Showing posts with label Backup and Restoreပြုလုပ်နည်း. Show all posts
Showing posts with label Backup and Restoreပြုလုပ်နည်း. Show all posts

3/08/2015

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ

မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို တင်ပေးချင်နေခဲ့တာကြပါပြီ
ဖြစ်နိုင်ရင် တစ်ခုချင်းစီရဲ့ အသုံးပြုနည်းကို အသေးစစ်
ရှင်းပြသွားချင်တာပါ အခုတော့ အချိန်သိပ်မရတော့တာနဲ့
အားလုံးပေါင်းပြီး ပိုစ့်တစ်ခုတည်းမှာ ဖတ်လို့ရအောင်
ကြိုးစားပေးလိုက်ပါတယ်။

အခုကျနော် ပြန်လည်မျှဝေလိုက်တဲ့ နည်းပညာလေးဟာ
စမတ်ဖုန်းကို ကိုင်ဆောင်ထားတဲ့ သူတိုင်း လုံးဝသိထားသင့်တဲ့
ပညာရပ်ဖြစ်ပါတယ်။

ကျနော်ရင်ထဲတော့ဗျာ ဆိုက်ကလေးလာရောက်အားပေးကြတဲ့
ချစ်ပရိတ်သတ်ကြီးများနဲ့ ၀ါသနာတူ လာရောက်ကြည့်ရှုကြတဲ့
ညီအကိုတွေကို တကယ်သိစေချင်တယ် တတ်စေချင်ပါတယ်

တကယ်သိစေချင် တတ်စေချင်တယ်ဆိုပေမယ့် ပြောပြရုံလောက်နဲ့
ပြီးတော့ ပုံလေးတွေကို Tutorial အဖြစ် ရှင်းပြထားရုံလေးနဲ့တော့
လေ့လာခါစ သူတွေအတွက် မလုံလောက်သေးဖူးလို့ ထင်ပါတယ်။

မိမိအတွက် တကယ်လိုအပ်တဲ့ ပညာရပ်တစ်ခုဖြစ်တယ်
ပြီးတော့ သိထားရမယ့် အပိုင်း တတ်ထားမှ ရမယ်လို့
 သဘောထားခဲ့ရင်တော့ မအားတဲ့ ကိုင်ပိုင်အချိန်လေးထဲက
 ပေးဆပ်မှု ကြိုးစားမှု ထပ်ခါတလေ့လေ့ အားထုပ်မှုတွေက
ပိုပြီး အရေးကြီးလိမ့်မယ်လို့ ကျနော် အကြံပြု ချင်ပါတယ်ခင်ဗျား...

အခုကျနော် ရှင်းပြသွားမယ့် Tutorial လေးကတော့
ဖုန်း System တစ်ခုလုံးကို ပြောရရင်တော့ ဖုန်းတစ်ခုလုံးကို
ကွန်ပျူ တာမှာ Backup & Restore လုပ်နိုင်တဲ့ ဆော့ဝဲတွေနဲ့
အလွယ်တကူ Backup & Restore လုပ်ယူနည်းဖြစ်ပါတယ်။

Read More ...

ဖုန်း System တစ်ခုလုံးကို Backu and Restore ဆိုင်ရာ ဖုန်းမှာတင် အလွယ်တကူ လုပ်ယူနည်းအပြည့်အစုံ

မင်္ဂလာပါ
အမေးများလာတဲ့ ဆော့ဝဲတွေထဲမှာ တကယ့်တန်ဖိုးရှိမယ့်
အသုံးတည့် ဆော့ဝဲလေးတစ်ခုကို အားလုံးအတွက်တင်ပေးလိုက်ပါတယ်

ဒီဆော့ဝဲလေးကတော့ ဖုန်း crash ဖြစ်ပြီး ပျက်စီးဆုံးရှုံးသွားတဲ့
Text Message အားလုံးကို ပြန်လည် ရယူနိုင်တဲ့ အပြင်
အထူးသဖြင့် ဖုန်းတစ်လုံးကို Firmware အသစ်မတင်မှီ
ဖုန်းထဲမှာရှိတဲ့ Data အားလုံးကို Backup & Restore ပြုလုပ်ဖို့ရန်
အကောင်းဆုံးဆော့ဝဲဖြစ်ပါတယ်။

ကျနော်အထင်တော့ ဖုန်းအတွက် Backup လုပ်နိုင်တဲ့ ဆော့ဝဲတွေ
အများရှိကြတဲ့အနက် Play store Official ဆိုက်ထဲမှာတော့
ဒီဆော့ဝဲလေးဟာ သေးငယ်ပြီး ဖုန်းတိုင်းမှာ အသုံးပြု လို့ရတဲ့အတွက်
အားလုံးထက် ပိုကောင်းတယ်လို့ ထင်ပါတယ်။

ဖုန်းမှာ Backu လုပ်နည်း
==============
 ဖုန်းတစ်လုံးကို Backup & Restore မလုပ်မှီလေး
သူ့အတွက် သက်ဆိုင်တဲ့ Apk လေးရဲ့ Feature လေးတွေကိုတော့
သိထားတာက ပိုကောင်းတာပေါ့ ဒီဆော့ဝဲလေးရဲ့
Feature လေးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

MS Backup & Restore Features
===============
    Backup SMS messages in XML format.
    Automatic scheduled backups – Automatically backup text messages.
    View backup contents on the phone.
    Option to backup selected conversations.
    Email a backup file.
    Delete all SMS messages on the phone.

၁။ Feature လေးတွေကို သိပြီးပြီဆိုရင်တော့
Apk လေးကို အရင်ဆုံး ဒေါင်းလော့ရယူလိုက်ပါ။
ပြီးရင် ဖုန်းမှာ Install လုပ်လိုက်ပါ။

Download Here

OR

Download Here

၂။ Apk လေးကို ဖွင့်လိုက်ပါ။


၃။ မိမိဖုန်းကို Backup လုပ်လိုတယ်ဆိုရင်တော့
Backup button လေးကို နှိပ်လိုက်ပါ၊


 ၄။ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
Enter a Name ဆိုတဲ့ စာတန်းရဲ့ အောက်မှာ
မိမိဖုန်းထဲမှာ Backup လုပ်လိုတဲ့ File နာမည်ကို
 ရေးထည့်ပေးရမှာဖြစ်ပါတယ် အားလုံး ပြီးရင်းသွားရင်တော့
 OK ဆိုတာကိုနှိပ်ပေးလိုက်ပါ။
 

၅။ OK ကိုနှိပ်လိုက်ပြီးတဲ့ အောက်ကပုံလေးကို
ကြည့်လိုက်ပါ မိမိ Backup လုပ်လိုက်တဲ့ ဖိုင်တစ်ခုလုံးကို
 Backup စတင်အလုပ်လုပ်နေတာဖြစ်ပါတယ်။
ခနလေးစောင့်နေပေးလိုက်ပါ။


၆။ မိနစ်အနည်းငယ်ကြာပြီးလို့
Backup လုပ်ခြင်းကိစ္စ အောင်မြင်ပြီးစီးကြောင်း
အောက်ကပုံအတိုင်း ပြပေးနေပါလိမ့်မယ်။


 ဖုန်းကို Restore လုပ်နည်း
=============
Restore လုပ်နည်းလည်း Apk လေးကိုပဲ အသုံးပြုမှာဖြစ်တဲ့
အတွက် ဖုန်းမှာတင် အလွယ်တကူ Restore လုပ်ယူမှာဖြစ်ပါတယ်။
သိပ်မခက်ခဲတော့ပါ အောက်မှာ ပုံလေးတွေနဲ့ တကွ လေ့လာကြည့်လိုက်ပါ

၁။ Apk လေးကို ဖွင့်လိုက်ပါ။


၂။ မိမိဖုန်းကို Restore လုပ်မှာဖြစ်တဲ့အတွက်
Restore button လေးကို နှိပ်လိုက်ပါ။


၃။  အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
Enter a Name ဆိုတဲ့ စာတန်းရဲ့ အောက်မှာ
မိမိဖုန်းထဲမှာ Backup လုပ်လိုတဲ့ File နာမည်ကို
 ရေးထည့်ပေးရမှာဖြစ်ပါတယ် အားလုံး ပြီးရင်းသွားရင်တော့
 OK ဆိုတာကိုနှိပ်ပေးလိုက်ပါ။



၎။ OK ကိုနှိပ်လိုက်ပြီးတဲ့အခါ အောက်ကပုံလေးကို
ကြည့်လိုက်ပါ မိမိ Restore လုပ်လိုက်တဲ့ ဖိုင်တစ်ခုလုံးကို
Restore လုပ်နေပါလိမ့်မယ်။ ခနလေးစောင့်နေပေးလိုက်ပါ။

၅။ မိနစ်အနည်းငယ်ကြာပြီးလို့
Restore လုပ်ခြင်းကိစ္စ အောင်မြင်ပြီးစီးကြောင်း
အောက်ကပုံအတိုင်း ပြပေးနေပါလိမ့်မယ်။
OK လေးကို နှိပ်ပေးလိုက်ပါ။


 တစ်ခြားသော ဖုန်းတစ်ခုလုံးကို Factory Reset ချပြီးတဲ့ 
ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ Data များကို
 ပြန်လည်ရယူနည်းကိုတော့ အောက်ကလင့်မှာ ၀င်ဖတ်ကြည့်ပေးပါ။

Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်း

အားလုံးပဲ အဆင်ပြေကြလိမ့်မယိလို့မျှော်လင့်ပါတယ်
အားလုံးအတွက် ကျနော် ကြိုးစားနေပါဦးမည်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

2/27/2015

iOS Device များကို Jailbreak မလုပ်မှီ ဖုန်းထဲမှ Data ဖိုင်များကို အလွယ်တကူ Backup လုပ်ပြီး သိမ်းဆည်းထားနည်း

မင်္ဂလာပါ
ဒီတစ်ခါ ကျနော်ပြန်လည်မျှဝေချင်တာကတော့
iDevice တွေအတွက် မသိမိဖြစ်တဲ့ နည်းပညာလေးတစ်ခုဖြစ်ပါတယ်။

 iOS Device တစ်ခုကို သေသေချာချာလေးလုပ်တတ်သွားပြီဆိုရင်တော့
ကျန်တဲ့ Device အားလုံးလည်း ထို့အတူပဲဆိုတာကို သတိထားစေချင်ပါတယ်။

iDevice ကို Jailbreaking မလုပ်ခင် မိမိဖုန်း/tablet တို့မှာရှိတဲ့
အရေးကြီးတဲ့ Data တွေကို သိမ်းထားနည်းကိုတော့ iDevice ကို
ချစ်မြတ်နိုင်းသူတိုင်း လုံးဝသိထားရမယ့် အပိုင်းဖြစ်ပါတ။

Jailbreak လုပ်လိုက်တာနဲ့ Data တွေပျောက်ဆုံးပျက်စီးခဲ့မယ်ဆိုရင်
ပြီးတော့ Backup လုပ်ထားတာမျိုးလည်း မရှိဘူးဆိုရင်တော့
မိမိမှ သိမ်းဆည်းထားတဲ့ Data တွေကို ပြန်လည်ရယူနိုင်ဖို့က
တော်တော် မလွယ်တော့တဲ့ ကိစ္စတစ်ခုပါ။

Android Device က မိမိဖုန်း/Tablet တွေကို အလွယ်တကူ
Backup & Restore လုပ်ရန် လွယ်ကူပေမယ့် ဒီ iDevice တွေ
အတွက်တော့ အလေ့အထမရှိတဲ့သူတွေနဲ့ လေ့လာခါစ ကိုင်ခါစ
ညီကိုတွေအတွက် တော့ လုံးဝအခက်ကြီးတစ်ခု ဖြစ်မယ်ထင်ပါတယ်။

အခုကျနော် ရှင်းပြသွားမှာ iTunes ဆော့ဝဲကိုအသုံးပြု ပြီး
သိမ်းဆည်းထားနည်းကိုရော့ iCloud ကို အကောက်ကို အသုံးပြု ပြီး
ဖုန်း/Tablet တွေမှာတင် Backup လုပ်နည်း များကိုလည်း
အသေးစစ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

iTunes ဆော့ဝဲကို အသုံးပြု ပြီး Data များကို Backup လုပ်ပြီး
သိမ်းဆားထားနည်း (၁)
====================
၁။ ပထမဆုံး iTunes ဆော့ဝဲ နောက်ဆုံးထွက်လေးကို
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်သလို၊ iTunes ဆော့ဝဲကို
မိမိကွန်ပျူ တာရဲ့ OS Device နဲ့ကိုက်ညီမယ့် 32/64 Bit တွေကို
ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်းကိုလည်း
လေ့လာကြည့်လိုက်ပါ။

iTunes ဗားရှင်းအားလုံး ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်း

၂။ မိမိကွန်ပျူ တာမှာ iTunes ဆော့ဝဲကို အောင်မြင်စွာ
အင်စတောလုပ်ပြီးပြီဆိုရင်တော့ ဖုန်း/Tablet ကို
ကွန်ပျူ တာနဲ့ ချိတ်ဆက်လိုက်ပါ။

၃။ ပြီးရင် iTunes ဆော့ဝဲကို ဖွင့်လိုက်ပါ

၎။ ကွန်ပျူ တာမှာ iTunes ဆော့ဝဲနဲ့ ချိတ်ဆက်ပြီးတဲ့ အခါ
 အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်။
 အဲဒီမှာ iTunes ဆော့ဝဲရဲ့အထက်
 sidebar မှာ မိမိဖုန်းနာမည်နဲ့ ဖေါ်ပြနေပါလိမ့်မယ်။
Right Click တစ်ချက်ထောက်လိုက်ပါ။
၅။ အောက်ကပုံအတိုင်းပေါ်လာတဲ့အခါ
 Backup ဆိုတာကိုနှိပ်လိုက်ပါ
၆။ အောက်ကပုံအတိုင်းပေးလာခဲ့ရင်တော့ Backup Now
ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
၇။ Backup လုပ်ပြီးတာနဲ့ Backup process ပြီးအောင်ထိ
စောင့်နေပေးလိုက်ပါ၊ ပြီးရင်တော့ မိမိကွန်ပျူ တာရဲ့ Documents ထဲကို
သွားကြည့်လိုက်ပါ မိမိ ဖုန်း/Tablet များကို အောင်မြင်စွာနဲ့
Backup လုပ်ပြီး သိမ်းဆည်းထားခြင်း ကိစ္စပြီးဆုံးပြီး ဖြစ်ပါတယ်။

iTunes ဆော့ဝဲကို အသုံးပြု ပြီး Data များကို Backup လုပ်ပြီး
သိမ်းဆားထားနည်း (၂)
 =========================
 ဒီတစ်ခါ Official ရဲ့ နည်းလမ်းအတိုင်း ရှင်းပြပေးသွားမှာ
ဖြစ်ပါတယ်။ အောက်မှာ လေ့လာကြည့်လိုက်ပါ

၁။ ပထမဆုံး iTunes ဆော့ဝဲ နောက်ဆုံးထွက်လေးကို
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်သလို၊ iTunes ဆော့ဝဲကို
မိမိကွန်ပျူ တာရဲ့ OS Device နဲ့ကိုက်ညီမယ့် 32/64 Bit တွေကို
ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်းကိုလည်း
လေ့လာကြည့်လိုက်ပါ။

iTunes ဗားရှင်းအားလုံး ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်း

၂။ မိမိကွန်ပျူ တာမှာ iTunes ဆော့ဝဲကို အောင်မြင်စွာ
အင်စတောလုပ်ပြီးပြီဆိုရင်တော့ ဖုန်း/Tablet ကို
ကွန်ပျူ တာနဲ့ ချိတ်ဆက်လိုက်ပါ။

၃။ ပြီးရင် iTunes ဆော့ဝဲကို ဖွင့်လိုက်ပါ

၎။ ကွန်ပျူ တာမှာ iTunes ဆော့ဝဲနဲ့ ချိတ်ဆက်ပြီးတဲ့ အခါ
 အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်။
အထက် File> Devices > Back up ဆိုတာကိုနှိပ်ပေးလိုက်ပါ။


 ၅။ Backup လုပ်ပြီးတာနဲ့ Backup process ပြီးအောင်ထိစောင့်နေပေးလိုက်ပါ၊
 ပြီးရင် iTunes ဆော့ဝဲကို ဖွင့်ပါ၊ Preferences ဆိုတာကိုထပ်နှိပ်ပါ။
iPhone/iPad/တွေရဲ့ နာမည်နဲ့ မိမိBackup လုပ်ထားတဲ့ အချိန်အတိအကျနဲ့
နေ့တွေပါ အသေအချာ မြင်ရမှာဖြစ်ပါတယ်။

 iCloud အကောက်ကိုအသုံးပြု ပြီး Data များကို Backup လုပ်ပြီး
သိမ်းဆည်းထားနည်း
=========================
၁။ iCloud အကောက်ကို အသုံးပြု ပြီး Backup လုပ်မှာဖြစ်လို့
သင့်မှာ iCloud အကောက်တစ်ခုရှိနေရပါမယ်။
iCloud အကောက်သာရှိနေခဲ့ရင်တော့ automatic
 %100% လောက် Backup လုပ်ရတာ လွယ်ကူပါတယ်။

၂။ Settings > iCloud > Backup
တကယ် သင့်ဖုန်းက iOS 7 Device သာဖြစ်နေခဲ့ရင်တော့
 Settings > iCloud > Storage & Backup ဆိုတာကို
တစ်ဆင့်ချင်းနှိပ်သွားလိုက်ပါ။

၃။ တကယ်လို့ သင့်ဖုန်းမှာ iCloud Backup ဆိုတဲ့
နေရာမှာ Turn on လုပ်လို့မရှိသေးရင်တော့Turn on လုပ်ပေးလိုက်ပါ။

၎။  ပြီးရင် Backup Now ဆိုတာကို နှိပ်ပေးလိုက်ပါ။
၅။ ဘာမှ ထပ်လုပ်ပေးစာမလိုပဲ သူ့အလိုလို Data
 တွေအားလုံးကို Backup လုပ်နေပါလိမ့်မယ်။
၆။ အားလုံးပြီးသွားရင်တော့ သင့်ဖုန်း/Tablet တွေမှာ
iCloud အကောက်ကိုအသုံးပြု ပြီး Backup လုပ်ခြင်း
ကိစ္စအောင်မြင်စွာပြီးဆုံးပါပြီ။

ဒီ iDevice ဆိုင်ရာ Data များအားလုံးကို
iTunes ဆော့ဝဲနဲ့ iCloud အကောက်တွေကို
အသုံးပြု ပြီး Restore အလွယ်တကူ လုပ်ယူနည်းများကိုတော့
အလင့်သင့်သလိုတင်ပေးသွားမှာဖြစ်ပါတယ်။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

12/04/2014

FarStone One Pro 1.0 Build 20141117 + Keygen

Windows system files, applications, favorites, emails, music, photos, movies,documents တွေကို
အလွယ်ကူဆုံးနဲ့ အမြန်ဆုံး Backup လုပ်ပေးမယ့် ဆော့ဝဲလ်လေးပါ။ မိမိပြုလုပ်ထားတဲ့ Backup image ဖိုင်
ကိုလည်း CD & USB flash တွေမှာ bootable ဖြင့်သိမ်းဆည်းထားနိုင်ပြီး နောက်ထပ်ပါဝင်တဲ့ Tools တွေ
လည်းရှိပါသေးတယ်။ အင်းစတောလုပ်နည်းကို ဒေါင်းလုပ်ဖိုင်ထဲမှာ သေခြာဖတ်ပါ။ အမြဲတမ်း Full ဖြစ်စေဖို့
အတွက် ဒေါင်းလုပ်ဖိုင်ထဲမှာ Keygen လေးကိုထည့်သွင်းပေးထားပါတယ်။
Read More ...

6/29/2014

★★ Static Backup 8 v1.256 + Reg ★★

ဒီကောင်လေးကိုတော့သူငယ်ချင်းတို့ဆောင်ထားသင့်ပါတယ်။ဘာတွေအသုံးဝင်လည်းဆိုတော့မိမိကွန်ပြူ တာမှာအင်စတောလုပ်တဲ့ဆောစ့်ဝဲတွေကိုမိမိလိုချင်တာရွေးပြီး Backup လုပ်နိုင်ပါတယ်။ဒီဆော့စ်ဝဲလေးကို
Run ပြီးလွယ်ကူစွာနဲ့ပဲပြန်ပြီး restore လုပ်နိုင်ပါတယ်။ကျန်တာကတော့မိမိအသုံးတည့်သလိုအသုံးပြုနိုင်ပါ
တယ်။Full ဖြစ်စေဖို့အတွက် Reg လေးကိုထည့်သွင်းပေးထားပါတယ်။အထဲမှာ Serial ကီးပါရှိတယ်။

Read More ...