Showing posts with label Tutorial. Show all posts
Showing posts with label Tutorial. Show all posts
3/26/2016
Android Phone မှာ မှားဖျက်မိတဲ့ ဓါတ်ပုံများကို ပြန်လည်ရယူနည်း
သင့်ရဲ့ Android Phone , Tablet တို့မှာ မတော်တဆ ဓါတ်ပုံတွေကို ဖျက်မိသွားတဲ့ အဖြစ်အပျက်မျိုး ဖြစ်ဖူးကြမှာပါ။ အဲဒီအတွက်တော့ စိတ်ပျက်စရာမလိုပါဘူး။ Android Device တွေမှာ မှားဖျက်မိတဲ့ ဓါတ်ပုံများကို ပြန်လည်ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ တစ်ခုအရေးကြီးတာက မှားဖျက်မိတာကို သိတာနဲ့ အလျှင်အမြန် ပြန်ရှာဖို့လိုပါတယ်။
ဓါတ်ပုံ၊ သီချင်း နဲ့ ဖိုင်များကို ဖျက်မိတဲ့အခါမှာ ဖုန်းထဲကနေ ချက်ချင်း ပျောက်သွားတာမဟုတ်ပါဘူး။ ဒေတာအသစ်တွေ ၀င်ရောက်လာမှသာ အဲဒီမှားဖျက်မိတဲ့ ဖိုင်တွေကို အမှန်တကယ် ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒေတာအသစ်တွေ မ၀င်လာအောင် အရင်ဆုံး သင့်ဖုန်းမှာ WiFi နဲ့ Mobile Data ကို ပိတ်ပါ။
မှတ်ချက်။ ။ အခုဖြော်ပမယ့် နည်းလမ်းကို ပြုလုပ်ဖို့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုပါတယ်။
ပျောက်ဆုံးသွားတဲ့ ဓါတ်ပုံများကို ပြန်ရှာနည်း
Android Device မှာ ဓါတ်ပုံများကို ပြန်လည် ရှာဖွေနိုင်တဲ့ Programs များစွာ ရှိပေမယ့် Wondershare က ထုတ်တဲ့ Dr Fone for Android ရဲ့ ရလဒ်တွေက ကျေနပ်စရာဖြစ်ပါတယ်။ အဲဒီ Program ကို အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
Download
Dr Fone ကို ၀င်းဒိုး ပီစီမှာ အင်စတောလုပ်ပြီး ဖွင့်ပါ။
သင့်ရဲ့ စမတ်ဖုန်းကို USB ကြိုးကနေ တစ်ဆင့် ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။ ဖုန်းမှာ USB Debuggng ကို Enable လုပ်ပေးထားရပါမယ်။ မလုပ်ရသေးရင် Settings> Developer Options ထဲသွားပြီး USB Debugging ကို Enable လုပ်ပါ။ ( Developer Options ကို သင့်ဖုန်းရဲ့ Settings ထဲမှာ မတွေ့ရရင် Settings> About Phone ထဲသွားပြီး Build Number ကို ထပ်ခါ ထပ်ခါ နှိပ်ပါ။ Developer Options ကို Enable လုပ်ပြီးကြောင်း Notification တက်လာမှာဖြစ်ပါတယ်။
Dr Fone က သင့်ဖုန်းနဲ့ ချိတ်ဆက်မိပြီဆိုရင် ရှာဖွေချင်တဲ့ ဖိုင်အမျိုးအစားကို ရွေးချယ်ရမှာပါ။ Gallery ကိုရွေးပေးပါ။
နောက်အဆင့်မှာတော့ Deleted Files or All Files ကိုရွေးချယ်ရမှာပါ။ မှားဖျက်မိတဲ့ ဓါတ်ပုံတွေကို ရှာဖွေဖို့အတွက် Deleted Files ကိုရွေးချယ်ပေးပါ။ ဖုန်းမှာ Superuser Permission တောင်းခံရင် Accept လုပ်ပေးပါ။
ပြီးရင်တော့ Dr Fone က သင့်ဖုန်းကို Scan လုပ်မှာပါ။ သင့်ရဲ့ ဖုန်းမှာ Screen အချို့ ပေါ်ထွက်လာပြီး ဖုန်းဟာ Reboot ဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းထားပေးပါ။ Dr Fone က သင့်ဖုန်းမှာ အလုပ်များ လုပ်နေတာ ဖြစ်ပါတယ်။
Dr Fone က သင့်ဖုန်းကို Scan လုပ်ပြီးရင် ဖျက်ဆီးမိတဲ့ ဖိုင်များကို ပြပေးမှာပါ။ ပြန်လည်ရယူချင်တဲ့ ဖိုင်များကို Check Box မှာ ရွေးချယ်ပေးပြီး Recover ခလုတ်ကို နှိပ်ပါ။
Dr Fone ကို အသုံးပြုပြီး ဒီနည်းအတိုင်း ပြန်လည်ရယူနိုင်ပါတယ်။ သတိပြုစရာတစ်ခုက သင့်ဖုန်းမှ အရေးကြီး ဖိုင်များ၊ ဒေတာများကို ကွန်ပြူတာ၊ Portable Memory Stick, Drive တို့မှာ အမြဲတစ်စေ Backup ပြုလုပ်ထားသင့်ပါတယ်။
Credit - www.myanmardigitallife.com
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
   Download
Read More ...
2/09/2015
www.sammobile.com မှာအကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ယူနိုင်ပါပြီ
မင်္ဂလာပါ
အခုကျနော်တင်ပေးလိုက်တဲ့ နည်းပညာသည် နည်းပညာလိုက်စားသူညီအကိုများနဲ့၊
 ဖုန်းကလစ်သူများနဲ့ ဖုန်း Service သမားတွေအတွက် မသိမဖြစ်တဲ့ နည်းပညာဖြစ်ပါတယ်။
ဟုတ်ပါတယ် သင်ဟာ ပိုစ့်ရဲ့ခေါင်းစဉ်နဲ့ ပုံလေးကိုမြင်တာနဲ့ ဘာဆိုတာကိုသဘောပေါက်မှာပါ
နည်းပညာများကို လေ့လာခါစညီအကိုများတော့ သိကြဦးမှာ မဟုတ်လောက်ပါဘူး၊ ဒါပေမယ့် ကျနော်သိထားသမျှ အရာသည် လိုအပ်နေသူတစ်ဦးတစ်ယောက်အတွက်
အဆင်ပြေသံလေးကိုကြားရင် ကျ နော်အရမ်းဝမ်းသာပါတယ်။
နည်းပညာလောကထဲက ညီအကိုများကတော့ တစ်ချို့ လည်း
သိပြီးသား ဖြစ်သလို နေ့စဉ်လည်း အားကိုးတစ်ကြီးနဲ့ အသုံးပြုနေကြရတဲ့
မသိမဖြစ် မရှိမဖြစ်တဲ့ စပါယ်ရှယ် နည်းပညာတစ်ခုပါ။
သိပြီးသားဘော်ဒါတွေကတော့ ကျော်သွားလိုက်ပါ မသိသေးတဲ့သူတွေအတွက်
www.sammobile.com မှာအကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး
Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ ဘယ်လိုရယူ
နိုင်မလဲဆိုတာကို ကျနော် အသေးစစ်ရှင်းပြသွားမှာဖြစ်ပါတယ်။
သင်ဟာ Android Device ကိုကြို က်နှစ်သက်ပါသလား?
 ထိုလောကတွင် သင်ဟာ သာမန် User တစ်ယောက်အနေဖြင့်
 အသုံးပြု တတ်လာရင်းကနေပျော်နေပြီလား?
သင့်မှာ ကိုယ်ပိုင်ဖုန်းလေးကို တစ်ခြားဖုန်းတွေလို
နောက်ဆုံး ဗားရှင်းဆိုတာကို တင်သုံးပြီး စမတ်ကျ ချင်နေတာလား?
နည်းပညာလောကထဲကို ကိုယ်သိသလောက်
 အများသူငှာကိုလည်း ပြန်လည် မျှ ဝေလိုတာလား?
 နေ့စဉ်နဲ့ အမျှ သင့်ကိုခင်လို့ အားကိုးလို့ Firmware လေး
ပေးပါဦး။ တင်ပေးပါဦးလို့ တောင်းဆိုနေကြတာလား?
အရေးတကြီး လိုအပ်နေတဲ့အချိ န် အွန်လိုင်းတစ်ခွင်
ဘယ်သွားရှာရမယ်မသိ အုံးစားနေတာလား?
Official ဆိုက်မဟုတ်တဲ့ Unofficial ဆိုက်များမှာပေးထားတဲ့
Download Link များကို သံသယကြောင့် ဒေါင်းလော့မယူရဲတာလား?
သင်ဟာ Samsung Official ရဲ့ ထုတ်ကုန်မှန်သမျှ Firmware အားလုံးကို
တစ်နေရာတည်းမှာ တစ်ထိုင်တည်းနဲ့ လိုအပ်သလောက် ဒေါင်းလော့ယူပြီး
သိမ်းဆဲထားလိုတာလား?
အခုကျနော် ပြန်လည်မျှ ဝေလိုက်တဲ့နည်းအတိုင်း www.sammobile.com မှာ
အကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ယူနိုင်ပါပြီခင်ဗျား...။
၁။ ပမထဦးဆုံး http://www.sammobile.com/ သွားလိုက်ပါ
၂။ Join ဆိုတာကိုနှိပ်ပါ ကျနော်အနီရောင်လေးနဲ့ဝိုင်းပြထားပါတယ်
၃။ အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့ Free ဆိုတဲ့စာသားအောက်က
Join ဆိုတာကိုထပ်နှိပ်ပေးပါ။
၎။ အောက်မှာ ပုံအတိုင်းမြင်နေရရင်တော့ Register တင်ရမယ့်
အပိုင်းကို ရောက်လာပါပြီ။ အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့
 နေရာတိုင်းမှာ တစ်ခုချင်းစီ အသေချာဖြည့်ပေးလိုက်ပါ။
 1. Name....နေရာမှာ စိတ်ကြို က်ထည့်လို့ရပါတယ်။
2. Password.....နေရာမှာတော့ အစက စာလုံးဟာ အကြီးဖြစ်ရပါမယ်
ဥပမာ=Zunite ဖြစ်ရပါမယ်။
3. Confirm Password.....နေရာမှာ အပေါ်က Password ကိုပြန်ထည့်ပါ။
4. Email Address.....နေရာမှာ မိမိရဲ့ Gmail ကိုထည့်ပေးလိုက်ပါ။
5. Confirm Email Address.....နေရာမှာ အပေါ်က Gmail ကိုပြန်ထပ်ထည့်ပါ
အသေအချာစီစစ်ပြီးလုပ်ပါ။
၅။ အောက်မှာ မြင်နေရတဲ့ ပုံမှာတော့ ညဏ်စမ်းပဟေဠိ ပုံစံလေးပါ
အရုပ်တစ်ခုခုကို ပေးထားပါတယ် အဲဒီအရုပ် တစ်စစီဖြစ်နေတာပါ
ပြန်ပြီး ဆက်ပေးရမှာဖြစ်ပါတယ်။ တစ်စစီဖြစ်နေတဲ့ ပုံလေးတွေကို
မောက်နဲ့ဖိဆွဲပြီး လိုအပ်နေတဲ့နေရာမှာ ဖြည့်ပေးရမယ်။
အောက်ကပုံလေးကတော့ ကျနော်ဖြည့်ပေးထာတာလေးပါ။
၆။ အောက်က မြင်နေရတဲ့ ပုံမှာတော့
1. Country.....နေရာမှာ မိမိနေတဲ့နိုင်ငံကိုရွေးပေးရမှာဖြစ်ပါတယ်။
2. Time Zone.... နေရာမှာတော့ မိမိနိုင်ငံရဲ့ Provide နေရာကို
ထည့်ပေးရမှဖြစ်ပါတယ်။
3. DSt Conrrection Option....နေရာမှာတော့ ဘာမှ လုပ်စရာမလိုပါ။
၇။ အပေါ်က Referrer....နေရာမှာတော့ တစ်ခြား အကောက်လျှောက်ပြီးလို့
အောင်မြင်ပြီးသား Member ၀င်ရဲ့ နာမည်ကို ထည့်ပေးရမှာဖြစ်ပါတယ်။
Web ရဲ့ Menu Bar မှ Forum ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။
၈။ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်ကျနော် အနီရောင်လေးနဲ့
နာမည်ကို Copy ယူပြီး Referrer နေရာမှာ ထည့်ပေးလိုက်ပါ
အဲဒီလိုနာမည်မျိုးအောက်မှာ အများကြီးပါပါတယ်။ 
၉။ Receive Email... နေရာမှာ
 Receive Email and Newsletters from Administrators
 နေရာမှာအမှန်ခြစ်ထားပေးပါ။
၁၀။ အပေါ်ကနေရာတိုင်းမှာ လိုအပ်တာတွေအားလုံးကို
ဖြည့်စွက်ပြီးလို့ စိတ်ကြို က်ဖြစ်ပြီဆိုတာနဲ့  
I have read, and agree to abide by the SamMobile rules
နေရာမှာ လေးထောင့်ကွက်လေးကို အမှန်ခြစ်ပေးပါ။
ပြီးတာနဲ့ Complete Registration ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၁၁။ အောက်ကပုံမှာတော့ Registrar တင်ပြီးလို့ အောင်မြင်တဲ့အနေနဲ့
Message ဖေါ်ပြပေးနေတာဖြစ်ပါတယ်။ မိမိဖွင့်ထားတဲ့ နာမည်နဲ့
ဖွင့်တုန်းက ထည့်ပေးလိုက်တဲ့ Gmail လည်းတစ်ပါတည်းပါဝင်ပါတယ်။
မိမိဖွင့်ထားတဲ့ အကောက် Activate ဖြစ်ဖို့အတွက် ကျနော် အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ Here ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ။
မိမိမှာ Gmail ကဖွင့်ထားပြီးသားဆိုရင်တော့ New tag အနေဖြင့်တန်း
ပွင့်လာမှာဖြစ်ပါတယ်။ တကယ်လို့ မဖွင့်ထားဖူးဆိုရင်တော့
Browser မှ New tag ယူပြီး Gmail ကိုဝင်လိုက်ပါ။
၁၂။ မိမိ Gmail ကိုဖွင့်လိုက်တဲ့အချိန်မှာတော့ ချက်ချင်းဆိုသလို 
Samsung mobile Tern က မဲတစ်စောင့်ပို့ထားပြီးပါပြီ။
မဲနေရာကိုတစ်ချက်နှိပ်လိုက်ပါ။
 ၁၃။ ပို့ပေးထားတဲ့ မဲလေးပွင့်လာပြီးမှာတော့ အောက်ကပုံလေးအတိုင်း
Official ဆိုက်က မိမိ၏အကောက်သစ်ကို Activate ဖြစ်ဖို့ရန်
URL လို့ခေါ်တဲ့ Activate Link ကိုထပ်နှိပ်ခိုင်းနေတာပါ ထပ်နှိပ်ပေးလိုက်ပါ။
 ၁၄။ http://www.sammobile.com/ ပြန်ရောက်သွားပါလိမ့်မယ်
အဲဒီမှာ Official က Message တစ်စောင့်ထပ်ပို့ပေးထားပါလိမ့်မယ်
Member တစ်ယောက်အနေဖြင့် ကျေးဇူးတင်ကြောင်း။ ပြီးတော့
သင့်အကောက်သစ်ဟာ Confirm လုပ်ပြီးဖြစ်လို့ Activate ဖြစ်ပြီးဖြစ်ကြောင်း
ပြီးတော့မှ Pay for my chosen subscription ဆိုပြီးအောက်နားမှာ
စာတစ်ကြောင်းပြနေပါလိမ့်မယ်။ သွားမနှိပ်လိုက်ပါနဲ့၊ ပိုက်ဆံနဲ့ပေးမသုံးနိုင်ပါ
 Free account ပဲအသုံးပြု မှာ ဖြစ်လို့ဘာမှ လုပ်ပေးစရာမလိုတော့ပါ။
၁၅။ အကောက်အသစ်လည်း Registrar တင်တာ အောင်မြင်ပြီဆိုမှတော့
မိမိလိုချင်တာတွေ အားလုံးကို စိတ်ကြို က်မွှေရုံပဲပေါ့ဗျာ...
တကယ်လို့ Firmware လိုချင်ပါက သင်လိုချင်တဲ့ ဖုန်းအမျိုးအစားကို
ရိုက်ရှာပြီး စိတ်ကြို က်ဒေါင်းလေ့ချယူလို့ရပါပြီ။ အားလုံး Free ပေါ့ဗျာ
သင်လိုသလောက်သာ လိုင်းကောင်းနေတုန်းတစ်ထိုင်တည်းနဲ့
ဒေါင်းလော့ယူနိုင်ပါပြီ။
 ၁၆။ ကျနော်ကတော့ Galaxy S5 Android 5.0 Lollipop Firmware ကို
လိုချင်တာနဲ့ ရိုက်ရှာတော့ တွေ့တယ်၊ အောက်ကပုံလေးကိုကြည့်ပါ
ဒေါင်းလော့ယူမယ်ဆိုရင် အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့
 Download ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။  
 ၁၇။ နောက်ပရိုဂရမ်တစ်ခုထပ်ပွင်လာအခါ အောက်မှာပြထားတဲ့
Download ဆိုပြီး အပြာလေးနဲ့ ပြနေတဲ့နေရာကိုသာနှိပ်ပြီးဒေါင်းလော့ယူပါ။
၁၈။ ချက်ချင်းဆိုသလိုနော် Firmware ကအောက်ကပုံအတိုင်း
တန်းကျလာမှာဖြစ်ပါတယ်။ သင့်မှာ IDM လည်းအဆင်ပြေနေတယ်
လိုင်းရော အားလုံး OK နေတယ်ဆိုရင်တော့ Start Download ကိုသာ
အားရပါးရ နှိပ်ပေးလိုက်ပါတော့ခင်ဗျာ...
(မှတ်ချက်=Firmware များကိုဒေါင်းလော့ယူကြရာ၌ များသောအားဖြင့်
 Firmware များသည် GB များသည့်အတွက် ဒေါင်းလော့အဆင်ပြေမှု
မပြေမှုသည် မိမိတို့၏ Internet Connection အခြေအနေအရသာဖြစ်ပါကြောင်း)
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အကောက်တစ်ခု 
အလွယ်တကူ ဖွင့်ယူနိုင်ကြပြီး Samsung Official ရဲ့ Firmware အားလုံးကို 
လိုသလောက်ဒေါင်းလော့ယူနိုင်ကြပါစေဟု...
ဆန္ဒများနဲ့
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
   Download
Read More ...
6/20/2013
Lynda.Visual.Studio.2012.Essential.Training.Full
 Lynda.Visual.Studio.2012.Essential.Training.Full
Read More ...