Showing posts with label USB နှင့်ပတ်သက်သမျှ. Show all posts
Showing posts with label USB နှင့်ပတ်သက်သမျှ. Show all posts

7/13/2017

♪ Memory Stick ဖြင့် ပြုလုပ်နိုင်တဲ့ အရာ (၇) ခု ♫


ဒီနေ့ ကွန်ပြူတာ ခေတ်ကြီးမှာ ဒေတာများ ကူးပြောင်းဖို့အတွက် Memory Stick or USB Flash Drive or External Hard Disk များက အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် Memory Stick များ ပြုလုပ်နိုင်တဲ့ အခြား အရာများစွာ ရှိပါသေးတယ်။

၁။ Portable Apps များကို Run ပါ။
အများသုံး ကွန်ပြူတာများမှာ သင် အသုံးပြုနေကျ Apps များ မရှိလို့ စိတ်ညစ်နေရရင်တော့ Portable Apps များကို Memory Stick မှာ ထည့်သွားနိုင်ပါတယ်။ Stick ကို ကွန်ပြူတာမှာ စိုက်လိုက်တာနဲ့ သင် သုံးနေကျ Apps များကို သုံးနိုင်ပါပြီ။ အဲဒီ Apps များကို Portableapps.com မှာ ရယူနိုင်ပါတယ်။

၂။ Rescue Disk လို သုံးပါ။
အင်တာနက် ကနေ Virus , Malware များ သင့် ကွန်ပြူတာထံ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဗိုင်းရက်စ် ကူးစက်ခံရလို့ သင့် ကွန်ပြူတာကို ဖွင့်လို့ မရတော့ရင် Memory Stick ကို Rescue Disk အဖြစ် အသုံးပြုပြီး သင့်ရဲ့ ၀င်းဒိုးကို ပြန်လည် အသုံးပြုလို့ရအောင် ပြုလုပ်နိုင်ပါတယ်။

၃။ RAM ကို အားဖြည့်ပါ။

ကွန်ပြူတာများမှာ RAM ပမာဏဟာ အလွန် အရေးကြီးပါတယ်။ RAM ပမာဏများရင် ကွန်ပြူတာဟာ ပိုမို မြန်ဆန်ပါတယ်။ Windows 7,8 နဲ့ 10 မှာ Memory Stick ကို အပို RAM အဖြစ် အသုံးပြုနိုင်ပါတယ်။

၎။ သင့်ကွန်ပြူတာကို Lock / Unlock လုပ်ပါ။
သင့် ၀င်းဒိုး ကွန်ပြူတာကို Login ၀င်ဖို့အတွက် Password များကို ရိုက်ထည့်ရပါတယ်။ ဒီလို Password များ ရိုက်ထည့်ရတာ အလုပ်ရှုပ်ရင်တော့ သင့် Memory Stick ကို ကွန်ပြူတာမှာ စိုက်လိုက်တာနဲ့ အလိုအလျှောက် Login ၀င်အောင် ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Predator လို ဆော့ဖ်ဝဲကို အသုံးပြုနိုင်ပါတယ်။

၅။ Hard Drive များကို Partition ခွဲပါ။
သင့် ကွန်ပြူတာ Hard Drive ကို လွယ်ကူစွာ Partition ခွဲပေးနိုင်တဲ့ ဆော့ဖ်ဝဲများစွာ ရှိပါတယ်။ အဲဒီအထဲက နာမည်ကြီးတစ်ခုက Parted Magic ဖြစ်ပါတယ်။ သူက Memory Stick ကနေ Boot တက်တဲ့အတွက် Partition ခွဲစဉ်မှာ Hard Drive မှ ဒေတာများကို ပျက်ဆီးစေတဲ့ ရာခိုင်နှုန်းကို လျှော့ချပေးပါတယ်။

၆။ ကွန်ပြူတာ ပြဿနာကို အဖြေရှာပါ။
သင့် ကွန်ပြူတာကို Boot တက်လို့ မရတော့ရင် ပြဿနာကို အဖြေရှာဖို့ Memory Stick ကို အသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Registy များကို ရှင်းလင်းပေးခြင်း၊ Temporary Files များကို ဖယ်ရှားပေးခြင်းနဲ့ Startup Programs များကို စီမံခန့်ခွဲခြင်းများ ပြုလုပ်နိုင်တဲ့ Trend Micro’s Housecall နဲ့ Glary Utilities တို့ကို သုံးနိုင်ပါတယ်။

၇။ သင့် Memory Stick ကို Password ဖြင့် ကာကွယ်ပါ။
သင့် Memory Stick မှ ဒေတာများကို အခြား လူများက အလွယ်တကူ ခိုးယူသွားနိုင်ပါတယ်။ အဲဒီလို ဖြစ်မှာကို စိုးရိမ်ရင်တော့ သင့် Memory Stick ကို Password ဖြင့် ကာကွယ်ထားနိုင်ပါတယ်။ ဒီလို ကာကွယ်ဖို့အတွက် Wondershare USB Drive Encryption နဲ့ DiskCryptor တို့လို ဆော့ဖ်ဝဲများကို သုံးနိုင်ပါတယ်။




Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

6/22/2016

♪ * PC ကိုကူညီမည့် မင်မိုရီစတစ် * ♫


မင်မိုရီစတစ်ဆိုသည်မှာ data သိုလှောင်သည့် ပစ္စည်းဟု လူအတော်များများက နားလည်ကြပါသည်။ မင်မိုရီစတစ်ဆိုသည်မှာလည်း ၂၀၀၇ ခုနှစ်လောက်က 2GB သိုလှောင်အားလောက်ကိုသာ ပေါပေါ များများ ၀ယ်နိုင်ရာမှ ယခုဆိုလျှင် 8GB လောက်ကို အနိမ့်ဆုံးအဖြစ် သုံးနေကြပါသည်။ 16GB မင်မိုရီစတစ်သည် USB 2.0 ဆိုပါက ကျပ် ခုနှစ်ထောင်သာသာပဲ ပေးရပါတော့သည်။ သို့ဖြစ်ရာ မင်မိုရီစတစ်သည် data သိုလှောင်ရုံ ပစ္စည်းသက်သက်သာမကတော့ဘဲ Windows OS ကို မင်မိုရီစတစ်မှတစ်ဆင့် တင်နိုင်သည့်အခြေအနေသို့ ရောက်လာပါသည်။ မင်မိုရီစတစ်ကို ယင်းထက်မကသုံးနိုင်သည့်နေရာများလည်း ရှိပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

* မင်မိုရီစတစ်ဖြင့် PC ကို Lock ချနိုင်သည်။ *

မင်မိုရီစတစ်ကို သော့တစ်ခုသဖွယ်အသုံးပြုပြီး PC အား Lock နှင့် unlock လုပ်နိုင်ပါသည်။ ထိုကိစ္စအတွက် Predator home edition ကို www. snipca.com/18059 မှ ဦးစွာ download ချရပါမည်။ Windows XP မှသည် Windows 10 အထိသုံးနိုင်ပါသည်။ ရေရှည်သုံးမည်ဆိုလျှင်တန်ဖိုး ၁၀ ဒေါ်လာ ပေးရမည်ဖြစ်သော်လည်း အခမဲ့တစ်လသုံးခွင့်ရှိပါသည်။ အင်တာနက်ပေါ်တွင် အပင်ပန်းခံရှာမည်ဆိုပါက cracked version လည်း ရနိုင်ပါသည်။

ဦးစွာ PC ပေါ်တွင် ယင်း app ကို install လုပ်ပါ။ ယင်းနောက် မင်မိုရီစတစ်တစ်ချောင်းကို USB ပေါက်တွင် ထိုးစွပ်ပါ။ ယင်းနောက် key ဖန်တီးရန်အတွက် screen ပေါ်တွင်ပြလာသည့်ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ပါ။ အားလုံးပြီးချိန်တွင် မိမိ၏ မင်မိုရီစတစ်သည် ကွန်ပျူတာအား ဖွင့်နိုင်ပိတ်နိုင်သည့် သော့တစ်ချောင်းသဖွယ် ဖြစ်လာပါသည်။ ကွန်ပျူတာ၌ ယင်းမင်မိုရီစတစ် ထိုးစွပ်လိုက်သည့်အချိန်တွင် ကွန်ပျူတာကို ပုံမှန်အတိုင်းအသုံးပြု၍ရပါမည်။ မင်မိုရီစတစ်ကို ဆွဲဖြုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကွန်ပျူတာချက်ခြင်း Lock ကျသွားပါမည်။ ထို့ကြောင့် ကွန်ပျူတာမှ အဝေးသို့ ခေတ္တသွားနေချိန်တွင် အခြားသူများက ကွန်ပျူတာအတွင်းရှိ အရေးကြီးဖိုင်နှင့် သတင်းအချက်အလက်များ နှိုက်ယူခြင်းကို တားဆီးနိုင်ပါမည်။

* မင်မိုရီစတစ်ဖြင့် PC ကို Partition ပိုင်းနိုင်သည်။ *

Windows ထဲတွင် Partition tool တစ်ခုကို အဆင်သင့်ထည့်သွင်းပေး ပြီးသားဖြစ်မည်။ သို့သော် ယင်း tool သည် သာမန်ကွန်ပျူတာ အသုံးပြုသူတစ်ဦး အလွယ်တကူသုံးနိုင်လောက်အာင်အဆင်မပြေပါ။ Windows အလုပ်လုပ်နေချိန်တွင် Partition ပိုင်းရခြင်းသည် အန္တရာယ်ရှိနိုင်ပါသည်။ ကာရံသင့်လျှင် ကွန်ပျူတာ boot မတက်တော့သည်အထိ ဒုက္ခပေးနိုင်သည်။ သို့သော် မင်မိုရီစတစ်ကိုသုံးပြီး စိတ်ချလက်ချ partition ပိုင်းနိုင်သော tool ရှိပါသည်။

ထိုကိစ္စအတွက် Parted Magic ကို http://partedmagic.com/ မှနေ၍ ဦးစွာ download ချရပါမည်။ ယင်း app သည် drive များကို resize လုပ်ခြင်း၊ နေရာရွှေ့ခြင်း၊ clone ရိုက်ခြင်းတို့အတွက် ကောင်းစွာအသုံးပြုနိုင်သော tool အသစ်တစ်ခုဖြစ်ပါသည်။ ယင်း tool ကို ISO ဖိုင်အဖြစ် ရောင်းချပါသည်။ ရောင်းဈေး ၁၀ ဒေါ်လာရှိပါသည်။ ယင်း ISO ဖိုင်ကို CD (သို့မဟုတ်) DVD ပေါ်တင်မည့်အစား PendriveLinux universal USB installer သုံးပြီး bootable USB stick အဖြစ် သုံးသင့်ပါသည်။

* PC Performance တက်အောင် မင်မိုရီစတစ်ကို သုံးနိုင်သည်။ *

Windows 7 ကို နှံ့နှံ့စပ်စပ်အသုံးပြုသူဆိုလျှင် ReadyBoost ကို သိပါလိမ့်မယ်။ ယင်းသည် Windows 7 တွင် အဆင်သင့်ထည့်သွင်းပေးလိုက်သော tool ဖြစ်ပြီး Vista မှ နောက်ပိုင်း Windows version အားလုံးတွင် ပါဝင်လာပါ သည်။ ကွန်ပျူတာအလုပ်လုပ်မှုမြန်စေရန်အတွင်း RAM ထက်စာလျှင် အလုပ်လုပ်မှုပိုမိုမြန်ဆန်သော flash memory ကို Virtual memory အဖြစ် အားဖြည့်၍သုံးခြင်းဖြစ်ပါသည်။ မိမိ၏ကွန်ပျူတာတွင် RAM 2GB သာရှိပါက ReadyBoost ကိုသုံးသင့်ပါသည်။ သုံးသောမင်မိုရီစတစ်သည် 4GB အရွယ်ရှိ လျှင် ပို၍သင့်တော်ပါသည်။

ReadyBoost ကိုသုံးရန် မင်မိုရီစတစ်ကို USB port တွင် ထိုးစွပ်ပါ။ ပြီးလျှင် Windows explorer သို့ဝင်ပါ။ (My computer icon ကိုနှိပ်လျှင် ၀င်ပြီး ဖြစ်ပါမည်။) ယင်းနေရာသို့ရောက်လျှင် မင်မိုရီစတစ်ပေါ်၌ ညာကလစ် ထောက်ပါ။ ပေါ်လာသောအကွက်ထဲမှ properties ကိုရွေးပါ။ ထပ်ပေါ်လာသောအကွက်ထဲမှ Ready Boost tab ကိုရွေးပါ။ ပြီးလျှင် Use this device ကိုရွေးပါ။ ReadyBoost ကိုသုံးရာတွင်ကန့်သတ်ချက်များရှိသည်။ အသုံးပြုမည့် မင်မိုရီစတစ်သည် အနည်းဆုံး 256 MB နေရာလွတ်ရှိရပါမည်။ Microsoft က သတ်မှတ်သော speed requrement နှင့်လည်း ယင်းမင်မိုရီစတစ်သည် ကိုက်ညီမှုရှိရပါမည်။ ၂၀၁၅ နှင့် ၂၀၁၆ ထွက် ကွန်ပျူတာ အသစ်များတွင် RAM 4GB မှအထက်ပါဝင်လာပြီး အချို့တွင် မြန်ဆန်သော SSD Drive များကို အသုံးပြုလာပါသည်။ ထိုအခြေအနေမျိုးတွင် ReadyBoost ကြောင့် အကျိုးထူးစရာမမြင်ပါ။ Hardware ပိုင်းနိမ့်သောကွန် ပျူတာအဟောင်းတို့တွင်သာအကျိုးထူးပါမည်။ Windows XP တွင် Ready Boost စွမ်းဆောင်ရည်ကိုသုံးလိုပါက eBoostr ကို အသုံးပြုနိုင်ပါသည်။ ရေရှည်အသုံးပြုလိုပါက အခပေးရမည်ဖြစ်ပြီး အခမဲ့စမ်းသပ်ခွင့် နှစ်နာရီ သာပေးထားပါသည်။

* Bootable Malware Scanner အဖြစ် မင်မိုရီစတစ်ကို သုံးနိုင်သည်။ *

အချို့သော malware များ (ဥပမာ ranson ware)သည် အလွန်အစွမ်းထက်ပြီး ကွန်ပျူတာတွင် install လုပ်ထားသော security program ကပင် မကာကွယ်နိုင်လောက်အောင်ဖြစ်ရပါသည်။ ယင်း malware ကြောင့် ကွန်ပျူတာကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေနိုင်သည်။ Antivirus ကသော်လည်းကောင်း Windows defender ကသော်လည်းကောင်း မကာကွယ်နိုင်လျှင် Windows တစ်ခုလုံး မတည်မငြိမ်ဖြစ်လာပါမည်။ ယင်းအန္တရာယ်ကို ကျော်လွှားနိုင်မည့်နည်းလမ်းတစ်ရပ်မှာ မင်မိုရီစတစ်ကို Bootable scanner အဖြစ်သို့ ပြောင်းလဲကာ malware ကို ရှာဖွေရှင်းလင်းရန် ဖြစ်ပါသည်။ မင်မိုရီစတစ်ကို ဤသို့ပြုလုပ်နိုင်ပါက Windows ကို Restart ချစရာမလိုဘဲ malware ရှင်းလင်းရေးကို လုပ်ဆောင်နိုင်ပါမည်။

မင်မိုရီစတစ်အား bootable scanner ဘ၀သို့ ပြောင်းပေးနိုင်သော အခမဲ့ tool တို့ကို AVG နှင့် Kaspersky တို့က ထောက်ပံ့ပေးပါသည်။ ယင်း tool တို့ကို Windows XP မှအထက်တွင် အသုံးပြုနိုင်ပါသည်။ သို့သော် AVG နှင့် Kaspersky တို့၏ tool များကို မင်မိုရီစတစ်တစ်ချောင်းတည်းပေါ်မှ အသုံးမပြုနိုင်ပါ။ မင်မိုရီစတစ် နှစ်ချောင်းဖြင့် tool တစ်ခုစီကို တင်၍ အသုံးပြုပါက တစ်ခုမှမမိသော malware ကို ကျန်တစ်ခုကဖမ်းမိနိုင်ခြေ ရှိသဖြင့် စွမ်းရည်ပိုကောင်းပါမည်။ Kaspersky က ပို၍စွမ်းဆောင်ရည် ကောင်းသဖြင့် ယင်းကို ဦးစားပေးအသုံးပြုသင့်ပါသည်

Kaspersky rescue disk ပြုလုပ်မည်ဆိုလျှင်အနည်းဆုံး 256 MB ရှိသော မင်မိုရီစတစ်တစ်ချောင်း လိုအပ်ပါသည်။ အင်တာနက်ချိတ်ပြီး www.snipa.com/18046 သို့သွားကာ ISO image of Kaspersky Rescue Disk 10 နှင့် Kaspersky Rescue Disk 10 to USB Devices ကို download ချရပါမည်။ Rescue Disk to USB Devices ကိုဘယ်ကလစ်နှစ်ချက်နှိပ်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းဖြင့် bootable scanner ဖြစ်လာသော မင်မိုရီစတစ်ကို ရရှိပါမည်။ AVG ကိုသုံးမည်ဆိုလျှင် www.snipca.com/ 18045 သို့သွားပြီး Rescue CD(for USB Stick) ကို download ဆွဲရပါမည်။ ဖိုင်ကို unzip လုပ်ပြီး နေရာလွတ် 320 MB အနည်းဆုံးရှိသော မင်မိုရီစတစ်ပေါ် တင်ရပါမည်။ ယင်းနောက် steup ကိုစတင်ကာ မိမိ၏မင်မိုရီစတစ်ကို Installed ဖိုင်ထားမည့်နေရာအ ဖြစ်သတ်မှတ်ပေးရပါမည်။ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ခြင်းဖြင့် AVG bootable scanner ကိုရရှိပါမည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

5/12/2016

♪ USB Flash Drive နဲ့ Memory SD Card တွေမှာဖြစ်တတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ Repair Tool များ ♫

Skymedi SK62xx Recovery tool 
 USB Flash Drive နဲ့ Memory SD Card  တွေမှာဖြစ်တတ်တဲ့ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ Repair Tool တွေကို စုစည်းပေးလိုက်ပါတယ်..။


1.Check Flash Formatter
.

2.USB Show Software


3.Fix Unreadable File Directory software


4.Low Level Format Tool





5.MMC Media Format Utility

6.Any Drive Formatter Tool
 
7.Urescue Format tool

8.Panasonic SD Format Tool


9.MMC Format Tool

10.HP USB Disk Storage Format Tool


11. USB Flash Tester Tool
USB Flash Tester Tool
12.HDD LLF Low Level Format Tool
Low Level Format Tool
HDD LLF Low Level Format Tool
HDD LLF Low Level Format Tool Portable Version
13.PeToUsb boot tool
PeToUsb boot tool

14.USB Show Software
USB Show Software
15.MMC Media format utility
MMC Media format utility

15.MMC Media format utility
MMC format tool utility

17.Panasonic SD Format tool
Panasonic SD Format tool
18.HP USB Disk Storage Format Tool
HP USB Disk Storage Format Tool
19.Urescue Format tool
 Urescue Format tool
20.SD Formatter 4.0 for SD/SDHC/SDXC
SD Formatter
21. BOOTICE 2015.02.16 v1.3.3.2
BOOTICE
For x32Bit
For x64Bit



22.  Apacer USB 3.0 Repair tool
USB Formatting Utilities
apacer usb format   How To Format A Write Protected USB Flash Drive
23. Create a bootable lexar  USB device
format_repair_fix_lexar_usb_flash_drive_tool_bootable
24. Skymedi SK62xx Recovery tool
Skymedi SK62xx Recovery tool
25. Auto Formatter utility 
Format Corrupted Transcend Memory cards SD,MMC,CF with Transcend Auto Formatter

26. Corsair USB Flash Drive Chip Genius


Corsair 32GB-64GB GTR FW Format Tool For IT1167 and IT1168 chip controller
Source: www.flashdrive-repair.com
Good Luck!
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...