10/23/2015

♪ Data သီးသန့်သာ အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များကို စမ်းသပ်အသုံးပြု ♫


Data သီးသန့်သာ အသုံးပြုနိုင်သည့် မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချရန် စီစဉ်ထားကြောင်း၊ လက်ရှိ အချိန်၌ အဆိုပါ Data သီးသန့် ဆင်းမ်ကတ်များကို စမ်းသပ် အသုံးပြုနေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

“ကုမ္ပဏီတစ်ခုက လာလျှောက်ပြီးတော့ အခုစမ်းပြီး သုံးနေတာရှိတယ်။ အင်တာနက်သီးသန့် ဆင်းမ်ကတ်ပဲ။ အသံမပါဘူး။ တစ်ဦးတစ်ယောက်တည်းအတွက်တော့ မဟုတ်ဘူး။ ကုမ္ပဏီတွေ အတွက်ပါ။ အင်တာနက်ကိုပဲ သီးသန့်သုံးလိုသူတွေအတွက်ပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦး က ပြောသည်။

Business to Business အဖြစ် စီးပွားရေးလုပ်ငန်းများအတွက်သာ အဆိုပါ ဆင်းမ်ကတ်များကို ရောင်း ချပေးရန် စီစဉ်ထားပြီး အများပြည်သူ အသုံးပြုရန်အတွက် ရောင်းချပေးမည် မဟုတ်ကြောင်း သိရသည်။

အင်တာနက်စနစ်ကို သီးသန့်အသုံးပြုလိုသည့် စီးပွားရေးလုပ်ငန်းများအတွက် Data သီးသန့် ဆင်းမ်ကတ်များကို ရောင်းချမည်ဖြစ်သော်လည်း အချိန်ကာလကို မသိရပေ။ Data သီးသန့် ဆင်းမ်ကတ်များအတွက် အသုံးပြုမှုကျသင့်ဘီလ်နှင့် အသုံးပြုနိုင်မည့် Data အမြန်နှုန်းကို လက်ရှိအချိန်၌ သတ်မှတ်ထားခြင်းမရှိသေးကြောင်း၊ အဆိုပါ ဆင်းမ်ကတ်များသည် နည်းပညာ Device များနှင့်တွဲဖက်၍ အင်တာနက်စနစ်ကို အသုံးပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နည်းတူ အခြားသော ဆက်သွယ်ရေး အော်ပရေတာတစ်ခုသည်လည်း MyFi Device အနေဖြင့် အင်တာနက်သီးသန့် အသုံးပြုနိုင်သည့် Data သီးသန့် ဆင်းမ်ကတ်များကို ကုမ္ပဏီလုပ်ငန်းများ၌ စမ်းသပ်အသုံးပြုနေသော်လည်း အဆိုပါသတင်းနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆို ခဲ့ခြင်း မရှိပေ။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com