10/27/2015

♪ အရည်အသေွးမြင့်မားသောဖုန်းကို ကိုင်ဆောင်ချင်သူများအတွက် “Vivo X5 Pro” ♫


နေ့ထူးနေ့မြတ်များ ကျရောက်တဲ့အခါတွင် လူကြီးသူမများကို ကန်တော့ခြင်း၊ လက်ဆောင်ပေးခြင်းများကို ဓလေ့ထုံးတမ်းစဉ်လာအရ ပြုလုပ်ကြပါတယ်။ မိတ်ဆွေအချင်းချင်းလည်း လက်ဆောင်များပေးခြင်းဖြင့် ရင်းနှီးမှုများ ပိုတိုးစေပါတယ်။ လက်ဆောင်ပေးခြင်း၊ ကန်တော့ခြင်းပြုလုပ်သည့်အခါ၌ ပစ္စည်းရွေးချယ်ခြင်း များ ဆောင်ရွက်ကြရပါတယ်။ တစ်ခါ တလေတွင် ၀ယ်ယူတဲ့သူများအတွက် ပစ္စည်းရွေးချယ်မှုအပိုင်းတွင် အချိန်ပေး စဉ်းစား ကြရပါတယ်။ ရရှိမယ့်သူ အသုံးဝင်ခြင်း၊ မ၀င်ခြင်းကိုလည်း ထည့်တွက် စဉ်းစားရသလို ပစ္စည်းကောင်း ဖြစ်မဖြစ်အတွက်လည်း တွက်ချက်ကြရပါ တယ်။

များသောအားဖြင့် အသုံးအဆောင်နှင့် စားစရာပစ္စည်းများနဲ့သာ ကန်တော့ခြင်း၊ လက်ဆောင်ပေးခြင်းများ ကို ပြုလုပ်ကြပါတယ်။ ယခုအခါ တွင်တော့ ခေတ်အခြေအနေအရ တန်ဖိုးကြီးသော နည်းပညာ အသုံး အဆောင်များနဲ့ ကန်တော့ခြင်း၊ လက်ဆောင်ပေးခြင်းများကို ဆောင်ရွက် လာကြပါတယ်။ နည်းပညာပစ္စည်း များဟာ မွေးနေ့လက်ဆောင်ပေးခြင်း၊ အမှတ်တရအထိမ်းအမှတ်အဖြစ် လက်ဆောင်ပေး ခြင်းများအတွက် အဆင်ပြေ စေပါတယ်။ နည်းပညာပစ္စည်းများကို ၀ယ်ယူ၍ လက်ဆောင် ပေးမယ်ဆိုရင်တော့ အဖိုးအခ ကြီးမား မှာကို ကြိုတင်စဉ်းစားသင့်ပါတယ်။ ဟန်းဆက်များဟာ အရွယ်သုံးပါးစလုံး သုံးစွဲဖို့ သင့်တော် တာကြောင့် ရွေးချယ်သင့်သော နည်းပညာပစ္စည်းဖြစ်ပါတယ်။ Vivo ရဲ့ အရည်အသွေး ကောင်းသော ဟန်းဆက်ဖြစ်သည့် Vivo X5 Pro ဟာ လေးထောင့်ကျ သောအသွင်ဒီဇိုင်းရှိပြီး ပါးလွှာသောကိုယ်ထည်ကို ပိုင်ဆိုင်ထားပါတယ်။

2G, 3G,4G Network များကို ရယူသုံးစွဲနိုင်ပါတယ်။ ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 147.9×73.5×6.4mm ရှိပြီး အလေးချိန်မှာ 151g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင် မယ့် ဖုန်းအမျိုးအစား ပါ။ Super AMOLED capacitive touchscreen ရဲ့ အရွယ်အစား ပမာဏ ကတော့ 5.2 inchesကျယ်ဝန်းပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ ပေးထားသော Pixels ပမာဏမှာ 1080×1920 ဖြစ်ပါတယ်။ တစ်လက်မ မှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 424ppi ပါ။

Multitouch စနစ်တွင် Funtouch OS 2.1 ကိုသုံးစွဲနိုင်ပါမယ်။ အကြမ်းခံသော ဖုန်းမျက်နှာပြင်ဖြစ်စေဖို့ အတွက် Gorilla Glass 3 တပ်ဆင်ပေးထားပါတယ်။ အဓိကကင်မရာရဲ့စွမ်းရည်ဟာ 13MP ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 8MP စွမ်းရည်ရှိပါတယ်။ ဒါကြောင့် Selfie ပုံများရိုက်ကူးဖို့အတွက် အဆင်ပြေ စေပါလိမ့်မယ်။ 1080p စွမ်းရည်ဖြင့် ဗွီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30Frames နှုန်း ရရှိပါမယ်။ မှတ်ဥာဏ်ပမာဏပိုင်းတွင် Internal Storage အတွက် 16GB ပါရှိမှာဖြစ်ပြီး RAM မှာ 2GB ဖြစ်ပါတယ်။ Battery သည် Li Po 2450mAh ပါ။

<Specification>
Network - GSM/HSPA/LTE
Processor - Q.C 1.5GHz & Q.C 1.1GHz
Screen - 5.2 inches
Camera - 13 MP
Bluetooth - v 4.0
Storage - up to 128GB
OS - Android OS,v 5.0
Contact - 01-381904
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download