10/27/2015

♪ တရုတ်နိုင်ငံက Apple Store အတု ♫

Apple Clone

ကမ္ဘာ့နိုင်ငံအနံ့အပြားရှိ နိုင်ငံများတွင် ကန့်သက်ချက်ဖြင့် ဖွင့်လှစ်ထားတဲ့ Apple Store ဟာ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံ Kunming (ကူမင်) မြို့မှာ Apple မှ တရားဝင်ဖွင့်လှစ်ထားခြင်းမဟုတ်ပဲ Apple Store အတုတစ်ဆိုင် ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ Apple Store ဟာ Apple ကုမ္ပဏီ မှ တရားဝင်ဖွင့်လှစ်ထားတဲ့ Apple Store များနှင့် ခွဲခြားမရအောင် တူလွန်းနေပါတယ်။ ဆိုင်အပြင်အဆင်ကအစ ရောင်းတဲ့ ပစ္စည်းက အဆုံးအကုန်လုံးက Apple Store နဲ့ တထေရာတည်းဖြစ်အောင်ကို ဖန်တီးဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ Apple ရဲ့ တရားဝင် Store ဟာ နှစ်ခုတည်းရှိပြီး ရှန်ဟိုင်း နဲ့ ဘေကျင်းတို့မှာ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ Apple Store အတုဟာ ဆိုင်အပြင်အဆင်ကို Apple Store အစစ်နဲ့ လုံးဝတူအောင်ဖန်တီးထားဖြစ်ပြီး ဆိုင်မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကလည်း Apple ရဲ့ တရားဝင် Store ရှိ ဝန်ထမ်းများနည်းတူ Apple အမှတ်တံဆိပ်ပါ T-Shirt အပြာရောင်များကိုသာ ဝတ်ဆင်ထားကြခြင်းဖြစ်ပါတယ်။ ရောင်းတဲ့ ပစ္စည်းများကလည်း Apple ပစ္စည်းများသာ ဖြစ်ပြီး iPhone ၊ iPad ၊ iPod ၊ Mac Book Air ၊  Mac Book Pro  ၊ i Mac နှင့်အခြား Apple ပစ္စည်းများကိုသာ ရောင်းချပါတယ်။

ဆိုင်ရဲ့ ပုံစံဟာအခြား Apple Store များနည်းတူ နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်ကို တက်မဲ့ လှေကားကိုလည်း Apple ရဲ့  တရားဝင် Store မှာရှိတဲ့ လှေကားနဲ့ တူအောင် ဖန်တီးထားပါတယ်။ ကောင်တာထားပုံတွေကအစလည်း လုံးဝကွဲခြားမရအောင် ဖန်တီးထားပါတယ်။ သာမန် Apple အသုံးပြုသူ တစ်ယောက်အနေနဲ့ အဆိုပါ Apple Store ကို ဝင်သွားမိပါက Apple Store အစစ်အဖြစ်ထင်မှတ်မိမှာ မလွဲပါပဲ။

Ref : Wired
Aung Ko Htet (MMA)
#aungkohtet_mma


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download