10/21/2015

♪ 3G ကွန်ရက်ကို Telenor က အကျယ်ပြန့်ဆုံး ပိုင်ဆိုင်ထားသည်ဟုဆို ♫


2G ကွန်ရက်နှင့် 3G ကွန်ရက်ကို ဈေးကွက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် Telenor သည် လက်ရှိအချိန်၌ အကျယ်ပြန့်ဆုံးသော 3G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ၎င်းတို့က ပိုင်ဆိုင်ထားသည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

တယ်လီကွန်းဈေးကွက်ကို လက်ဦးမှု ရရှိထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် 3G ကွန်ရက်သို့ အဆင့်မြှင့်တင် ပြောင်းလဲနေကြောင်း သတင်းများ ထုတ်ပြန်နေစဉ် Telenor က 3G ကွန်ရက်ကို ၎င်းတို့က အကျယ်ပြန့်ဆုံး ပိုင်ဆိုင်ထားသည်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရာနှုန်းပြည့် 3G ကွန်ရက်ကို အထောက်အပံ့ပြုလုပ်နိုင်သည့် တာဝါတိုင်ပေါင်း ၃,၃၀၀ ကို Telenor က ပိုင်ဆိုင်ထားပြီး 3G ကွန်ရက် တစ်မျိုးတည်းကိုသာ လုပ်ကိုင်ဆောင်ရွက်နေသည့် Ooredoo က တာဝါတိုင်ပေါင်း ၂,၅၀၀ နီးပါး ကို ပိုင်ဆိုင်ထားသည်ဟု ၎င်းတို့ ဆက်သွယ်ရေး အော်ပရေတာနှစ်ခု က ကြေညာထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် ၎င်းတို့ ဆက်သွယ်ရေးကွန်ရက်ကို 3G အဖြစ် ၂၀၁၅ ခုနှစ်အတွင်း အဆင့်မြှင့်တင်ပြောင်းလဲနိုင်ရန် ကြိုးစားခဲ့သော်လည်း လာမည့် ၂၀၁၆ ခုနှစ်ရောက်မှသာ 3G ကွန်ရက်ကို ၇၀ ရာခိုင်နှုန်း ပြည့်မီအောင် ဆောင်ရွက်သွားနိုင်တော့မည်ဟု သိရသည်။

3G ကွန်ရက်ကို အပြည့်အဝ ထောက်ပံ့ပေးနိုင်သည့် MPT တာဝါတိုင် အရေအတွက်ကို အတိအကျ မသိရှိရသော်လည်း ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်သည် အခြားသော ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုထက် ပိုမိုကျယ်ပြန့်ပြီး မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်ကိုလည်း ၎င်းတို့က ပိုမိုပိုင်ဆိုင်ထားသည်။

Telenor ၏ ထုတ်ပြန်ကြေညာချက်အရ ၎င်းတို့သည် 3G ကွန်ရက်ကို ဆက်လက် တည်ဆောက်နေကြောင်း လက်ရှိအချိန်၌ ရေကြီးမှုများကြောင့် ဖိုက်ဘာချိတ်ဆက်မှုများ အခက်အခဲ တချို့ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

“အခုအချိန်မှာ ရခိုင်ပြည်နယ်အတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ရေလွှမ်းမိုး မှုတွေကြောင့် ဖိုက်ဘာချိတ်ဆက်မှုတွေမှာ နှောင့်နှေးခဲ့ရတာတွေ ရှိပါတယ်။ ရခိုင်ပြည်နယ် အတွက် လက်ရှိ တာဝါတိုင် ၁၈ တိုင်ရှိပါပြီ။ စစ်တွေတစ်ခုတည်းမှာ ၈ တိုင် အပါအဝင်ပေါ့” ဟု Telenor ၏ CEO ဖြစ်သူက ပြောသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com