Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

10/29/2017

♪ HP က စွမ်းဆောင်ရည်မြင့် 2-in-1 Tablet ကို ပြသ ♫


HP က ဒီဇိုင်နာများ၊ ဂရပ်ဖစ် အနုပညာသမားများအတွက်တောင် အဆင်ပြေစေတဲ့ စွမ်းဆောင်ရည်မြင့် လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး ကွန်ပြူတာကို ပြသလိုက်ပါတယ်။ ကီးဘုတ်ဟာ ဖြုတ်၊ တပ် နိုင်တဲ့ အရှင် အမျိုးအစားဖြစ်ပြီး သူ့ရဲ့ အမည်ကတော့ ZBook x2 ဖြစ်ပါတယ်။ သူဟာ Workstation PC များလောက် စွမ်းရည်မြင့်မားပါတယ်။ သူ့မှာ Quad-Core i7 Processor (Intel Kaby Lake-R Series) , Nvidia Quadro M620 Graphics Card များ တပ်ဆင်ထားပါတယ်။ 32GB RAM, 2TB SSD အထိ ရွေးချယ်နိုင်ပါတယ်။ 

၁၄ လက်မ ထိတွေ့မျက်နှာပြင်တပ်ဆင်ထားပြီး 4K Resolution အထိ ရွေးချယ်နိုင်ပါတယ်။ HP က ထုတ်လုပ်ထားတဲ့ ဒစ်ဂျစ်တယ် ဘောပင်နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ မျက်နှာပြင်ဟာ 4096 Pressure Levels ကို အာရုံခံနိုင်ပါတယ်။ 

Kickstand , Smart Card Reader , SD Card Reader , HDMI Port , USB 3.0 Port , USB-C Port များ ပါပါတယ်။ HD Webcam တစ်ခု တပ်ဆင်ထားပြီး ၄.၇၈ ပေါင် အလေးချိန်ရှိပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ ၁၇၄၉ ဒေါ်လာ ဖြစ်ပြီး ဒီဇင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ အခြား နှစ်မျိုးသုံး ပီစီများနဲ့ ကွဲပြားပါတယ်။ တန်ဖိုးကြီးမားပေမယ့် Workstation Desktop နဲ့ လက်တော့ ဈေးကွက်ရှိနေတဲ့အတွက် HP က အဲဒီဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ် ထားပုံပေါ်ပါတယ်။



Credit to ==> DigitalTimes.com.mm



www.pyaephyo.com
 
 
 
Read More ...

♪ Android မှာ Apps များကို အင်စတော မလုပ်ဘဲ စမ်းသပ်သုံးနိုင်ပြီ ♫


Google က Play Store နဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက Apps များကို အင်စတော လုပ်စရာမလိုဘဲ စမ်းသပ်အသုံးပြုနိုင်တဲ့ Instant Apps ဖြစ်ပါတယ်။ 

Google က ၂၀၁၆ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ Google I/O Developer Event မှာ Instant Apps ကို စတင် မိတ်ဆက်ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလမှာ Users အချို့အတွက် Instant Apps ကို စတင် ဖြန့်ချီပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက Instant Apps ကို ထောက်ပံ့တဲ့ Apps အနည်းငယ်သာ ရှိခဲ့ပါတယ်။ 

အခုတော့ Google က Play Store မှ ဒီလုပ်ဆောင်ချက်ကို ထောက်ပံ့တဲ့ Apps များကို လူတိုင်း အသုံးပြုနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Play Store မှာ Try it Now Button ကို နှိပ်၍ Apps များကို အင်စတော မလုပ်ဘဲ စမ်းသပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Google က Instant Apps များကို ကမ္ဘာအ၀န်းသို့ တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတဲ့အတွက် သင် အသုံးပြုလို့ မရသေးရင် အချိန်စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ 

Instant Apps ဟာ အခပေး ဂိမ်း သို့မဟုတ် App တစ်ခုကို မ၀ယ်ယူခင်မှာ စမ်းသပ်အသုံးပြုနိုင်တဲ့အတွက် အလွန် အသုံးဝင်ပါတယ်။ Play Store မှာ ၀ယ်ယူပြီး ၂ နာရီအတွင်းမှာ မနှစ်သက်ရင် ငွေပြန်တောင်းနိုင်တဲ့ ၀န်ဆောင်မှုကို ပံ့ပိုးပေးထားတယ်ဆိုပေမယ့် Instant Apps က ပိုမို အထောက်အကူရစေပါတယ်။




Credit to ==> DigitalTimes.com.mm


www.pyaephyo.com
 
 
 
Read More ...

10/24/2017

♪ “ZTE က ခေါက်ချိုးသုံးနိုင်တဲ့ Axon M ကိုကြေညာ” ♫

No automatic alt text available.

ZTE က မျက်နှာပြင်နှစ်ခုပါပြီးခေါက်ချိုးနိုင်တဲ့ Axon M ကိုကြေညာလိုက် ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မျက်နှာပြင်ကိုကွေးညွှတ်၍ ခေါက်ချိုးသုံးရတာ မဟုတ်ဘဲမျက်နှာပြင်နှစ်ခုကိုခေါက်ချိုးသုံးရတာ ဖြစ်ပါတယ်။ ၅.၂ လက်မ Full HD Display နှစ်ခုကိုတွဲဆက်ထားပြီး ဖြန့်လိုက်ရင် ၆.၇၅ လက်မ မျက်နှာပြင် ကျယ်ဖြစ်လာပါတယ်

မျက်နှာပြင်နှစ်ခုကိုအသုံးချနိုင်တဲ့ Mode လေးခုပါပါတယ်။ Extended Mode ကတော့ ၆.၇၅ လက်မ မျက်နှာပြင်ကျယ်ကိုတစ်စုတစ်စည်းထဲ သုံးနိုင်စေပါတယ်။ Dual Mode က မျက်နှာပြင်တစ်ခုမှာမတူညီတဲ့ App တစ်ခုစီကိုဖွင့်ပေးမှာ ဖြစ်ပါတယ်။Traditional Mode ကတော့ ခေါက်ချိုး အသုံးပြုတဲ့အခါမှာသာမန် စမတ်ဖုန်းလို ပြသပေးပါတယ်။ Mirror Mode က မျက်နှာပြင်နှစ်ခုမှာတူညီတဲ့ Content များကို ပြသပေးပါတယ်။

သူ့မှာ 4GB RAM , 64GB Internal Storage ပါပါတယ်။ 20MP Camera တစ်လုံးသာ တပ်ဆင်ထားပါတယ်။ Android 7.12 Nougat မောင်းနှင်ထားပြီး 3180mAh Battery ပါပါတယ်။ ၇၂၅ ဒေါ်လာသတ်မှတ် ထားပြီးအမေရိကန်မှာ AT&T ကနေ နိုဝင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါ တယ်။ တစ်လလျှင် ၂၄.၁၇ ဒေါ်လာဖြင့် လပေါင်း ၃၀ အရစ်ကျဝယ်ယူနိုင် မယ့် အစီအစဉ်လည်းရှိပါတယ်။ နောက်ပိုင်းမှာဂျပန်၊ တရုတ်နဲ့ ဥရောပ မှာလည်းရောင်းချပေးနိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






www.pyaephyo.com
 
 
 
Read More ...

10/23/2017

♪ “2017 ခုနှစ်အတွင်း အိုင်တီကဏ္ဍအတွက် ၀န်ထမ်းလိုအပ်ချက် အမြင့်မားဆုံးဖြစ်ခဲ့” ♫

Image may contain: text

www.work.com.mm ၏ မိခင်ကုမ္ပဏီဖြစ်သော everjobs ကုမ္ပဏီ၏ ၃ လတစ်ကြိမ်ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ကွန်ပျူတာနှင့် အိုင်တီနည်းပညာကဏ္ဍမှာ ၂၀၁၇ ခုနှစ်၏ တတိယ ၃ လပတ်ကာလ အတွင်း (ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ) ဝန်ထမ်းလိုအပ်ချက် အမြင့်မားဆုံး ကဏ္ဍအဖြစ် ရပ်တည်ခဲ့ကြောင်းသိရသည်။

Everjobs ကုမ္ပဏီမှ နိုင်ငံအသီးသီးရှိ ၄င်းကုမ္ပဏီခွဲများ၏ လုပ်ငန်း အနှစ်ချုပ်အစီရင်ခံစာများကို ၃ လတစ်ကြိမ်ပုံမှန်ထုတ်ပြန်လေ့ရှိပြီး ယခုတစ်ကြိမ်မှာ ၂၀၁၇ ခုအတွင်း တတိယအကြိမ်မြောက်ထုတ်ပြန်ခြင်း ဖြစ်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ကွန်ပျူတာနှင့် နည်းပညာကဏ္ဍမှာ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလတို့အတွင်း အခြားကဏ္ဍအသီးသီးထက် ဝန်ထမ်းလိုအပ်ချက် သိသိသာသာမြင့်မားခဲ့ပြီး အဆိုပါကဏ္ဍတစ်ခုတည်း၌ ဝန်ထမ်းခေါ်ယူမှုစုစုပေါင်း ၃၅၅ ခုအထိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် အဆိုပါကဏ္ဍမှာ ဝန်ထမ်းလိုအပ်ချက် အမြင့်မားဆုံးကဏ္ဍအဖြစ် ရပ်တည်ခဲ့သော်လည်း အဆိုပါကဏ္ဍသို့ အလုပ်အကိုင်လျှောက်ထားမှုမှာ ၇၃၀၀ ကျော်သာ ရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြပါရှိသည်။
ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






www.pyaephyo.com
 
 
 
Read More ...

10/09/2017

♪ Google က Laptop / Tablet ၂ မျိုးသုံး Stylus ပါတဲ့ Pixelbook ကိုမိတ်ဆက်ကြေညာ ♫


Google အနေနဲ့ကွဲပြားခြာနားတဲ့ နာမည်နဲ့အတူ Chromebook Pixel ကိုသုံးစွဲသူတွေအရှေ့ထပ်မံ သယ်ဆောင်လာပါပြီ။ Google Pixelbook ဆိုတဲ့နာမည်နဲ့အတူ ထွက်လာတဲ့ High-end Chromebook ဟာ Lenovo Yoga Laptop နဲ့ Microsoft ရဲ့ Surface တို့ပုံစံလိုမျိုး 2-in-1 သုံးနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့လကပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အတိုင်း Google ရဲ့ Pixelbook ဟာကြီးမားတဲ့ကီး၊ ထောင့်ဆန်တဲ့ဒီဇိုင်း၊ ကျယ်ပြန့်တဲ့ trackpad နှင့် 12.3 လက်မအရွယ် display ရှိပါတယ်။ ဒီလိုပုံစံမျိုးကို ကျွန်တော်တို့အနေနဲ့ ယခင်ကထွက်ခဲ့တဲ့ 2-in-1 လက်တော့တွေမှာ မြင်တွေ့ခဲ့ရပြီးပါပြီ။ ဒီလို laptop တွေထဲမှာတော့ 999 ဒေါ်လာတန် Pixelbook က ပရီမီယံ Chromebook ပါဘဲ။ 

Google ရဲ့ Pixelbook မှာတက်ဘလက် သို့ လက်တော့ပ်လိုသုံးချင်သူများအတွက်ကွဲပြားခြားနားသော နည်းလမ်းကိုပေးစွမ်းပါလိမ့်မယ်။ Lenovo Yoga ကို PC တွေနဲ့တူသယောင်ရှိပေမယ့် သူ့မှာကွဲပြားတဲ့လုပ် ဆောင်ချက်တွေကို တွေ့ရမှာပါ။ ယနေ့ PC ကိုထုတ်လုပ်သူတွေဟာ ပိုမိုပါးလွှာတဲ့ အနားသတ်ဘောင်တွေနဲ့ display ကိုပြုလုပ်နေတဲ့ အချိန်မှာ Google အနေနဲ့ ကျယ်ပြန်တဲ့ 3:2 မျက်နှာပြင်အချိုး၊12.3 လက်မအရွယ် display မှာကြီးမားသော bezels နဲ့ Pixelbook ကိုထုတ်လုပ်လိုက်တာပါ။ အခြေခံဈေးနှုန်းအားဖြင့် $ 999 နဲ့ တန်ဖိုးအကြီးဆုံးမော်ဒယ်မှာ $ 1649 ရှိပါတယ်။ 

တန်ဖိုးအနည်းဆုံး Pixelbook မှာ 7th မျိုးဆက် Intel Core i5 ပရိုဆက်ဆာနဲ့ 8GB RAM ၊ သိုလှောင်မှု 128GB ပါဝင်မှာဖြစ်ပါတယ်။ လက်တော့ကိုအားသွင်းဖို့နဲ့ အခြားဆက်စပ်ပစ္စည်းတွေနဲ့ချိတ်ဆက်ဖို့အတွက် USB-C Port 2 ခုထည့်သွင်းပေးထားပါတယ်။ သင်အနေနဲ့ Pixel ဖုန်းကိုအသုံးပြုနေချိန်မှာတောင် Pixelbook နဲ့ချိတ်ဆက်ပြီး အလိုအလျောက် tethering ပြုလုပ်ပေးမှာဖြစ်ပါတယ်။ 

12.3 လက်မအရွယ်မျက်နှာပြင်နဲ့တွဲဖက်သုံးစွဲနိုင်စေဖို့အတွက် Pen ကိုတော့ ဝယ်ယူရမှာဖြစ်ပြီး $ 99 ကျသင့်မှာဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းကတော့ ပုံမှန်သုံးနေကြ ခဲတံနဲ့တောင်ဆင်တူပါတယ်။ ပါဝါစွမ်းအားအတွက် ဘက်ထရီကိုတော့ AAA အမျိုးအစားသုံးပေးထားပါတယ်။ Pixelbook ကိုအမေရိကန်၊ ဗြိတိန်နှင့်ကနေဒါအတွက်အောက်တိုဘာလ 31 ရက်နေ့မှာ စတင်ဖြန့်ချိပေးမှာဖြစ်ပြီး၊ အောက်တိုဘာ ၅ ရက်နေ့ကနေစတင်ပြီး ကြိုတင်မှာယူလို့ရနိုင်ပါပြီ။




Credit to ==> DigitalTimes.com.mm




www.pyaephyo.com
 
 
 
Read More ...

10/04/2017

♪ Network Security ကို စိတ်ဝင်စားသူများအတွက် Moldular of CompTIA Security+ သင်တန်းဖွင့်လှစ်မည် ♫


လုပ်ငန်းခွင်တွင် Security administrator တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ Network Security ကို စိတ်ဝင်စားသူများအတွက် Moldular of CompTIA Security+ သင်တန်းကို အောက်တိုဘာလ ၉ ရက်တွင် ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။


သင်တန်းမှာပါဝင်မယ့် သင်ခန်းစာတွေကတော့ Security Fundamentals, Security Threats and Vulnerabilities , Managing Data, Application and Host Security, Implementing Network Security, Implementing Access Control, Authentication, and Account Management, Managing Certificates, Implementing Compliance and Operational Security, Risk Management, Troubleshooting and Managing Security Incidents, Business Continuity and Disaster Recovery Planning တို့ဖြစ်ပါတယ်။


သင်တန်းပြီးဆုံးပါက Security နဲ့ သက်ဆိုင်နိင်တဲ့ အခေါ်အဝေါ်များ၊ documentation ရေးသားနည်းများ၊ cryptography အကြောင်းနှင့် အသုံးပြုပုံများ၊ Cyber Attacks နှင့် Security threats များကိုသိရှိနိုင်ခြင်း၊ Security ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများနဲ့ အားနည်းချက်များကို လေ့လာသိရှိထားသောကြောင့် မိမိရဲ့ Network ကို မည်သို့မည်ပုံ လုံခြုံအောင် ထိန်းသိမ်းကာ ကွယ်ရမည်ကို သိရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Intermediate level ရှိ IT Security နှင့် ဆိုင်သောသင်ရိုးများကို သင်ကြားရမှာ ဖြစ်တဲ့အတွက်ကြောင့် Higher level subject တွေကို လွယ်ကူစွာ ထပ်မံလေ့လာ သင်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်အချက်အလက်တွေကို Linux Lab (Myanmar) Co.,Ltd ဖုန်း – ၀၁-၆၅၂၂၄၃ ၊ ၀၉-၉၇၉၂၉၁၉၁၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။




-ဝေဝေ

Credit to ==>Internet Journal




www.pyaephyo.com
 
 
 
Read More ...

10/03/2017

♪ " Huawei မှ Nova 2i စမတ်ဖုန်းကို စတင်ထုတ်လုပ် " ♫

Image may contain: phone and text

Huawei ဖုန်းအသစ် Nova 2i ကို မလေးရှား Vmall, official Online Store တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။ Nova 2i တွင် Full View Display ပါဝင်ပြီး ကင်မရာ 4 ခုပါဝင်ကာ ယခင်ကထုတ်လုပ်ထားသည့် Huawei Nova 2 နှင့် Huawei Nova 2 Plus တို့နှင့်လည်း များစွာဆင်တူခြင်းမရှိကြောင်း တွေ့ကြရသည်။

Huawei Nova 2i တွင် kirin 659 chipset ကိုသုံးစွဲထားပြီး Octa-Core CPU ဖြစ်သည်။ RAM 4GB ပါဝင်ပြီး ဖုန်းတွင်းသိုလှောင်နိုင်စွမ်းမှာ 64GB ဖြစ်သည်။ Screen မှာ 8.9 ဖြစ်ပြီး Huawei မှ Resolution ကို ကြေညာထားခြင်း မရှိချေ။ အပေါ်ပိုင်းတွင် ကင်မရာနှစ်ခုကို မြင်နိုင်ပြီး Selfie အတွက် 13MP+2MP ကင်မရာနှစ်ခုကို တွေ့ရမည်ဖြစ်သည်။ ကျောဘက်တွင်လည်း ကင်မရာနှစ်ခုပါဝင်ပြီး 16MP+2MP Sensor များဖြစ်ကြကာ Fingerprint Sensor ကိုလည်း ကျောဘက်တွင် တွေ့ရသည်။ 

LED Flash ကို အင်တာနက်နေရာတွင် ထည့်ပေးထားသည်။ 3340 mAh ဘက်ထရီပါဝင်ပြီး Nova 2i တွင် Android 7.0 Nougat အား EMUI 5.1 ဖြင့် သုံးစွဲထားသည်။ ဖုန်းသုံးစွဲရာတွင် ပိုမိုလွယ်ကူစေမည့် Gesture များကိုလည်း ထည့်သွင်းပေးထားသည်။



မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








www.pyaephyo.com
 
 
 
Read More ...

10/02/2017

♪ “Bluetooth ဖွင့်ထားတဲ့ဖုန်းတွေကိုအန္တရာယ်ပေးမယ့် BlueBorne တိုက်ခိုက်မှု” ♫

No automatic alt text available.

ဟက်ကာဆိုတဲ့လူတွေကတော့ရှိသမျှနည်းပညာပစ္စည်းအားလုံးရဲ့အားနည်းချက်ကိုလိုက်ပြီးရှာနေ တဲ့လူတွေလို့ပြောရမလားတောင်မသိပါဘူး။အခုလည်းBluetooth တိုက်ခိုက်မှုကနေBluetooth ဖွင့်ထားတဲ့ဖုန်းတွေကို ထိုးဖောက်ဝင်ရောက်နိုင်တယ်လို့လုပ်ပြလိုက်ပြန်ပါပြီ။အခုသူတို့စမ်းသပ် ပြလိုက်တဲ့ဟာကBluetooth ဖွင့်ထားတဲ့စမတ်ဖုန်း၊လက်တော့၊တီဗီနဲ့ တခြားဘယ်IoTပစ္စည်းတွေကိုမဆိုအလွယ်တကူထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတဲ့အားနည်းချက်ကိုပါ။တကယ်လို့ကိုယ့်ရဲ့အိုင်တီပစ္စည်းတစ်ခုခုဟာMalware တိုက်ခိုက်မှုအန္တရာယ်ကြုံတွေ့နေရတယ် ဆိုရင်တိုက်ခိုက် သူတွေ ဟာပိုင်ရှင်ရဲ့ခွင့်ပြုချက်မလိုဘဲဖုန်း (သို့) အိုင်တီပစ္စည်း အတွင်းပိုင်း ကိုလျှို့ဝှက်ဝင်ရောက်နိုင်ပါတယ်။

လုံခြုံရေးသုတေသနပညာရှင်တွေဟာBluetooth ProtocolမှာZero-day ယိုကွက် (Vulnerability) ရှစ်ခုတွေ့ရှိခဲ့ပြီးအဲဒီအားနည်းချက်ကAndroid, iOS, Windows, Linux အသုံးပြုထားတဲ့ပစ္စည်းတွေကစ၍IoT (Internet of Things)ပစ္စည်းတွေအထိအရေအတွက်၅.၃ဘီလီယံလောက်ကို အန္တရာယ်ပေးနိုင်နေတာကိုတွေ့ရှိခဲ့ကြပါတယ်။IoTပစ္စည်းတွေရဲ့လုံခြုံ ရေးကိုလေ့လာသုံးသပ်နေတဲ့Armis အဖွဲ့ကဆိုက်ဘာလုံခြုံရေးပညာရှင် တွေကတော့ဒီအားနည်းချက်ကနေတစ်ဆင့်BlueBorneလို့ခေါ်တဲ့ တိုက်ခိုက်မှုကိုပြုလုပ်နိုင်ပြီးBluetooth ဖွင့်ထားတဲ့ဘယ်ဖုန်းကိုမဆို ဟက်ကာ တွေအနေနဲ့ဝင်ရောက်ထိန်းချုပ်မှုပြုလုပ်နိုင်ပါတယ်လို့ဆိုပါ တယ်။ဟက်ကာတွေရဲ့တိုက်ခိုက်မှု နည်းလမ်းတွေအနက်ကတစ်ခုဖြစ်တဲ့"Man-in-the-Middle"ဆိုတဲ့ဆက်သွယ်မှုလမ်းကြောင်းနဲ့အိုင်တီ ပစ္စည်းတွေ ထဲကဒေတာတွေကိုပိုင်ရှင်ရဲ့ခွင့်ပြုချက်မလိုဘဲရယူသွားမှာဖြစ်ပါတယ်။

ဒီလိုမျိုးတိုက်ခိုက်မှုကိုBluetooth ဖွင့်ထားတဲ့အချိန်မှာသာ ပြုလုပ်နိုင် မှာဖြစ်ပြီးတိုက်ခိုက်မယ့်သူကလည်း သူတိုက်ခိုက်ချင်တဲ့ပစ္စည်းရဲ့အကွာအဝေးတစ်ခုအတွင်းမှာရှိနေဖို့လိုပါတယ်။ဒါပေမယ့်ပစ္စည်းနှစ်ခုကို Bluetooth ကနေPaired လုပ်ဖို့တော့မလိုအပ်ပါဘူး။အများစု စိုးရိမ်တာကဒီBlueBorneတိုက်ခိုက်မှု ကနေတစ်ဆင့်ဒီနှစ်အစောပိုင်းမှာနာမည်ကြီးခဲ့တဲ့WannaCryRansomwareလိုမျိုးMalware တိုက်ခိုက် မှုကြီးဖြစ်ပေါ်လာမှာကိုပါ။WannaCryဟာဆိုရင်ဒီနှစ်အစမှာကုမ္ပဏီကြီး တွေနဲ့အဖွဲ့အစည်းတော်တော်များများကိုအန္တရာယ်ပေးခဲ့ပါတယ်။

Armis Labsရဲ့သုတေသနခေါင်းဆောင်Ben Seri ဆိုရင်သူတို့ရဲ့ စမ်းသပ်ခန်းထဲမှာBotnet ကွန်ရက်တစ်ခုကိုဆောက်ပြီးBlueBorne တိုက်ခိုက်မှုကနေRansomwareတစ်ခုခုကိုထည့်သွင်းနိုင်အောင်ကြိုးစားခဲ့ပါတယ်။Seri တွေ့ရတာကဒီလိုမျိုးBluetooth ဖွင့်ထားတဲ့ဖုန်းကနေ တစ်ဆင့်ကမ္ဘာနဲ့အ၀ှမ်းပျံ့နှံ့ သွားနိုင်တဲ့တိုက်ခိုက်မှုမျိုးကိုကျွမ်းကျင်တဲ့တိုက်ခိုက်သူတစ်ယောက်ဖြစ်နေရင်တောင်မလွယ်ကူပါဘူး။မတူညီတဲ့Platform အားလုံးကိုပစ်မှတ်ထားပြီးပစ္စည်းတစ်ခုကနေတစ်ခုကူးစက်အောင်လုပ်ဖို့ဆိုရင်ပိုပြီးတော့တောင်ခက်ခဲပါဦးမယ်။

အခုဆိုရင်ဒီအားနည်းချက်ကိုArmisအဖွဲ့ကGoogle, Apple, Microsoft, Samsung နဲ့Linux Foundation ဆီကိုလွန်ခဲ့တဲ့လအနည်းငယ်က တည်းကအကြောင်းကြားပြီးပါပြီ။Googleနဲ့Microsoftတို့ကတော့လုံခြုံ ရေးအဆင်မြှင့်ပေးမယ့်Security Patch တွေကိုသုံးစွဲသူတွေဆီ ထုတ်ပေးလိုက်သလိုAppleရဲ့iOSမှာ ဆိုရင်လည်းOS Version 10.x နဲ့အထက်မှာလုံခြုံမှုရှိသွားပါပြီ။ပြဿနာကiOS 9.3.5 ထက်နိမ့်တဲ့ iPhone တွေနဲ့Marshmallow (6.x) ထက်နိမ့်တဲ့Android ဖုန်းအလုံးရေ ၁.၁ဘီလီယံလောက်ကတော့BlueBorneတိုက်ခိုက်မှုအန္တရာယ်ကိုမကာကွယ်နိုင်သေးပါဘူး။Linux ကိုအသုံးပြုထားပြီးBluetooth ပါဝင်တဲ့တခြား သန်းနဲ့ချီတဲ့ပစ္စည်းတွေမှာလည်းဒီအန္တရာယ်ရှိနေသလို စီးပွားဖြစ်Linux Platform တွေဖြစ်ကြတဲ့Tizen OS, Blue Z နဲ့3.3-rc1တို့မှာလည်း အနည်းဆုံး BlueBorne Bugs တစ်ခုစီရှိနေကြပါသေးတယ်။

Android အသုံးပြုသူတွေအတွက်ကတော့သူတို့ရဲ့ထုတ်လုပ်သူတွေ ဆီကSecurity Patch တွေကိုမျှော်လင့်ရုံကလွဲလို့တခြားဘာမှ မလုပ်နိုင် ပါဘူး။Armisအဖွဲ့ကတော့ကိုယ့်ရဲ့ဖုန်းမှာဒီလုံခြုံရေးအား နည်းချက်ရှိ၊မရှိ စစ်ဆေးနိုင်ဖို့"BlueBorneVunerability Scanner" ဆိုတဲ့အက်ပလီ ကေးရှင်းကိုGoogle Play Store မှာတင်ထားပေးပါတယ်။ စစ်ဆေး ကြည့်လို့အားနည်းချက်ရှိနေပြီဆိုရင်တော့ဖုန်းကBluetooth ကအမြဲ မဖွင့်ထားမိအောင်သတိထားပါလို့အကြံပေးပါရစေ။



Ref: The Last Hacking News

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com
 
 
 
Read More ...

9/30/2017

♪ “iPhone X ရဲ့ RAM နဲ့ ဘက်ထရီကိုသိရပြီ” ♫

Image may contain: phone

Apple က သူ့ စမတ်ဖုန်းများရဲ့ Specification များကို လျှို့ဝှက်ထားလေ့ ရှိပါတယ်။ အထူးသဖြင့် RAM နဲ့ ဘက်ထရီပမာဏများဖြစ်ပြီး iPhone X ကိုမိတ်ဆက်စဉ်မှာလည်းအဲဒီသတင်းအချက်အလက်များကိုပြောကြားခြင်းမရှိခဲ့ပါဘူး။ အခုတော့ တရုတ် ဆက်သွယ်ရေးအာဏာပိုင် FCC က iPhone X မှာ 3GB RAM, 2716mAh Battery တပ်ဆင်ထားတယ်လို့ အတည်ပြုလိုက်ပါတယ်။

iPhone 8 မှာလည်း 3GB RAM ထည့်သွင်းထားခြင်း ဖြစ်ပြီးအဲဒီ ပမာဏဟာ စွမ်းဆောင်ရည်မြင့် Android Phone များထက် အလွန် နည်းပါးနေပါတယ်။ စွမ်းဆောင်ရည်မြင့် Android Phone များမှာတော့ အနည်းဆုံး 4GB RAM ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် iPhone များဟာ RAM ပမာဏနည်းပါးလေ့ရှိပေမယ့် စွမ်းရည်မြင့်မားကြပါတယ်။

iPhone X ရဲ့ ဘက်ထရီကထူးခြားပါတယ်။ iPhone X မှာအရွယ် အစားပိုမိုကြီးမားတဲ့ iPhone 8 Plus ရဲ့ 2691mAh Battery ထက် အနည်းငယ်ကြီးမားတဲ့ 2716mAh Battery တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါဟာ Apple က iPhone မှာထည့်သွင်းပေးဖူးတဲ့ အကြီးမားဆုံးဘက်ထရီမဟုတ်ပါဘူး။ Apple ဟာ iPhone 7 Plus မှာ 2900mAh Battery ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။

Apple က iPhone X ရဲ့ ဘက်ထရီသက်တမ်းဟာ iPhone 7 ထက် ၂ နာရီကြာပိုမိုအသုံးခံတယ်လို့ ပြောပါ တယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







www.pyaephyo.com
 
 
 
Read More ...

9/29/2017

♪ Restaurant, Cafe Shop and Food Court လုပ်ငန်းသုံး ကွန်ပျူတာစနစ်တစ်မျိုးထွက်ရှိ ♫


Café & Bakery , Fast Food , Food Court , Bar & Pub နှင့် Restaurant ဆိုင်များအတွက် စားသောက်ဆိုင်သုံး ကွန်ပျူတာစနစ် Restaurant Management Software သစ်တစ်မျိုးထွက်ရှိလာတယ်လို့ Galaxy Software က သိရပါတယ်။


Galaxy Software ကရေးဆွဲထားတဲ့ စားသောက်ဆိုင်သုံး ကွန်ပျူတာစနစ်ကို Touch Screen ပါတဲ့ Tablet နဲ့ အသုံးပြုနိုင်ပြီး စားသောက်ဆိုင် တစ်ခုလုံး၏ အရောင်းပိုင်း/ Order Taking / Billing / Kitchen Monitoring နဲ့ ကုန်ပစ္စည်း ထိန်းချုပ်မှုအပိုင်းတွေကို လွယ်ကူလျင်မြန်စွာ ထိန်းချုပ်နို်င်မှာဖြစ်ပါတယ်။ Software ရောင်းချပြီး ဝန်ဆောင်မှုပေးခြင်း (After- Sales Service) ကိုလည်း ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် ၊ ပုသိမ်၊ တောင်ကြီးမြို့ တို့မှာရုံးခွဲတွေ ဖွင့်လှစ်ထားပြီး လုပ်ငန်းခွင်အရောက် သင်ကြားပေးတာတွေ ပြုလုပ်ပေး မှာဖြစ်တယ်လို့ သိရပါတယ်။


၆ လအတွင်း အခမဲ့ဝန်ဆောင်မှုပေးမှာဖြစ်ပြီး Software တန်ဖိုးအနေနဲ့ ၆ သိန်းကနေစတင်မှာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို ဖုန်း ၀၉ ၄၂၀၉၀၉၁၀၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။



-ကောင်းမြတ်ထွန်း
Credit to ==> Internet Journal



www.pyaephyo.com
 
 
 
Read More ...

9/25/2017

♪ Malware တိုက်ခိုက်မှုကြောင့် ထိခိုက်နိုင်မှုအမြင့်မားဆုံး အာရှပစိဖိတ်နိုင်ငံများတွင် မြန်မာကနံပါတ် ၄ နေရာရှိ ♫


Malware တိုက်ခိုက်မှုကြောင့် ထိခိုက်နိုင်မှု အမြင့်မားဆုံး အာရှပစိဖိတ်နိုင်ငံတွေထဲမှာ မြန်မာက နံပါတ် ၄ နေရာရှိတယ်လို့ Microsoft က တစ်နှစ် နှစ်ကြိမ်ထုတ်ပြန်တဲ့ SIR အစီရင်ခံစာအရ သိရပါတယ်။

နံပါတ် ၁ နေရာမှာ ဘင်္ဂလားဒေ့ရှ်၊ နံပါတ် ၂ နေရာမှာ ကမ္ဘောဒီးယား၊ နံပါတ် ၃ နေရာမှ အင်ဒိုနီးရှားနဲ့ နံပါတ် ၄ နေရာမှာ မြန်မာရှိနေပါတယ်။ အဲဒီနောက်မှာတော့ ဗီယက်နမ်၊ နီပေါ၊ ထိုင်း၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူနဲ့ နယူးဇီလန်တို့က အစဉ်လိုက်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် ပထမ လေးလပတ်အတွင်း မြန်မာနိုင်ငံမှာ Malware နဲ့ တွေ့ကြုံမှုနှုန်းဟာ ပျမ်းမျှ ၂၃.၈% ရှိကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီပျမ်းမျှနှုန်းဟာ နိုင်ငံတကာမှာ တွေ့ကြုံရမှု ပျမ်းမျှနှုန်း ၉ % ထက် နှစ်ဆမက ပိုများနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


တစ်ဖက်မှာလည်း စင်ကာပူနဲ့ နယူးဇီလန်တို့လို အာရှပစိဖိတ်မှာ နည်းပညာဖွံ့ဖြိုးမှု မြင့်မားတဲ့ နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းထက် ပိုကောင်းမွန်အောင် လုပ်ဆောင်ထားနိုင်ကြတယ်လို့ဆိုထားပါတယ်။ Ransomware ဟာ ၂၀၁၇ ခုနှစ်အတွင်း နာမည်ဆိုးနဲ့ အကျော်ကြားဆုံးသော Malware အမျိုးအစားတစ်ခု ဖြစ်ပြီး Ransomware တိုက်ခိုက်မှု အများစုမှာ ဥရောပမှာ အချိုးမညီ စုစည်းလျက်ရှိတယ်လို့သိရပါတယ်။ အာရှပစိဖိတ် ဒေသရှိ နိုင်ငံအများအပြားမှာတော့ ကြီးမားတဲ့ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။

ဒါပေမဲ့ ကိုရီးယားနိုင်ငံက ချွင်းချက်တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ransomware တိုက်ခိုက်ခံရမှု ဒုတိယအမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်သူတွေအနေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ရမယ့် ဒေသတွေကို ရွေးချယ်ရာမှာ နိုင်ငံရဲ့ GDP၊ ကွန်ပျူတာ အသုံးပြုမှုတွေရဲ့ ပျမ်းမျှအသက်အရွယ်နဲ့ အသုံးပြုနိုင်တဲ့ ငွေပေးချေမှုနည်းလမ်းတွေ အစရှိတဲ့ အချက်အများအပြားကို ထည့်သွင်း စဉ်းစားတတ်ကြ တယ်လို့ သိရပါတယ်။



-ထွန်းထွန်း

Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/24/2017

♪ CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ ♫


Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခု ဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ အန္တရယ်ကြီးတဲံ တိုက်ခိုက်မှုမနှန်း သိခဲ့ရတာဖြစ်ပါတယ်။

CCleaner ဟာ အသုံးပြုသူအရေအတွက်ဟာ မိုဘိုင်းမှာရော ကွန်ပြူတာမှာပါ အသုံးပြုများပြီး သန်းဂဏန်းကျော်ရှိတဲ့အတွက် အန္တရာယ်အများဆုံး ဝင်ရောက်တိုက်ခိုက်မှုလို့ ပြောလို့ရပါတယ်။ အဓိကတော့ တိုက်ခိုက်ဖောက်ထွင်းသူတွေက ကုမ္ပဏီကြီးတွေဖြစ်တဲ့ Singtel, Intel, Google, Epson, Akamai, Samsung, Sony, VMware, HTC, Linksys, D-Link, Microsoft, and Cisco တို့ကို ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။

နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ခိုးယူဖို့ရည်ရွယ်ပြီး ပြန်ရောင်းချခြင်းမျိုး လုပ်မှာဖြစ်ပါတယ်။ဟက်ကာ စကားနဲပပြောရရင် နောက်တံခါးတချပ်ပွင့်တာနဲ့ လုံခြုံရေး လုံးဝကျိုးပေါက်သွားပြီလို့ ပြောနိုင်အောင် နောက်တံခါးတချပ်ပဲ ဖွင့်ဖို့ကျန်ရှိခဲ့တာဖြစ်ပါတယ်။ CCleaner ရဲ့ နောက်ဆုံး version ကသာ လုံခြုံမှုရှိမှာ ဖြစ်ပြီး ကျန်တဲ့ version အဟောင်းတွေက စိတ်မချရဘူးလို့ Cisco က လတ်တလောမှာ ကြေငြာချက်တွေထုတ်ပြန်ထားတယ်။

လောလောဆယ်တော့ သတင်းအချက်အလက် ခိုးယူခံရတဲ့ သတင်း တစုံတရာ မကြားရသေးပါဘူး။Malware ကနေ ဝင်ရောက်တဲ့ code ကို ခြေရာခံတဲ့အခါ Group 72 ဒါမှမဟုတ် Axium tools တွေကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ Novetta လုံခြုံရေးဋ္ဌာနကတော့ Chinese intelligence services က ပါဝင်ပတ်သက်မှုရှိမယ်လို့ သုံးသပ်ထားပါတယ်။



Credit to ==> DigitalTimes.com.mm





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/23/2017

♪ ၂၀၁၈ ခုနှစ်ထုတ် iPhone အားလုံးမှာ Face ID ပါမည် ♫


KGI Securities က ၂၀၁၈ ခုနှစ်ထုတ် iPhone များအားလုံးမှာ မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ Face ID နည်းပညာထည့်သွင်းထားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံတဲ့ နည်းပညာဟာ Apple အတွက် စိန်ခေါ်မှုများ ရှိနေသေးတဲ့အတွက် Face ID ကိုသာ ပိုပြီး အလေးပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ 

ယခုနှစ်နှောင်းပိုင်းမှာ ရောင်းချမယ့် iPhone X ရဲ့ Face ID ကို လူတွေ သဘောကျကြမယ်ဆိုရင် Apple ဟာ နောက်ထုတ်မယ့် iPhone အားလုံးမှာ TrueDepth Front-Facing Camera နဲ့ Face ID ကို ထည့်သွင်းပေးမယ့်ပုံပေါ်ပါတယ်လို့ သူက ပြောပါတယ်။ TrueDepth Camera က ထူးခြားဆန်းသစ်တဲ့ အလုပ်များစွာကို ဖန်တီးပေးနိုင်ပြီး အဲဒီအထဲမှာ လက်ရှိမှာတော့ Face ID က အကောင်းဆုံးဖြစ်နေပါတယ်။
ဒီနှစ်မှာ ရောင်းချမယ့် iPhone များထဲမှာ Face ID ကို iPhone X တစ်လုံးထဲမှာသာ ထည့်သွင်းပေးထားပြီး iPhone 8 နဲ့ iPhone 8 Plus တို့မှာ ထည့်သွင်းပေးထားခြင်း မရှိပါဘူး။

Apple ဟာ ယခုနှစ် စမတ်ဖုန်းဒီဇိုင်း Trend ဖြစ်တဲ့ Full Screen Display ကို iPhone X မှာ ထည့်သွင်းထားတဲ့အတွက် Home Button နဲ့ Fingerprint Scanner ကို ဖယ်ရှားခဲ့ရပါတယ်။ အဲဒီအတွက် Touch ID ကို အသုံးပြုလို့မရတော့ဘဲ Face ID ကိုသာ မှီခိုရခြင်း ဖြစ်ပါတယ်။ Full Screen Display ကို သုံးမယ်ဆိုရင်တော့ Fingerprint Scanner ကို Display အောက်မှာ မြှပ်နှံနိုင်မယ့် နည်းပညာကို ဖန်တီးရမှာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/22/2017

♪ “ ဟက်ကာများမှ ထင်ရှားသည့် CCleaner Software အတွင်း အန္တရာယ်ရှိသော Code များ ထည့်သွင်းထားခဲ့ ” ♫

No automatic alt text available.

ကွန်ပျူတာတွင်း အသုံးများကြသော Software ကို ဟက်ကာများမှ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး devices များစွာကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း အဆိုပါ Software ကိုထုတ်လုပ်သည့် Piriform မှ ပြောကြားသွားခဲ့သည်။ CCleaner free version သည် တစ်ပတ်လျှင် download ရယူမှု အကြိမ်ရေ သန်းချီရှိကြောင်း သိရသည်။

CCleanercookies များနှင့် junk programs များကို ရှင်းလင်းပေးနိုင်ပြီး ကွန်ပျူတာကို ပိုမိုမြန်ဆန်စေရန် လုပ်ဆောင်ပေးနိုင်သည်။ Piriform ၏ အဆိုအရ လူ 2.27 သန်းသည် infected software ကို သုံးစွဲလျက်ရှိကြောင်း ဆိုထားပြီး စိတ်မပူစေရန်လည်း နှစ်သိမ့်ခဲ့သည်။ ကုမ္ပဏီမှ အလျင်အမြန် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြောင်း သုံးစွဲသူများအတွက် အန္တရာယ်မရှိတော့ဟု ယုံကြည်ကြောင်း ဆိုသွားခဲ့သည်။ အဆိုပါပြဿနာမှာ အမြဲကြုံတွေ့နေရပြီး ပြီးခဲ့သောအပတ်ကပင် Bluetooth device 5 ဘီလီယံမှတစ်ဆင့် malware များကူးစက်နိုင်ကြောင်း တွေ့ခဲ့ရသလို Google Play Store မှလည်း အန္တရာယ်ရှိသည့် app များကို သန်းချီ၍ ဖယ်ရှားခဲ့ရပြီးဖြစ်သည်။

ယခုကိစ္စကြောင့် ယုံကြည်စိတ်ချရသည့် software များမှာပင် အန္တရာယ်ရှိလာကြောင်းကို တွေ့လာရသည်။ Software update မှတစ်ဆင့် ၀င်ရောက်ခြင်းဖြစ်ရာ အန္တရာယ်ကင်းစေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ပေးသော update များကိုပင် ယုံရခက်သကဲ့သို့ ဖြစ်လာခဲ့သည်။ သြဂုတ်လအတွင်းက ထုတ်လုပ်ခဲ့သော version နှစ်ခုတွင် ပြဿနာရှိနေခြင်းဟု Avast security software မှ ဆိုသွားခဲ့သည်။ Piriform မှ CCleaner v 5.33.6162 (သို့) v 1.07.3191 ကို install လုပ်ထားသူများအနေဖြင့် ဖျက်ပစ်ပြီး version အသစ်ကို အမြန်ဆုံး download ရယူကြရန် တိုက်တွန်းထားသည်။ 


မိုးထက်

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ Google Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ ♫


Google က အောက်တိုဘာလ ၄ ရက်နေ့မှာ ပွဲတစ်ခု ကျင်းပ၍ ထုတ်ကုန်အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်များထဲမှ Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များနဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ 

Pixel 2 ကို HTC က ဖန်တီးပေးထားပြီး အပြာ၊ အနက်၊ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 64GB နဲ့ 128GB Storage များ ရွေးချယ်နိုင်ပြီး ၆၄၉ ဒေါ်လာနဲ့ ၇၄၉ ဒေါ်လာ အသီးသီး တန်ကြေးရှိပါတယ်။ LG က ဖန်တီးပေးထားတဲ့ Pixel 2 XL အတွက် အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 64GB နဲ့ 128GB Storage များ ရွေးချယ်နိုင်ပြီး ၈၄၉ ဒေါ်လာနဲ့ ၉၄၉ ဒေါ်လာ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ 

စမတ်ဖုန်းများရဲ့ Specifications များကိုတော့ မသိရသေးပါဘူး။ စမတ်ဖုန်းများအပြင် Pixelbook Laptop , Google Home Mini Smart Speaker , Daydream 2 VR Headset များရဲ့ သတင်းအချက်အလက်များလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ Google ရဲ့ထုတ်ကုန် အသစ်များကို Google Store ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ စမတ်ဖုန်း အသစ်များကိုတော့ အောက်တိုဘာလ ၄ ရက်နေ့မှာပဲ ရောင်းချပေးမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ Google ရဲ့ စွမ်းဆောင်ရည်မြင့် Pixelbook လက်တော့ လာမည် ♫


Google က အောက်တိုဘာလဆန်းပိုင်းမှာ ပွဲတစ်ခု ကျင်းပ၍ ထုတ်ကုန်အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုတော့ ပွဲမတိုင်ခင်မှာပဲ သူ့ ထုတ်ကုန်များရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီထုတ်ကုန်များထဲမှာ Google Pixelbook အမည်ရ စွမ်းဆောင်ရည်မြင့် လက်တော့ ပါဝင်ပါတယ်။ သူ့ကို ခေါက်ချိုး၍ တက်ဘလက်လို အသုံးပြုနိုင်ပြီး ဒစ်ဂျစ်တယ် ဘောပင်ကိုလည်း ဖန်တီးပေးထားပါတယ်။ 

Google Pixelbook ကို ငွေရောင်တစ်မျိုးထဲသာ ထုတ်လုပ်ပေးထားမယ်လို့ သတင်းထွက်နေပြီး 128GB , 256GB, 512GB Storage များ ရွေးချယ်နိုင်မှာပါ။ ၁၁၉၉ ၊ ၁၃၉၉ နဲ့ ၁၇၄၉ ဒေါ်လာ အသီးသီး တန်ကြေးရှိပါတယ်။ Pixelbook Pen အမည်ရ ဒစ်ဂျစ်တယ် ဘောပင်ကို ၉၉ ဒေါ်လာဖြင့် သီးခြား ၀ယ်ယူရမှာပါ။ 

Google Pixelbook ဟာ Chrome OS ထည့်သွင်းထားတဲ့ စွမ်းဆောင်ရည်မြင့် Chromebook ဖြစ်ပါတယ်။ သူ့မှာ အင်တာနက် အခြေပြု Apps များနဲ့ Android Apps များကို အသုံးပြုနိုင်ပါတယ်။ Google က ယခင်က Chromebook Pixel လက်တော့များကို ထုတ်လုပ်ရောင်းချခဲ့ဖူးပြီး ယခုမော်ဒယ်အသစ်မှာ အမည်ကို ပြောင်းလဲထားပါတယ်။ 

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရ လက်တော့ရဲ့ ကီးဘုတ်ခလုတ်များဟာ ကြီးမားပြီး Trackpad ကလည်း ကျယ်ဝန်းပါတယ်။ 3:2 Screen Aspect Ratio ကိုသာ အသုံးပြုထားပုံပေါ်ပါတယ်။ Google Pixelbook ဟာ အနုပညာရှင်များနဲ့ Chromebook Fans များအတွက် ရည်ရွယ်ထားပုံပေါ်ပါတယ်။ Google က အောက်တိုဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် ပွဲမှာ Pixelbook လက်တော့၊ Pixel စမတ်ဖုန်ုးများနဲ့ Google Home စမတ် စပီကာ အသစ်များကို မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။



Credit to ==> DigitalTimes.com.mm





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/21/2017

♪ “ရုပ်ရှင်ရုံထဲရောက်နေသလို ကြည့်ရှုရမယ့် VR Headset” ♫

Image may contain: one or more people and text

Virtual Reality နည်းပညာဟာဂိမ်းသာမကနယ်ပယ်ပေါင်းစုံမှာ လူသားများကို အထောက်အကူပြုနိုင်ပါတယ်။ VR Headset ဖြင့် အာကာသ၊ ပင်လယ်ရေအောက်ထဲသို့ အလည်သွားနိုင်ပါသေးတယ်။ အခုလည်း အိမ်မှာနေရင်းရုပ်ရှင်ရုံမှာလို ကြည့်နိုင်မယ့် Cinema VR Headset ကိုကုမ္ပဏီတစ်ခုကဖန်တီးလိုက်ပါတယ်။ သူ့ကို Cinera လို့ အမည်ပေးထားပြီး Home Theater System ထက် စွမ်းရည်မြင့်မားတယ် လို့ ကုမ္ပဏီကပြော ပါတယ်။

တီထွင်သူများက Cinera ကိုကမ္ဘာ့ပထမဆုံးစွမ်းရည်မြင့် ကိုယ်ပိုင် ရုပ်ရှင်ရုံလို့ တင်စားထားပါတယ်။ သူရဲ့ အရွယ်အစားကစာအုပ် တစ်အုပ်လောက်သာရှိပြီး 2.5K Display တပ်ဆင်ထားပါတယ်။ သူ့ကိုစမတ်ဖုန်း၊ ကွန်ပျူတာ၊ ဂိမ်းစက်နဲ့ Blu-Ray Player များနဲ့ တွဲဖက် အသုံးပြုရမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းမှာတော့ Netflix, YouTube, Hulu တို့လိုအင်တာနက် အခြေပြု ရုပ်ရှင်၊ တီဗီရှိုးများ ပြသတဲ့ Apps များကို ထည့်သွင်း၍ VR Headset ဖြင့် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Cinera မှာ HDMI Cable, USB Cable နဲ့ microSD Card များအတွက် Ports များတပ်ဆင်ပေးထားပါတယ်။

Cinera ကိုထုတ်လုပ်ရောင်းချဖို့အတွက် ကုမ္ပဏီကလက်ရှိမှာ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပြီးရည်မှန်းထားတဲ့ ဒေါ်လာ ၅၀ ၀၀၀ ကိုကျော်လွန်ကာဒေါ်လာ ၂၅၀ ၀၀၀ ကျော် ရရှိနေပါပြီ။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...