
ကျွန်တော်တို့တွေ ဒီတစ်ခါ Avatar မျက်နှာပုံလေးတစ်ခုဖန်တီးရအောင်။ ဘယ်လိုအဆင့်ဆင့်လုပ်
သွားလဲဆိုတာအောက်မှာပုံလေးတွေနဲ့ အသေးစိတ်ရှင်းပြထားပါတယ်။ စိတ်ဝင်စားသူငယ်ချင်းတို့
ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်ရအောင်...ပုံတွေကိုမမြင်ရရင် ပုံပေါ်ကလစ်ပြီးကြည့်ပါ။
ပုံ 1 ။။ပထမဆုံးကိုယ်ပြုလုပ်မဲ့ ပုံတစ်ပုံကိုအရင်ယူလိုက်ပါ။ပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း
Background ပုံပေါ် ညာကလစ်နှိပ်ပြီး ပေါ်လာတဲ့အကွက်ကနေ Duplicate Layer ကိုနှိပ်လိုက်ပါ။
ဆိုလိုချင်တာကတော့ လေယာအသစ်တစ်ခုယူလိုက်တာပါပဲ။...