ ယခုအပြောင်းအလဲသည် Facebook အား app install usage တွင် ထိပ်တန်းအဆင့်ရှိသည့် mobile app အဖြစ်တွင် ဆက်လက်ရှိနေစေရန် ကူညီပေးနိုင်မည်ဖြစ်သည်။ Facebook သည် သမိုင်းတွင် download ပမာဏအများဆုံး app ဖြစ်ပြီး Instagram မှာမူ အဆင့် 4 တွင် ရပ်တည်လျက်ရှိသည်။

ဇန်န၀ါရီမှ သြဂုတ် 2017 အတွက် download အများဆုံး app စာရင်း၌ Facebook သည် နံပါတ် 3 ၊ Instagram မှာ နံပါတ် 4 ဖြစ်ခဲ့သည်။ Instagram နှင့် Snapchat တို့၏ ပြင်းထန်သောပြိုင်ဆိုင်မှုကြောင့် Facebook ကိုသုံး၍ Instagram သုံးစွဲသူများစေရန် ဆွဲဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။ 


မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





Read More ...

9/18/2017

♪ " Facebook ၏ Group Video Chat App ဖြစ်သော Bonfire ကို စတင်ဖြန့်ချိ " ♫

Image may contain: 8 people, people smiling, phone

လွန်ခဲ့သောလအနည်းငယ်ခန့်က Facebook သည် သီးခြားအလုပ်လုပ်နိုင်မည့် app တစ်ခုဖြစ်သော group video chat app ကို ဖန်တီးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ယခုအခါတွင် ကုမ္ပဏီမှ အဆိုပါ app ကို စ၍ထုတ်လုပ်ခဲ့ပြီး Bonfire ဟု အမည်ပေးထားခဲ့သည်။

ယခုအခါတွင် Bonfire ကို ဒိန်းမတ်ရှိ iOS သုံးစွဲသူများအတွက်သာ စတင်စမ်းသပ်ပေးနိုင်သေးကြောင်း သိရသည်။ Bonfire သည် video chat ကို တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် လူများစွာပါဝင်လျက် လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်သည်။ ၎င်းသည် Houseparty app ကဲ့သို့ ပုံစံမျိုးဖြစ်ပြီး လူငယ်များကြားတွင် အဆိုပါ app မှာ လက်ရှိကာလတွင် ထင်ရှားလျက်ရှိကြောင်း သိရသည်။

Facebook ၏အဆိုအရ ၎င်းတို့သည် ပစ္စည်းအသစ်များနှင့် ၀န်ဆောင်မှုများကို အမြဲစမ်းသပ်လျက်ရှိပြီး လူများစွာအတွက် video chat သုံးစွဲနိုင်ရန် Messenger အပါအ၀င်အတွက် app များကို စမ်းသပ်ခဲ့သည်။ လူများနည်းပညာသုံးစွဲကြပုံကို စိတ်ဝင်စားစွာလေ့လာခဲ့ပြီး အတွေ့အကြုံကောင်းများကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ခဲ့သည်။

ယခုအခါ ဒိန်းမတ်တွင် စမ်းသပ်မှုတစ်ခုကို Bonfire app နှင့် လုပ်ဆောင်ခဲ့ပြီး ယခုထက်ပို၍ ပြောကြားစရာ မရှိသေးပါဟု Facebook မှ တုံ့ပြန်ပြောကြားသွားခဲ့သည်။ 



မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/16/2017

♪ “Facebook က ဗီဒီယိုများအား Offline ကြည့်ရှုနိုင်တဲ့ စွမ်းဆောင်ချက်ကို စမ်းသပ်နေ” ♫

Image may contain: text

Facebook က ၀ိုင်ဖိုင်ချိတ်ဆက်ထားရင် ဗီဒီယိုများကိုအလိုအလျောက် ဒေါင်းလုပ်လုပ်ပေးတဲ့ စွမ်းဆောင်ချက်ကိုစမ်းသပ်နေပါတယ်။ အဲဒီ အတွက် ဗီဒီယိုများကို Offline ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Instant Videos လို့ အမည်ပေးထားပြီးသူ့ရဲ့ Mobile Apps များမှာထည့်သွင်းစမ်းသပ်နေပါ တယ်။

ဗီဒီယိုများဟာမိုဘိုင်းဒေတာအလွန် ကုန်ကျတဲ့အတွက် အခမဲ့ ၀ိုင်ဖိုင် ရရှိချိန်မှာအလိုအလျောက် ဒေါင်းလုပ်လုပ်ပေးတဲ့ ယခုစွမ်းဆောင်ချက်ဟာ အလွန် အသုံးဝင်ပါတယ်။ ဒါ့အပြင် ဒေါင်းလုပ်လုပ်ထားတဲ့အတွက် ထစ်ခြင်းမရှိဘဲချောမွတ်စွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာဗီဒီယိုများကိုလူကြည့်များစေချင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။ Facebook က YouTube ကိုယှဉ်ပြိုင်ချင်နေတာ လည်း ဖြစ်ပါတယ်။ YouTube မှာလည်းဗီဒီယိုများကို Offline ကြည့်ရှုနိုင် တဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်းပေးထားပါတယ်။

Facebook က Android App အသုံးပြုသူအနည်းငယ်ဖြင့် Instant Videos ကိုစမ်းသပ်နေတယ်လို့ TechCrunch ကိုအတည်ပြုထားပါတယ်။ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးမလားဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် Facebook ရဲ့ Video Tab အသစ်မှ ဗီဒီယိုများနဲ့ Newsfeed မှာ Algorithm အရပေါ်လာတဲ့ ဗီဒီယိုများအားလုံးကိုဒေါင်းလုပ်လုပ်ပေး မလား ဆိုတဲ့ သတင်းအချက်အလက်ကိုလည်းကြေညာခြင်းမရှိသေးပါဘူး။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/31/2017

♪ Facebook App ကနေ ၃၆၀ ဒီဂရီ ဓါတ်ပုံများ ရိုက်ကူးနည်း ♫


Facebook က သူ့ရဲ့ လူမှုကြန်ရက္မွာ မီဒီယာမိုးစုံကို ထောက္ပံ့ပေးထားပါတယ်။ ၃၆၀ ဒီဂရီ ဓါတ္ပုံမ်ားနဲ့ ဗီဒီယိုမ်ားကိုလည်း Facebook မွာ ပို့စ်အျဖစ္တင်နိုင္ပါတယ်။ ဒါပေမယ့် ၃၆၀ ဒီဂရီ ဓါတ္ပုံမ်ားကို ဖန္တီးဖို့အတြက် Facebook App ကို အသုံျးပုလို့ မရခဲ့ဘဲ အျခား ဓါတ္ပုံ App မ်ားကို အသုံျးပုခဲ့ရျခင်ျးဖစ္ပါတယ်။ အခုတော့ Facebook App မွာ ၃၆၀ ဒီဂရီ ဓါတ္ပုံမ်ားကို ဖန္တီးနိုင္တဲ့ စြမ်းရည္ကို ထည့်သြင်းပေးလိုက္ပါတယ်။ သင့် Facebook App မွာ စေတးတပ် တင္တဲ့ Box ကို နွိပ်ရင် 360 Photo ဆိုတဲ့ Option အသစ္ကျိုမင်ရမျွာဖစ္ပါတယ်။ သင့် Facebook App မွာ အဲဒါကို မျမင်ရရင် Update လုပ္ပါ။ စာရေးသူ အေတြ့အကြုံအရ Update လုပ်ပြီးရင်တောင် အဲဒီ Option ကို မေတြ့ရေသးဘဲ အခိန်အနည်းငယ် စောင့်ဆိုင်းပြီးမွ Over-the-Air ကေန သူ့ကို ထည့်သြင်းပေျးခင်ျးဖစ္ပါတယ်။

၃၆၀ ဒီဂရီ ဓါတ္ပုံဆိုတာ
၃၆၀ ဒီဂရီ ဓါတ္ပုံဟျာမင္ကြင်းက်ယ် Panoramas နဲ့ အလြန် ဆင္တူပါတယ်။ ၃၆၀ ဒီဂရီ ဓါတ္ပုံကေတာ့ ဓါတ္ပုံစရိုက္တဲ့ အစေနရာနဲ့ အဆုံးနေရာကို ဆက္စပ် ရိုက္ကူးရျခင်ျးဖစ္ပါတယ်။ တစ္နည်းအာျးဖင့် ဓါတ္ပုံ ရိုက္ကူးသူရဲ့ ဘယ္ဘက်၊ ညာဘက်၊ အထက္နဲ့ အောက်ျမင္ကြင်းအားလုံးကို ဖမ်းယူပေျးခင်ျးဖစ္ပါတယ်။ ၃၆၀ ဒီဂရီ ဓါတ္ပုံမ်ားရျဲ့မင္ကြင်းကို လက် သို့မဟုတ် မောက္စ်ျဖင့်ျေပာင်းရွှေ့ကြည့်ရှုနိုင္ပါတယ်။ အလြန် ရုပ္လုံးကြတျဲ့မင္ကြင်းကို ခံစားရမျွာဖစ္ပါတယ်။

၃၆၀ ဒီဂရီ ဓါတ္ပုံ ဖန္တီးနည်း
၁။ Facebook App ကို ဖြင့်ပါ။
၂။ Status Box ကို တစ္ခ်က်နွိပ္ပါ။ အောက်ျေခမွ 360 Photo ကို နွိပ္ပါ။
၃။ အျပာရောင် ခလုတ္ကို နွိပ်ပြီး ခန္တာကိုယ္ကျိုဖည်ျးဖည်းခ်င်း လွည့်၍ ၃၆၀ ဒီဂရီ ဓါတ္ပုံကို ဖန္တီးပါ။
၎။ ဓါတ္ပုံမွ အစမွတ္ကို သတ္မွတ်ပေးပါ။

ဒါဆိုရင် Facebook App က ၃၆၀ ဒီဂရီ ဓါတ္ပုံ အျဖစ် ဖန္တီးပေးမျွာဖစ္ပါတယ်။

Facebook App ကေန ၃၆၀ ဒီဂရီ ဓါတ္ပုံကို ဖန္တီးပြီးရင် သင့်ရဲ့ Timeline မွာ မ်ွဝေနိုင္မယ့် Option ကျိုမင်ရမျွာဖစ္ပါတယ်။ ဒါ့အျပင် Albums တစ္ခုမွာ သိမ်းဆည်းနိုင္ပါတယ်။ သူ့ကို ကာဗာ ဖိုတိုအျဖစ္လည်း သတ္မွတ်နိုင္ပါတယ်။ ဂရုမ်ားမွာလည်း မ်ွဝေနိုင္ပါတယ်။

၃၆၀ ဒီဂရီ ဓါတ္ပုံမ်ား ရိုက္ကူးနိုင္တဲ့ စြမ်းဆောင္ခ်က္ကို iOS, Android တို့ရဲ့ Facebook App မ်ားမွာ ထည့်သြင်းပေးနေပါတယ်။




Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/27/2017

♪ Facebook App ကနေ ၃၆၀ ဒီဂရီ ဓါတ်ပုံများ ရိုက်ကူးနိုင်ပြီ ♫


Facebook မှာ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို တင်နိုင်အောင် ဖန်တီးပေးလိုက် ကတည်းက ယခုအချိန်အထိ ၃၆၀ ဒီဂရီ ဓါတ်ပုံပေါင်း သန်း ၇၀ ကို ပို့စ်တင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ ဓါတ်ပုံများကို Facebook Camera ကနေ ဖန်တီးနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုတော့ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို ရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook App မှာ ထည့်သွင်းပေးလိုက်ပါတယ်။

အရင်တုန်းကတော့ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို ဖန်တီးဖို့အတွက် အခြား App များကို အသုံးပြုရပါတယ်။ ဖန်တီးပြီးမှ အဲဒီ ဓါတ်ပုံများကို Facebook မှာ Upload ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ အခုတော့ Facebook App မှာတင်ပဲ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို ဖန်တီး၍ ပို့စ်တင်နိုင်ပါပြီ။

Facebook App ကနေ ၃၆၀ ဒီဂရီ ဓါတ်ပုံများ ဖန်တီးဖို့အတွက် News Feed ရဲ့ ထိပ်မှ Update Status Icon အနားမှ 360 Photo Icon ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အပြာရောင် ခလုတ်ကို နှိပ်ပြီး Panorama Image ကို ရိုက်ကူးရမှာ ဖြစ်ပါတယ်။ ဓါတ်ပုံအတွက် သင် နှစ်သက်တဲ့ အစမှတ်ကို ရွေးချယ်ပြီး ရင်တော့ Facebook မှာ ပို့စ်အဖြစ် တင်နိုင်ပါပြီ။

၃၆၀ ဒီဂရီ ဓါတ်ပုံများ တင်နိုင်တဲ့ စွမ်းဆောင်ချက်ကို Android , iOS များအတွက် ထုတ်လုပ်ထားတဲ့ Facebook Apps များမှာ ထည့်သွင်းပေးထားပါတယ်။ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို Cover Photo အဖြစ်လည်း သတ်မှတ်ထားနိုင်ပါတယ်။




Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/19/2017

♪ Facebook အသုံးပြုသူ အမျိုးအစား လေးခု ♫


Brigham Young University မှ သုတေသနပညာရှင်များက Facebook အသုံးပြုသူ အမျိုးအစားများကို သိနိုင်ဖို့ စစ်တမ်းတစ်ခုကို ကောက်ယူခဲ့ကြပါတယ်။ သူတို့က အသက် ၁၈ နှစ်နဲ့ ၃၂ နှစ်အကြားရှိ လူ ၄၇ ယောက်အား Facebook အသုံးပြုရတဲ့ ခံစားချက်နဲ့ ပတ်သက်တဲ့ မေးခွန်းပေါင်း ၄၈ ခုကို မေးမြန်းခဲ့ကြပါတယ်။ အဲဒီ ရလဒ်များကို အခြေပြု၍ ပညာရှင်များက Facebook အသုံးပြုသူ အမျိုးအစား လေးခုကို ခွဲခြားလိုက်ပါတယ်။ စာဖတ်သူရော ဘယ်အမျိုးအစားမှာ ပါသလဲဆိုတာကို အောက်မှာ လေ့လာကြည့်ပါ။

သူငယ်ချင်း ရှာဖွေသူ

အမျိုးအစား တစ်ခုကတော့ Facebook မှာ သူငယ်ချင်း ရှာဖွေသူများ ဖြစ်ကြပါတယ်။ သူတို့က Facebook မှာ သူတို့ရဲ့ စိတ်ခံစားချက်များ၊ အတွေးများ၊ ဘ၀ဇာတ်လမ်းများကို ရိုးသားစွာ မျှဝေလေ့ရှိပါတယ်။ သူတို့ကို Relationship Builder လို့လည်း ခေါ်ကြပါတယ်။ သူတို့ဟာ သူတို့ ချစ်ခင်နှစ်သက်သူများရဲ့ ဓါတ်ပုံများကိုလည်း တစ်နေ့လျှင် ၄ ကြိမ်လောက် မျှဝေလေ့ရှိပါတယ်။ News Feed မှ ပို့စ်တိုင်းကိုလည်း သူတို့က Like, Share , Comment များ ပြုလုပ်ကြပါတယ်။

စပ်စုသူ
သူတို့ကတော့ Facebook မှာ အခြားလူများကို ချောင်းမြောင်းခြင်း၊ စပ်စုခြင်းများကို ပြုလုပ်ကြပါတယ်။ သူတို့ကို Windows Shopper လို့လည်း ခေါ်ကြပါတယ်။ သူတို့ဟာ Facebook မသုံးရင် ခေတ်မမီဘူးလို့ ယူဆကြတဲ့အတွက် သုံးကြတဲ့ လူများ ဖြစ်ပါတယ်။ သူတို့ဟာ ပို့စ်များ၊ ဓါတ်ပုံများ တင်ခြင်း နည်းပါးသလို ပရိုဖိုင် ဓါတ်ပုံကိုလည်း သိပ်မပြောင်းကြပါဘူး။ ဒါ့အပြင် အခြား လူများနဲ့လည်း ဆက်ဆံခြင်း မရှိကြပါဘူး။ သူတို့ဟာ Stalker များဖြစ်ကြပါတယ်။ အခြားလူများ အကြောင်းကိုသာ သူတို့က စပ်စုကြတဲ့ လူများဖြစ်ပါတယ်။

မျှဝေသူ
သူတို့ကတော့ Facebook မှာ သတင်းများ၊ ပို့စ်များကို မျှဝေကြတဲ့ လူများဖြစ်ပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဘ၀ကို မျှဝေခြင်း မရှိကြပါဘူး။ သင်ဟာ နှစ်နှစ်လောက် အတွင်းမှာ ပရိုဖိုင် ဓါတ်ပုံ ပြောင်းလဲခြင်း မရှိပေမယ့် သတင်း၊ ပို့စ်များစွာ ကို မျှဝေထားသူများဆိုရင် သင်ဟာ ဒီအမျိုးအစားထဲမှာ ပါဝင်နေပါတယ်။ သူတို့ကလည်း Facebook မှာ သူငယ်ချင်းများ၊ မိသားစုများနဲ့ ဆက်ဆံခြင်း မရှိကြပါဘူး။ Facebook Messenger မှာလည်း သူငယ်ချင်း၊ မိသားစုများနဲ့ ဆက်သွယ်ခြင်း၊ စတစ်ကာများ၊ GIFs များ ပေးပို့ခြင်း မရှိကြပါဘူး။

Selfie တင်သူများ

နောက်ဆုံး အမျိုးအစားကတော့ Facebook မှာ Selfie ဓါတ်ပုံများ တင်သူများ ဖြစ်ပါတယ်။ သူတို့က အခြားလူများရဲ့ စိတ်ဝင်စားမှုကို ခံယူချင်ကြပြီး သူတို့ရဲ့ ပို့စ်များမှာ Like, Comment, Share များလိုချင်ကြသူများ ဖြစ်ပါတယ်။ သူတို့က သူတို့ကိုယ်သူတို့ ပရိုမိုးရှင်း ပြုလုပ်ကြသူများ ဖြစ်ပြီး Facebook ကို သူတို့ကိုယ်ပိုင် မဂ္ဂဇင်းတစ်ခုလို အသုံးပြုကြပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/18/2017

♪ Facebook App ကနေ GIF များ ပြုလုပ်နည်း ♫


Facebook က GIF ပြုလုပ်နိုင်တဲ့ စွမ်းရည်ကို သူ့ရဲ့ Mobile App များမှာ ထည့်သွင်းပေးလိုက်ပါတယ်။ ၃ စက္ကန့်ကြာ GIF သို့မဟုတ် Looping Video များကို ဖန်တီးနိုင်ပြီး Facebook Story မှာ မျှဝေနိုင်သလို သင့်ရဲ့ ပရိုဖိုင် ဓါတ်ပုံအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ဖန်တီးထားတဲ့ GIF များမှာ Frames, Filter များထည့်သွင်းနိုင်ပါတယ်။



GIF ပြုလုပ်နည်း
သင့်ရဲ့ Facebook App ကို ဖွင့်ပြီး ထိပ်မှ ကင်မရာ ခလုတ်ကို နှိပ်ပါ။ သို့မဟုတ် Newsfeed မှာ ဘယ်ဘက်မှ ညာဘက်သို့ ပွတ်ဆွဲပါ။ နောက်ပေါ်လာတဲ့ ကင်မရာ စကရင်ရဲ့ ထိပ်မှာ Normal နဲ့ GIF Tab ကို မြင်ရမှာပါ။ GIF ကို ရွေးချယ်ပြီး ၃ စက္ကန့်ကြာ GIF ကို ဖန်တီးပါ။ Frames, Emoji, Text, Effects အပါအ၀င် Editing Tools များကိုလည်း အသုံးပြုနိုင်ပါတယ်။ ဖန်တီးပြီးရင် GIF ကို သင့်ဖုန်းမှာ သိမ်းထားနိုင်သလို Facebook Story မှာ မျှဝေခြင်း၊ Messenger ကနေ ပေးပို့ခြင်း၊ သင့် ပရိုဖိုင်အဖြစ် သတ်မှတ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။

ပရိုဖိုင်အဖြစ် သတ်မှတ်ခြင်း
သင် ဖန်တီးထားတဲ့ GIF ကို ပရိုဖိုင် ဓါတ်ပုံ အဖြစ် သတ်မှတ်ဖို့အတွက် သင့် ပရိုဖိုင် ဓါတ်ပုံရဲ့ ညာဘက်အောက်ထောင့်မှ Edit ကို နှိပ်ပြီး Select Profile Video ကို နှိပ်ပါ။ ဒါဆိုရင် သင့်ရဲ့ Camera Roll ကို ဖွင့်ပေးမှာ ဖြစ်ပြီး သင် ဖန်တီးထားတဲ့ GIF ကို ရွေးချယ်ပေးပါ။ Save ကို နှိပ်ပါ။

Facebook App ကနေ သင်ဖန်တီးထားတဲ့ GIF ကို Facebook မှာသာ မျှဝေနိုင်ပြီး အခြား ပလက်ဖောင်းများမှာ မျှဝေခြင်း မပြုနိုင်ပါဘူး။ GIF ဖန်တီးနိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook က သူ့ရဲ့ Android နဲ့ iOS Mobile Apps များမှာ ထည့်သွင်းပေးနေပါတယ်။ သင့် Facebook App မှာ အဲဒီ စွမ်းဆောင်ချက် မပါသေးရင် နောက်ဆုံး ဗားရှင်းကို အဆင့်မြှင့်ပါ။ အဆင့်မြှင့်ပြီးလို့မှ အဲဒီ စွမ်းဆောင်ချက်ကို မတွေ့သေးရင်တော့ Facebook ဟာ ကမ္ဘာအ၀န်းသို့ အဲဒီ စွမ်းဆောင်ချက်ကို တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတဲ့အတွက် အချိန် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/14/2017

♪ Facebook Version အသစ်မှာ myanmar unicode နဲ့ Zawgyi ကို အပြန်အလှန်အလိုအလျောက်ပြောင်းပေးမယ့် စနစ်ပါဝင်လာပြီ ♫


Facebook ရဲ့ version အသစ်မှာ မြန်မာစာ unicode နဲ့ zawgyi ဆိုပြီး Font နှစ်မျိုးကွဲနေတဲ့ ပြဿနာကို Facebook က ဖြေရှင်းလိုက်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Facebook app တစ်ခုတည်း အတွက်ပဲဖြစ် တာကြောင့် အခြား စနစ်တွေမှာ မြန်မာလို သုံးဖို့အတွက်တော့ အဆင်မပြေသေးပါဘူး။ ဥပမာ Messenger ပို့တဲ့နေရာမှာ Zawgyi font ကတော့ လိုအပ်နေဦးမှာပါ။ ဒါကြောင့် ပိုပြီး အဆင်ပြေသွားမှာက unicode နဲ့ Facebook မှာ ရေးထားတာတွေကို အခက်အခဲမရှိ ဖတ်နိုင်မှာပဲဖြစ်ပါတယ်။

Android ဖုန်းတွေအတွက် ပြုလုပ်ပုံ
Android ဖုန်းတွေအတွက်ကတော့ Facebook က version ကို App setting ထဲမှာ ဝင်ကြည့်ပြီး နောက်ဆုံး Version 136.0.0.22.91 ဟုတ်မဟုတ်ဝင်ကြည့်နိုင်ပါတယ်။ အကယ်လို့ နောက်ဆုံး Version မဟုတ်ဘူး ဆိုရင်တော့ Playstore ထဲဝင်ပြီး Facebook ကို update ဝင်လုပ်နိုင်ပါတယ်။ Update လုပ်ပြီးပြီဆိုရင်တော့ Myanmar Unicode နဲ့ Zawgyi ကို အလိုအလျောက် ပြောင်းပေးမှာဖြစ်ပါတယ်။ unicode ကို သီးသန့်သုံးတဲ့ သူတွေလည်း Facebook version အသစ်မှာ zawgyi fone နဲ့ ရေးသားထားတာတွေကို ဖတ်နိုင်တော့ မှာဖြစ်ပါတယ်။

iOS အတွက်ပြုလုပ်ပုံ
iOS သုံးသူတွေအတွက်ကတော့ Facebook နောက်ဆုံး version 136.0.0.22.91 ဟုတ်မဟုတ်အရင်ကြည့်ပါ။ မဟုတ်ဘူးဆိုရင်တော့ App Store မှာ update လုပ်ပါ။ အားလုံးပြီးရင်တော့ Zawgyi Profile ကို ဖျက်ပစ်ရပါမယ်။ အဲလိုမဖျက်ဘူးဆိုရင် font တွေလွဲနေတာကိုတွေ့ရပါမယ်။ MyFont ထဲကို ပြန်ဝင်ပြီး Zawdecode profile ကို ပြန်ထည့်ရင် စာလုံးတွေ အဆင်ပြေပြေ ပေါ်သွားမှာပဲဖြစ်ပါတယ်။

အခက်အခဲ
Zawgyi နဲ့ unicode အပြန်အလှန်အလိုအလျှောက်ပြောင်းပေးတဲ့ စနစ်ကို Facebook account တိုင်းမရနိုင် တာကို တွေ့ရပါတယ်။ see convertion ရနေတဲ့ Account ပိုင်ရှင် အချို့မှာတော့ အလိုအလျှောက်ပြောင်းပေး တဲ့ စနစ်ကို မရတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် အကောင့်တော်တော်များများမှာ Zawgyi နဲ့ unicode ကို အလိုအလျှောက် အပြန်အလှန်ပြောင်းပေးတာတွေ့ရပါတယ်။ ဒါကြောင့် Facebook က မြန်မာတွေရဲ့ Zawgyi နဲ့ unicode war ကို ရင်ကြားစေ့ပေးတဲ့ သဘောပဲလို့ ထင်ရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် unicode ကိုပဲ အဓိကထားပြီး ပြောင်းလဲသုံးကြပါလို့ အကြံပြုချင်ပါတယ်။


-ကိုစည်သူ

Credit to ==>  Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/06/2017

♪ Facebook Messenger အတွက် အသုံးဝင် Tips များ ♫


Facebook Messenger ဟာ ကမ္ဘာအ၀န်းမှာ လစဉ် အသုံးပြုသူ ၁ ဘီလီယမ် ရှိပြီး ကမ္ဘာ့ လူသုံးအများဆုံး Messaging Platform တစ်ခု ဖြစ်ပါတယ်။ Facebook က Messenger မှာ စွမ်းဆောင်ချက် အသစ်များကို အစဉ်အမြဲ ထည့်သွင်းပေးနေပါတယ်။ အဲဒီအထဲမှ အသုံးအ၀င်ဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ဖုန်းနံပါတ်ဖြင့် သုံးပါ။

Facebook Messenger ရဲ့ အကောင်းဆုံး အချက်က Facebook အကောင့် ရှိစရာမလိုဘဲ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ ဖုန်းနံပါတ်တစ်ခုရှိရုံဖြင့် Facebook Messenger ကို အသုံးပြုနိုင်ပါတယ်။ ဒီလို အသုံးပြုနိုင်ဖို့အတွက် Facebook က သူ့ရဲ့ ပင်မ App ကနေ Messenger ကို သီးခြား ခွဲထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

Conversation များကို ကာကွယ်ပါ။
Facebook Messenger မှာ အခြားလူများ မသိစေချင်တဲ့ စကားများကို သူငယ်ချင်းတစ်ယောက်နဲ့ ပြောဆိုကြတယ်ဆိုရင် အဲဒီ Conversation များကို ကာကွယ်ထားနိုင်ပါတယ်။ Chat Window တစ်ခုကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ပါ။ Go to secret conversation ကို နှိပ်ပါ။ Secret conversation မှာ ပြောထားတဲ့ စကားများကို စက္ကန့်ပိုင်းအတွင်းမှာ အလိုအလျှောက် ဖျက်ဆီးပေးမှာပါ။

၁၅ စက္ကန့်ကြာ ဗီဒီယိုများကို မျှဝေပါ။
Facebook က Snapchat ရဲ့ စွမ်းဆောင်ချက် တစ်ခုကို သူ့ရဲ့ Messenger မှာ ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒါကတော့ ၁၅ စက္ကန့်ကြာ ဗီဒီယိုများကို ရိုက်ကူး မျှဝေနိုင်ခြင်း ဖြစ်ပါတယ်။ ဓါတ်ပုံ ရိုက်ကူးတဲ့ ခလုတ်ကို ဖိထားခြင်းဖြင့် ဗီဒီယို ရိုက်ကူးရမှာ ဖြစ်ပါတယ်။

စာသားနောက်ခံ အရောင်ကို ပြောင်းပါ။
Facebook Messenger မှာ စာသားများရဲ့ နောက်ခံ အရောင်ကို Default အားဖြင့် အပြာရောင် သတ်မှတ်ထားပါတယ်။ အဲဒီ အရောင်ကို ပြောင်းချင်ရင် Chat Window တစ်ခုကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ပြီး Color မှာ နှစ်သက်ရာကို ရွေးနိုင်ပါတယ်။

Group Chat မှာ Poll ပြုလုပ်ပါ။
သူငယ်ချင်းများပါတဲ့ Group Chat မှာ စစ်တမ်းတစ်ခု ကောက်ယူချင်တဲ့ အခါမှာ ဒီစွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။ Group Chat တစ်ခုကို ဖွင့်ပြီး ညာဘက်အပေါ်ထိပ်မှ ခလုတ်ကို နှိပ်ပါ။ Create a Poll ကို နှိပ်ပါ။

Live Location ကို မျှဝေပါ။
Facebook Messenger မှာ မိနစ် ၆၀ ကြာ သင့်ရဲ့ တည်နေရာကို သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါတယ်။ Chat Window တစ်ခုမှာ Plus Button ကို နှိပ်ပြီး Location ကို ရွေးချယ်ပေးပါ။ နောက်အဆင့်မှာ Share live location for 60 min ကို နှိပ်ပါ။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/03/2017

♪ Facebook မှာ Trusted Contacts များကို သတ်မှတ်နည်း ♫


Facebook ဟာ သင့်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများနဲ့ အမှတ်တရများကို သိမ်းဆည်းထားတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် Facebook အကောင့်ကို အခြားလူများ ခိုးယူလို့ မရအောင် ကာကွယ်ထားသင့်ပါတယ်။ သင့် အကောင့်ကို Password တစ်ခုထဲဖြင့် ကာကွယ်ထားခြင်းက စိတ်မချရပါဘူး။ အခြား လုံခြုံရေးများဖြင့်လည်း ကာကွယ်ထားသင့်ပါတယ်။

Trusted Contacts ဆိုတာ
Trusted Contacts ဟာ သင့် အကောင့် Lock ကျသွားခြင်း၊ ဟက်ခံရခြင်း စတဲ့ အခြေအနေမှာ အကူအညီတောင်းခံနိုင်ဖို့ စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်းများကို ကြိုတင် သတ်မှတ်ထားနိုင်တဲ့ Facebook ရဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်။ သင့်အကောင့် Lock ကျသွားရင် အဲဒီ သူငယ်ချင်းများက သင့် အကောင့်ကို ပြန်လည် အသုံးပြုနိုင်အောင် ကူညီပေးနိုင်ပါတယ်။ Trusted Contacts အဖြစ် သူငယ်ချင်း ၃ ယောက်ကနေ ၅ ယောက်အထိ သတ်မှတ်နိုင်ပါတယ်။

Facebook မှာ Trusted Contacts များကို သတ်မှတ်နည်း
၁။ သင့်ရဲ့ Facebook အကောင့်ထဲကို Login ၀င်ပါ။ ညာဘက်အပေါ်ထောင့်မှ Drop-Down Arrow ကို နှိပ်ပါ။



၂။ Settings> Security ထဲသွားပါ။



၃။ Your Trusted Contacts ရဲ့ ညာဘက်မှ Edit ကို နှိပ်ပါ။ Choose Friends ကို နှိပ်ပြီး အနည်းဆုံး သူငယ်ချင်း သုံးယောက်ကို ရွေးချယ်ပေးပါ။ သူငယ်ချင်းများရဲ့ အမည်ကို Name Box မှာ စာရိုက်၍ ရှာဖွေနိုင်ပါတယ်။ သူငယ်ချင်းများကို ရွေးချယ်ပြီးရင် Confirm ကို နှိပ်ပေးပါ။



ဒါဆိုရင် သင့်သူငယ်ချင်းများရဲ့ ပရိုဖိုင်ပုံများ ပေါ်လာမှာ ဖြစ်ပါတယ်။ သင့် အကောင့် Lock ကျသွားရင် Facebook က သင့်သူငယ်ချင်းများထံ ကုဒ်ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီ ကုဒ်ဖြင့် သင့်အကောင့်ကို ပြန်ဆယ်နိုင် မှာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ Facebook မှာ အမှိုက်များကို ရှင်းလင်းနည်းများ ♫


Facebook အသုံးပြုတဲ့ သက်တမ်း ၅ နှစ်၊ ၁၀ နှစ်လောက် ရှိနေပြီဖြစ်တဲ့ လူတွေ များပြားလာပါပြီ။ အချိန်တွေ ကြာလာတာနဲ့အမျှ လူတွေရဲ့ စိတ်ဝင်စားမှုများကလည်း ပြောင်းလဲသွားပါတယ်။ အဲဒီအတွက် သင် တချိန်က Facebook မှာ Like လုပ်ထားတဲ့ Pages များ၊ သင်နဲ့ အပြင်မှာ သိကျွမ်းခြင်း မရှိဘဲ သူငယ်ချင်း အဖြစ် လက်ခံထားတဲ့ လူများ၊ အဖွဲ့ဝင်ထားတဲ့ ဂရုများ စတာတွေဟာ သင့်ရဲ့ Facebook အကောင့်မှာ အမှိုက်အဖြစ် ရှိနေမှာပါ။ အဲဒီ အမှိုက်များဟာ သင့်ရဲ့ Newsfeed မှာ ပေါ်လာတတ်တဲ့အတွက် သင့်ကို စိတ်ရှုပ်စေမှာပါ။ အဲဒီအတွက် သင့် Facebook အကောင့်မှာ အမှိုက်များကို ရှင်းလင်းပေးမယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ ဒီနည်းလမ်းများဟာ အဟောင်းများ ဖြစ်ပေမယ့် အသုံးပြုဖို့ မေ့နေတတ်ကြပါတယ်။

သင် မနှစ်သက်တဲ့ လူများကို Unfollow လုပ်ပါ။


သင် မနှစ်သက်တဲ့ ပို့စ်များကို တင်နေတဲ့ လူများ သင့်ရဲ့ Friend List ထဲမှာ ရှိနေတယ်ဆိုပါစို့။ သူတို့ဟာ သင်နဲ့ အပြင်မှာ သိကျွမ်းခြင်းလည်း မရှိရင် Unfriend လုပ်နိုင်ပါတယ်။ အပြင်မှာ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်နေပြီး အဆက်အသွယ် ပြုလုပ်ချင်သေးရင်တော့ Unfollow လုပ်ပါ။ Unfollow လုပ်ရင် သူ့ရဲ့ ပို့စ်များကို မမြင်ရတာကလွဲပြီး သင်နဲ့ သူဟာ သူငယ်ချင်း အဖြစ် ဆက်လက်ရှိနေမှာပါ။ စာပို့ ဆက်သွယ်မှုများလည်း ပြုလုပ်နိုင်ပါတယ်။ အဲဒီ လူရဲ့ ပရိုဖိုင် စာမျက်နှာကို သွားပါ။ Following Button ကို နှိပ်ပြီး Unfollow ကို နှိပ်ပါ။

သင် မနှစ်သက်တဲ့ အရာများကို ဖျောက်ပါ။
Newsfeed မှာ သင် မနှစ်သက်တဲ့ ပို့စ် အမျိုးအစားများကို ဖျောက်ထားနိုင်ပါတယ်။ သင် မနှစ်သက်တဲ့ ပို့စ် အမျိုးအစားကို တွေ့ရင် ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။



• ပို့စ်ရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Hide Post ကို နှိပ်ရင် ဒီလို ပို့စ်အမျိုးအစားများကို သင့် Newfeeds မှာ အနည်းငယ်သာ တွေ့ရတော့မှာပါ။
• Hide all from ကို ရွေးချယ်ရင်တော့ အဲဒီလူ သို့မဟုတ် Page မှ ပို့စ်များကို လုံးဝမြင်ရမှာ မဟုတ်တော့ပါဘူး။

သင့်ရဲ့ Page နဲ့ Group များကို ပြန်လည် သုံးသပ်ပါ။
သင် Like လုပ်ထားတဲ့ Page များနဲ့ အဖွဲ့ဝင်ထားတဲ့ Group များကို ပြန်လည် ဝေဖန်သုံးသပ်ဖို့လည်း အရေးကြီးပါတယ်။ Newsfeed ရဲ့ ဘယ်ဘက်ခြမ်းမှ Pages ထဲသွားပါ။ Liked Pages ကဏ္ဍမှာ သင် Like လုပ်ထားတဲ့ Page များအားလုံးကို ပြသထားပါတယ်။ Page တစ်ခုချင်းစီကို သွားပြီး Liked Button အပေါ်ကို Mouse Cursor တင်ပါ။ Unlike this Page ကို နှိပ်ပါ။



Newsfeed ရဲ့ ဘယ်ဘက်ခြမ်းမှ Groups ထဲသွားပါ။ အပေါ်ထိပ်မှ Groups ကဏ္ဍထဲသွားပါ။ အဲဒီမှာ သင် အဖွဲ့ဝင်ထားတဲ့ ဂရုအားလုံးကို ပြသပေးထားပါတယ်။ မနှစ်သက်တော့တဲ့ ဂရုရဲ့ ညာဘက်ဘေးမှ Settings Icon ကို နှိပ်ပြီး Leave Group ကို ရွေးချယ်ပါ။

သင့်ရဲ့ Advertiser Profile ကို စီမံခန့်ခွဲပါ။


Facebook က သင် နှစ်သက်မယ်ထင်တဲ့ ကြော်ညာများကို သင့်အား ရွေးချယ်ပြသပေးပါတယ်။ သူက သင်နှစ်သက်တဲ့ အရာများကို သင့်ရဲ့ Advertiser Profile အဖြစ် သိမ်းဆည်းပေးထားပါတယ်။ သင့်ရဲ့ Advertiser Profile မှာ သင် စိတ်ဝင်စားတဲ့ အရာများကို သင်ကိုယ်တိုင် ပြင်ဆင် သတ်မှတ်နိုင်ပါတယ်။ Settings> Ads> Your Interests ထဲသွားပါ။ အဲဒီမှာ သင် နှစ်သက်တဲ့ အရာများကို ကဏ္ဍများဖြင့် ပြသထားပါတယ်။ သင် မနှစ်သက်တဲ့ အရာများကို ဖယ်ရှားနိုင်ပါတယ်။
Facebook မှာ အမှိုက်များကို ရှင်းလင်းပြီးရင်တော့ Newsfeed မှာ သင်နှစ်သက်တဲ့ ပို့စ်များ၊ ကြော်ညာများကိုသာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/22/2017

♪ " GIF များကို ဖန်တီးနိုင်တဲ့ စွမ်းရည်ပါလာမယ့် Facebook App " ♫

Image may contain: 2 people, phone

Facebook က ပို့စ်များမှာ GIF များ တိုက်ရိုက်တင်နိုင်တဲ့ စွမ်းဆောင်ချက်ကို မကြာခင်က ထည့်သွင်းပေး လိုက်ပါတယ်။ ကွန်းမန့်များမှာလည်း GIF များကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အရင်ကတော့ GIF များကို ပို့စ်မှာတင်ချင်ရင် သူ့ရဲ့လင့်ကိုသာ ထည့်ပေးရခြင်း ဖြစ်ပါတယ်။ 2015 ခုနှစ်မှာလည်း Facebook Messenger မှာ GIF များကို စတင်မိတ်ဆက်ခဲ့ပြီး တစ်မိနစ်မှာ GIF ပေါင်း 25000 နီးပါးကို ပေးပို့နေကြ တယ်လို့ သိရပါတယ်။ 

ယခင်နှစ်မှာ Messenger ကနေ GIF ပေါင်း 13 ဘီလီယမ်ကို ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။ အခုလည်း Mobile Apps က GIFs များ ဖန်တီးနိုင်တဲ့စွမ်းရည်ကို သူ့ရဲ့ Mobile Apps များမှာ ထည့်သွင်းပေးဖို့ စမ်းသပ်နေပါတယ်။ App ကနေ ဓါတ်ပုံရိုက်ကူးတဲ့အခါမှာ စကရင်ရဲ့ထိပ်မှာ GIF ခလုတ်ကို ပြသထားပါတယ်။ GIF မှာ Captions, Filters နဲ့ Effects များကို ထည့်သွင်းနိုင်ပါတယ်။ ဖန်တီးထားတဲ့ GIF များကို Facebook မှာ ပို့စ်တင်နိုင်ရုံသာမက စမတ်ဖုန်းမှာ သိမ်းဆည်းထားနိုင်ပါတယ်။ 

အဲဒီ GIF ကို Facebook Story မှာလည်း အသုံးပြုနိုင်ပါတယ်။ Facebook က ဒီစွမ်းဆောင်ချက်ကို iOS Devices များမှာ စမ်းသပ်နေတဲ့အတွက် iOS အတွက် စတင်ဖြန့်ချိပေးမယ့်ပုံ ပေါ်ပါတယ်။ အဲဒီနောက်မှာမှ Android Devices များအတွက် ဖြန့်ချိပေးမယ်လို့ ထင်ရပါတယ်။ လက်ရှိမှာ iOS Users အချို့မှာသာ ဒီစွမ်းဆောင်ချက်ကို အသုံးပြုနိုင်ပါသေးတယ်။

ဒါမှမဟုတ် Facebook က အဲဒီစွမ်းဆောင်ချက်ကို ကမ္ဘာအ၀န်းသို့ တစ်ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတာ လည်း ဖြစ်နိုင်ပါတယ်။ Facebook က ဒီစွမ်းဆောင်ချက်နဲ့ပတ်သက်ပြီး တရားဝင်ကြေညာခြင်း မရှိသေးပါ ဘူး။ GIF များဟာ လူမှုကွန်ရက်များမှာ လူကြိုက်များတဲ့အရာများ ဖြစ်ကြပါတယ်။ Twitter နဲ့ Tumblr မှာလည်း GIF များဟာ အလွန်ရေပန်းစားနေပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/13/2017

♪ Facecook အကောင့် လုံခြုံဖို့အတွက် ဖတ်သင့်တဲ့ "Facebook ကို Hack မခံရအောင်" စာအုပ် ♫


Facebook ဆိုတာ လူမှုကွန်ယက်တစ်ခုဖြစ်သလို၊ ပိုင်ရှင်၏ ဒိုင်ယာရီ နေ့စဉ်မှတ်တမ်းတစ်ခုပါ။ ဒါကို မသမာသူတစ်ဦးက ဟက်ပြီး အလွဲသုံးခြင်းဖြင့်၊ ကာယကံရှင်ဟာ အမုန်းခံရခြင်း၊ အရှက်ရခြင်း၊ တစ်ခါတစ်ရံ ဥပဒေနှင့်ညိစွန်းဖြေရှင်းရခြင်း စသည်တို့ ကြုံတွေ့ရနိုင်ပါသည်။ ယင်းသို့ မလိုလားအပ်သည်များမှ ၉၉% ရာခိုင်နှုန်း ကာကွယ်နိုင်ရန် ကိုဇာနည် ကစေနာဖြင့် ကူညီလမ်းပြထားပါသည်။














<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...