Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

11/06/2015

♪ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့သုဝဏ္ဏ မြို့ဦးစေတီကွင်းတွင် ဟောပြောခဲ့သောမိန့်ခွန်းအပြည့်အစုံ MP3 ဒေါင်းယူနိုင်ပြီ ♫

Nov-1ရက်နေ့မှာ သုဝဏ္ဏ မြို့ဦးစေတီကွင်းတွင် ဟောပြောခဲ့တဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံ ဖိုင်ကိုတင်ပေးလိုက်ပါတယ်ဗျာ။ အသံကလည်းကြည်လင်ပြတ်သားမှုရှိပါတယ်။ အမေစုရဲ့ဟောပြောချက် များအပြင် ပြည်သူများနဲ့ အမေးအဖြေလုပ်တဲ့ အသံတွေအားလုံးပါဝင်ပါတယ်ဗျာ။ 33MB ဆိုတော့လည်း အရမ်းများတယ်လို့မပြောနိုင်ပါဘူး ဖုန်းနဲ့ဒေါင်းနေရင်တောင်ရနိုင်တဲ့ File Size ဖြစ်ပါတယ်ဗျာ။ ဖုန်းထဲမှာ လည်း နားထောင်နိုင်မှာဖြစ်ပါတယ်ဗျာ။ အောက်က link မှာဒေါင်း ယူသွားနိုင်ပါတယ်ဗျာ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

7/19/2013

ဇူလိုင် - ၁၉ မှာ ကျွန်တော်လည်း ဒါလေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂါရ၀ပြုလိုက်ပါတယ်ဗျာ။

Photo: ► ဖေဖေမောလို့ အိပ်နေတယ် ◄ .. ခရမ်းပြာထက်လူ

၁၉ ဇူလိုင်
သူ့ခန္ဓာ ဒီမှာဆုံးပေမယ့် သူ့တရားနဲ့ သူ့သမိုင်းကဆက်သွားတယ်။

တောပြိုသလို တောင်ပြိုသလို ကောင်းကင်ပြိုသလို လူတွေပြိုဆင်းလာကြ
နတ်တွေ နေရာမရအောင် လူတွေပြေးဆင်းလာကြ
လူတွေနေရာမရအောင် နတ်တွေပြေးဆင်းလာကြ။

ဒီဇူလိုင် ၁၉ မှာ
အောင်ဆန်းရယ် မင်းသေမယ့်အစား ငါတို့သာသေလိုက်ပါတော့လား
ရဟန်းသံဃာ ဘယ်သူဖြစ်ဖြစ် လဲမယ်တဲ့ သူတို့ခန္ဓာကိုယ်ကြီးတွေ ကိုင်ကိုင်ပြီးမြောက်လို့။

လူတွေပြေးဆင်းလာကြ
နေသူရိန်ရဲ့အနီးကပ်ပစ်ခတ်မှုကြောင့်
ဟိမ၀န္တာတောင်စောင်းက ရေခဲတွေ ဒရကြမ်းထိုးပျက်အရည်ပျော်ပြေးဆင်းကျလာသလို
လူတွေပြေးဆင်းလာကြ။

ဒီအချိန် မာရ်နတ်က သွားကြားထိုးလို့
ဒီအချိန် ဒေ၀ဒတ်က ဒူးနှံ့လို့
ဒီအချိန် ဆေတန်ကစီးကရက်ဖွာလို့
ပေါက်လွတ်ပဲစား တပ်ကြီး မီးပုံကြီးလို ကခုန်နေတာကလွဲရင်

လူတွေ မျက်လုံးနဲ့နှလုံးထဲမှာ အပူတွေ မနိုင်မနင်းသယ်လို့
လူတွေ သူတို့ကိုယ်ထဲက ဆောင့်ဆောင့်ရုန်းထွက်နေတဲ့ဝိဥာဉ်တွေ နဲ့ ၀ရုန်းသုန်းကားဖြစ်လို့
လူတွေ ကျွန်မရှုံးပြီ ရှင်ကြိုက်သလိုလုပ်လိုက်တော့
လူတွေ ကျွန်တော်ရှုံးပြီ ဓါးကိုရွှပ်ကနဲဆွဲထုတ် ဗိုက်သားကိုမျက်နှာချင်းထိုးချိန်လို့။

လူအုပ်ကြီး တိမ်အထုပ်ကြီးလို တအိအိသူ့ဘေးနားမျောလာတော့
လူတွေကိုမော့ကြည့်ပြီး ဒီကလေး နှစ်ယောက်ပြောတာက
‘‘ဖေဖေမောလို့ အိပ်နေတယ်တဲ့’’
ဒီအသံပျော့ပျော့လေးဟာ
လေပြင်းနဲ့ပြေးဝင်လာတဲ့သွပ်တစ်ချပ် လည်ပင်းကိုဖြတ်ပြီး
အမှောင်ထဲပြေးဝင်သွားသလို ပြင်းထန်လှချည်ရဲ့။

ဟုတ်ပါတယ်
သူတစ်ကယ်မောသွားခဲ့ပါပြီ
၃၁ ဘုံစာကို ၃၂ နှစ်နဲ့ အပြတ်ဖြတ်ပြီး
ကောင်းကင်အဟောင်းကိုဖြုတ် နိဗ္ဗာန်အသစ်ကိုချပေးခဲ့သူ
သူအိပ်ပါစေတော့။

ရှိသမျှ ၃၂ ကောဌာသကို အတိအကျပေးပြီး
ဘာတစ်ခုမှ ပြန်မယူပဲ ပြန်ထွက်သွားသူ
သူအိပ်ပါစေတော့။

ဖေဖေမောလို့ အိပ်နေတယ်
ဟုတ်ပါတယ် ကလေးရယ် သူတစ်ကယ်အိပ်မောကျသွားခဲ့ပါပြီ။

သူအိပ်ပါစေတော့
ဝါးလုံးထိုးစီးဆင်းနေတဲ့
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုခဏတားပြီး
သူ တစ်နှစ်အတွင်း လွတ်လပ်ရေးကို အရယူပေးပါ့မယ် ကတိပေး
ကတိကို ကတိနဲ့ ကတိတည်ရင်း ဂရိတ်ပလေယာ တစ်ယောက်အဖြစ် သူပြသခဲ့တယ်
ခု သူအိပ်ပါစေတော့။

သူ ကောင်းကင်ကိုဖွင့်မယ့်သော့
သူ အနာဂါတ်ကိုစီးမယ့်ယာဉ် ရန်သူရဲ့ဦးခေါင်းကိုဖြတ်ပြီး ယူလာပေးခဲ့ပြီ
သူအိပ်ပါစေတော့။

သူအိပ်ပါစေတော့
အိတ်ထဲမှာ တစ်ပြားတစ်ချပ်မှမရှိပဲ
ဆာလောင်လွန်းသမို့
သူ့ကိုယ်ရံတော်က သူမသိအောင်အကြွေးဝယ်ကြွေးခဲ့တဲ့ ပလာတာနဲ့ဆိတ်သားခပတ်လေးစားပြီး
သူအိပ်ပါစေတော့။

‘‘အနုပညာဆိုတာရှိတယ်
လင်မယားဘ၀မှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့
ဒီလိုပဲ တော်လှန်ရေးမှာလည်း
အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တစ်ကယ့်တော်လှန်ရေးအစစ်ဖြစ်တော့မှာပေါ့ ’’
ဒီလိုဖီလိုဆိုဖာကြီးလည်းဖြစ်
သူအိပ်ပါစေတော့။

ဟုတ်တယ်
သားတို့ သမီးတို့ ဖေဖေ မောလို့ အိပ်နေတယ်
‘‘ငါ့ သားသမီးတွေဆီမှာ
Sense of justice ရှိရင် ငါကျေနပ်ပါပြီကွာ’’လို့ပြောသွားတဲ့
သမီးတို့ သားတို့ဖေဖေ မောလို့ အိပ်သွားပြီ။
သူအိပ်ပါစေတော့။

သူ့မျက်နှာ မြေမျက်နှာသွင်ပြင်က
အပူပိုင်းအီကွေတာကျွန်းစုတွေမှာနေထိုင်တဲ့ မွန်ဂိုးလီးယံအနွယ်လူမျိုးတွေရဲ့မျက်နှာ
သူ့မျက်နှာက
တောင်ပေါ်ချင်းလူမျိုးတစ်ယောက်ရဲ့မျက်နှာလိုလည်းဖြစ်ရဲ့
ဆရာဒဂုန်တာရာကပြောတယ်
ဗမာ ၀ါဂွမ်းနဲ့ရက်လုပ်ထားတဲ့ ပင်နီဖျင်ကြမ်းကြီးကိုဝတ်လို့တဲ့
ဆရာဒဂုန်တာရာကပြောတယ်
သူ့ဆံပင်တွေက ပွယောင်းလို့တဲ့
(ကျွန်တော်ထင်တာက မုန်တိုင်းတစ်ခုဖြတ်သွားတိုင်း ကျန်ရစ်ခဲ့တဲ့မြို့တစ်မြို့လိုပေါ့။)
ဆရာဒဂုန်တာရာပြောသလို
ကျွန်တော်လည်းသူ့ကို
ပွင့်သစ်စ ပွဲလမ်းသဘင်တစ်ခုလို ရုပ်ဖြောင့်စေချင်ခဲ့တာပါပဲ။
သူက ကျွန်တော်တို့ ပုံပြင်တွေ စာအုပ်တွေထဲက ဒဏ္ဍာရီဆန်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်
သူဟာ ကျွန်တော်တို့ရဲ့ Special One တစ်ယောက်မဟုတ်လား။

ဒါပေမယ့် သူအိပ်ပါစေတော့။

ဒီဗမာ့ထွက်ရပ်ဂိုဏ်းလမ်းစဉ်ကြေငြာစာတမ်းအတွက် ၁၅ရက် အချိန်ယူမယ်ဆိုရင်
ခင်ဗျားတို့ လ္ဘက်ရည်သွားသောက်နေလိုက်ပါ ခင်ဗျားတို့ရေနွေးကြမ်းနဲ့မြည်းဖို့
ကျုပ် ပရင်တာတစ်လုံးလို စကားလုံးတွေထုတ်ပေးမယ်။
၁၅ မိနစ် မိနစ် ၃၀ ဒါမှမဟုတ် ၁ နာရီ ၂နာရီ စောင့်ပါ
အခြေအနေနဲ့အချိန်အခါတွေက ကျုပ်တို့ကိုစောင့်မှာမဟုတ်ဘူး။
ဒီလိုသူပင်ပန်းခဲ့ သူအိပ်ပါစေတော့။

လွတ်လပ်ရေးရပြီးရင်
ကျုပ် ဘုရင်မင်းမြတ်ကြီးလည်းမလုပ် အုပ်လည်းမအုပ်ချုပ်ချင်ဘူး
အော်ကြီးဟစ်ကျယ် အာဏာဝယ်ချင်တဲ့လူတွေကို ဘေးကအသာလက်ပိုက်ကြည့် ရယ်မောနေချင်တယ်။
ဒီလိုပြောခဲ့ ။ သူအိပ်ပါစေတော့။

လွတ်လပ်ရေးရပြီးရင်
စာရေးဆရာကြီးလုပ် သူရေးထုတ်မယ့်စာအုပ်တွေကို ကျွန်တော်တို့မဖတ်လိုက်ရတာနစ်နာခဲ့ပေမယ့်
သူအိပ်ပါစေတော့။

လက်ကြောမတင်းသလို ကျိန်စာမိသလို လူညွန့်တုန်းသလို
ကျွန်တော်တို့ သူ့ကိုမျှော်မိကြသေးတယ်။
သူအိပ်ပါစေတော့။

‘‘အလွန်ကောင်းစွာ ကမ္ဘာတည်မယ့်
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်
ပါရမီ အဓိဌာန်တမျိုးရယ်နှင့် ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့’’
သူအိပ်ပါစေတော့။

‘‘သြော်…တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က အောင်ပန်းညိုးရရှာတဲ့ အောင်ဆန်းတို့သေပုံ နှမြော’’။

အဖိုးရေ
အဖေအိပ်ပျော်ပါစေတော့

ငယ်ငယ်က
ဖေဖေမောလို့ အိပ်နေတယ် ပြောတဲ့သမီး ဒီမှာရှိနေပြီ
သူကောင်းစွာ အိပ်ပျော် ကောင်းကင်ဘုံတစ်ခုခုမှာ စံပျော်နေပါစေတော့။ ။

ခရမ်းပြာထက်လူ

( ၂ ၀ ၁ ၃ )

Credit to Heinn FiveStrings

4/25/2013

ကမ္ဘာ့အသိမှတ်ပြုလူသားတစ်ဦးအတွက် သမိုင်းဝင်ခဲ့တဲ့ စကားများ

နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

ဒေါ်စု....
သူ့အမေဆိုတဲ့အတိုင်းခင်ဗျားစိတ်
ဓာတ်မာလှပါတယ်။
ခင်ဗျားငွေတိုးချေးသလို၊
ခင်ဗျားဆီတွေလှောင်ထားသလို၊
သူ့ကိုလည်း
ခေတ်ကြီးထံအပြီးအပိုင်ချေးလိုက်
တယ်လို့မြင်ပါ။
ကျွန်တော်တို့လည်း ရင်ထဲမှာ အမြဲလှောင်သိမ်းထားတော့မယ်။

ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့
မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ
့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ
အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ...
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

ဟိန်း

13.2.13

ပြည့်ဖြိုး ဆိုဒ်က နည်းပညာတွေမျှဝေပေးတယ်ဆိုပေမယ့် ဒါမျိုးကိုတော့ ချန်မထားခဲ့နိုင်ပါဘူးဗျာ။အမှတ်
တရအဖြစ်ဂုဏ်ယူဝင့်ကြွားစွာနဲ့တင်ပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်းရဲ့ရင်ထဲမှာ ဗိုလ်ချုပ်ဆိုတာ တစ်ယောက်တည်းရှိပါတယ်။ အဲဒီလူသား
ကိုကျွန်တော်နာမည်မပြောတော့ပါဘူး။ သူ့ပုံလည်းမတင်ပြတော့ပါဘူး လူတိုင်းရင်ထဲမှာ စွဲနေတဲ့အတွက်
တင်စရာမလိုလောက်ဘူးထင်လို့ပါ။ သူ့အတွက် သမိုင်းဝင်ပြီး ဘယ်တော့မှ မေ့လို့မရခဲ့တဲ့ စကားတွေ
အများကြီးရှိခဲ့ပါတယ်။ အဲဒီထဲကမှ ကျွန်တော်သဘောကျတဲ့ စကားတွေကိုရွေးချယ်ပြီး စုစည်းပေးလိုက်
ပါတယ်။ ညီငယ်ညီမငယ်လေးတွေလည်း မသိတာရှိရင် သိသွားရအောင်ပါ။

နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်
းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

ဒေါ်စု....
သူ့အမေဆိုတဲ့အတိုင်းခင်ဗျားစိတ်
ဓာတ်မာလှပါတယ်။
ခင်ဗျားငွေတိုးချေးသလို၊
ခင်ဗျားဆီတွေလှောင်ထားသလို၊
သူ့ကိုလည်း
ခေတ်ကြီးထံအပြီးအပိုင်ချေးလိုက်
တယ်လို့မြင်ပါ။
ကျွန်တော်တို့လည်း ရင်ထဲမှာ အမြဲလှောင်သိမ်းထားတော့မယ်။

ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့
မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ

စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ
အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ...
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ
Read More ...

2/13/2013

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးစာအုပ်များ စုစည်းဖော်ပြခြင်း

http://www.myathwayni.com/wp-content/uploads/2012/02/UAS.jpg 

              ဒီနေ့က (၁၃.၂.၂၀၁၃)  ဗိုလ်ချုပ်မွေးနေ့ ဖြစ်ပါတယ်။ အထိမ်းအမှတ် ဗိုလ်ချုပ်နဲ့ ပတ်သက်
သည့် စာပေများ ၊ ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့သည့် စာပေများကို တစ်နေရာထည်းမှာဒေါင်းယူနိုင်ရန်
အတွက် မျှဝေပေးလိုက်ပါတယ်ဗျာ။
Credit to - (အမျိုးကောင်းသား)
Read More ...

11/23/2012

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကလိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ နှင့် ရုပ်သံမှတ်တမ်း အပြည့်အစုံ

o
                  ကျွန်တော့်ဆိုဒ်က နည်းပညာတွေကိုဘဲအဓိကထားပြီးမျှဝေပေးနေတဲ့ ဆိုဒ်ဖြစ်ပါတယ်။ အခု
Post ကတော့ နည်းပညာနဲ့တော့မဆိုင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသားတစ်ယောက်အဖြစ်နဲ့ သမိုင်း
ဝင်မှတ်တမ်းကို ဂုဏ်ယူစွာနဲ့အမှတ်တရအဖြစ် တင်ထားချင်တဲ့ စိတ်ကူးနဲ့ ဒီ Post လေးကိုတင်ပေးလိုက်
တာပါ။ အမေရိကန်သမ္မတအိုဘားမား ရဲ့ မိန့်ခွန်းကို ကျွန်တော့်ဆိုဒ်မှာ လည်းဖတ်နိုင်တဲ့ အပြင် PDF
အနေနဲ့လည်းဒေါင်းယူထားနိုင်အောင် ဒီနေရာမှာ တင်ပေးထားပါတယ်ဗျာ။ သမိုင်းဝင်မိန့်ခွန်းအပြည့်
အစုံကိုအောက်မှာ ပုံနဲ့တကွ ဖတ်ရှုနိုင်ပါပြီ။ အမေရိကန်သမ္မတ အိုဘားမား ရဲ့ မြန်မာပြည်ခရီးစဉ် နှင့်
မိန့်ခွန်း အပြည့်အစုံကိုလည်း ရုပ်သံကြည့်ရှုချင်တယ်ဆိုရင် အောက်မှာ ကြည့်ရှုနိုင်ပါတယ်ဗျာ။

Credit to  - http://www.news-eleven.com/
Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
Read More ...