HTC က One မျိုးဆက် A9 ကိုမိတ်ဆက်လိုက်ပြီး Android 6.0 Marshmallow
ထည့်သွင်းထား မှာ ဖြစ်ပါတယ်။ HTC က အောင်မြင်မှုရဖို့ ရုန်းကန်နေရတဲ့ One
စမတ်ဖုန်းများကို ဦးမော့လာစေဖို့ ရည်ရွယ်ထားပါ တယ်။ HTC One A9 မှာငါးလက်မ
AMOLED 1080p Display , Snapdragon 617 Chip ထည့်သွင်းထားပါတယ်။
SoCအမျိုးအစားဖြစ်ပြီး 1.5GHz Cortex-A53 Core လေးလုံးနဲ့ 1.2GHz A53 Core လေးလုံးပါရှိတဲ့ Octa-Core Processor ဖြစ်ပါတယ်။ Adreno 405 GPU ထည့်သွင်းထားပြီး ဗားရှင်းပေါ်မူတည်ပြီး 2 or 3GB RAM ရွေးချယ်နိုင်ပါတယ်။ HTC က One A9 မှာယခင် One မျိုးဆက်များရဲ့ အဓိကအစိတ်အပိုင်းများကို ပေါင်းစပ်ထား ပေမယ့် ဒီဇိုင်းအပိုင်းကိုဆန်းသစ်ထားတယ်လို့ ပြောပါတယ်။ A9 မှာ ကိုယ်ထည် တစ်ခုလုံးကိုသတ္တုဖြင့် ပြုလုပ်ထားပြီးUnibody ဖြစ်ပါတယ်။ အရှေ့ဘက်တစ်ခြမ်းလုံးကို 2.5D Gorilla Glass 4 ဖြင့် ကာကွယ်ထားပါ တယ်။
One A9 ရဲ့ အထူဟာ ၇.၂ မီလီမီတာသာရှိပြီးအလေးချိန်က ၁၄၃ ဂရမ်၊ မျက်နှာပြင်က5လက်မသာ ရှိတဲ့အတွက် အိတ်ကပ်ထဲအလွယ်တကူ ထည့်သွားနိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Camera တပ်ဆင်ထားပြီး Optical Image Stabilization နည်းပညာပါရှိပါတယ်။ 1080p Full HD Video များကိုရိုက်ကူးနိုင်ပါတယ်။ ( Snapdragon 617 က 4K ကိုထောက်ပံ့ခြင်း တော့ မရှိပါဘူး။ )
RAW Capturing နဲ့ Hyperlapse ( Stabilized Time-Lapse ) Videos များကိုထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ 4MP UltraPixel Sensor တပ်ဆင်ပေးထားပါတယ်။ 16 or 32GB Storage များရွေးချယ် နိုင်ပြီး microSD Card ထည့်သွင်းနိုင်ပါတယ်။ Home Button မှာ Fingerprint Scanner တပ်ဆင်ထားပြီးဖုန်းကို Unlock ပြုလုပ်ခြင်းအပြင် Marshmallow ကြောင့် Play Store မှာ ဈေးဝယ်နိုင် ပါတယ်။ Dot View II Case ကိုထုတ်လုပ်ပေးထားပြီးငွေ၊ အညို၊ အနီနဲ့ ရွှေရောင်များဖြင့် နိုဝင်ဘာ လ ပထမပတ်မှာရောင်းချပေးမှာ ဖြစ်ပေမယ့် ဈေးနှုန်းကိုမသိရသေးပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။