Showing posts with label Games. Show all posts
Showing posts with label Games. Show all posts
7/26/2017
♪ Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု ♫
ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင် သင်ကြားပေးနိုင်ခြင်း မရှိပေမယ့် ကုဒ်ရေးသားနည်းများကို ဂိမ်းများဖြင့် လေ့ကျင့်ရတာ ပျော်စရာကောင်းပါတယ်။
၁။ CodeMonkey
CodeMonkey က တကယ့် ကွန်ပြူတာ ဘာသာစကား CoffeeScript ကို အသုံးပြု၍ HTML5 ဖြင့် သင့်ကိုယ်ပိုင် ဂိမ်းများ ဖန်တီးတတ်အောင် သင်ကြားပေးပါတယ်။ သူ့ကို ကလေးများအတွက် ရည်ရွယ် ထုတ်လုပ်ပေးထားပေမယ့် လူကြီးများအတွက်လည်း ပျော်စရာကောင်းပါတယ်။
၂။ CodinGame
CodinGame က JavaScript, Ruby နဲ့ PHP အပါအ၀င် ကွန်ပြူတာ ဘာသာစကား ၂၅ ခုကျော်ကို သင်ကြားပေးပါတယ်။ သူ့ရဲ့ ကောင်းတဲ့အချက်တစ်ခုက သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူတကွ ကစားနိုင်ပြီး နိုင်ငံတကာ ကုဒ်ရေးသားတဲ့ ပြိုင်ပွဲများကိုလည်း ပါဝင်နိုင်ပါတယ်။
၃။ CSS Diner
CSS Diner က CSS ကို ရိုးရှင်းစွာ သင်ကြားပေးတဲ့ ဂိမ်း ဖြစ်ပါတယ်။ CSS Selectors တွေရဲ့ အလုပ်လုပ်ပုံကို သင်ကြားပေးတဲ့ အဆင့် ၃၂ ခု ပါပါတယ်။ အဆင့်တိုင်းမှာ ယခင်အဆင့်မှာ သင်ကြားခဲ့တဲ့ အရာများအပေါ် အခြေခံ၍ ပိုမိုရှုပ်ထွေးတဲ့ ကုဒ်များကို ရေးသားရမှာပါ။
၎။ Flexbox Froggy
CSS Flexbox ရဲ့ အလုပ်လုပ်ပုံကို သင်ကြားချင်ရင် Flexbox Froggy ကို ကစားပါ။ Froggy နဲ့ သူ့သူငယ်ချင်းများကို ကူညီရင်းနဲ့ Flexbox မှ အရာများကို Align လုပ်ရတဲ့ အခြေခံ သင်ခန်းစာများကို သူက ရိုးရှင်းတဲ့ Interface ဖြင့် သင်ပေးမှာပါ။
၅။ Flexbox Defense
Flexbox Defense ဟာ သင့်ရဲ့ Flexbox စွမ်းရည်ကို လေ့ကျင့်နိုင်မယ့် နောက်ထပ် ဂိမ်းတစ်ခုပါ။ သူ့မှာ ၀င်လာတဲ့ ရန်သူလှိုင်းများကို နှိမ်နင်းဖို့ Towers များကို မှန်ကန်တဲ့ နေရာကို ရွှေ့ပေးခြင်းဖြင့် ကစားရမှာပါ။
၆။ CodeCombat
CodeCombat ဟာ ဆရာများနဲ့ ကျောင်းသားများအတွက် ဖန်တီးထားတာပါ။ ဒါပေမယ့်လည်း လူတိုင်း ကစားနိုင်ပါတယ်။ သူက Python , JavaScript, CoffeeScript , Lua Game Scripting Language များကို သင်ကြားပေးပါတယ်။ ဂိမ်းနဲ့အတူ Tutorial များကို ပြသပေးထားပါတယ်။
၇။ Ruby Warrior
Ruby ကို လေ့လာချင်ရင် Ruby Warrior ကို ကစားပါ။ သင့်ရဲ့ အရည်အချင်းအပေါ် မူတည်ပြီး Beginner နဲ့ Intermediate Level များ ရှိပါတယ်။ သင့်ရဲ့ Progress များကို သိမ်းထားဖို့ Facebook အကောင့်နဲ့ Login ၀င်နိုင်ပါတယ်။
၈။ Untrusted 
Untrusted က သင့်ရဲ့ JavaScript အရည်အသွေးကို စမ်းသပ်နိုင်မယ့် စွန့်စားကစားရတဲ့ ဂိမ်း ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ JavaScript များကို လေ့လာချင်သူများအတွက် အသုံးဝင်ပါတယ်။
၉။ Code Hunt
Code Hunt က ဆန်းသစ်တဲ့ နည်းလမ်းဖြင့် သင့်ကို ကုဒ်ရေးနည်း သင်ပေးပါတယ်။ သင်က ကုဒ် အစိတ်အပိုင်းတစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး လိုအပ်တာတွေကို ဖြည့်စွက် ပြုပြင်ပေးရပါတယ်။ Java , C# တို့ကို လေ့လာနိုင်ပါတယ်။
Credit to ==> DigitalTimes.com.mm
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...
7/25/2017
♪ Android အတွက် အကောင်းဆုံး PC/Console Games များ ♫
PC နဲ့ ဂိမ်းစက်များမှာ ဂိမ်းကစားတဲ့ လူများအတွက် အချိန်မရွေး၊ နေရာမရွေး အဲဒီ ဂိမ်းများကို ကစားနိုင်ရင် အလွန် အဆင်ပြေမှာပါ။ ဒီလိုအပ်ချက်ကို သိတဲ့အတွက် ဂိမ်းဖန်တီးသူများက ပီစီ၊ ဂိမ်းစက်များရဲ့ ဂိမ်းများကို Android အတွက် ထုတ်လုပ်ပေးထားပါတယ်။ ဒီဆောင်းပါးမှာတော့ Android အတွက် အကောင်းဆုံး PC/Console Games များကို ဖော်ပြပေးလိုက်ပါတယ်။
FIFA Mobile Football
FIFA Mobile Football ဟာ Android အတွက် အကောင်းဆုံး ဘောလုံး ဂိမ်းများထဲမှ တစ်ခု ဖြစ်ပါတယ်။ ၂၀၁၇ ဗားရှင်းမှာ ဥာဏ်ရည်တု ၊ ဂရပ်ဖစ်နဲ့ ဂိမ်းကစားတဲ့ အရသာတို့လို စွမ်းရည်များဟာ ပိုမို တိုးတက်လာပါတယ်။ ပွဲမှာ ကစားသမားများရဲ့ စိတ်ခံစားမှုများဟာ ပိုမို အားကောင်းလာပါတယ်။ ပြင်ပ ကမ္ဘာကအတိုင်း အသင်းများကို စဉ်ဆက်မပြတ် Update လုပ်ပေးနေပါတယ်။
Electronics Arts က ဂိမ်းရဲ့ အရွယ်အစားကို 100MB အောက်မှာ ရှိအောင် ပြုလုပ်ပေးထားခြင်းဖြင့် မိုဘိုင်း ကိရိယာများအတွက် အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အားနည်းချက်တစ်ခုက သူ့ကို ကစားဖို့ အင်တာနက် ဆက်သွယ်မှုလိုအပ်တာ ဖြစ်ပါတယ်။
• App version: 6.1.1
• App size: 30.1 MB
• App compatibility: Android 4.1 or higher
• Pricing: free with in-app purchases
Download
MyNBA2K17
ဘတ်စကတ်ဘော ချစ်သူများအတွက်လည်း NBA 2K17 ရဲ့ မိုဘိုင်းဗားရှင်းဖြစ်တဲ့ MyNBA2K17 ကို ဖန်တီးပေးထားပါတယ်။ EA ရဲ့ FIFA Mobile Football မှာလိုပဲ သူဟာ ဂိမ်းစက်များမှာလောက်တော့ ကစားလို့ မကောင်းပါဘူး။ ဒါပေမယ့် စွမ်းရည်မြင့် ဖုန်းများမှာတော့ ဂရပ်ဖစ်များက အလွန် ကောင်းမွန်ပါတယ်။ စွမ်းရည်နိမ့် ဖုန်းများမှာတော့ ဂရပ်ဖစ်များက တုန့်ဆိုင်းနေတတ်ပါတယ်။
ခြုံပြောရရင် MyNBA2K17 ဟာ Android အတွက် အကောင်းဆုံး ဘတ်စကတ်ဘော ဂိမ်း ဖြစ်ပါတယ်။ ဒါပေမယ့် EA ဟာ မိုဘိုင်းဖုန်းမှာ ပိုမိုချောမွတ်အောင် ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ သုံးသပ်မိပါတယ်။
• App version: 0.0.27
• App size: 50 MB
• App compatibility: Android 4.3 or higher
• Pricing: paid
Download
Grand Theft Auto
မိုဘိုင်းဖုန်းများအတွက် ကြာလရှည်ကြာ စောင့်စားခဲ့ရတဲ့ နာမည်ကျော် Grand Theft Auto ကို Android နဲ့ iOS မှာ ကစားနိုင်ပါပြီ။ ပီစီနဲ့ ဂိမ်းစက်များမှာလောက်တော့ ကစားရတာ သိပ်မကောင်းပေမယ့် မိုဘိုင်းဖုန်းမှာလည်း သင့်တင့်ကောင်းမွန်ပါတယ်။ Android အတွက် Grand Theft Auto: San Andreas ရဲ့ Trailer ကို အောက်မှာ လေ့လာနိုင်ပါတယ်။
ဂိမ်းများကို အင်စတောလုပ်နိုင်မယ့် လင့်များကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
GTA: III, GTA: Vice City, GTA: San Andreas, GTA: Chinatown Wars and Grand Theft Auto: ViceCity
Max Payne Mobile
May Payne Mobile ဟာ မိုဘိုင်းပလက်ဖောင်းအတွက် ၂၀၁၃ ခုနှစ်ကတည်းက ပေါ်ထွက်ခဲ့ပါတယ်။ သက်တမ်းကြာရင့်နေပေမယ့် အလွန်ကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းများမှာ ကစားရတာ အလွန် ချောမွတ်ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်ထုတ် ဖုန်းများမှာ ကစားရင်တောင် အဆင်ပြေပါတယ်။ ဂရပ်ဖစ်က HD အရည်အသွေးကို အဆင့်မြှင့်ပေးထားပါတယ်။ Controls များကို ကစားသူ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။
• App version: 1.2
• App size: 1.36 GB
• App compatibility: Android 2.3 or higher
• Pricing: paid
Download
Tomb Raider
မင်းသမီး Angelina Jolie အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်တဲ့ Tomb Raider Game ကို Android အတွက် ဖန်တီးပေးထားပါတယ်။ Touch Screen Commands များဖြင့် ကစားရမှာ ဖြစ်ပါတယ်။ စွန့်စား ကစားရတဲ့ အက်ရှင် ဂိမ်းဖြစ်ပြီး HD Graphic အရည်အသွေးက အလွန် ကောင်းမွန်ပါတယ်။ Tomb Raider 2 တောင် ထွက်ရှိနေပြီ ဖြစ်ပါတယ်။
• App version: 1.0.39
• App size: 320.2 MB
• App compatibility: Android 4.0 or higher
• Pricing: paid
Download Tomb Raider I
Credit to ==> DigitalTimes.com.mm
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...
8/30/2016
♪ Games CD Collection 29.8.2016 ♫
t620x300_8839c4a788f9f8eff225fccfa7dc7a6a
1. Life is Strange Complete Season
Action, Adventure ဂိမ်းအမျိုးအစား၊ လျှို့ဝှက်မှုတွေပြည့်နေတဲ့ Arcadia ကမ်းခြေက ကျောင်းသား Rachel Amber ပျောက်ဆုံးမှုကို ဖော်ထုတ်ရမယ့် နာမည်ကျော်ဂိမ်းစီးရီးဖြစ်ပြီး အချိန်တွေကို ထိန်းချုပ်နိုင်တဲ့ ဓာတ်ပုံပညာရှင်မလေး Max အဖြစ် ၀င်ရောက်ဆော့ကစားရမှာပါ။ Episodes from 1 to 5 အထိ စုံလင်အောင်ပါဝင်မှာဖြစ်ပါတယ်။
2. Warhammer 40,000: Armageddon – Da Orks
Strategy ဂိမ်းအမျိုးအစား၊ Warhammer 40,000: Armageddon ရဲ့ဒုတိယမြောက် Installment ခွေပါ။ Steel Legion, the Orks, Ultramarines, Salamanders နဲ့ Blood Angels ဆိုပြီး faction (၅)ခုပါဝင်မှာဖြစ်ပြီး weapons (၂၀၀)ကျော်၊ unit types (၄၀၀)ကျော်၊ Multiplayer map (၁၀)ခု ပါဝင်မှာဖြစ်ပါတယ်
3. Pokemon Go Mod (Online)
Augmented reality ဂိမ်းအမျိုးအစား၊ လတ်တလောရေပန်းစားနေတဲ့ ပိုကီမွန်းဂိမ်းဖြစ်ပါတယ်။ အွန်လိုင်းချိတ်ဆက်ကစားရမှာဖြစ်ပြီး လက်ရှိကမ္ဘာနဲ့ Virtual Life (၂)ခုကြားမှာ အာရုံမှောက်မှားစေတဲ့ ပိုကီမွန်းလေးတွေကို လိုက်လံဖမ်းဆီးရမှာပါ။
Pokemon Go
4. Green City: Go South
Simulation, Time Management ဂိမ်းအမျိုးအစား၊ ကျွန်းငယ်လေးတစ်ခုအဖြစ်ကနေ စိမ်းလန်းစိုပြည်သာယာလှပတဲ့ ကျွန်းမြို့လေးအဖြစ် တည်ဆောက်ပြုပြင်ရေးလုပ်ရမယ့် Strategy ဂိမ်းဖြစ်ပါတယ်။ မြို့ပြ၊ စီးပွားရေး၊ စွမ်းအင်အစရှိတဲ့ အဆောက်အဦပုံစံ (၄)မျိုး၊ ဒီဇိုင်းထုတ်ပြီး အဆောက်အဦ (၂၂)မျိုး၊ မြေပုံ (၆)မျိုးနဲ့ Missions (၄၈)ခု ကျော်ဖြတ်ရမှာပါ။
5. Barbie Sparkling Ice Show
Sport ဂိမ်းအမျိုးအစား၊ ပေါ့ပေါ့ပါးပါးကစားရမယ့် ဘာဘီဂိမ်းဖြစ်ပါတယ်။ ဘာဘီ၊ ခရစ္စတင်း၊ ထရီဇာတို့ရဲ့ လှပကျော့ရှင်းတဲ့ဝတ်စုံဒီဇိုင်းတွေနဲ့အတူ နိုင်ငံတကာရေခဲပြင်စကိတ် ဖိတ်ခေါ်ပြိုင်ပွဲတွေမှာ သွားရောက်ဆင်နွှဲရမှာပါ။
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...
8/29/2016
♪ “Heroes of Normandie”
သင်ဟာStrategy ဂိမ်းပရိသတ်တစ်ယောက်ဆိုရင်တော့Heroes of Normandie ကိုမိတ်ဆက်ပေး ရမှာဖြစ်ပါတယ်။ Heroes of Normandie ဟာ ကောင်းမွန်တဲ့ဂိမ်း တစ်ခုဖြစ်သလိုပါဝင်တဲ့ unit တွေကလည်းနွား၊ခွေးစတာတွေအထိရှိတာမို့ရယ်စရာလည်းကောင်းပါတယ်။ Game Play ဟာလက်ရှိ မှာတင် Content တွေစုံလင်တာကိုမြင်နိုင်မှာဖြစ်ပြီးအနာဂတ်မှာလည်းဒီထက်ပိုမို များပြားတဲ့ unit တွေ ပါလာဖို့မျှော်လင့်နိုင်ပါတယ်။
Heroes of Normandie ဟာ ဂိမ်းတစ်ခုအနေနဲ့ရိုးရှင်းတဲ့ tactical game တစ်ခုပဲဖြစ်ပြီးဒီနေရာမှာသင်ဟာ US, နာဇီ၊Common Wealth စသည်ဖြင့်နှစ်သက်ရာတပ်ကိုရွေးနိုင်ပါတယ်။ တိုက်ပွဲမြေပုံတွေဟာသေး ငယ်တယ်လို့ဆိုနိုင်ပြီးတစ်ကြိမ်မှာထိန်းချုပ်ရတဲ့တပ်ဖွဲ့တွေဟာတစ်ဒါဇင်မကျော်တတ်ပါဘူး။ဒီတပ်ဖွဲ့တွေဟာ လည်းအခြေခံ စစ်သားတွေကနေစက်သေနတ်တပ်၊မော်တာ၊ကင်းထောက်၊ မီးလက်နက် စသည်ဖြင့် ကွဲပြားမှာဖြစ်ပြီးတင့်ကားတွေစသည်ဖြင့်လည်းတွေ့ရမှာဖြစ်ပါ တယ်။ကောင်းမွန်တဲ့ tutorial ပါဝင်တာမို့ ဒီဂိမ်းကိုစကစားသူအတွက် နားလည် ရလွယ်ကူစေပါတယ်။
တစ်လှည့်မှာအမိန့်ပေးနိုင်တဲ့အရေအတွက်ဟာ အကန့်အသတ်နဲ့ရှိပါတယ်။ စစချင်းမှာသင့်မှာအမိန့်ပေးနိုင် တာထက်တပ်ဖွဲ့တွေက ပိုနေတာမို့ရွေးချယ်မှုပြုရမှာဖြစ်ပါတယ်။ သင့်ရန်သူက unit တစ်ခုကိုတကယ် အမိန့်ပေးထားသလားဆိုတာ မသိနိုင်တဲ့အတွက်သတိထား တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Unit အချို့ဟာရွေ့လျားရင်းတိုက်ခိုက်မှုပါပြုလုပ်နိုင်ပေမယ့်များ သောအားဖြင့်တိုက်အားကျသွားတတ်ပါတယ်။ ဒါကြောင့်လုံခြုံရေးနဲ့တိုက်ခိုက်မှုကိုမျှတအောင်ရွေးချယ်တတ်ရမှာဖြစ်ပါတယ်။ဒါ့အပြင်ဒီဂိမ်းထဲမှာaction cards တွေပါဝင်လာခဲ့ပြီးတိုက်ခိုက်မှုပုံစံကိုပိုမိုကောင်းမွန်စေခဲ့ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...
8/12/2016
♪ Games Collection (မိတ်ဆက်) 11.8.2016 ♫
Batman The Telltale Series Episode 1 - Realm of Shadows
1. FIFA 16
Sport/Strategy/Management ဂိမ်းအမျိုးအစား၊ ဘောလုံးဂိမ်မာတွေအတွက် နာမည်ကျော်ဖီဖာစီးရီးရဲ့ ဖန်တီးမှုအသစ်ပါ။ နိုင်ငံကျော်ဘောလုံးကွင်း (၇၈)ခု၊ Game Mode အသစ်၊ ပလေယာများစွာနဲ့ လိဂ်အစုံကစားနိုင်တဲ့အပြင် နိုင်ငံတကာအမျိုးသမီးပြိုင်ပွဲများပါ ကစားနိုင်မှာဖြစ်ပါတယ်။
2. Pro Evolution Soccer 2016 + PTE Patch 6.0
Sport/Strategy/Management ဂိမ်းအမျိုးအစား၊ ဘောလုံးဂိမ်မာတွေအတွက် နာမည်ကျော် PES ရဲ့လက်ရာသစ်ပါ။ San Siro, St. Jakob-Park, Old Trafford, Allianz Arena, Juventus အစရှိတဲ့ နာမည်ကျော်ဘောလုံးကွင်း (၁၆)ခုနဲ့ ပလေယာစုံပါဝင်ပြီး နိုင်ငံစုံဖိတ်ခေါ်ပြိုင်ပွဲတွေနဲ့ လိဂ်တွေအစုံကစားနိုင်မှာဖြစ်ပါတယ်။
3. Civil War II: The Bloody Road South
Simulation, Strategy ဂိမ်းအမျိုးအစား၊ အမေရိကန်ပြည်တွင်းစစ်ဂိမ်း Civil War II အတွက်ထွက်ရှိလာတဲ့ Expansion Pack ခွေဖြစ်ပါတယ်။ ဂတ်တင်စဘာ့ဂ်နဲ့ အတ္တလန္တာဆိုပြီး Battle Scenarios (၂)မျိုး၊ Annual Campaign (၁)မျိုး၊ Grand Campaigns (၃)မျိုး ထပ်မံပါဝင်လာတာတွေ့ရမှာပါ။
4. Batman: The Telltale Series Episode 1 – Realm of Shadows
Adventure ဂိမ်းအမျိုးအစား၊ အခန်းဆက်(၅)ခုနဲ့ပွဲထုတ်မယ့် Batman: The Telltale Series ရဲ့ပထမဆုံး Episode ပါ။ ဂေါ့သမ်မြို့တော်ခန်းမကနေ ကြောင်ပျိုမ ခိုးယူသွားတဲ့ Hard Drive ကိုပြန်လည်ရယူမယ့် လင်းနို့လူသားရဲ့စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
5. SimCity 3000 Unlimited
Construction and management simulation ဂိမ်းအမျိုးအစား၊ ခေတ်သစ်မြို့တော် တည်ဆောက်ရေးဂိမ်းဖြစ်ပါတယ်။ အရှေ့/အနောက် ဘာလင် ပြန်လည်မွမ်းမံမြှင့်တင်မှုပုံစံ (၁၃)မျိုး၊ ကမ္ဘာ့သမိုင်းဝင်အထင်ကရနေရာ (၁၀၀)နီးပါး challenging scenarios (၁၃)မျိုး ပါဝင်မှာပါ။
Share.
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...
8/11/2016
♪ Amiga ဂိမ်းပေါင်း ၂၀၀၀ ကျော်ကို browser ထဲမှာတင် ဆော့ကစားနိုင်ပြီ ♫
၈၀ ပြည့်လွန်နှစ်တွေတုန်းက တခြားကွန်ပြူတာစနစ်တွေထက် ဂရပ်ဖစ်ကောင်းမွန်မှုကြောင့် နာမည်ကျော်ခဲ့တဲ့ တစ်ကိုယ်ရည်သုံးကွန်ပြူတာစနစ် Amiga ရဲ့ ဂိမ်းတွေကို အခုဆိုရင် သင့် PC browser ထဲမှာတင် ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။
Internet Archieve ကျေးဇူးကြောင့်၊ Amiga Disk File (ADF) format နဲ့ ဆော့ခဲ့ရတဲ့ Amiga ဂိမ်းပေါင်း ၂၀၀၀ ကျော်ကို အွန်လိုင်းရှိရုံနဲ့ browser ထဲမှာ emulator နဲ့ တန်းကစားနိုင်မှာဖြစ်ကာ၊ Batman The Movie ၊ R Type နဲ့ Double Dragon လိုမျိုး ဂန္တဝင်ဂိမ်းတွေကို ပြန်လည်အရသာခံဆော့ကစားနိုင်မှာဖြစ်ပါတယ်။
ဂိမ်းတွေအပြင် Amiga ကွန်ပြူတာစနစ်ရဲ့ ဟာ့ဒ်ဝဲလုပ်ဆောင်နိုင်စွမ်းကို ပြသဖို့အတွက် အက်ပလီကေးရှင်းတွေနဲ့ ဆော့ဖ်ဝဲစမ်းသပ်လုပ်ဆောင်ပြမှုတွေလည်း ပါဝင်ပါတယ်။
ဆန်ဖရန်စစ္စကိုအခြေစိုက် digital library တစ်ခုဖြစ်တဲ့ Internet Archieve မှာ MS-DOS ဂိမ်း၊ Arcade ဂိမ်းတွေနဲ့ Atari ဂိမ်းတွေ အပါအဝင် ခေတ်ဟောင်းဂိမ်းတွေတော်တော်များများကို ဒီဂျစ်တယ် format နဲ့ အခမဲ့ရရှိနိုင်ပါတယ်။
s.aolcdn.com
Credit to ==> Digital Times
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...
7/28/2016
♪ Game ၀ါသနာရှင်များအတွက် - Games CD Collections ♫
apex
1. Arma 3 Apex
Action, Simulation, Strategy ဂိမ်းအမျိုးအစား၊ နာမည်ကျော် Arma 3 အတွက်ထွက်ရှိလာတဲ့ Expansion Pack ဖြစ်ပါတယ်။ အနာဂတ် (၂၀၃၅)ခုနှစ်ဝန်းကျင်၊ တောင်ပစိဖိတ် Tanoa ကျွန်းနယ်မြေအတွင်း စစ်ဆင်ရေးတွေပြုလုပ်ရမှာဖြစ်ပြီး လက်နက်သစ် (၁၃)မျိုး၊ ယာဉ်အသစ် (၁၀)မျိုး၊ တပ်ဖွဲ့သစ်၊ ယူနီဖောင်းသစ်တွေနဲ့အတူ Co-Operative Campaign (၄)ဦးထိ ဆော့ကစားနိုင်မှာပါ။
2. LEGO STAR WARS : The Force Awakens
Action-adventure ဂိမ်းအမျိုးအစား၊ နာမည်ကျော်လီဂိုဂိမ်းစီးရီးရဲ့ ပဉ္စမမြောက်တင်ဆက်မှုပါ။ Rey, Finn, Captain Phasma, Poe Dameron, Han Solo, Kylo Ren အစရှိသည့် ဇာတ်ကောင် (၂၀၀)ကျော်ပါဝင်မှာဖြစ်ပြီး level (၁၈)ခု၊ Trophies/Achievement (၃၀)ကျော်၊ Vehicle (၅၀)ကျော် ဖန်တီးပေးထားမှာဖြစ်ပါတယ်။
3. Romance of the Three Kingdoms 13
Strategy ဂိမ်းအမျိုးအစား၊ နာမည်ကျော်ဂိမ်းစီးရီးဖြစ်ပြီး တရုတ်နိုင်ငံ (၂)ရာစုခေတ် နန်းတွင်းတော်ဝင်ဇာတ်လမ်းနောက်ခံနဲ့ ဆော့ကစားရမှာပါ။ Trophies (၄၃)မျိုးနဲ့အတူ Traditional Campaign Mode နဲ့ Hero Mode ဆိုပြီး Game Mode အသစ် (၂)ခု ပါဝင်လာမှာဖြစ်ပါတယ်။
4. Hearts of Iron IV
Simulation, Strategy ဂိမ်းအမျိုးအစား၊ နော်မန်ဒီကမ်းတက်တိုက်ပွဲရဲ့ (၇၂)နှစ်မြောက်အဖြစ်ထွက်ရှိလာတဲ့ War Game ခွေပါ။ (၁၉၃၆-၁၉၄၈)ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ နိုင်ငံပေါင်း (၁၀၀)ကျော်၊ Admiral Unit (၁၀၀)ကျော်၊ Field Marshal Unit (၅၀)ကျော်၊ ထောက်ပံ့ရေးစက်ရုံမျိုးစုံ၊ သယံဇာတ Resource (၆)မျိုး ပါဝင်မှာဖြစ်ပါတယ်။
5. American Truck Simulator: Arizona
Indie, Simulation ဂိမ်းအမျိုးအစား၊ အမေရိကန်ထရပ်ကားဂိမ်းစီးရီးရဲ့ နောက်ဆုံးထွက်ခွေဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဆဋ္ဌမမြောက်အကြီးဆုံးပြည်နယ် အရီဇိုးနားမြေပုံကိုမောင်းနှင်ရမှာဖြစ်ပြီး Phoenix, Tucson, Flagstaff အစရှိတဲ့ မြို့နယ် (၁၅)ခုပါဝင်ကာ နာမည်ကျော်နေရာ (၆၀)ကျော် ဖန်တီးပေးထားမှာပါ။
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...
7/17/2016
♪ မိုဘိုင်းဂိမ်းသမိုင်းရဲ့အအောင်မြင်ဆုံး Poke’mon Go ဂိမ်းရဲ့ သမိုင်းကြောင်းအနှစ်ချုပ် ♫
Poke’mon Go ဟာ စိတ်ဝင်စားမှုတွေကို မြန်မြန်ဆန်ဆန် ရယူသိမ်းပိုက်လာတဲ့ တကယ့် multiplayer စမတ်ဖုန်းဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဘယ်လို ဖြစ်ပေါ်လာတယ်။ Poke’mon ဆိုတာဘာလဲ ဆိုတာတွေနဲ့  ပတ်သတ်ပြီး ဒီဂိမ်းကို ဖန်တီးခဲ့တဲ့ နှစ်နှစ်ဆယ် သမိုင်းကြောင်းအကျဉ်းချုပ်ကို ဖြော်ပလိုက်ပါတယ်။
            အင်းဆက်ပိုးကောင်စုသူတစ်ယောက်ရဲ့ ဆန်းကြယ်အတွေး
Poke’mon ဟာ ဂျပန်လက်ရာတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကို တာဝန်ယူခဲ့တဲ့ ဆာတိုရှိ တာဂျိရိ ဟာ ငယ်စဉ် ကလေးဘဝကတည်းက ပိုးကောင်လေးများကို စုဆောင်းရာမှ စိတ်ကူးဆန်းတစ်ခု ရလာခဲ့ခြင်းဖြစ်ပါတယ်။  ယခု စီးရီးထဲမှ အဓိကဂိမ်းတွေဟာ Game Freak မှ ရေးဆွဲပြီး Nintendo မှ ထုတ်ခဲ့တာပါ။
Poke’mon ရဲ့ ရွှေရောင် ကာလများကတော့ ၉၀ ပြည့်လွန် နောက်ပိုင်းနှစ်များနှင့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများဖြစ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က အမေရိကားမှာ Poke’mon Red နဲ့ Blue ဆိုပြီး Game Boy ဗွီဒီယို ဂိမ်းအတွက် စတင် ထုတ်လုပ် ဖြန့် ချီခဲ့တာပါ။
            Poke’mon ဆိုတာ ဘာလဲ။
နှစ်ယောက်တွဲဆော့ရတဲ့ ဂိမ်းတွေဟာ အတွဲလိုက် role-play ဆော့ရတာဖြစ်ပါတယ်။ players တွေက ကိုယ့်ကိုင်တဲ့ အကောင်ကို မြေပြင်ကမ်းစပ်အနေအထားအနေအထားတွေ ၊ မြို့ တွေ တောအုပ်နဲ့ တောင်တန်း  နေရာတွေကို ထောက်လှမ်းစုံစမ်းရာမှာ ထိန်းချုပ်ရပါတယ်။ ကန်တို(Kanto) လို့ ခေါ်တဲ့ တိုင်းပြည်မှာ ထူးဆန်း အံ့ဖွယ် သတ္တဝါဖြစ်တဲ့ Poke’mon တွေ နေထိုင်ပါတယ်။ player က ဒီကောင်လေးတွေကို တန်းစီလေ့ကျင့် တိုက်ခိုက်ဖို့ အတွက် Poke’ball လေးတွေကို ဖမ်းခိုင်းရပါတယ်။ဒီကောင်လေးတွေကို အနီနဲ့ အဖြူဘောလုံးလေး  တွေထဲမှာ များသထက်များလာအောင်လုပ်ပြီး ခက်ထန်ပင်ပန်းတဲ့ လေ့ကျင့်မှုတွေနဲ့ လေ့ကျင့်တာကို Poke’mon တွေရဲ့ကမ္ဘာမှာ လျစ်လျှူရှုထားကြပါတယ်။
ပထမဆုံး Poke’mon ဂိမ်းတွေဟာ ကန်တို တိုင်းပြည်ထဲမှာ Poke’mon ၁၅၁ ကောင်ထည့်ထားပါတယ်။ “gotta catch’em all” ဆိုတဲ့ စာသားနဲ့  သူတို့ ရဲ့ Poke’mon တွေတည်ရှိတဲ့ အညွှန်းဖြစ်တဲ့ Poke’dex ကို ပြီးဆုံးအောင်လို့  players တွေကို တိုက်တွန်းပေး ပါတယ်။ဒီ Poke’mon လေးတွေကို လိုက်ဖမ်းခိုင်းတာဟာ တစ်ဆင့်ထက်တစ်ဆင့် ခက်ခက်လာပြီး ဒီဂိမ်းတွေရဲ့ ခြောက်ခုမြောက် မျိုးဆက်မှာဆို Poke’mon အကောင်ရေ ၇၂၀ ကျော် ထွက်ပေါ်လာပါတယ်။
Nintento အနေနဲ့  အနောက်တိုင်းဈေးကွက်ကို ဆွဲဆောင်နိုင်မယ်မထင်ရပေမယ့် အကြီးအကျယ် အောင်မြင်သွားပါတယ်။ ကတ်ဆွဲရတဲ့ဂိမ်းတွေနဲ့  တီဗွီစီးရီးတွေထဲမှာ လူကြိုက် များသွားတဲ့ Ash နဲ့  Pikachu ဇာတ်ကောင်လေးတွေကြောင့် လူအများစု သတိပြုမိသွားတာပါ။ Poke’mania ဆိုတဲ့ အသုံးအနှုန်း ကိုလည်း web ပေါ်မှာ လက်လီဖြန့်  ခြင်း ရာမှာ ၊ရုပ်ရှင်တွေမှာနဲ့  မွန်းစတားအရုပ်လေးတွေကို ထုတ်ရာမှာ   နာမည်တပ်လာကြပါတယ်။ အဲဒီလိုနဲ့  Poke’mon ဟာ ဒေါ်လာသန်းနဲ့ ချီပြီး ပွပေါက်တိုးလာပြီး Poke’mon ဟာလည်း ထိပ်တန်းကို တစ်ခါတည်း ထိုးတက်သွားပါတယ်။
Poke’mon ဂိမ်းအသစ်တွေရဲ့ ဝယ်လိုအားက ကျသွားတယ် မရှိခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်ထဲမှာ ဖြန့် ချီခဲ့တဲ့ နောက်ဆုံးထွက်စီးရီး Omega Ruby နဲ့  Alpha Sapphire ဟာ UK မှာ ထွက်ခဲ့သမျှ စီးရီး ထဲမှာ အအောင်မြင်ဆုံးစီးရီးဖြစ်ကြောင်း သက်သေပြလိုက်ပါတယ်။
Poke’mon Go
            Poke’mon Go ကို 2014 ဧပရယ်ဖူး ရှိုးတစ်ခုအဖြစ် စတင်အသက်သွင်းခဲ့ပါတယ်။ အဲဒီအချိန်က Googleပိုင်တဲ့ Niantic နဲ့  Nintendo ဟာ Poke’mon စိန်ခေါ်ချက်တစ်ခုကို ကြေငြာချက်ထုတ်ခဲ့တဲ့ YouTube  ဗွီဒီယိုတစ်ခုကို ဖန်တီးဖို့ ဖွဲ့ စည်းခဲ့ပါတယ်။ Poke’man Challenge ဟာ Poke’mon Master ရဲ့ နာမည်နဲ့ လူကြိုက်အများဆုံးဆု ပေးအပ်ခံရတဲ့ Google Maps ကို အခြေခံတဲ့ search တစ်ခုဖြစ်ပါတယ်။
ဂိမ်းဟာ ဖုန်းရဲ့ GPS ကို သုံးပြီး real-world map တစ်ခုကနေ ကိုယ့်ရဲ့အကောင်ကို ရွှေ့ လို့ ရတယ်လို့    တွေ့ ရပါတယ်။ ကွင်းပတ်ပတ်လည်က အနားသတ်တွေက Poke’Stops တွေဖြစ်ပါတယ်။ Poke’Stops တွေ ကို Poke’balls တွေ နဲ့  တစ်ခြား items တွေ ၊ သူတို့ ရဲ့Poke’mon တွေအတွက် လေ့ကျင့်ကွင်းတွေ   ကို စုဖို့ သုံးနိုင် ပါတယ်။ map ပေါ်မှာ Poke’mon ပေါ်လာတဲ့အခါ သင်အနေနဲ့  ဒါလေးကို နှိပ်နိုင်ပါတယ်။အဲသလို လုပ်လိုက်တဲ့ အခါ Poke’mon ဟာ တကယ့်လက်တွေ့ မြင်ကွင်းထဲမှာ တွေ့ ရသလို ပေါ်လာပါတယ်။ဖုန်းကင်မရာကနေ  တစ်ဆင့်မြင်ရတဲ့ ပုံရိပ်ပေါ်ထင် ဟပ်လာပြီး သင့်အနေနဲ့  Poke’ball တွေကို ဖမ်းလို့ ရတဲ့အထိ ပစ်လို့ ရနေမှာပါ။
Poke’mon Go ဟာ ယခုလ အစောပိုင်းတုန်းက အမေရိကားမှာ စတင်ထုတ်လွှင့်ဖြန့် ချီခဲ့ပြီး ချက်ချင်း လက်ငင်းကို ထိုးတက်သွားပါတယ်။ ဝက်ဘ်ပေါ်မှ သတင်းသစ်များအရတော့ တွစ်တာမှာဆို Tinder ရဲ့အထက်မှ ဦးဆောင်နေပါတယ်။ robberies ၊ dead bodies နဲ့  serenipitous friendships တွေဟာလည်း ဂိမ်းကို လူသိများစေတဲ့ အကြောင်းတရားတွေပါပဲ။
Niantic ရဲ့ ဆာဗာတွေဟာ ဒီဂိမ်းကို ဆော့တဲ့ လူတွေများလွန်းလို့  overload ဖြစ်လာပြီး နိုင်ငံတကာ အနှံ့  ထုတ်လွှတ်ဖြန့် ချီရာမှာ ကြန့် ကြာမှုတွေနဲ့ ကြုံတွေလာပါတယ်။ အာရှနဲ့ ဥရောပမှ သုံးစွဲသူတွေဟာ တရားဝင်ချန်နယ်လိုင်းတွေကနေတစ်ဆင့် ဂိမ်းဆော့ခွင့်ရဖို့ စောင့်ဆိုင်းနေဆဲပါ။
လက်တလောမှာတော့ ဒီဂိမ်းဟာ တစ်ကမ္ဘာလုံးမှ အာရုံစိုက်မှုကို ရရှိထားသလို စမတ်ဖုန်းတွေရဲ့ app တွေနဲ့  မိုဘိုလ်းဂိမ်းလောကထဲမှာ မှတ်တိုင်တစ်ခု စိုက်ထူထားပါတယ်။ ဒီပလက်ဖောင်းပေါ်မှာ တာရှည် တည်မြဲနေတာ တွေ့ မလား မသိရသေးပါဘူး။ ဒါပေမယ့် ဂျပန်ကျေးလက်မှ တောတန်း နဲ့ စမ်းချောင်းလေးတွေ  ဆီက အင်းဆက်တွေကို စုဆောင်းခဲ့တဲ့ ကလေးလေးဘဝကနေ လုပ်ငန်း လက်ခွဲတွေအတွက် အလွန်ကြီးမားတဲ့  နောက် တစ်လှမ်းကို ကိုယ်စားပြုလာတဲ့ Poke’mon Go နဲ့  လမ်းဖောက်နိုင်ခဲ့ပါပြီ။
Pokemon Go မိုဘိုင်းဂိမ်းကို Apple App Store နဲ့ Google Play တို့ကနေတဆင့် Download ရယူနိုင်နေပြီဖြစ်ပြီး နိုင်ငံတစ်ချို့မှာတော့ ဆော့ကစားလို့မရသေးပါဘူး။ သြဂုတ်လနောက်ပိုင်းမှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆော့ကစားလို့ရနိုင်တော့မယ်လို့လည်းသိရပါတယ်။ Pokemon Go ဂိမ်းကိုအောက်က link များမှာရယူနိုင်ပါတယ်။
Pokémon GO Game for iPhone အားရယူရန်
Pokémon GO Game for Android အားရယူရန်
Wai Linn Aung (Myanmar Mobile App)
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...
♪ Pokemon Go စပြီး ကစားမယ့် Pokemon trainers တွေအတွက် Basic knowledge များ ♫
Pokemon Go ကိုစဖွင့်တာနဲ့ Map ပေါ်မှာ အပြာရောင် စတုရန်းတွေတွေ့လိမ့်မယ် Pokestops လို့ခေါ်တယ် အဲ့နေရာတွေနဲ့ နီးလာရင် စတုရန်းကနေ ပိုကီမွန် အလုံးပုံပြောင်းသွားလိမ့်မယ်။ ဝေးတဲ့ pokestops တွေကတော့ စတုရန်းပဲ။ အဲ့ pokestops တွေကနေ အကောင်ဖမ်းဖို့ extra poke eggs တွေရမယ် battle မှာ revive လုပ်ဖို့ medicine & potions တွေရမယ် အကောင်ဖောက်ဖို့ ဥတွေရမယ်. Pokestop လေးကို click ပြီး အဝိုင်းလေးကိုလှည့်ပေးရုံပဲ။ သူများက လှည့်သွားပြီးရင်တော့ fail ဖြစ်လိမ့်မယ် နောက် pokestop ကို အမြန်ဒိုးတော့။
တချို့ pokestops တွေမှာ ပန်းရောင်ပန်းတွေဝေနေတာတွေ့ရင် အပြေးသွား။ သူတို့က မိနစ် ၃၀တခါ ပိုကီမွန်တွေကို ဆွဲဆောင်နိုင်တယ် အဲ့မှာပဲတနေကုန်ရပ်နေရင် အပြိုင်ဖမ်းမဲ့လူမရှိရင် သေချာပေါက် နာရီဝက် တကောင်ရမယ်။ pikachu တို့ mewtwo တို့တော့ မရနိုင်ဘူး။
တချို့နေရာတွေမှာ အစိမ်းရောင် အရွက်တွေပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာတွေ့မယ် အဲ့နေရာတွေက pokemon အကောင်းစားတွေ တွေ့ဖို့ potential ရှိတယ်။ အဲ့နေရာတွေကို များများပတ်လျှောက်ပါ lol
အပေါ်မှာပိုကီမွန်နဲ့ တာဝါတိုင်ကိုတွေ့လား အဲ့ဒါ gym. အဲ့ gym က ကိုယ့် အသင်းပိုင်ရင် ကိုယ့် pokemon ထားပြီး defend ပေးလို့ရတယ် စစ်ကူပေါ့။ ကိုယ့်အသင်းမပိုင်ရင် သွား fight လို့ရတယ် နိုင်မယ်ထင်ရင်ပေါ့။
အသင်းက player level 5 ရောက်မှပွင့်မယ် gym ရောပဲ
Team mystic (blue) Team valor (red) Team instinct (yellow) ဆိုပီး ၃သင်းကွဲသွားမယ်. ကျနော်ကတော့ အပြာရောင်
Pokemon inventory
ဖမ်းမိသမျှ pokemon တွေကို ပြန်ကြည့်နိုင်ပါတယ် ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာမိတာတွေက အစ။ အကောင် ၂၅၀အထိ သိမ်းထားနိုင်တယ်။
CP ဆိုတာ combat power ကိုပြောတာပါ။ Gym battles တွေမှာ အရေးပါပါတယ်။ များလေကောင်းလေပေါ့။ ဖမ်းမိတဲ့ pokemon ကို power up ဒါမှမဟုတ် evolve လုပ်ရင် CP တက်ပါတယ်။
Pokemon
ကျနော်စောနကဖမ်းမိတဲ့ sandshrew လေးကို example ထားပြောမယ်ဗျ common pokemon မဟုတ်လို့ပါ ၃ခါလောက် ဖမ်းလိုက်ရတယ်။ တချို့ pokemon တွေက pokeball ၁ခု ထဲနဲ့ဖမ်းရပေမယ့် တချို့က ပြန်ထွက်သွားတတ်တယ်. တချို့ဆိုသူများဦးသွားတတ်တယ်။ pokeball ၃ခါမီးလင်းပြီး မီးငြိမ်းသွားရင် သေချာတယ်ဖမ်းမိပီ၊ ၁ခါမီးလင်းပြီး လွတ်သွားတာတွေတပုံကြီးပဲ။
Pokemon ၁ကောင် ဖမ်းမိရင် stardust (ပုံသေမဟုတ်) ရတယ် candy 3ခု ရတယ်။ power up အတွက် stardust 400 candy 1 ခုပုံသေဖြစ်ပေမယ့် evolve ဖို့အတွက်လိုတဲ့ candy က တကောင်နဲ့တကောင်မတူဘူး. ကျနော့် sandshrew ကို evolve ဖို့ candy 50 လိုတယ်ဆိုတော့ အကောင် နောက်ထပ် ၁၇ကောင် farm ရမယ်။ 17×3=51. Power up ချင်ရင်တော့ ထပ် farm ပေါ့။ weakness and pokemon types တွေကတော့ ကျနော်လဲ မလေ့လာရသေးပါဘူး။
Profile
Journal ကတော့ အကောင်ဖမ်းမိတဲ့ details တွေပါပဲ
အကောင်များများဖမ်းရင် experience တက်ပါတယ် pokestops တွေသွားပြီး spin ရင်လဲ 50 xp ရပါတယ်။ Team ခွဲတာတော့ level 5 ရောက်မှပါ။
Items inventory
Collect လို့ရသမျှ pokeballs တွေ revive medicine & potions တွေကိုဒီမှာတွေ့နိုင်ပါတယ် pokeeggs and egg incubators တွေအကြောင်းတော့ နောက်မှထည့်ပါမယ်။
Incense ကတော့ ကိုယ်ဘယ်နေရာရောက်ရောက် အဲ့ဒါလေးပစ်ချလိုက်ရင် မိနစ် ၃၀ အတွင်း pokemon ၁ကောင်ကျိန်းသေလာပါတယ်။ ပုံမှန်အားဖြင့် incense ကို level up ရင်ရပေမယ့် store ကနေလဲ poke coins နဲ့ဝယ်လို့ရပါတယ်။ poke eggs တွေ poke balls တွေ potions တွေလဲ ဝယ်လို့ရပါတယ် real money နဲ့ poke coins တွေဝယ်ရတာပါ။
Potion တခုကို hp (health points) 20 ပြန်ဖြည့်ပေးနိုင်ပါတယ်။ Gym battle အတွင်းမှာပါ။ Revive ကကျတော့ battle တိုက်ရင်း သေသွားတဲ့ pokemon ကို ပုံမှန် hp ရဲ့တဝက်နဲ့ ပြန် အသက်သွင်းပေးနိုင်ပါတယ်။ Gym battles တွေကပုံမှန်ဆို 6 vs 6 တိုက်ရတာပါ။ revive နဲ့ potions တွေများများသယ်သွားဖို့လိုပါတယ်။
Nearby pokemons!
လမ်းလျှောက်ရင်းနဲ့ pokemons တွေတွေ့ ရင် vibration ဖြစ်ပါလိမ့်မယ်။ bottom right corner က tab လေးကို ဖွင့်ကြည့်ရင် အနီးမှာရှိတဲ့ အကောင်တွေတွေ့မှာပါ။ ဖမ်းပီးသားအကောင်တွေကတော့ ပုံပေါ်ပေမယ့် မဖမ်းရသေးတာတွေကျတော့ blank ပဲဖစ်နေမှာပါ။ ခြေလှမ်း ၃လှမ်းကတော့ ၂မိနစ်လောက်ရှာရဦးမှာပါ။ ခြေလှမ်း၁လှမ်းပဲဆို တော်တော်နီးနေပါပြီ။ တွေ့ရင် vibrate ပါလိမ့်မယ်။
ဖမ်းပီးသားအကောင်လဲ ထပ်ဖမ်းရပါမယ် evolve လုပ်ဖို့ candies လိုပါတယ်။
Pokemon index or Pokedex
ဒါကတော့ pokemon dictionary ပါ ဖမ်းမိတဲ့အကောင်တွေဆို ပုံပြပါတယ်။ မဖမ်းမိပဲ လွတ်သွားတဲ့အကောင်တွေဆို blank ပြပါတယ်။ ကျနော်ဆို ၃ကောင်လွတ်ပါတယ်။ squirtel code no 007 အပါအဝင်။
Evolve abra
Abra ကို evolve ဖို့ candies 25 ခုလိုပါတယ်. ၁ကောင်မိရင် candy ၃ခုရတယ် အာ့ကြောင့် စုစုပေါင်း ၉ကောင်ရှာရပါတယ်။ Evolve မလုပ်ခင် CP 92 ပဲရှိပါတယ်။
Pokemon Go မိုဘိုင်းဂိမ်းကို Apple App Store နဲ့ Google Play တို့ကနေတဆင့် Download ရယူနိုင်နေပြီဖြစ်ပြီး နိုင်ငံတစ်ချို့မှာတော့ ဆော့ကစားလို့မရသေးပါဘူး။ သြဂုတ်လနောက်ပိုင်းမှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆော့ကစားလို့ရနိုင်တော့မယ်လို့လည်းသိရပါတယ်။ Pokemon Go ဂိမ်းကိုအောက်က link များမှာရယူနိုင်ပါတယ်။
Pokémon GO Game for iPhone အားရယူရန်
Pokémon GO Game for Android အားရယူရန်
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...
7/12/2016
♪ “Game Local Update” ♫
ယခုအပတ်အတွင်းPCဂိမ်းသစ်များအဖြစ်Lego ဂိမ်းသစ်Lego Star Wars The Force Awakens နှင့်အတူ The Technomancerအမည်ရOpen World Action RPG ဂိမ်းသစ်လည်းထွက်ရှိလာပါတယ်
Lego Star Wars ဂိမ်းသစ် တွင်ကစားသူဟာStar Wars VII ရုပ်ရှင်ဇာတ်ကားမှဇာတ်ဝင်ခန်းများတွင် Lego ဇာတ်ကောင်လေးများအသွင်ဖြင့်ကစားရမှာဖြစ်ပြီးLego Block များ ကိုဆက်ရာတွင်ယခင်ကဲ့သို့ပုံသေနည်းများဖြင့်မဟုတ်ဘဲပုံစံသစ်မျိုးစုံပြောင်းလဲဆက်နိုင်ပြီဖြစ်သလို Shooting Gameplay ပိုင်းများကိုလည်း ယခင်Lego ဂိမ်းများထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားကြောင်းသိရပါသည်။Focus Interactive မှဖြန့်ချိသောThe Technomancerအမည်ရMars ဂြိုဟ်ပေါ်တွင် ကစားရမည့်Open World Action RPG ဂိမ်းသစ်နှင့်အတူDotA 2 Reborn ၏6.88 updateလည်းထွက်ရှိလာပါတယ်။
Product အသစ်အဖြစ်PlayStation Vita နှင့်PlayStation Classics ဂိမ်းခွေ များကိုTV ဖြင့်ချိတ်ဆက်ကစားနိုင်မည့်Sony ၏PlayStation TV ဂိမ်းစက် များဝင်ရောက်လာပြီးPS3 လက်ကိုင်အပါအ၀င်Promotion ဈေး၁၀၀,၀၀၀ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။
PSTV စက် အတွင်းသို့PSVitaဂိမ်းများထည့်သွင်းကာHDMI Cable အသုံးပြု၍ TV ဖြင့် ချိတ်ဆက်ကစားနိုင်မှာဖြစ်ပြီး PlayStation 3 လက်ကိုင်ကိုအသုံးပြု၍Person 4 Golden, Conception II, Danganronpa 2 နှင့်Demon Gaze အစရှိ သောPSVitaဂိမ်းခွေများကိုကစားနိုင်မှာဖြစ်ပါတယ်။GAME HIVE ဖုန်းနံပါတ် ၀၉၇၃၁၁၈၅၅၀နှင့်၀၉၄၅၀၀၄၁၅၀၀သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
www.pyaephyo.com
Read More ...