10/23/2015

♪ Lenovo က Windows 10 ထည့်သွင်းထားသော တက်ဘလက်၊ လက်တော့ နှစ်မျိုးသုံး ပီစီများကို ပြသ ♫


Lenovo က Yoga 900 နှင့် Yoga Home 900 အမည်ရသော Windows 10 PC နှစ်မျိုးကို ပြသ လိုက်ပါသည်။

Yoga 900 တွင် ၁၃ လက်မ QHD Display, ဆဌမမျိုးဆက် Intel Core i5 or i7 Skylake Processor , 16GB RAM, 512GB SSD ထည့်သွင်းထားပါသည်။ JBL Speakers များနှင့် ယခင်မျိုးဆက်ထက် ကြီးမားသော ကီးဘုတ် တပ်ဆင်ထားပါသည်။


၂.၈ ပေါင် အလေးချိန်ရှိပြီး ၁၄.၉ မီလီမီတာ အထူရှိပါသည်။ Microsoft ၏ ယခင်နှစ်ထုတ် Yoga 3 Pro ထက် ကြီးမားလေးလံသည်ဟု သိရပါသည်။ Yoga 900 တွင် ကြီးမားသော ဘက်ထရီ တပ်ဆင်ထားပြီး ၈ နာရီ အသုံးခံခြင်းကြောင့် ဖြစ်ပါသည်။ ဒေါ်လာ ၁၉၉၉.၉ သတ်မှတ်ထားပြီး ငွေရောင်နှင့် လိမ္မော်ရောင်များ ရွေးချယ်နိုင်ပါသည်။

Yoga Home 900 တွင် ၂၇ လက်မ Full HD Display တပ်ဆင်ထားပြီး ၁၆ ပေါင် အလေးချိန်ရှိပါ သည်။ နေအိမ်များတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားပြီး ဘက်ထရီ သက်တမ်းမှာ သုံးနာရီ ဖြစ်ပါသည်။ ပဌ္စမ မျိုးဆက် Intel Core i7 Processor , Nvidia GeForce 9420 Graphics တပ်ဆင်ထားပြီး 1TB SSHD အထိရွေးချယ်နိုင်ပါသည်။ USB Port သုံးခုနှင့် HDMI Port တစ်ခုပါရှိပါသည်။ 2.5 Watt Speakers ပါရှိပြီး Bluetooth 4.0 ကို အထောက်အပံ့ပေးပါသည်။

Windows 10 ထည့်သွင်းထားသော်လည်း Lenovo က Aura Entertainment Interface နှင့် ပေါင်းစပ် ထားပါသည်။ Yoga Home 900 ကို ဒေါ်လာ ၁၅၄၉ ဖြင့် အောက်တိုဘာလကုန်တွင် ရောင်းချ မည် ဖြစ်သည်။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com