Showing posts with label Networking. Show all posts
Showing posts with label Networking. Show all posts

8/18/2015

♪ Ubuntu နဲ့ ပတ်သက်သော E-book များ ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOeNt3D2E9V8DTTYRJmLFQl1_90p_cPt18o8bGdfSflEi0HDTTFdLp80LDdE7BMy0joFnDjKqjPYxbVPDI8b1snrufP3eBhIYpEBuGYWtUZCCIiO99T9tET3JPLoQCJTUdLylArbqj_dZ0/s1600/ubuntu.jpg

 ကျေနော့်အနေနဲ့ တတ်နိုင်သ၍ Ubuntu နဲ့ ပတ်သက်သော E-book တွေကို ရှာဖွေပြီး တင်ပေးသွားမှာပါ။ အခုလောလောဆယ် စုဆောင်းမိထားတာလေးကို ဖြည်းဖြည်းချင်း တင်ပေးသွားမှာ ဖြစ်ပါတယ်….အကြာင်းတစ်ခုခုကြောင့်၊ လင့်သေသွားတာပဲဖြစ်ဖြစ်၊ ဒေါင်းလို့ မရတာပဲဖြစ်ဖြစ်  Comment ထားပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ်…ကျေးဇူးတင်ပါတယ်ခင်ဗျား…..

Ref: http://www.winkabarkyaw.net

 

  1. Book-Introduction-to-Linux-A-Hands-on-Guide.pdf

  2. Linux-3-in-1byZAWLINYOUTH.pdf

  3. BatchPDFLibrary.pdf

  4. Book-Linux-Starter-Pack.pdf

  5. CompizConfig.pdf

  6. how-to-install-myanmar-font-on-ubuntu910.pdf

  7. Command-Reference.pdf

  8. Introduction-to-the-Command-Line-Second-Edition.pdf

  9. LinusOSMyanmarVersion.pdf

  10. Linux-Administrators-Quick-Reference.pdf

  11.  

  12. Pidgin.pdf

  13. Linux-tips-everyone-should-know.pdf

  14. linux-commands.pdf

  15. Linux-FHS.pdf

  16. Linux-Security-Quick-Reference.pdf

  17. Ubuntuinstallaionwithwubi.pdf

  18. ubuntupocketguide-v1-1.pdf

  19. Ubuntu_Natty-UbuntuMyanmarLoCo.pdf

  20. Ubuntu_Myanmar_Wiki.pdf

  21. ubuntu-ref.pdf

  22. Wireless Sniffing with Wireshark

  23. Ubuntu installation Guide -DL-1 (By Bone Pyae Sone)

  24. Ubuntu installation Guide - DL-2 (By Bone Pyae Sone)

  25. Wubi Installation With Windows 7

  26. Ubuntu installation Guide - DL-3 (By Ubuntu Myanmar Guide)

  27. The sysfs Filesystem

  28. Installation Joomla in ubuntu (By Ko Zaw Htet)

  29. Xammp Installation Link-1 (မြန်မာဗားရှင်း-Nulled Byte)

  30. Xammp Installation Link-2(မြန်မာဗားရှင်း-Nulled Byte)

  31. Xammp Installation Link-3(မြန်မာဗားရှင်း-Nulled Byte)

  32. Download Android OS on Ubuntu(ziddu)

  33. Download Android OS on Ubuntu(mediafire)

  34. Ubuntu Beginner’s Guide

  35. LAMP Installation Link-1

  36. LAMP Installation Link-2

  37. Ubuntu Server Guide

  38. Joomla Installation In Ubuntu (Ubuntu-Myanmar-Guide)

  39. Joomla! Explained

  40. The Definitive Guide to Drupal 7

  41. Official Ubuntu Book

  42. Joomla

  43. Linux Networking Architecture

  44. Linux Networking Cookbook

  45. Linux Networking Clearly Explained

  46. Linux Networking-Howto

  47. Red Hat Linux Networking and System Administration

  48. Advanced Linux Networking



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

12/09/2014

♪ VPN အသုံးပြုနည်း & VPN ဆိုတာဘာလဲ ♫

vpn-18-0
Thawtar: အကိုရေ VPN ရဲ့အဓိပ္ပါယ် နဲ့ အသုံးပြုပုံလေး အသေးစိတ်သိချင်ပါတယ်...
VPN အသုံးပြုနည်းကို မပြောခင် … VPN ဆိုတာဘာလဲ … VPN ကို ဘာကြောင့်သုံးရတာလဲ … ဘာအတွက် သုံးတာလဲဆိုတာလေး နဲနဲပြောခြင်ပါတယ် … ဗဟုသုတအနေနဲ့ပါ …
VPN ဆိုတာ  က Virtual Private Network ဟုဆိုလိုခြင်းဖြစ်ပါတယ် … Virtual Private Network ဆိုတာဘာလဲ ? VPN ဆိုတာ ကိုယ့်ကွန်ပြူတာ ကနေ ပို့လွှတ်လိုက်တဲ့ Data တွေကို အင်တာနက်ထဲမှာ ကိုယ်ဘာလုပ်နေတယ် ဆိုတာ တစ်ခြားသူ တစ်ယောက် ( သို့မဟုတ် ) အဖွဲ့အစည်းတစ်ခုကနေ ကြားဖြတ်ဖမ်းယူ ကြည့်ရှုလို့ မရအောင် Data တွေကို VPN Server တွေကနေ Encrypt လုပ်ပစ်ပြီး အင်တာနက်ထဲမှာ ကိုယ့်ရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံစေအောင် စီမံခန့်ခွဲပေးပါတယ်
 – လုံခြုံမှု အဆင့်မြင့်မားတဲ့ VPN တွေမှာဆိုရင် ကိုယ် အင်တာနက်ထဲမှာ လည်ပတ်သွားလာတဲ့ browsing history တွေကိုတောင် Record လုပ်ထားတာမျိုး မရှိပါဘူး – ဒါ့ကြောင့် သဘောက ကျွန်တော်တို့မှာ IP addresses တွေရှိပြီး ISP နဲ့ ဆက်သွယ် လုပ်ကိုင်နေရတယ် ဆိုပေမယ့် VPN ရဲ့ ကာကွယ်ပေးထားမှုကြောင့် ကျွန်တော်တို့တွေက အင်တာနက်ထဲမှာ Anonymous user သဘောမျိုး ဖြစ်နေမှာပါ။ ကဲ … ဒါက … တခြားဘက်နဲနဲရောက်သွားတယ် … ကျနော်တို့ ဖုန်းနဲ့ပတ်သတ်တာလေးပဲ … ပြန်ပြောရအောင် …
ဖုန်းမှာဘာလို့ VPN သုံးတာလဲဆိုတာကတော့ … Play store က Latest update တွေ လိုချင်လို့ရယ် … Play store မှ Games တွေ Application တွေကို ဝယ်ဖို့အတွက်ရယ်ကြောင့်ပါ … မြန်မာပြည်ကနေ Play store ကို ဝင်ရင် Free Application တွေလောက်ပဲ ဒေါင်းလုပ်လုပ်လို့ရမှာဖြစ်ပြီး … ပိုက်ဆံပေးရတဲ့ Application တွေ တခြားနိုင်ငံထုပ်တဲ့ Application တွေကို မြင်ရမှာမဟုတ်သလို မြင်ရလျှင်လဲ Loaction Error ကြောင့် Download လုပ်ပြီးအသုံးပြုနိုင်မှာမဟုတ်ပါဘူး … အခြားခြားအမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ VPN ကို အသုံးပြုလေ့ရှီပါတယ် … နောက်တစ်ခု လိုအပ်တာလေးတွေကို Freedom ခံပြီး သုံးဖို့ရယ် အတွက်ဆို သဘောပေါက်မယ်လို့ထင်ပါတယ် …. :P :P
Application APK တွေ အသုံးပြုပြီးမှ VPN အသုံးပြုလို့ရတာမဟုတ်ပါဘူးခဗျာ … Application တွေမပါပဲနဲ့လဲ VPN အသုံးပြုလို့ရပါတယ် … သိပြီးသားသူတွေလဲရှီမှာပါ … မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ် …
For Android
၁။ Setting > More > VPN ကိုသွားပါ … Box တစ်ခုကြလာပြီး Password တစ်ခုပေးခိုင်းပါလိမ့်မည်။ OK နှိပ်ပါ … Parttern, PIN, Password, Gesture ထဲမှ တစ်ခုခုကိုရွေးချယ်ပြီး Password တစ်ခုတည်ဆောက်ပေးလိုက်ပါ … ထို Password သည် … LockScreen အထိသက်ရောက်ပါတယ် …
၂။ Password ပေးပြီးရင် VPN Main Page ကိုရောက်ရှီသွားပါပြီ။ VPN Main Page ရောက်သွားပေမဲ့ Server တစ်ခုမျှရှီသေးမည်မဟုတ်ပါ။ ကျနော်တို့ အသုံးပြုခြင်တဲ့ နိုင်ငံက Server ကို လှမ်းချိတ်ဆက်ရမည်ဖြစ်ပါတယ် … ကျနော်ကတော့ US VPN server တစ်ခုကို ချိတ်ဆက်ပြပါမယ် … ဤနည်းဖြင့် အခြားနိုင့် VPN Server များကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။
၃။ VPN Main Page မှ အပေါ် ညာဘက်ထောင့်နားက အပေါင်းပုံကို တစ်ချက်နှိပ်ပါ …
1
၎။ Box တစ်ခုကြလာပါလိမ့်မည် … ပုံတွင်ပြထားသည့်အတိုင်းဖြည့်ပေးလိုက်ပါ … ပြီးရင်တော့ Save လုပ်ပေးလိုက်ပါ။
2
၅။ ထိုအခါ Server တစ်ခုကို ချိတ်ဆက်ဖို့အတွက် Virtual Private Network တစ်ခုကို မိမိ ကိုယ်တိုင်တည်ဆောက်လို့ပြီးပါပြီခဗျာ ….
3
၆။ မိမိဖုန်းရဲ့ Mobile Data ကိုဖွင့်ပါ … ပြီးရင် ယခုမြင်တွေ့ရသော VPNBook ကိုတစ်ချက် နှိပ်ပါ … ထိုအခါ … Username နှင့် Password လာတောင်းပါလိမ့်မည် …
Username – vpnbookPassword – DewuwrA2
ကိုဖြည့်ပေးလိုက်ပါ … ပြီးရင် Save account information ကို On ပြီး Connect ကိုနှိပ်လိုက်ပါ …
4
၇။ စတင်ပြီး Server Connection ရရန် ချိတ်ဆက်နေပါလိမ့်မယ် …
5
၈။ ချိတ်ဆက်မီပြီဆိုပါက ပုံ၏ ဘယ်လက်အပေါ်တွင် သော့ပုံလေးပေါ်လာပါလိမ့်မည်။
၉။ ထိုအခါ Setting > Application > Google Play Store ကိုသွားပြီး Clear cache/ Clear Data/ Force stop သုံးခုလုံးကို နှိပ်ပေးလိုက်ပါ။ ပြီးပါက Play store ပြန်ဝင်ကြည့်ပါ … ထိုအခါ US မှာ အသုံးပြုတဲ့အတိုင်း Play store မှာအသုံးပြုနိုင်ပါပြီ …
မှာလေ့လာနိုင်ပါတယ် … VPNBook ကဲ့သို့ Website ပေါင်းများစွာရှီပါတယ် … ရှာဖွေအသုံးပြုနိုင်ပါတယ်ခဗျာ …
အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ …
Sharing – Thaw Tar




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

9/10/2014

♪♪ ကွန်ပျူတာဆာဗာဆိုသည်မှာ ♫♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5HBwYmAWd2w9bQ_fR7NVmnwwXLl3OYhRPi60Ftil-UFEsMrAZmZ9CTG8LmMCmG39SCdYLrujC-7wOhkmsm5FhoRg7rsV_PTlxQK5W6GrI38kZ3koEOj0RllGTyVCFWbflOYso_1w5nKk/s1600/4.png

ကွန်ပျူတာဆာဗာဆိုပြီး ပြောနေကြတယ်။ ဘာရယ်လို့ တိတိကျကျ သိတဲ့သူ နည်းမယ်ထင်ပါတယ်။ ကွန်ပျူတာကတော့ ပြောစရာ သိပ်လိုမယ် မထင်ပါဘူး အားလုံးသိကြတယ်။ ဆာဗာ (Server) ဆိုတာက ခုခေတ်မှာ ကျောင်း၊ ရုံး၊ တက္ကသိုလ်၊ ဆေးရုံ တွေမှာ သုံးလာကြပါပြီ။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာ သုံးတယ်ဆိုတာ တစ်လုံးတည်း မဟုတ်တော့ဘူး။ နေရာတိုင်းမှာ ကွန်ပျူတာတွေ အများကြီး သုံးလာကြတာဆိုတော့ အဲဒီကွန်ပျူတာ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုလာတယ်။



 ဒါကြောင့် ဆာဗာ ဆိုတာလည်း ပေါ်ပေါက်လာရတယ်။ ဆာဗာကို ဘယ်လို ရည်ရွယ်ချက်နဲ့ သုံးရတယ် ဆိုတာ သိဖို့လိုတယ်။ လူတွေက “ဆာဗာကတော့ ကျနေပြီ” “ဆာဗာကို ချိတ်လို့မရဘူး” စသဖြင့် ပြောဆို သံတွေ ဌာန ဆိုင်ရာတွေနဲ့ လုပ်ငန်းတွေမှာ ကြားလာရတယ်။ အလားတူပဲ ကွန်ပျူတာ အင်တာနက်ဆိုင်ရာ ပစ္စည်းတွေကို သုံးနေရင်လည်း The server is down ဆိုတာနဲ့ Cannot establish connection to server ဆိုတဲ့ စာတန်းတွေနဲ့လည်း မကြာခဏ ရင်ဆိုင်ဖူးကြမယ် ထင်ပါတယ်။ ဒီလိုဖြစ်ရတာ အကြောင်း နှစ်ချက် ရှိပါတယ်။






၁။ ကွန်ပျူတာကြောင့်လည်း ဖြစ်နိုင်တယ်။ ကွန်ပျူတာတွေ အများကြီး ချိတ်ဆက်ထားမယ်၊ လိုအပ်တဲ့ ပမာဏထက် ပိုပြီး ချိတ်ဆက် သုံးနေမယ်ဆိုရင်လည်း ဖြစ်တတ်တယ်။
၂။ Client / Server ဆိုတဲ့ programming model တွေကြောင့်လည်း ဖြစ်နိုင်တယ်။


- ကွန်ပျူတာဆာဗာတစ်ခုတွင် ရှိရမည့် အင်္ဂါရပ်များ


၁။ စွမ်းအားမြင့်တဲ့ RAM သို့မဟုတ် Memory ထည့်ထားရမယ်


ဆာဗာ ထောင်လိုက်ပြီဆိုတာနဲ့ ကွန်ပျူတာ အသီးသီးရဲ့ ဆက်သွယ်မှုကို ခံရတော့မှာ ဖြစ်တာကြောင့် အမြန်နှုန်းမြင့်မြင့် ဆောင် ရွက်နိုင်ဖို့ လိုပါတယ်။






- ပရိုဆက်ဆာ Speed ကလည်း လုံလောက်တဲ့ ပမာဏ ဖြစ်ရမယ်


ပရိုဆက်ဆာ (processor) နိမ့်ရင် လုပ်ငန်း လုပ်ဆောင်နိုင်စွမ်း နှေးပြီး အခြားချိတ်ဆက် လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ အားနည်းတတ်တယ်။ ဒါကြောင့် ဆာဗာအဖြစ် သုံးမယ့် ကွန်ပျူတာမှ ပရိုဆက်ဆာ ကလည်း အားကောင်းဖို့ လိုတယ်။






- ဟာ့ဒ်ဒစ်နဲ့ကလည်း သိုလှောင်နိုင်စွမ်း ပမာဏ မြင့်မားရမယ်


ဆာဗာဆိုတဲ့အတွက် ဒေတာတွေကို လာပြီး ထည့်ကြလိမ့်မယ်။ ကွန်ပျူတာများများနဲ့ ချိတ်ဆက် ထားလေ ဒေတာများများ သိုလှောင်ဖို့ နေရာလွတ်များများ လိုလေပဲ။ ဒါကြောင့် သိုလှောင် (storage) ပမာဏများများ ထည့်နိုင်အောင် စီစဉ် ပေးထားသင့်တယ်။






- အအေးပေး ပန်ကာစနစ် ကောင်းရမယ်


တစ်နေ့လုံး တစ်ညလုံး ဖွင့်သုံးမှာဖြစ်တဲ့အပြင်၊ ကွန်ပျူတာ အများကြီးနဲ့ ချိတ်သုံးနေရတာဆိုတော့ အပူချိန်ကလည်း အနည်းနဲ့ အများဆိုသလို တက်နေမှာပဲ။ ဒါကြောင့် ဆာဗာထဲမှာပဲ အအေးပေး စနစ် ကောင်းနေဖို့ လိုသလို လေဝင်လေ ထွက်လည်း ကောင်းတဲ့ နေရာမှာ ထားဖို့လိုတယ်။ များသောအားဖြင့်တော့ ဆာဗာထဲ ထည့်တဲ့ ဟာ့ဒ်ဝဲတွေက အဆင့်အတန်း မြင့်တာတွေနဲ့ အာမခံချက်ရှိတဲ့ ပစ္စည်းတွေဖြစ်ဖို့ လိုတယ်။ ဟာ့ဒ်ဝဲကောင်းကောင်းဆိုရင် စွမ်းဆောင်ရည် ကောင်းတာကြောင့် အပူရှိန် တက်တာကို ထိန်းနိုင်တဲ့အပြင် ပျက်စီးနှုန်းလည်း နည်းနိုင်တယ်။






- စက်လည်ပတ်ရေးစနစ် OS (Operating System) ကို ထိရောက်တာမျိုး သုံးရမယ်


ဆာဗာမှာ သုံးတဲ့ OS ကအရေးကြီးတယ်။ ဌာနတစ်ခုလုံးနဲ့ အဆင်ပြေစွာ သုံးနိုင်တဲ့ OS ဖြစ်ရန်လိုသလို OS တိုင်းလိုလိုနဲ့ အဆင်ပြေစွာ သုံးနိုင်တာမျိုးလည်း ဖြစ်ရမယ်။ ဆာဗာအတွက် အကောင်းဆုံး သုံးနိုင်တဲ့ OS အဖြစ် နိုင်ငံတကာမှာတော့ Linux ကိုအမှတ်ပေးကြတယ်။






- ဆာဗာမှာသုံးတဲ့ ဟာ့ဒ်ဝဲတွေ အာမခံချက်ရှိရမယ်


ဆာဗာဆိုတာ ရပ်သွားလို့၊ ပိတ်ထားလိုက်လို့ မရဘူး။ စက်ပစ္စည်း ဟာ့ဒ်ဝဲအပိုင်း မကောင်းလို့ ထိုးရပ်သွားရင် အားလုံး ဒုက္ခတွေ့နိုင်တယ်။ လုပ်ငန်းတွေ အားလုံး သူ့ကို မှီခို လုပ်ကိုင်နေရတာ ဖြစ်လို့ ပိုပြီး အရေးကြီးတယ်။ ဒါကြောင့် ဟာ့ဒ်ဝဲလည်း ကောင်းရမယ်၊ သတ်မှတ်ထားတာ ထက်လည်း ပိုမသုံးမိအောင် ဂရုစိုက်ရမယ်။




- Power Supply ကောင်းကောင်း ထားရမယ်


UPS (uninterrupted power supply) လို့ခေါ်တဲ့ မီးပျက်ရင် ဆက်ပြီး အလုပ်လုပ်နိုင်တဲ့ ပစ္စည်းကို ခံထားရမယ်။ UPS ကို အင်ဗာတာ (inverter) နဲ့လည်း တွဲထားကောင်း တွဲထားရမယ်။ လျှပ်စစ်ဓာတ်အား အဖြတ်အတောက်၊ အပြတ် အတောက်ကောင်းစွာ ခံနိုင်စွမ်း ရှိရမယ်။






- ဆာဗာအမျိုးအစားများ


Application servers, Database server, File server, FTP servers, Game server, Mail server, Network server, Home server, Fax server, Name server, Print server, Proxy server, Stand-alone server, Virtual servers, Sound server, Web server, Real-time communication servers (chat servers)
Ref: http://www.winkabarkyaw.net/



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 

Read More ...

8/03/2014

Xproxy Update

image

မင်္ဂလာပါ။အ ကြောင်းအမျိုးမျိုးကြောင့်Proxyတွေအသုံးပြုနေရတဲ့
မိတ်ဆွေများတွက်အမြဲတမ်းUpdateဖြစ်နေတဲ့Proxyဆော့ဝဲလေးတင် ပေးလိုက်ပါတယ်။အရင် ကလဲတင် ပေးဖူးပါတယ်။ဒါလေးကupdateလေးပါ။

Download

www.mmitdeveloper.org

Read More ...