10/31/2015

♪ “Android Phone နှင့်ဗီဒီယိုတည်းဖြတ်မည်ဆိုလျှင် .....” ♫


မိုဘိုင်းဖုန်းတို့၏ကင်မရာစွမ်းရည်သည်ယခုနှစ်ထဲတွင်အထူး ကောင်းလာပါ သည်။iPhone ဖြင့်ရိုက်ကူးသော မြန်မာဗီဒီယိုဇာတ်ကားအကြောင်းကိုလည်း စာရှုသူတို့ဖတ်ရှုမိမည်ဟုထင်ပါသည်။Apple မှထုတ်သောဖုန်းများကင်မရာ အရည်အသွေးအလွန်မြင့်လာသည့်အခါAndroid ဖက်ခြမ်းတွင်လည်း ကင်မရာအရည်အသွေးပို၍ ကောင်းအောင်ကြိုးစားလာပါသည်။ယခုနှစ် အတွက်အကောင်းဆုံးစမတ်ဖုန်းကင်မရာဆုရသည့်ဖုန်းမှာAndroid ဖုန်း တစ်မျိုးဖြစ်သောLG G4 ဖြစ်ပါသည်။Androidဖက်ခြမ်းမှ ထိပ်တန်းဖုန်းများ တွင်ဓာတ်ပုံအတွက်f/2.0အထိလည်းကောင်း၊ဗီဒီယိုအတွက်f/2.0အထိလည်းကောင်းရရှိလာပြီးISO 800 လောက်အထိအစက်အပြောက်နည်းသော ရုပ်ထွက်ရလာပြီဖြစ်ရာAndroid ဖုန်းဖြင့်လည်းဗီဒီယိုရိုက်ကူးတည်းဖြတ် မည်ဆိုလျှင်ဖြစ်ပါသည်။Android ထိပ်တန်းဖုန်းများတွင်မှန်ဘီလူး လှုပ်ယမ်း ခြင်းကြောင့်ရုပ်ပုံေ၀၀ါးခြင်းမဖြစ်စေရန်ကင်မရာထဲတွင်OIS (Optical Image Stabilizer) လည်းထည့်သွင်းပေးလာပြီဖြစ်ရာFull HD ဗီဒီယိုအဆင့်ထိ ရိုက်နိုင်ပါမည်။ရိုက်ကူးပြီးသောဗီဒီယိုအပိုင်းတိုများကိုဆက်စပ်၍ကြည့်ပျော် သောဗီဒီယို ဇာတ်လမ်းဖြစ်အောင်တည်းဖြတ်မည်ဆိုလျှင်လက်သင်အဆင့်၌အခမဲ့ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲကောင်းတို့ လိုသည်။Android ဖက်တွင်ရနိုင် သောအခမဲ့ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲတို့ကို အောက်ပါအတိုင်းတွေ့ရပါမည်။
<Kine Master>
www.bit.ly/kinemaster378 မှDownload ဆွဲချနိုင်သည်။Play Store တွင်ရှိသလိုMobogenie မှလည်းDownload ချနိုင်သည်။အခမဲ့Android ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲများထဲတွင်အကောင်းဆုံးအဆင့်၌ရှိပါသည်။Tools များပြားစုံလင်ခြင်းကိုအခြားသောအခမဲ့ ဆော့ဖ်ဝဲများမလိုက်နိုင်ပါ။ လက်သင်များအတွက်အထောက်အပံ့ပေးထားသောGet Started Wizard ကလည်းအချိန်ကုန်သက်သာအောင်အကူအညီပေးနိုင်ပါသေးသည်။
ဗီဒီယိုဇာတ်လမ်းအမည်၊Theme နှင့်Sound Track ကိုဦးစွာ သတ်မှတ် ရွေးချယ်ပါ။မိမိထည့်သွင်းအသုံးပြုလိုသောMedia File များကိုထည့်ပေး ပါ။ထိုမှနေ၍ဗီဒီယိုတည်းဖြတ်မှုစတင်နိုင်ပါပြီ။တည်းဖြတ်ပြီးသမျှRun နိုင်ပါ သည်။Wizardကိုရွေးပြီးနောက်ပေါ်လာသောTimeline Interface ကမိမိ တည်းဖြတ် လိုသမျှကိုအသေးစိတ်ချိန်ညှိနိုင်အောင်ကူညီပါဦးမည်။Wizard ကိုမသုံးလိုလျှင်လည်း ကျော်လွှား၍သွားနိုင်ပါသည်။မိမိထည့်လိုက်သော ဗီဒီယိုကားပိုင်းတိုထဲမှမလိုသည်တို့ကို ဖြတ်ထုတ်နိုင်သလို ကားကူး၊ ကားဆက်နေရာတွင် ပြေပြစ်စွာအခန်းပြောင်းစေမည့်Transition များကို လည်းထည့်သွင်းနိုင်ပါမည်။Preset Themeကသတ်မှတ်ပေးသော ဗီဒီယို ၏အရောင်ရုပ်ထွက်ကိုမကြိုက်လျှင်အရောင်ချိန်ညှိခြင်းကိုမိမိစိတ်ကြိုက် ပြုလုပ်နိုင်သည်။သို့တည်းမဟုတ် လက်ရှိအရောင်ထဲတွင်မိမိကဲစေလိုသော အရောင်ရအောင်လည်း ပြုပြင်ယူနိုင်ပါသည်။Kine Master ၏Layer Menu ကဗီဒီယိုထဲတွင်ရုပ်ရှင်များသာမကရုပ်သေများ၊Sticker များ၊Text များနှင့် လက်ရေးစာသားများကိုပင်မိမိစိတ်ကြိုက်နေရာ၌ထည့်သွင်းခွင့်ပြုပါသည်။
ဗီဒီယိုပြသနေစဉ်တွင် နောက်ခံစကားပြောအသံထည့်သွင်းခွင့်ပြုပါသည်။ ဗီဒီယိုပြသနေစဉ်တွင် နောက်ခံစကားပြောအသံထည့်သွင်းခွင့်ကိုလည်းKine Master ကပေးအပ်ထားပါသေးသည်။ထို့ပြင်ဗီဒီယိုထဲရှိမိမိစိတ်ကြိုက်Audio Track နေရာတွင်Volume အားအသေးစိတ်ချိန်ညှိခွင့်ရှိပါသည်။ထိုကိစ္စ အတွက် Volume Envelope ကိုသုံးရပါမည်။Kine Master ၏ ကောင်းကွက် မှာDesktop ကွန်ပျူတာတွင်သုံးသောဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲတစ်ခု တွင်ပုံမှန်အားဖြင့်တွေ့နိုင်သည့်Tool အားလုံးကိုယင်းထဲတွင် တွေ့နိုင်ခြင်း ဖြစ်သည်။မိမိ၏ဗီဒီယိုProject ထဲတွင် ပြုပြင်ပြောင်းလဲမှုတစ်ကြိမ်လုပ်ပြီး တိုင်းတစ်ကြိမ်သိမ်းဆည်းပေးပါသည်။မိမိမေ့လျော့ပြီးမသိမ်းမိလိုက်သဖြင့်အပြောင်းအလဲလုပ်ပြီးဖိုင်ဆုံးရှုံး သွားရသည်ဆိုခြင်းမျိုးမရှိပါ။မိမိပြုလုပ်လိုက် သောအပြောင်းအလဲတစ်ခုကိုလုပ်ပြီးပြီးချင်းမကြိုက်ဟုဆိုပါ က နောက် ကြောင်းပြန်နိုင်ရန်Undo Button ကိုလည်း ပေးထားပါသည်။ မိမိ တည်းဖြတ် ပြီးသောဗီဒီယိုတို့ကိုရိုက်ကူးထားသည့်အရည်အသွေးပေါ်မူတည်ပြီးFull HD, HD နှင့်DVD quality များဖြင့်သိမ်းဆည်းပေးနိုင်ပါသည်။ တည်းဖြတ်ပြီး ဗီဒီယိုကိုအင်တာနက်ချိတ်၍You Tube, Facebook, Google+ နှင့်Dropbox တို့မှတစ်ဆင့်ချက်ချင်းShare လုပ်ရန်လည်း ဆောင်ရွက်နိုင်ပါသည်။
Kine Master သည်Feature များစုံလွန်းသောကြောင့်အခြားအခမဲ့ဗီဒီယို တည်းဖြတ်ဆော့ဖ်ဝဲများထက်စာလျှင်သုံးစွဲရာ၌အနည်းငယ်လက်ဝင်သည်ဟုဆိုနိုင်ပါသည်။အရည် အသွေးကောင်းဆော့ဖ်ဝဲကိုအခမဲ့ပေးသုံးခြင်းဖြစ်သော်လည်းအခပေးPremium Version သို့ ပြောင်း၍မသုံးလျှင်မိမိဖန်တီးလိုက် သောဗီဒီယိုတိုင်း၌Made with KINE MASTER ဟူသော ရေစာကို ထင်းထင်းကြီး ဖော်ပြနေပါမည်။ ရေစာမထည့်သွင်းသောPremium Version ကိုသုံးလျှင်တစ်လအတွက်ကျသင့်ငွေ (၂.၉)ပေါင်ရှိပြီးတစ်နှစ်အတွက် ကျသင့်ငွေ (၂၃.၃၅)ပေါင်ရှိပါသည်။Kine Master သည် ပြင်ဆင်ဖွဲ့စည်းပုံ ကောင်းခြင်းနှင့်စွမ်းဆောင်ရည်ကောင်းခြင်းကြောင့်လက်သင်များစမ်းသုံး သင့်ပြီးအခပေးသုံးရသည့်တိုင်အောင်ထိုက်တန်မှုရှိသောApplication ကောင်းတစ်ခုဖြစ်ပါသည်။
<We Video Editor>
www.bit.ly/wevideo378 မှDownload ချပြီးအသုံးပြုနိုင်ပါသည်။ဤ ဆော့ဖ်ဝဲသည်ဒုတိယနေရာတွင်ရှိသည့်ဗီဒီယိုတည်းဖြတ် ဆော့ဖ်ဝဲဖြစ်သော် လည်းမိမိရိုက်ကူးထားသောဗီဒီယိုအပိုင်းတိုများကိုပရော်ဖက်ရှင်နယ်အရည်အသွေးရှိသည့်ရုပ်ရှင် ဇာတ်လမ်းတစ်ခုဘ၀သို့ ရောင်အောင်ဖြောင့်ဖြောင့် တန်းတန်းပြုလုပ်ပေးနိုင်သည့် ဆော့ဖ်ဝဲဖြစ်ပါသည်။ ဆော့ဖ်ဝဲကိုဖွင့်လိုက် သည်နှင့်Theme, Sound Track နှင့်Title တို့ကိုရွေးရန်Shortcut များကို မြင်ရပါမည်။ယင်းနောက်တွင်အပေါင်းလက္ခဏာကိုတစ်ချက်ခေါက်ပြီးမိမိသုံးလိုသောဗီဒီယိုများ ရှိရာ နေရာသို့သွား၍ ရွေးရပါမည်။We Videoသည် ရေပြင်ညီTimeline ကိုမသုံးဘဲဒေါင်လိုက်Timeline ကိုသုံးခြင်းမှာ ထူးခြား ပါသည်။Timeline ထဲတွင်ဗီဒီယိုကားပိုင်းတိုများအား ဖြတ်ထုတ်ခြင်း၊ စမှတ်, ဆုံးမှတ်သတ်မှတ်ပေးခြင်း၊သင့်လျော်ရာနေရာသို့ဆွဲရွှေ့ခြင်းတို့ပြုလုပ်နိုင်ပါသည်။ကားကူး၊ကားဆက်နေရာ တစ်ခုစီအတွက်ထည့်မည့်Trasition များ အတွက်လည်းစိတ်ပူရန်မလိုပါ။Theme ရွေးစဉ်ကတည်းက တစ်ပြိုင်တည်း ပါလာပြီး ဖြစ်ပါသည်။အခမဲ့ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲများထဲတွင်We Video ထဲရှိTheme များကအကောင်းဆုံးဖြစ်ပြီး ရွေးချယ်စရာလည်းများပါသည်။
Kine Masterကဲ့သို့ပင်ဤဆော့ဖ်ဝဲထဲသို့လည်း နောက်ခံစကား ပြောသီးသန့် ထည့်သွင်းခွင့်ပြုပါသည်။အခြားသောလူမှုကွန်ရက်များ၊Application များမှ တစ်ဆင့်မိမိ၏ဗီဒီယိုကိုShare မလုပ်မီစပ်ကြား၌Device ထဲတွင်သိမ်းဆည်း ထားနိုင်ပါသည်။အခြားဆော့ဖ်ဝဲများနှင့်ယှဉ်လျှင်We Video ထဲ၌Advanced Tool နည်းပါသည်။အခမဲ့ပေးသော ဆော့ဖ်ဝဲသည်ဖန်တီးလိုက်သော ဗီဒီယိုပေါ်၌ ရေစာထည့်ပါသည်။အခကြေးငွေပေး၍အသုံးမပြုပါက တစ်လ လျှင်5မိနစ်စာဗီဒီယိုကိုသာဖန်တီးခွင့်ပြုပါသည်။တစ်လလျှင် (၄.၅)ပေါင် ကျသင့်ပြီးတစ်နှစ်စာ (၂၂.၈)ပေါင်ကျသင့်သောPremium Version ကို သုံးလျှင်အကန့်အသတ်များကိုဖယ်ရှားပေးပါသည်။
<Magisto Video Editor & Maker>
www.bit.ly/magisto378 မှDownload ချပြီးသုံးနိုင်ပါသည်။အခြားသော ဆော့ဖ်ဝဲများနှင့်အလုပ်လုပ်ပုံကွဲပြားပြီးမိမိ၏ဗီဒီယိုများကိုအလိုအလျှောက် တည်းဖြတ်မှုပြုလုပ်ပေးနိုင်ပါသည်။ဗီဒီယိုဇာတ်လမ်းထဲထည့်သွင်းမည့်ဗီဒီယိုကားပိုင်းတိုများ၊ဓာတ်ပုံများကို ဦးစွာရွေးချယ်ပေးရပါမည်။ပြီးလျှင်Editing Style နှင့်Sound Track တို့ကိုရွေးရပါသည်။မိမိ၏ဗီဒီယိုဇာတ်ကား အမည် ပေးရပါမည်။ဇာတ်ကားအရှည်မည်မျှရှိစေလိုသည်ကိုသတ်မှတ်ရပါမည်။ ယင်းနောက်ကျန်သည့်ကိစ္စအားလုံးကိုMagisto ကတာဝန်ယူဆောင်ရွက် ပေးသွားပါမည်။ဗီဒီယိုတည်းဖြတ်ကိစ္စကို ဆော့ဖ်ဝဲကအလိုအလျှောက် တာဝန်ယူ ဆောင်ရွက်ပေးသဖြင့်အရည်အသွေးကောင်းပါမည်လားဟု ထင်စရာရှိသော်လည်းဤဆော့ဖ်ဝဲမှတည်းဖြတ်သည့်ဗီဒီယိုအရည်အသွေး သည်အထင်ကြီးလောက်အောင် ကောင်းပါသည်။ဖုန်းထဲတွင်တည်းဖြတ်ထား သည်ဟုထင်စရာမရှိပါ။ဤဆော့ဖ်ဝဲကိုသုံး၍မိမိ၏ဗီဒီယိုကိုFacebook Whats App နှင့်Instagram တို့တွင်Share လုပ်နိုင်ပါသည်။ဤဆော့ဖ်ဝဲသည် အခမဲ့ ဟုဆိုသော်လည်းမိမိတည်းဖြတ်သောဗီဒီယိုပေါ်တွင် ရေစာထည့်ပါသည်။ တစ်လတွင်ဗီဒီယိုမည်မျှသာတည်းဖြတ်ခွင့်ပြုမည်ဟူသောအကန့်အသတ်ရှိ ပါသည်။ လစဉ်ကြေး (၃.၂)ပေါင်သို့မဟုတ်နှစ်စဉ်ကြေး (၁၂.၈)ပေါင်ပေးပြီး သုံးလျှင်အကန့်အသတ်မပါသော ဆော့ဖ်ဝဲကိုသုံးခွင့်ရပါမည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်ဓာတ်ပုံ)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download