Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

11/07/2017

♪ “ကွန်ပျူတာပဟေဠိတွေကိုAI တွေကျော်ဖြတ်နိုင်တော့မှာလား” ♫

No automatic alt text available.

Website တစ်ခုခုမှာအကောင့်ဝင်ရောက်အသုံးပြုရင်ပဲဖြစ်ဖြစ်၊ ဆော့ဖ်ဝဲ တစ်ခုခုကို Download ဆွဲချဖို့ပဲဖြစ်ဖြစ်၊အင်တာနက်အသုံးပြုသူတိုင်း ဟာCaptcha Test ဆိုတဲ့ကွန်ပျူတာပဟေဠိစမ်းသပ်မှုတွေကို ကျော်ဖြတ် ရလေ့ ရှိပါတယ်။Completely Antomated Public Test to tell Computers and Humans Apart လို့ခေါ်တဲ့Captcha Test စမ်းသပ်မှုတွေဟာဂဏန်းတွေ၊အက္ခရာစာလုံးတွေကိုပုံသဏ္ဌာန်မမှန်တဲ့ ပုံရိပ်တွေအဖြစ်ပြောင်းလဲထားပြီးUser ဟာလူသားအစစ်လား၊ ကွန်ပျူတာSoftware တွေလားဆိုတာကိုခွဲခြားပေးတာပဲဖြစ်ပါတယ်။ Captcha Test စမ်းသပ်မှုတွေကိုလူသားတွေရဲ့အာရုံခံစားမှု၊ အသိဥာဏ်နဲ့ပဲ ကျော်ဖြတ်နိုင်ပြီးကွန်ပျူတာပရိုဂရမ်တွေကတော့မှန်ကန်တဲ့ အဖြေကိုမပေးနိုင်ခဲ့ကြပါဘူး။ဒါပေမယ့်လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရအမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်ကနည်းပညာအဖွဲ့တစ်ဖွဲ့ကတော့အဆိုပါCaptcha Test စမ်းသပ်မှုတွေကိုအောင်မြင်စွာ ကျော်ဖြတ်ပြနိုင်တဲ့AI Software ကိုတီထွင်နိုင်ခဲ့ပြီလို့သိရပါတယ်။

Vicariousလို့အမည်ပေးထားတဲ့AI နည်းပညာရှင်များအဖွဲ့ကိုAmazon တည်ထောင်သူဂျက်ဘီဇော့စ်နဲ့Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ် တို့ကငွေကြေးထောက်ပံ့ပေးထားခြင်းဖြစ်ပြီးလက်ရှိ အချိန်မှာ တော့Captcha Test စမ်းသပ်မှုကိုကျော်ဖြတ်နိုင်တဲ့AI တစ်မျိုးကိုတီထွင်နိုင်ခဲ့ပြီလို့Science နည်းပညာဂျာနယ်မှာအတည်ပြုခဲ့ တာ ဖြစ်ပါတယ်။Captcha Test ကိုAI Software ကဘယ်လိုကျော်ဖြတ် သလဲဆိုတာမလေ့လာခင်Captcha Test တွေရဲ့အလုပ်လုပ်ပုံနဲ့ သဘောသဘာဝကိုသိရှိထားရမှာပါ။Captcha Test ဆိုတာ၁၉၉၀ ပြည့်လွန်နှစ်တွေကစတင်ပေါ်ထွက်လာခဲ့တဲ့ကွန်ပျူတာပဟေဠိ တစ်မျိုး ဖြစ်ပြီးWebsite တွေထဲကိုAccount တုတွေနဲ့ဝင်ရောက် အသုံးပြုတာ ကိုတားဆီးဖို့ပညာရှင်တီထွင်ခဲ့ကြတာဖြစ်ပါတယ်။အထက်ကဖော်ပြခဲ့သလိုပဲပုံသဏ္ဌာန်မမှန်တဲ့အပြင်ကာတွန်းရုပ်တွေလိုရေး ဆွဲထားတဲ့ဂဏန်း၊ အက္ခရာတွေကိုသာမန်ကွန်ပျူတာပရိုဂရမ်တွေက မြင်အောင်မကြည့်နိုင်ကြ ပါဘူး။ Google ကုမ္ပဏီကဆိုရင်သူတို့တီထွင်ဖန်တီးထားတဲ့reCaptcha Test ဟာရှုပ်ထွေးလွန်းတဲ့အတွက်လူသားတွေအနေနဲ့တောင် ၈၇ ရာခိုင်နှုန်းပဲမှန်ကန်အောင်အဖြေပေးနိုင်တယ်လို့ဆိုပါတယ်။အခုတော့ Vacariousအဖွဲ့ကသူတို့ရဲ့ဖန်တီးထားတဲ့ကွန်ပျူတာပရိုဂရမ်ဟာ ရုပ်ဖျက်ထားတဲ့ပုံရိပ်တွေထဲကနေ ဂဏန်းတွေ၊အက္ခရာစာလုံးတွေကိုမှန်မှန်ကန်ကန်ဆွဲထုတ်ရွေးချယ်ပေးနိုင် တယ်လို့ကြေညာလိုက်ပါပြီ။

ဒါဆိုရင်Vicarious အဖွဲ့ရဲ့AI အကြောင်းကိုဆက်ပြီးလေ့လာရတော့မှာပါ။ ပုံရိပ်တွေကိုအတည်ပြု 

မှတ်သားနိုင်ဖို့အတွက်ပရိုဂရမ်ရေးဆွဲသူတွေဟာ Neural Network လို့ခေါ်တဲ့ကွန်ပျူတာစနစ်တစ်မျိုးကိုအသုံးပြုကြ ရပါတယ်။ Neural Network ကွန်ရက်တွေဟာရှုပ်ထွေးတဲ့ပြဿနာတွေ ကိုဖြေရှင်းဖို့အထူးဖန်တီးထားတဲ့အသိဥာဏ်တုအာရုံခံSoftwareတွေ အချင်းချင်းဆက်နွှယ်ထားတဲ့ကွန်ပျူတာယူနစ်တွေပဲဖြစ်ပါတယ်။Neual Network တစ်ခုမှာအသိဥာဏ်တုSoftwareအလွှာပေါင်းရာနဲ့ချီ ပါဝင်ပြီး လူသားရဲ့ဦးနှောက်တည်ဆောက်ပုံကိုအတုခိုးဖန်တီးထားတယ်လို့လည်းဆိုနိုင်မှာဖြစ်ပါတယ်။အလွှာတစ်ခုချင်းစီဟာမတူညီတဲ့ပြဿနာတစ်ခုစီ ကိုဖြေရှင်းပေးရမှာဖြစ်ပြီးအလွှာအားလုံးပေါင်းစပ်လိုက်ရာကထွက်ပေါ်လာတဲ့အဖြေဟာနောက်ဆုံးချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။တစ်ခုရှိတာကဒီ Neural Network တွေကိုပုံရိပ်ပေါင်းများစွာနဲ့လေ့ကျင့်ပြီးမှသာ မှန်ကန်တဲ့ရွေးချယ်မှုပြုလုပ်နိုင်လောက်အောင် အတွေ့အကြုံရှိလာကြ တာပဲဖြစ်ပါတယ်။

Vicariousအဖွဲ့ကတီထွင်လိုက်တဲ့AI ဆော့ဖ်ဝဲကိုRecursive Cortical Network (RCN) လို့နာမည်ပေးထားပြီးလူသားတစ်ဦးရဲ့ ဦးနှောက် လိုမျိုးလက်တွေ့ဖြစ်စဉ်တွေအပေါ်မှာမှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်နိုင် ကြောင်းသိရပါတယ်။ဆိုလိုတာကတခြားကွန်ပျူတာပရိုဂရမ်တွေလို Computing တွက်ချက်မှုတွေကိုဦးစားပေးတာမျိုးမဟုတ်ဘဲအာရုံခံ Neural Network တွေကိုအဓိကအသုံးချနိုင်တဲ့ပရိုဂရမ်ဖြစ်နေတာပါပဲ။Captcha Test တွေကိုကျော်ဖြတ်ဖို့Vicarousရဲ့စမ်းသပ်ကြိုးပမ်းမှုဟာ အခုမှ ထွက်ပေါ်လာခဲ့တာတော့မဟုတ်ပါဘူး။၂၀၁၃ခုနှစ်အတွင်းကGoogle, Yahoo, PayPal နဲ့Captcha.com တို့ကအသုံးပြုတားဆီးထားတဲ့ Captcha Test အတားအဆီးတွေကို ဆော့ဖ်ဝဲသုံးပြီး၉၀ရာခိုင်နှုန်းမှန်ကန် တိကျအောင်အဖြေပေးနိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ တော့Vicarious အဖွဲ့ဟာပိုမိုခက်ခဲရှုပ်ထွေးတဲ့အတားအဆီးတွေ ကိုကျော်ဖြတ်နိုင်မယ့်AI အသိဥာဏ်မျိုးကိုစမ်းသပ် တီထွင်နေခဲ့ပြီး လက်ရှိ အချိန်မှာခရီးဆုံးကိုရောက်ဖို့နီးစပ်လာခဲ့ပြီလို့ပဲဆိုရတော့မှာဖြစ်ပါတယ်။

Ref : (Artificial intelligence smart enough to fool Captcha security check)

ကိုဆွဲ (မုံရွာ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal









www.pyaephyo.com
 
 
 
Read More ...

10/26/2017

♪ " ရုပ်ရှင်ဖန်တီးမှုဝါသနာပါသူတိုင်းအတွက် လေ့လာစရာ YouTube Channels များ " ♫

No automatic alt text available.

ဆောင်းပါးရေးသူ - ဖြိုးဇံ

ဒီဆောင်းပါးကတော့ ကျွန်တော်တို့ ရုပ်ရှင်နဲ့ပတ်သတ်တဲ့ နည်းပညာအနုပညာပိုင်းတွေ လေ့လာတဲ့အခါ အများကြီးအကျိုးရှိစေတဲ့ YouTube Channel တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့် နည်းပညာပိုင်းတွေဆိုရင် အမြဲအသစ်သစ်တွေဖြစ်နေချိန်မှာ Technical Review တွေ product အကြောင်းတွေကို အများကြီးလေ့လာနိုင်မှ တော်ကာကျပါတယ်။ ဒါ့အပြင် ရိုက်ကူးရေးနည်းပညာတွေ ကလဲ အမြဲမပြတ် လေ့လာနေရတာဖြစ်တဲ့အတွက် ဒီ Channel လေးတွေက အကျိုးရှိမှာ သေချာပါတယ်။ အခုလက်ရှိလဲ Internet Data ဈေးနှုန်းတွေဟာ အရင်ထပ်ကောင်းမွန်လာပြီဖြစ်လို့ အဆင်ပြေလာပြီပဲ ဖြစ်ပါတယ်။

နံပါတ် (1) Channel ကတော့ Film Riot လို့ခေါ်တဲ့ YouTube Channel ဖြစ်ပါတယ်။

သူတို့က တော်တော်လေးအောင်မြင်တဲ့ Channel ထဲမှာ ပါပါတယ်။ Host ဖြစ်တဲ့ Ryan Conolly ဟာ ဟာသနှောပြီး စကားပြောတတ်ပြီး သူတို့ Video လေးတွေဟာ ကြည့်လို့ကြည့်လိုက်ရမှန်း မသိလောက်အောင် Entertain လဲဖြစ်ပါတယ်။ Filmmaking နဲ့ပတ်သတ်လို့ Tips & Tricks တွေကနေ product review တွေ Short Film Behind the Scenes တွေအထိ အများကြီးရှိပါတယ်။ တစ်ပါတ်ကို နှစ်ပိုင်းနှုန်းနဲ့ အမြဲ Content အသစ်တွေ တင်တင်ပေးတဲ့ Channel ဖြစ်ပါတယ်။

နောက် Channel တစ်ခုကတော့ Filmmaker IQ ဆိုတဲ့ YouTube Channel ပါ။ သူက နည်းနည်းကွဲပြားတာက ပညာရပ်တွေကို နက်နက်နဲနဲအထိ လိုက်လေ့လာမယ့်သူတွေအတွက် သင့်တော် ပါတယ်။ အကြောင်းအရာတစ်ခုခုကို ပြောပြီဆိုရင် Tips & Tricks ထပ် အတွင်းနက်နက်နဲနဲရှင်းပြထားတဲ့ Video တွေ တင်ပေးပါတယ်။ အရင် ရုပ်ရှင်ပေါ်ခါစ History တွေနဲ့ပါ ရှင်းပြတဲ့အတွက် Film Education ပုံစံအထိ လေ့လာနိုင်မယ့် Channel ဖြစ်ပါတယ်။
နောက် Channel တစ်ခုကတော့ Dave Dugdale ပါ။

သူကကျတော့ Gear တွေ Review တွေ ပိုများပါတယ်။ သူရဲ့ camera တွေ Tools တွေ နောက်ဆုံး Software တွေ Computer တွေအပေါ်မှာ အတွေ့အကြုံတွေ Share ပေးတာများပါတယ်။ YouTube မှာ Sharing လုပ်နေရင်း သူကိုယ်တိုင်ပါ Learning တစ်ခါတည်း လုပ်တတ်တဲ့ပုံစံ ဖြစ်ပါတယ်။ Tools တွေအပေါ် အမြဲမပြတ်လေ့လာချင်တဲ့သူတွေအတွက် တော်တော်လေးကောင်းတဲ့ Channel လေးဖြစ်ပါ တယ်။

နောက်တစ် Channel ကတော့ Tom Antos ဆိုတဲ့ Filmmaker တစ်ယောက်ပါ။

သူကတော့ အစုံပါပဲ။ Camera Review တွေရော Filmmaking Tutorial တွေရော Lighting Tutorial တွေရော အများကြီးကို တင်ပေးနေပါတယ်။ Post Production ဖြစ်တဲ့ Color Grading တွေ VFX တွေပါ တင်တင်ပေးလေ့ရှိပါတယ်။ Tom Antos ရဲ့ Channel ကို Genre ခွဲဖို့တော့ ခက်ပါတယ်။ ဒီ Channel ကတော့ Filmmaking နဲ့ပတ်သတ်တဲ့ အရာရာကို အများကြီးလေ့လာနိုင်မယ့် Channel ဖြစ်ပါတယ်။

နောက်တစ် Channel ကတော့ Philip Bloom ပါ။

သူကတော့ DSLR Video ကို Tutorial တွေ အစောဆုံးလုပ်ခဲ့တဲ့သူတွေထဲမှာ တစ်ယောက် အပါအ၀င်ဖြစ်ပြီး Online မှာ နာမည်တော်တော်ကြီးတဲ့ Filmmaker တစ်ယောက်လဲ ဖြစ်ပါတယ်။ Philip Bloom ရဲ့ Channel ကလဲ အစုံအလင်ဖြစ်ပါတယ်။ Camera Review တွေတော့ များပါတယ်။ Review တွေက In Depth ဖြစ်ပြီး တစ်ခုတစ်ခုကို 45 မိနစ် 1 နာရီနီးပါး ရှိပါတယ်။ သူ့ Website လဲရှိပြီး Blog Post တွေဟာ တော်တော်လေး Informative & Educative ဖြစ်ပါတယ်။ သူ့လက်ရာတွေဟာလဲ Cinematic Quality တော်တော်လေးဖြစ်လို့ နာမည်ကျော်ပါတယ်။

နောက်ထပ်တစ် Channel ကတော့ Cinecom ပါ။ သူတို့ကတော့ Video Production ကနေ Editing, Post Production ထိ အကုန်ပါပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ Production Tips & Tricks လေးတွေက တော်တော်စိတ်ဝင်စားပြီး အသုံးဝင်တာလေးတွေ များပါတယ်။ Editing အတွက်လဲ ရှိပါတယ်။ သူတို့ကတော့ Personal ပုံစံထပ် Organization ပုံစံတော့ ပိုပေါက်ပါတယ်။

နောက်တစ် Channel ကတော့ Editing ဦးစားပေး Channel တစ်ခု ဖြစ်ပါတယ်။ Olufemii Tutorials လို့ ခေါ်ပါတယ်။ တစ်ခြား Tutorial လေးတွေလဲ အနည်းငယ်ရှိပေမယ့် Editing ကတော့ များပါတယ်။ Editing ကိုမှ Creative Techniques တွေ Promo တွေ Commercial တွေ Music Video Editing Style တွေ သင်ပေးတာများပါတယ်။ ကျွန်တော် Personal အရ တော်တော်လေးကြိုက်တဲ့ Channel ထဲမှာ ပါပါတယ်။

နောက်တစ်ခုကတော့ Aputure ဖြစ်ပါတယ်။ သူတို့ကတော့ Lighting ထုတ်လုပ်တဲ့ Company ဖြစ်ပါတယ်။ သူတို့ Product တွေဟာ တော်တော်လေးနာမည်ကြီးပါတယ်။ LED Light တွေ အဓိက ထုတ်လုပ်တာများပါတယ်။ သူတို့ Channel ကနေပြီး Lighting Related Tutorial တွေအပြင် Cinematography Tips & Tricks တွေကို တင်ပေးလေ့ရှိပါတယ်။ အထူးသဖြင့်ကတော့ Lighting Tutorial တွေက တော်တော်လေးကောင်းပါတယ်။ Tutorial တိုင်းမှာ သူတို့ Product တွေနဲ့ လုပ်ပြပေမယ့် အလွယ်တကူပြန်သုံးလို့ရမယ့် Techniques တွေ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ Film Essay လို့ခေါ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ Every Frame a Painting လို့ခေါ်ပါတယ်။

ဒီလိုအမျိုးအစားကတော့ တော်တော်လေး လေ့လာရစိတ်ဝင်စားဖို့ကောင်းတဲ့ Video လေးပါ။ ရုပ်ရှင်တွေရဲ့ ဖွဲ့စည်းပုံ ရိုက်ကူးထားပုံ Filmmaking အနုပညာရပ်တွေကို Breakdown ပုံစံမျိုးနဲ့ ပြထားတဲ့ Video တွေ ဖြစ်ပါတယ်။ လေ့လာလို့အရမ်းကောင်းပြီး ပညာရပ်ပိုင်းဆန်တဲ့ Video တွေဖြစ်လို့ တချို့သောသူတွေတော့ တော်တော်ကြိုက်ကြမှာပါ။ Tips & Tricks တွေလို Ready to Use တွေ မဟုတ်ပါဘူး။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






www.pyaephyo.com
 
 
 
Read More ...

10/02/2017

♪ “Bluetooth ဖွင့်ထားတဲ့ဖုန်းတွေကိုအန္တရာယ်ပေးမယ့် BlueBorne တိုက်ခိုက်မှု” ♫

No automatic alt text available.

ဟက်ကာဆိုတဲ့လူတွေကတော့ရှိသမျှနည်းပညာပစ္စည်းအားလုံးရဲ့အားနည်းချက်ကိုလိုက်ပြီးရှာနေ တဲ့လူတွေလို့ပြောရမလားတောင်မသိပါဘူး။အခုလည်းBluetooth တိုက်ခိုက်မှုကနေBluetooth ဖွင့်ထားတဲ့ဖုန်းတွေကို ထိုးဖောက်ဝင်ရောက်နိုင်တယ်လို့လုပ်ပြလိုက်ပြန်ပါပြီ။အခုသူတို့စမ်းသပ် ပြလိုက်တဲ့ဟာကBluetooth ဖွင့်ထားတဲ့စမတ်ဖုန်း၊လက်တော့၊တီဗီနဲ့ တခြားဘယ်IoTပစ္စည်းတွေကိုမဆိုအလွယ်တကူထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတဲ့အားနည်းချက်ကိုပါ။တကယ်လို့ကိုယ့်ရဲ့အိုင်တီပစ္စည်းတစ်ခုခုဟာMalware တိုက်ခိုက်မှုအန္တရာယ်ကြုံတွေ့နေရတယ် ဆိုရင်တိုက်ခိုက် သူတွေ ဟာပိုင်ရှင်ရဲ့ခွင့်ပြုချက်မလိုဘဲဖုန်း (သို့) အိုင်တီပစ္စည်း အတွင်းပိုင်း ကိုလျှို့ဝှက်ဝင်ရောက်နိုင်ပါတယ်။

လုံခြုံရေးသုတေသနပညာရှင်တွေဟာBluetooth ProtocolမှာZero-day ယိုကွက် (Vulnerability) ရှစ်ခုတွေ့ရှိခဲ့ပြီးအဲဒီအားနည်းချက်ကAndroid, iOS, Windows, Linux အသုံးပြုထားတဲ့ပစ္စည်းတွေကစ၍IoT (Internet of Things)ပစ္စည်းတွေအထိအရေအတွက်၅.၃ဘီလီယံလောက်ကို အန္တရာယ်ပေးနိုင်နေတာကိုတွေ့ရှိခဲ့ကြပါတယ်။IoTပစ္စည်းတွေရဲ့လုံခြုံ ရေးကိုလေ့လာသုံးသပ်နေတဲ့Armis အဖွဲ့ကဆိုက်ဘာလုံခြုံရေးပညာရှင် တွေကတော့ဒီအားနည်းချက်ကနေတစ်ဆင့်BlueBorneလို့ခေါ်တဲ့ တိုက်ခိုက်မှုကိုပြုလုပ်နိုင်ပြီးBluetooth ဖွင့်ထားတဲ့ဘယ်ဖုန်းကိုမဆို ဟက်ကာ တွေအနေနဲ့ဝင်ရောက်ထိန်းချုပ်မှုပြုလုပ်နိုင်ပါတယ်လို့ဆိုပါ တယ်။ဟက်ကာတွေရဲ့တိုက်ခိုက်မှု နည်းလမ်းတွေအနက်ကတစ်ခုဖြစ်တဲ့"Man-in-the-Middle"ဆိုတဲ့ဆက်သွယ်မှုလမ်းကြောင်းနဲ့အိုင်တီ ပစ္စည်းတွေ ထဲကဒေတာတွေကိုပိုင်ရှင်ရဲ့ခွင့်ပြုချက်မလိုဘဲရယူသွားမှာဖြစ်ပါတယ်။

ဒီလိုမျိုးတိုက်ခိုက်မှုကိုBluetooth ဖွင့်ထားတဲ့အချိန်မှာသာ ပြုလုပ်နိုင် မှာဖြစ်ပြီးတိုက်ခိုက်မယ့်သူကလည်း သူတိုက်ခိုက်ချင်တဲ့ပစ္စည်းရဲ့အကွာအဝေးတစ်ခုအတွင်းမှာရှိနေဖို့လိုပါတယ်။ဒါပေမယ့်ပစ္စည်းနှစ်ခုကို Bluetooth ကနေPaired လုပ်ဖို့တော့မလိုအပ်ပါဘူး။အများစု စိုးရိမ်တာကဒီBlueBorneတိုက်ခိုက်မှု ကနေတစ်ဆင့်ဒီနှစ်အစောပိုင်းမှာနာမည်ကြီးခဲ့တဲ့WannaCryRansomwareလိုမျိုးMalware တိုက်ခိုက် မှုကြီးဖြစ်ပေါ်လာမှာကိုပါ။WannaCryဟာဆိုရင်ဒီနှစ်အစမှာကုမ္ပဏီကြီး တွေနဲ့အဖွဲ့အစည်းတော်တော်များများကိုအန္တရာယ်ပေးခဲ့ပါတယ်။

Armis Labsရဲ့သုတေသနခေါင်းဆောင်Ben Seri ဆိုရင်သူတို့ရဲ့ စမ်းသပ်ခန်းထဲမှာBotnet ကွန်ရက်တစ်ခုကိုဆောက်ပြီးBlueBorne တိုက်ခိုက်မှုကနေRansomwareတစ်ခုခုကိုထည့်သွင်းနိုင်အောင်ကြိုးစားခဲ့ပါတယ်။Seri တွေ့ရတာကဒီလိုမျိုးBluetooth ဖွင့်ထားတဲ့ဖုန်းကနေ တစ်ဆင့်ကမ္ဘာနဲ့အ၀ှမ်းပျံ့နှံ့ သွားနိုင်တဲ့တိုက်ခိုက်မှုမျိုးကိုကျွမ်းကျင်တဲ့တိုက်ခိုက်သူတစ်ယောက်ဖြစ်နေရင်တောင်မလွယ်ကူပါဘူး။မတူညီတဲ့Platform အားလုံးကိုပစ်မှတ်ထားပြီးပစ္စည်းတစ်ခုကနေတစ်ခုကူးစက်အောင်လုပ်ဖို့ဆိုရင်ပိုပြီးတော့တောင်ခက်ခဲပါဦးမယ်။

အခုဆိုရင်ဒီအားနည်းချက်ကိုArmisအဖွဲ့ကGoogle, Apple, Microsoft, Samsung နဲ့Linux Foundation ဆီကိုလွန်ခဲ့တဲ့လအနည်းငယ်က တည်းကအကြောင်းကြားပြီးပါပြီ။Googleနဲ့Microsoftတို့ကတော့လုံခြုံ ရေးအဆင်မြှင့်ပေးမယ့်Security Patch တွေကိုသုံးစွဲသူတွေဆီ ထုတ်ပေးလိုက်သလိုAppleရဲ့iOSမှာ ဆိုရင်လည်းOS Version 10.x နဲ့အထက်မှာလုံခြုံမှုရှိသွားပါပြီ။ပြဿနာကiOS 9.3.5 ထက်နိမ့်တဲ့ iPhone တွေနဲ့Marshmallow (6.x) ထက်နိမ့်တဲ့Android ဖုန်းအလုံးရေ ၁.၁ဘီလီယံလောက်ကတော့BlueBorneတိုက်ခိုက်မှုအန္တရာယ်ကိုမကာကွယ်နိုင်သေးပါဘူး။Linux ကိုအသုံးပြုထားပြီးBluetooth ပါဝင်တဲ့တခြား သန်းနဲ့ချီတဲ့ပစ္စည်းတွေမှာလည်းဒီအန္တရာယ်ရှိနေသလို စီးပွားဖြစ်Linux Platform တွေဖြစ်ကြတဲ့Tizen OS, Blue Z နဲ့3.3-rc1တို့မှာလည်း အနည်းဆုံး BlueBorne Bugs တစ်ခုစီရှိနေကြပါသေးတယ်။

Android အသုံးပြုသူတွေအတွက်ကတော့သူတို့ရဲ့ထုတ်လုပ်သူတွေ ဆီကSecurity Patch တွေကိုမျှော်လင့်ရုံကလွဲလို့တခြားဘာမှ မလုပ်နိုင် ပါဘူး။Armisအဖွဲ့ကတော့ကိုယ့်ရဲ့ဖုန်းမှာဒီလုံခြုံရေးအား နည်းချက်ရှိ၊မရှိ စစ်ဆေးနိုင်ဖို့"BlueBorneVunerability Scanner" ဆိုတဲ့အက်ပလီ ကေးရှင်းကိုGoogle Play Store မှာတင်ထားပေးပါတယ်။ စစ်ဆေး ကြည့်လို့အားနည်းချက်ရှိနေပြီဆိုရင်တော့ဖုန်းကBluetooth ကအမြဲ မဖွင့်ထားမိအောင်သတိထားပါလို့အကြံပေးပါရစေ။



Ref: The Last Hacking News

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com
 
 
 
Read More ...

9/19/2017

♪ VPN အသုံးပြုနည်း & VPN ဆိုတာဘာလဲ ♫

vpn-18-0

VPN အသုံးပြုနည်းကို မပြောခင် … VPN ဆိုတာဘာလဲ … VPN ကို ဘာကြောင့်သုံးရတာလဲ … ဘာအတွက် သုံးတာလဲဆိုတာလေး နဲနဲပြောခြင်ပါတယ် … ဗဟုသုတအနေနဲ့ပါ …
VPN ဆိုတာ  က Virtual Private Network ဟုဆိုလိုခြင်းဖြစ်ပါတယ် … Virtual Private Network ဆိုတာဘာလဲ ? VPN ဆိုတာ ကိုယ့်ကွန်ပြူတာ ကနေ ပို့လွှတ်လိုက်တဲ့ Data တွေကို အင်တာနက်ထဲမှာ ကိုယ်ဘာလုပ်နေတယ် ဆိုတာ တစ်ခြားသူ တစ်ယောက် ( သို့မဟုတ် ) အဖွဲ့အစည်းတစ်ခုကနေ ကြားဖြတ်ဖမ်းယူ ကြည့်ရှုလို့ မရအောင် Data တွေကို VPN Server တွေကနေ Encrypt လုပ်ပစ်ပြီး အင်တာနက်ထဲမှာ ကိုယ့်ရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံစေအောင် စီမံခန့်ခွဲပေးပါတယ်
 – လုံခြုံမှု အဆင့်မြင့်မားတဲ့ VPN တွေမှာဆိုရင် ကိုယ် အင်တာနက်ထဲမှာ လည်ပတ်သွားလာတဲ့ browsing history တွေကိုတောင် Record လုပ်ထားတာမျိုး မရှိပါဘူး – ဒါ့ကြောင့် သဘောက ကျွန်တော်တို့မှာ IP addresses တွေရှိပြီး ISP နဲ့ ဆက်သွယ် လုပ်ကိုင်နေရတယ် ဆိုပေမယ့် VPN ရဲ့ ကာကွယ်ပေးထားမှုကြောင့် ကျွန်တော်တို့တွေက အင်တာနက်ထဲမှာ Anonymous user သဘောမျိုး ဖြစ်နေမှာပါ။ ကဲ … ဒါက … တခြားဘက်နဲနဲရောက်သွားတယ် … ကျနော်တို့ ဖုန်းနဲ့ပတ်သတ်တာလေးပဲ … ပြန်ပြောရအောင် …
ဖုန်းမှာဘာလို့ VPN သုံးတာလဲဆိုတာကတော့ … Play store က Latest update တွေ လိုချင်လို့ရယ် … Play store မှ Games တွေ Application တွေကို ဝယ်ဖို့အတွက်ရယ်ကြောင့်ပါ … မြန်မာပြည်ကနေ Play store ကို ဝင်ရင် Free Application တွေလောက်ပဲ ဒေါင်းလုပ်လုပ်လို့ရမှာဖြစ်ပြီး … ပိုက်ဆံပေးရတဲ့ Application တွေ တခြားနိုင်ငံထုပ်တဲ့ Application တွေကို မြင်ရမှာမဟုတ်သလို မြင်ရလျှင်လဲ Loaction Error ကြောင့် Download လုပ်ပြီးအသုံးပြုနိုင်မှာမဟုတ်ပါဘူး … အခြားခြားအမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ VPN ကို အသုံးပြုလေ့ရှီပါတယ် … နောက်တစ်ခု လိုအပ်တာလေးတွေကို Freedom ခံပြီး သုံးဖို့ရယ် အတွက်ဆို သဘောပေါက်မယ်လို့ထင်ပါတယ် …. :P :P
Application APK တွေ အသုံးပြုပြီးမှ VPN အသုံးပြုလို့ရတာမဟုတ်ပါဘူးခဗျာ … Application တွေမပါပဲနဲ့လဲ VPN အသုံးပြုလို့ရပါတယ် … သိပြီးသားသူတွေလဲရှီမှာပါ … မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ် …
For Android
၁။ Setting > More > VPN ကိုသွားပါ … Box တစ်ခုကြလာပြီး Password တစ်ခုပေးခိုင်းပါလိမ့်မည်။ OK နှိပ်ပါ … Parttern, PIN, Password, Gesture ထဲမှ တစ်ခုခုကိုရွေးချယ်ပြီး Password တစ်ခုတည်ဆောက်ပေးလိုက်ပါ … ထို Password သည် … LockScreen အထိသက်ရောက်ပါတယ် …
၂။ Password ပေးပြီးရင် VPN Main Page ကိုရောက်ရှီသွားပါပြီ။ VPN Main Page ရောက်သွားပေမဲ့ Server တစ်ခုမျှရှီသေးမည်မဟုတ်ပါ။ ကျနော်တို့ အသုံးပြုခြင်တဲ့ နိုင်ငံက Server ကို လှမ်းချိတ်ဆက်ရမည်ဖြစ်ပါတယ် … ကျနော်ကတော့ US VPN server တစ်ခုကို ချိတ်ဆက်ပြပါမယ် … ဤနည်းဖြင့် အခြားနိုင့် VPN Server များကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။
၃။ VPN Main Page မှ အပေါ် ညာဘက်ထောင့်နားက အပေါင်းပုံကို တစ်ချက်နှိပ်ပါ …
1
၎။ Box တစ်ခုကြလာပါလိမ့်မည် … ပုံတွင်ပြထားသည့်အတိုင်းဖြည့်ပေးလိုက်ပါ … ပြီးရင်တော့ Save လုပ်ပေးလိုက်ပါ။
2
၅။ ထိုအခါ Server တစ်ခုကို ချိတ်ဆက်ဖို့အတွက် Virtual Private Network တစ်ခုကို မိမိ ကိုယ်တိုင်တည်ဆောက်လို့ပြီးပါပြီခဗျာ ….
3
၆။ မိမိဖုန်းရဲ့ Mobile Data ကိုဖွင့်ပါ … ပြီးရင် ယခုမြင်တွေ့ရသော VPNBook ကိုတစ်ချက် နှိပ်ပါ … ထိုအခါ … Username နှင့် Password လာတောင်းပါလိမ့်မည် …
Username – vpnbookPassword – DewuwrA2
ကိုဖြည့်ပေးလိုက်ပါ … ပြီးရင် Save account information ကို On ပြီး Connect ကိုနှိပ်လိုက်ပါ …
4
၇။ စတင်ပြီး Server Connection ရရန် ချိတ်ဆက်နေပါလိမ့်မယ် …
5
၈။ ချိတ်ဆက်မီပြီဆိုပါက ပုံ၏ ဘယ်လက်အပေါ်တွင် သော့ပုံလေးပေါ်လာပါလိမ့်မည်။
၉။ ထိုအခါ Setting > Application > Google Play Store ကိုသွားပြီး Clear cache/ Clear Data/ Force stop သုံးခုလုံးကို နှိပ်ပေးလိုက်ပါ။ ပြီးပါက Play store ပြန်ဝင်ကြည့်ပါ … ထိုအခါ US မှာ အသုံးပြုတဲ့အတိုင်း Play store မှာအသုံးပြုနိုင်ပါပြီ …
မှာလေ့လာနိုင်ပါတယ် … VPNBook ကဲ့သို့ Website ပေါင်းများစွာရှီပါတယ် … ရှာဖွေအသုံးပြုနိုင်ပါတယ်ခဗျာ …
အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ …
Sharing – Thaw Tar







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/16/2017

♪ “နည်းပညာဆိုင်ရာတိုက်ခိုက်ခြင်းနှင့်ကာကွယ်ခြင်း” ♫

No automatic alt text available.

ချစ်ကြည်ရင်းနှီးခြင်းနှင့်ငြိမ်းချမ်းခြင်းဟာ ကောင်းမွန်သောအပေါင်း လက္ခဏာဖြစ်သော်လည်းကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများ၊အချို့သော လူမျိုးများဟာအမုန်းတရားများ၊ရန်လိုတိုက်ခိုက်မှုများဖြင့်သာ နေ့စဉ်ဘ၀ ကို လျှောက်လှမ်းနေကြပါတယ်။ ရှေးယခင်နှစ်များကတော့ရန်စ ကျူးကျော်ခြင်း၊တိုက်ခိုက်ဖျက်ဆီးခြင်းဟာနိုင်ငံ တစ်ခုအတွင်းသို့လက်နက်အင်အား၊လူအင်အားတို့ဖြင့်ကျူးကျော်ဝင်ရောက်ခြင်းဖြစ်ပေမယ့်အခုအခါမှာတော့သံရေးတမန်ရေးနည်းများ၊အဆင့်မြင့်နည်းပညာများဖြင့်ရန်စခြင်းများကိုလုပ်ဆောင်နေကြပါတယ်။ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ဟာ သံတမန်များနှင်ထုတ်ခြင်း၊သံရုံးများကန့်သတ်ပိတ်ပင်ခြင်း၊ သံရုံးဝန်ထမ်းဦးရေလျှော့ပေါ့ထားရှိခြင်းစသည်တို့ကိုအပြန်အလှန်ပြုလုပ်၍နိုင်ငံအချင်း ချင်း ဆက်ဆံရေးတင်းမာအောင် ပြုလုပ်ကြသလိုအချို့ကတော့နှစ်နိုင်ငံ ကြားဆက်သွယ်မှုများ၊ကုန်သွယ်မှုများကိုပိတ်ပင်ခြင်းဆောင်ရွက်ကြပါ တယ်။သက်ဆိုင်ရာနိုင်ငံအသီးသီး ဟာနည်းပညာစနစ်များနှင့်လည်း လွတ်ကင်း၍မရတာကြောင့်နည်းပညာစနစ်များဖြင့်တိုက်ခိုက်ခြင်းကို လည်းကြုံတွေ့ကြရပါတယ်။သတင်းများလျင်မြန်စွာပျံ့နှံ့မှုကိုလုပ်ဆောင် ပေးနိုင်သောစနစ်ကတော့မျက်မှောက်ခေတ်တွင်လူသုံးများနေသော လူမှုကွန်ရက်စနစ်များဖြစ်ပါတယ်။အဆိုပါလူမှုကွန်ရက်စနစ်များကို လူကောင်းရောလူဆိုးပါအသုံးပြုနေ ကြခြင်းကြောင့်အချို့သောအချက် အလက်များဟာမှန်ကန်တိကျမှုမရှိ ပါဘူး။ထိုသို့မှန်ကန်တိကျမှုမရှိသော သတင်းအချက်အလက်များကိုကိုးကားခြင်း၊ ဖြန့်ဝေခြင်းတို့မှတစ်ဆင့် မလိုလားအပ်သော ကောလာဟလများ၊အမုန်းတရားများ၊ဆန့်ကျင် ကန့်ကွက်မှုများပိုမိုဖြစ်ပွားကြရပါတယ်။ထို့ကြောင့်မှန်ကန်သော အချက်အလက်များပျံ့နှံ့စေရေးအတွက်သက်ဆိုင်သည့်နိုင်ငံများ၊အဖွဲ့ အစည်းများကလုပ်ဆောင်နေသလိုပင်မလူမှုကွန်ရက်စနစ်များမှ စောင့်ကြည့်လေ့လာသောဌာနများ၊အင်အားကြီးသောသတင်းဌာနများ ကလည်းပူးပေါင်းပါဝင်လုပ်ဆောင်ရန်လိုအပ်လှပါတယ်။

လူမှုကွန်ရက်စနစ်များမှနေ၍တိုက်ခိုက်ခြင်းများရှိသလိုသက်ဆိုင်ရာနိုင်ငံများရဲ့နည်းပညာစနစ်များကို နှေးကွေးပျက်စီးစေရန်တိုက်ခိုက်ခြင်း များလည်းရှိပါတယ်။အချို့ဟက်ကာများဟာနိုင်ငံတစ်ခုကိုရည်ရွယ် သတ်မှတ်၍တိုက်ခိုက်ခြင်းမဟုတ်ဘဲသူတို့၏စွမ်းရည်ကိုပြသလိုသည့် အနေဖြင့်သာကြုံကြိုက်သောနိုင်ငံများ ရဲ့လုပ်ငန်းခွင်များ၊website များကို တိုက်ခိုက်မှုလုပ်ဆောင်ကြပါတယ်။အချို့သောဟက်ကာများကတော့ ရည်ရွယ်ချက်ရှိရှိဖြင့်နိုင်ငံတစ်ခုတည်းရဲ့website များကိုတိုက်ခိုက်မှု လုပ်ဆောင်ကြပါတယ်။ထိုအခါတိုက်ခိုက်ခံရသောနိုင်ငံဘက်မှဟက်ကာများကလည်းအဆိုပါနိုင်ငံကို ပြန်လည်တိုက်ခိုက်မှုလုပ်ဆောင်ကြ ပါတယ်။ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း၊စတင်တိုက်ခိုက်ခြင်းများဟာနှစ်ဦး နှစ်ဖက်စလုံးအတွက်ထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။၂၀၁၇ခုနှစ်နှစ် လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သောWannaCry Ransomware Virus တိုက်ခိုက်မှုဟာတစ်ကမ္ဘာလုံးအတွက်အံ့သြထိတ်လန့်စရာဖြစ်ခဲ့ပြီး အချို့သောလုပ်ငန်းခွင်များဟာဆုံးရှုံးမှုကြီးမားခဲ့ကြပါတယ်။စီးပွားရေး လုပ်ငန်းခွင်များအတွက်သာမကကျန်းမာရေးဆိုင်ရာကုသစောင့်ရှောက်မှုများအတွက်လည်းအထိအခိုက်ရှိခဲ့ ပါတယ်။ဗြိတိန်ရှိအမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနသို့လည်းအဆိုပါ Ransomware Virus ဟာဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

ငွေရေးကြေးရေးနှင့်ပတ်သက်သောလုပ်ငန်းခွင်များကိုတိုက်ခိုက်ခြင်း ထက်ကျန်းမာရေးဆိုင်ရာဌာနများကို တိုက်ခိုက်ခြင်းဟာပိုက်ဆံသာမက ကုသမှုအပိုင်းနှင့်လူတစ်ယောက်၏အချက်အလက်များပါဆုံးရှုံးကြရပါ တယ်။အချို့သောလူနာများဟာသူတို့၏ ရောဂါလက္ခဏာအချက် အလက်များ ကိုလူသိမခံလိုကြပါဘူး။ထို့ကြောင့်သက်ဆိုင်ရာဆရာဝန်များ၊ ဆေးရုံများဟာအချက်အလက်များကို သေချာထိန်းသိမ်းထားကြရပါတယ်။ ထိုကဲ့သို့virus တိုက်ခိုက်ခံရမှုများဟာသက်ဆိုင်ရာဆေးရုံရဲ့ယုံကြည်မှုကို သာမကလူနာတစ်ယောက်ရဲ့စိတ်အခြေအနေကိုလည်းထိခိုက်ပျက်စီးစေပါတယ်။

ဆိုက်ဘာလုံခြုံရေးတိုက်ခိုက်ခံရဆုံးသော နေရာတစ်ခုကတော့ဘဏ်များ ဖြစ်ပါတယ်။ဘဏ်များဟာ ငွေစက္ကူများနဲ့သာမကဒစ်ဂျစ်တယ်ပိုက်ဆံ များနှင့် ပါလည်ပတ်နေသောကြောင့်ဟက်ကာများ အတွက်မျက်စိကျစရာ နေရာတစ်ခုဖြစ်ပါတယ်။ဒစ်ဂျစ်တယ်နဲ့လှုပ်ရှားလည်ပတ်နေသော ဘဏ်လုပ်ငန်းခွင်များတွင်ဘဏ်ရဲ့ပိုက်ဆံသာမကသုံးစွဲသူများရဲ့ပိုက်ဆံများပါဟက်ကာများ၏လက်အတွင်းသို့သက်ဆင်းကြရပါတယ်။ပြီးခဲ့ သည့်သြဂုတ်လကုန်တွင်ထွက်ရှိခဲ့သောMicrosoft ၏ဆိုက်ဘာလုံခြုံရေး အစီရင်ခံစာအသစ်အရအရှေ့တောင်အာရှကဲ့သို့သောဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များတွင်Malware များနှင့်ကြုံတွေ့ရမှုနှုန်းဟာကမ္ဘာ့အမြင့်ဆုံး ဖြစ်နေပါတယ်။Software များမှတိုက်ခိုက်မှုကိုခုခံနိုင်စွမ်းအနိမ့်ဆုံးနိုင်ငံ များထဲတွင် မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့်ဗီယက်နမ် တို့ပါဝင်ကာMalware တိုက်ခိုက်မှုကြောင့်ထိခိုက်နိုင်မှုအမြင့်မားဆုံး အာရှပစိဖိတ်နိုင်ငံများကတော့အထက်ဖော်ပြပါ၅နိုင်ငံအပြင်နီပေါ၊ထိုင်း၊ ဖိလစ်ပိုင်၊သီရိလင်္ကာ၊မလေးရှား၊ကိုရီးယား၊စင်ကာပူနှင့်နယူးဇီလန်နိုင်ငံတို့ပါဝင်ပါတယ်။ကိုရီးယားနိုင်ငံဟာကမ္ဘာတစ်ဝန်းတွင်Ransomware တိုက်ခိုက်ခံရမှုဒုတိယအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ပြီးခဲ့သည့်စက်တင်ဘာလ ဆန်းပိုင်းကလည်း မြန်မာနိုင်ငံရှိwebsite အချို့Defacement Attack ပြုလုပ်ခြင်းခံခဲ့ရပါတယ်။ထိုသို့ပြုလုပ် ခံရခြင်းမှနေ၍ပုံမှန်အခြေအနေသို့ ပြန်လည်ရရှိအောင်လုပ်ဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စောင့်ကြည့်ကာကွယ်မှုများဆက်လက်ဆောင်ရွက်ရန်လိုအပ်လှပါတယ်။

လေဆိပ်ဌာနများတွင်ဆိုက်ဘာတိုက်ခိုက်မှုကြုံတွေ့ရပါကအခက်အခဲများကိုအချိန်နှင့်အမျှကြုံတွေ့ခံစား ရနိုင်ပါတယ်။မိနစ်ပိုင်းအတွင်း လေယာဉ် ပေါင်းများစွာပျံသန်းဆင်းသက်နေသောနိုင်ငံတကာလေဆိပ်များတွင်ဆိုက်ဘာတိုက်ခိုက်မှုကြုံရသည့်အခါ လေဆိပ်လုပ်ငန်းခွင်ဟာလည်ပတ်ခြင်း မပြုနိုင်တော့ဘဲရပ်ဆိုင်းသွားရကာထိုသို့ရပ်ဆိုင်းရခြင်းဟာအချိန်ကြာ သည်နှင့်အမျှခရီးသည်ရာပေါင်းများစွာအတွက်စောင့်စားခြင်းဒုက္ခကိုခံစားရစေပါတယ်။ယူကရိန်းနိုင်ငံရှိKIEV Airport ဟာပြီးခဲ့သည့်ဇွန်လက ဆိုက်ဘာ တိုက်ခိုက်မှုခံစားရပြီး လေယာဉ်ပျံသန်းမှုများ နှောင့်နှေး ကြန့်ကြာစေခဲ့ပါတယ်။“ပုံမှန်မဟုတ်သောအခြေအနေများဖြစ်ပျက်တဲ့ အခါမှာ လေကြောင်းခရီးစဉ်များဟာကြန့်ကြာရစမြဲပါ”ဟု ဒါရိုက်တာ ဖြစ်သူYevhen Dykhne ကသူရဲ့Facebook မှာ ရေးသားထားခဲ့ပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုကိုမခံရစေရန်အတွက်ကြိုတင်ကာကွယ်ခြင်းဟာ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။Log In ၀င်ရောက်မှုများနှင့် Password များကိုဖမ်းယူထားနိုင်သော၊ကိုယ်ရေး အချက်အလက်များကို ၀င်ရောက်ကြည့်ရှုနိုင်သောအများသုံးWifi များဖြင့်အလုပ်လုပ်ခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။အချို့သောသူများဟာ အရေးကြီး လုပ်စရာ မရှိသော်လည်းWifi ရရှိသောနေရာများတွင်အင်တာနက်စနစ် များကို ၀င်ရောက်ကြည့်ရှုအသုံးပြုလေ့ရှိကြပါတယ်။အထူးသဖြင့် ဘူတာနှင့် လေဆိပ်များတွင်အသုံးပြုတတ်ကြပြီးထိုသို့အသုံးပြုခြင်းဟာ ဟက်ကာများ၏တိုက်ခိုက်မှုကိုကြုံတွေ့ရဖို့ရာခိုင်နှုန်းများပါတယ်။အချို့ သောသူများကတော့မိမိတို့၏ဖုန်းဘေ သက်သာစေရန်အတွက်အင်တာနက်လိုင်းအခမဲ့ရရှိသော နေရာများတွင်မိမိလိုချင်သည်များကိုအားပါးတရ Download ဆွဲခြင်းပြုလုပ်ကြပါတယ်။ထိုအခါမိမိတို့ရဲ့Device များကို ထိခိုက်ပျက်စီးစေနိုင်သည့်Virus များလည်းပါရှိလာနိုင်ပါတယ်။ရိုးရှင်း သော Password များကိုထားရှိခြင်းဟာလည်းမိမိတို့ရဲ့အကောင့်များကို အခြားသူများအလွယ်တကူရရှိသွားနိုင်ခြင်းကြောင့်အထူးသတိပြုသင့် ကြောင်းကျွမ်းကျင်သူများကမှတ်ချက်ပြုထားကြပါတယ်။လုံခြုံရေးဆိုင်ရာ မူဝါဒများ၊စနစ်များကိုအခါအားလျော်စွာအဆင့်မြှင့်တင်ထားရန်လိုအပ်ပြီးလူမှုကွန်ရက်ဆိုင်ရာလုံခြုံရေးစနစ်များကိုလည်းဗဟုသုတအနေဖြင့်သိရှိထားရန်လိုအပ်ပါတယ်။အချို့သောအချက်အလက်များဟာCloud မှာ သိမ်းဆည်းထားပါကလုံခြုံစေနိုင်သော် လည်းCloud မှအချက်အလက် များကိုဖောက်ထွင်းရယူနေသောဟက်ကာများလည်းရှိနေပါတယ်။“ဒစ်ဂျစ် တယ်စနစ်သို့ ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာCloud စနစ်ဟာစိုးမိုး ပျံ့နှံ့မှုပိုများလာခဲ့ပြီးကျွန်တော်တို့ဟာမဆုံးနိုင်တဲ့ အခွင့်အလမ်းတွေကို လိုက်လံရှာဖွေနိုင်ဖို့အတွက်နည်းပညာ စွမ်းအားတွေရရှိနေပြီ ဖြစ်ပါ တယ်”ဟုMicrosoft Asia Pacific, Japan & Australia မှAssociate General Counsel ဖြစ်သူAntony Cookက ပြောပါတယ်။

နည်းပညာနဲ့တိုက်ခိုက်မှုဟာသက်ဆိုင်ရာနိုင်ငံရဲ့မူဝါဒများ၊သတ်မှတ်စံနှုန်းများကိုထိခိုက်ခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။ ခေတ်ကာလ ပြောင်းလဲ လာမှုကြောင့်နိုင်ငံနှင့်လူမျိုးကိုချစ်သောသူများကိုလူမှု ကွန်ရက် များတွင် တွေ့မြင်လာရသလိုနိုင်ငံနှင့်လူမျိုးကိုနစ်မွန်းစေသည့်လူများလည်းလူမှု ကွန်ရက်ပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ မြေပြင်တိုက်ခိုက်မှုထက် နည်းပညာနှင့်တိုက်ခိုက်ခြင်းကိုလည်းသက်ဆိုင်ရာနိုင်ငံများ ဟာခုခံ ကာကွယ်တန်ပြန်တိုက်ခိုက်နေကြရပါတယ်။

ငြိမ်းချမ်းတိုး

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/08/2017

♪ Phishing အီးမေးလ်ကို ဘယ်လို ကာကွယ်မလဲ ♫


ဆိုက်ဘာလုံခြုံရေးကို ခြိမ်းခြောက်မှုတွေက ပုံစံမျိုးစုံ၊ အတိုင်းအတာမျိုးစုံနဲ့လာပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး လူတော်တော်များများက ဗိုင်းရပ်စ်အပြင် trojan, keylogger နဲ့ ransomware စတဲ့ အခေါ်အဝေါ်တွေကို ကြားဖူးမှာပါ။ အဲဒီ လုံခြုံရေးခြိမ်းခြောက်မှုတွေကို phishing တိုက်ခိုက်တဲ့အခါ အသုံးပြုနိုင်ပါတယ်။

Phishing ဆိုတဲ့ဝေါဟာရကို အမျိုးမျိုးအသုံးပြုနေကြပြီး ဟက်ကာတွေက bait လို့ခေါ်ပါတယ်။ Bait ဆိုတာက တရားဝင်ဖိုင် ဒါမှမဟုတ် လင့်ခ်ပုံစံနဲ့ ပစ်မှတ်ထားခံရသူတွေဆီက အချက်အလက်တွေ ရအောင် တိုက်ခိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒီ bait က အီးမေးလ်ကတစ်ဆင့် ပျံ့နှံ့အောင် ပြုလုပ်တာကြောင့် လုံခြုံရေး software နဲ့ ခြေရာခံဖို့ ခက်ခဲပါတယ်။ ဒါဟာ အလွန်အန္တရာယ်ကြီးမားတဲ့ တိုက်ခိုက်မှုတစ်မျိုးဖြစ်ပါတယ်။

Phishing တိုက်ခိုက်မှုဆိုတာ
လွန်ခဲ့တဲ့နှစ်နှစ်က လုပ်ငန်းတစ်ခုဟာ ransomware နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်ခံရတဲ့ အချက်အလက်တွေအားလုံးဟာ encrypt ပြုလုပ်ခံခဲ့ရပါတယ်။ တိုက်ခိုက်သူ ဟက်ကာတွေက အဲဒီအချက်အလက်တွေ အတွက် ပြန်ရွေးငွေ ဒေါ်လာ ၇၀၀ တောင်းဆိုခဲ့ပါတယ်။
အဲဒီလုပ်ငန်းက ငှားရမ်းထားတဲ့ လုံခြုံရေးကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်အရ ပိုင်ရှင်တွေထဲက တစ်ဦးက “ကိုယ်ရေးအကျဉ်း” လို့မှတ်ချက်ပြုထားတဲ့ အီးမေးလ် attachment ကိုဖွင့်ခဲ့ပါတယ်။ အဲဒီ attachment က အန္တရာယ်ရှိတဲ့ အရာတစ်ခု ဖြစ်နေပါတယ်။

Phishing ဟာ ဖုန်းကိုတောင် lock ပြုလုပ်နိုင်ပြီး ကိုယ်ရေးအချက်အလက်တွေ ခိုးယူနိုင်ပါတယ်။ လုံခြုံရေး software တွေတောင်မှ phishing ကို ကာကွယ်မပေးနိုင်တဲ့အတွက် အရမ်းကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

အီးမေးလ်အတုတွေကို ဘယ်လိုသိနိုင်သလဲ
အောက်မှာဖော်ပြထားတဲ့ အီးမေးလ်မှာ PayPal ပုံစံအတိုင်း အတုလုပ်ထားတဲ့ လက္ခဏာရပ်တွေ ပါဝင်ပါတယ်။

(၁) အီးမေးလ်မှာ ပါဝင်တဲ့ “To” နေရာမှာ ကွက်လပ်ဖြစ်နေတဲ့အတွက် PayPal ကလာတာ မဟုတ်တဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
(၂) Phishing တိုက်ခိုက်မှု အခြားလက္ခဏာတွေက စာအရေးအသားနဲ့ စာလုံးပေါင်းတွေ မှားတာပါ။ ကုမ္ပဏီကြီးတွေက အီးမေးလ်ပေးပို့ဖို့ ကျွမ်းကျင်အဆင့်ရှိ စာရေးသားသူတွေကို ငှားထားပါတယ်။
(၃) အီးမေးလ်မှာ လက်ခံရရှိသူအမည် မပါဝင်ပါဘူး။
(၄) အီးမေးလ်အတုမှန်းသိနိုင်တဲ့ နောက်ထပ်တစ်ချက်က ဥပမာဆိုရရင် သင့်မှာ PayPay account မရှိဘဲ PayPal ပုံစံမျိုးနဲ့ message ပေးပို့ခံရတာပါ။ ဒါဟာ အလွန်ကြောက်စရာကောင်းတဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။ သင့်ကို click နှိပ်ဖို့ ဖိတ်ခေါ်နေတာပါ။
ဥပမာပြထားတဲ့ phishing ကတော့ သိပ်သပ်ရပ်မှု မရှိပါဘူး။ ဒါပေမဲ့လည်း အခုထက်ပိုပြီး သပ်ရပ်တဲ့ အီးမေးလ်တွေ ရှိနေပါတယ်ဒ ဒါကြောင့် သုံးစွဲသူတွေအတွက် အခုလို အီးမေးလ်တွေကို သတိထားပြီး စစ်ဆေးသင့်ပါတယ်။

Phishing ပြုလုပ်တာကို ဘယ်လိုရှောင်လွှဲနိုင်မလဲ
စေ့စေ့စပ်စပ် ကြည့်ပါ
Phishing အီးမေးလ်တွေက သုံးစွဲသူကိုသတိပေးတဲ့ပုံစံနဲ့ ဝင်လာတတ်လေ့ရှိပါတယ်။ ပြီးတော့ တစ်ခုခုကို ပြင်ဆင်ဖို့ click နှိပ်ခိုင်းပါလိမ့်မယ်။ အဲလိုအရာတွေဝင်လာရင် click မနှိပ်ပါနဲ့။ အီးမေးလ်ပေးပို့တဲ့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကို သွားပြီး စစ်ဆေးကြည့်ရှုသင့်ပါတယ်။ တကယ်လို့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာတဲ့အခါ password ကို ပြောင်းလိုက်ပါ။

စာအရေးအသားနဲ့ စာလုံးပေါင်းသတ်ပုံကို စစ်ဆေးပါ
ရှည်လျားတဲ့ စာတော်တော်များများမှာ စာလုံးပေါင်းမှားတာနဲ့ စာအရေးအသား မမှန်တာတွေရှိတယ်ဆိုရင် အဲဒီ အီးမေးလ်ကို ဂရုတစိုက်စစ်ဆေးသင့်ပါတယ်။ ကုမ္ပဏီကြီးတွေကပေးပို့တဲ့ အီးမေးလ်တွေက စာအရေးအသား ပြည့်စုံဖို့ ကျွမ်းကျင်သူတွေ ငှားရမ်းထားလေ့ရှိပါတယ်။

Browser ကို အဆင့်မြှင့်တင်ပါ
McAfee SiteAdvisor နဲ့ Web of Trush တွေက အခမဲ့ browser add-on တွေဖြစ်ပါတယ်။ သုံးစွဲသူရောက်နေတဲ့ ဝက်ဘ်ဆိုက်တွေမှာ အန္တရာယ်ရှိတဲ့လှုပ်ရှားမှုတွေကို တွေ့တာနဲ့ သတိပေးသွားမှာပါ။

စမတ်ဖုန်းကို သုံးပါ
ဖုန်းနဲ့ အီးမေးလ်စစ်တဲ့အခါမှာ phishing တိုက်ခိုက်မှု ကြိုးစားလာတာတွေကို တွေ့ဖို့ ခက်ခဲပါတယ်။ ဖုန်းမျက်နှာပြင် သေးငယ်တဲ့ အတွက် မြင်သာတဲ့ တချို့အရာတွေကို တွေ့ဖို့ ခဲယဉ်းသွားပါပြီ။ ဒါပေမဲ့ ဖုန်း browser နဲ့ operating system အများအပြားက အန္တရာယ်ရှိ ဝက်ဘ်ဆိုက်နဲ့ download တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်တာကြောင့် သံသယဖြစ်ဖွယ်ကောင်းတဲ့ link တွေကို တွေ့ရှိတဲ့အခါ သတိပေးမှုတွေ ပြုလုပ်ပေးပါလိမ့မယ်။ ဒါပေမဲ့လည်း Android သုံးစွဲသူတွေကတော့ အန္တရာယ်ရှိတဲ့တိုက်ခိုက်မှုတွေကို သတိထားသင့်ပါတယ်။

ယုတ္တိရှိ၊ မရှိ စဉ်းစားပါ
သင်ကိုယ်တိုင် စာရင်းပေးမသွင်းထားတဲ့ အီးမေးလ်လိပ်စာကို သုံးပြီး ဘဏ်က ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သုံးစွဲသူအနေနဲ့ click မနှိပ်ခင် အရာရာကို သေချာစဉ်းစားသင့်ပါတယ်။ သုံးနေတဲ့ account အတွင်းမှာ sign in လုပ်တဲ့အချိန်ကလွဲပြီး password ဒါမှမဟုတ် ဘဏ္ဍာရေးအချက်အလက်တွေ မပေးသင့်ပါဘူး။
 
 
စိုးထက်
Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/25/2017

♪ “Social Account Hacking နဲ့ နာမည်ကြီးလာတဲ့ OurMine” ♫

Image may contain: screen and laptop


လွန်ခဲ့တဲ့သီတင်းပတ်က နာမည်ကျော်ရုပ်သံလိုင်း HBO ရဲ့ Facebook နဲ့ Twitter အကောင့်တွေ Hack ခံခဲ့ရပါတယ်။ ဒီဆိုက်ဘာ တိုက်ခိုက်မှု ကိုပြုလုပ်ခဲ့တဲ့ ဟက်ကာတွေကတော့ OurMine လို့ နာမည်ပေး ထားတဲ့ ဟက်ကာအုပ်စုတစ်စုဖြစ်ပါ တယ်။ ဒါပေမယ့် သတင်းအချက်အလက် ခိုးယူတာမျိုးတွေ၊ ဝေဖန် တိုက်ခိုက်တာမျိုးတွေမရှိခဲ့ဘဲ သူတို့ရဲ့ အစွမ်းအစနဲ့ ဆိုက်ဘာ လုံခြုံရေးဝန်ဆောင်မှုတွေကို ထင်ပေါ်ကျော်ကြား စေလိုတဲ့အနေနဲ့ အခုလို အကောင့်ခိုးယူမှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ HBO ရဲ့ Social Account နှစ်ခုဆီကို OurMine က ပေးပို့ခဲ့တဲ့ မက်ဆေ့ တွေမှာ “ဟိုင်း ... OurMine အဖွဲ့ကပါ။ ခင်ဗျားတို့ရဲ့ ဆိုက်ဘာ လုံခြုံရေးကို စမ်းသပ်နေတာပါ။” လို့ပဲ ရေးသားထားခဲ့ပါတယ်။

တကယ်တော့ OurMine အဖွဲ့ရဲ့ ဆော့ကစားခြင်းခံခဲ့ရတဲ့ မီဒီယာ ကုမ္ပဏီဟာ HBO တစ်ခုတည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း Netflix ၊ Marvel နဲ့ Google တို့လိုကုမ္ပဏီကြီးတွေရဲ့ Twitter အကောင့် တွေကို OurMine က Hack လုပ်ခိုးယူခဲ့ပါသေးတယ်။ အဆိုပါ ဖြစ်ရပ် တွေမှာလည်း မီဒီယာကုမ္ပဏီတွေရဲ့ ဆုံးရှုံးမှုတစ်စုံတစ်ရာမရှိခဲ့ဘဲ OurMine အဖွဲ့က ဆိုရှယ်မီဒီယာအကောင့်တွေအပေါ် သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းကိုသာ ပြသသွားခဲ့တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တော့ OurMine ဟာ နာမည်ကျော်ကြားတဲ့မီဒီယာတွေရဲ့ ဆိုရှယ် အကောင့်တွေကို ခိုးယူခြင်းအားဖြင့် ပိုမိုထင်ရှား လူသိများအောင် လုပ်ပြခဲ့တဲ့သဘောပဲဖြစ်ပါတယ်။ နောက်ဆုံးပြုလုပ်ခဲ့တဲ့ HBO ရုပ်သံလိုင်းရဲ့ ဆိုရှယ်မီဒီယာ အကောင့်နှစ်ခုကို ခိုးယူခဲ့တာဟာလည်း HBO ဟာ Game of Thrones ဇာတ်လမ်းတွေ နဲ့ အောင်မြင်နေတာ ကြောင့်ပဲဖြစ်ပါတယ်။ OurMine ခိုးယူခဲ့တဲ့ Twitter အကောင့်ဟာ HBO က ဖွင့်လှစ်ထားတဲ့ Game of Thrones ဇာတ်လမ်းတွဲရဲ့ တရားဝင် Twitter စာမျက်နှာလည်းဖြစ်ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့အတိုင်း OurMine ဟာ ဆိုက်ဘာရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့အဖွဲ့အစည်း မဟုတ်ဘဲ ဆိုရှယ် မီဒီယာလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ဟက်ကာအဖွဲ့အစည်း တစ်ခုဖြစ် တယ်ဆိုတာပါပဲ။ တစ်ခုရှိတာက သူတို့ နာမည်ကြီးဖို့အတွက် မီဒီယာကုမ္ပဏီ၊ ထင်ရှားကျော်ကြားသူ Celebrity တွေရဲ့ ဆိုရှယ်အကောင့်တွေကို ခေတ္တ ခိုးယူအသုံးချ လေ့ရှိတာပဲဖြစ်ပါတယ်။ OurMine အဖွဲ့ကို ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဆော်ဒီနိုင်ငံအခြေစိုက်ဟက်ကာအဖွဲ့ဖြစ်ကြောင်း သိရပါတယ်။ သူတို့ရဲ့ ပထမဆုံးလှုပ်ရှားမှုကတော့ ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့ပြီး နာမည်ကျော် Wikipedia Website ပူးတွဲ တည်ထောင်သူ Jimmy Wales နဲ့ Pokemon Go မိုဘိုင်းဂိမ်းရေးဆွဲသူ John Hanke တို့ရဲ့ Twitter စာမျက်နှာတွေကို Hack လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဆက်တိုက်ဆိုသလိုပဲ Twitter ပူးတွဲတည်ထောင်သူ Jack Dorsey ၊ Google စီအီးအို Sundar Pichai နဲ့ Facebook တည်ထောင်သူ Mark Zuckerberg တို့ရဲ့ Twitter အကောင့်တွေကို ထပ်ပြီး Hack လုပ်ခဲ့ပြန် ပါတယ်။ အထူးသဖြင့် Twitter တည်ထောင်သူ ရဲ့အကောင့်ကိုတောင် ပြန်ပြီး Hack လုပ်ခဲ့ချိန်မှာတော့ OurMine ရဲ့အစွမ်းအစကို နည်းပညာ နယ်ပယ်က အသိအမှတ်ပြုလာခဲ့ရပါတယ်။ ဒါ့အပြင် OurMine ဟာ ဆိုရှယ်မီဒီယာရဲ့ရှေ့ဆောင်လမ်းပြလို့ဆိုနိုင်တဲ့ Zuckerberg ရဲ့ Pinterest အွန်လိုင်းအကောင့်ကိုတောင် Hack လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် OurMine အဖွဲ့ဟာ လူပုဂ္ဂိုလ်တွေရဲ့ ဆိုရှယ်အကောင့်တွေ ကိုသာ Hack လုပ်ခဲ့တာမဟုတ်ဘဲ နည်းပညာ သတင်း Website TechCrunch ကိုလည်း Hack ခဲ့ပါသေးတယ်။ ဒီအဖွဲ့ရဲ့ ရည်မှန်းချက် ကတော့ White Hat လို့ခေါ်တဲ့ ကွန်ပျူတာကွန်ရက်လုံခြုံရေးအတွက် တရားဝင်လှုပ်ရှားကာကွယ်ခွင့်ရှိတဲ့ အဖြူရောင်ဟက်ကာတွေအဖြစ် နည်းပညာနယ်ပယ် မှာ နေရာရရှိလိုတာပဲဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ အကောင့်တွေကို ခွင့်ပြုချက်မရဘဲ ၀င်ရောက် ထိန်းချုပ် ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေကိုလည်း ခံယူခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာတော့ OurMine အဖွဲ့နဲ့ပတ်သက်မှု ရှိတယ်ဆိုတဲ့ ဆော်ဒီဆယ်ကျော်သက်လူငယ်တစ်ယောက်အကြောင်း ကိုနယူးယော့ခ်အခြေစိုက် BuzzFeed သတင်းဌာန က ဖော်ပြသွား ခဲ့ပါတယ်။ ဒါပေမယ့် OurMine အဖွဲ့ကတော့ ဒီလူငယ်ဟာ သူတို့အဖွဲ့ရဲ့ ပရိသတ်တစ်ဦးသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဒီအကြောင်းဖော်ပြပြီး တစ်ရက်အကြာမှာပဲ OurMine အဖွဲ့ဟာ BuzzFeed ရဲ့ Website ကို ထိုးဖောက်တိုက်ခိုက်ခဲ့ပါတော့တယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာတော့ OurMine အဖွဲ့ရဲ့ အစွမ်းဟာ ပိုမိုထက်မြက်လာပြီး YouTube မီဒီယာချန်နယ်တွေကိုပါ Hack လုပ်နိုင်ခဲ့ပါတော့တယ်။ သူတို့ရဲ့နောက်ဆုံးလှုပ်ရှားမှုကတော့ HBO ရဲ့ တရားဝင် အကောင့် စာမျက်နှာတွေနဲ့ အဆိုပါကုမ္ပဏီ ကပြသနေတဲ့ ဇာတ်လမ်းတွဲတွေရဲ့ Twitter အကောင့်တွေကို Hack ခဲ့တာပဲဖြစ်ပါတယ်။

Ref : (https://en.wikipedia.org/)

ကိုဆွဲ(မုံရွာ)









<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ “Hacker များကို အာရုံလှည့်စားခြင်း” ♫

No automatic alt text available.


ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မဟာမိတ်တပ်များသည် ရန်သူများ၏အာရုံ ကို လှည့်စားရန် နည်းလမ်း များစွာအသုံးပြုခဲ့ ဖူးသည်။ အထူးသဖြင့် ကိုယ်ယောင်ဖျောက်ဖုံးကွယ်သောနည်းလမ်းများနှင့် မရှိသည်ကို အရှိထင် ရသော အယောင်ဆောင် နည်းလမ်းများကို မဟာမိတ်တပ်ဖွဲ့များ တွင်ကျယ်စွာ အသုံးပြုခဲ့ကြ သည်။ အမှန်တကယ်ရှိသောပမာဏထက် ပိုသော တပ်သား များ၊ လက်နက်များရှိနေသည်ဟု ရန်သူများ ထင်မြင် သွားစေရန် လှည့်စားခဲ့ကြခြင်းဖြစ်သည်။ ယခုတော့ ထိုနည်းလမ်းသည် နည်းပညာနှင့်ပေါင်းစပ် ကာ ဟက်ကာများ၏ရန်ကို တားဆီးပေးနိုင်သည့် အကာအကွယ်တစ်ခု ဖြစ်လာခဲ့လေပြီ။

ဟက်ကာများသည် အဖွဲ့အစည်းတစ်ခု၏ ပင်မကွန်ပျူတာကွန်ရက်အတွင်း သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် ချိတ်ဆက်မှုကို အဓိကထားရှာဖွေ ကြခြင်းဖြစ်သည်။ ထိုအခါ ကာကွယ်လိုသည့် အဖွဲ့အစည်းများသည် ဟက်ကာများ၏ထင်မြင်ယူဆချက် ကို လှည့်စားနိုင်သောနည်းလမ်းများကို အသုံးပြုလာခဲ့ကြခြင်း ပင်ဖြစ်လေ သည်။ အာရုံလှည့်စားခြင်းနည်းပညာကို အခြေခံသော အမေရိကန်ဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီ Trapx မှ တာဝန်ရှိသူ Ori Bach က “စစ်ပွဲတွေမှာ ကိုယ့်ရဲ့အခြေအနေမှန် ကို တစ်ဖက်ရန်သူ မသိနိုင်အောင် ကာကွယ်လှည့်စားတဲ့နည်းလမ်းဟောင်း ပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ် တပ်တွေ သုံးခဲ့တဲ့နည်းလမ်း မျိုးပေါ့။ တင့်ကားအတုတွေ ဖန်တီးတယ်။ လေကြောင်းအခြေစိုက်စခန်း အတုတွေဖန်တီးတယ်။ ရန်သူအထင် မှားစေမယ့် ဘယ်လိုပစ္စည်းအတု ကိုမဆို ဖန်တီးတယ်လေ။ ဒီနည်းလမ်းအတိုင်းပဲ ကွန်ပျူတာစနစ်မှာလည်း အစစ်အမှန်ကွန်ရက် နဲ့ ပုံစံတူတည်ဆောက်ထားတဲ့ ကွန်ရက်အတု အယောင်ကိုဖန်တီးပြီး ဟက်ကာတွေရဲ့ရန်က ကာကွယ်ဖို့ပါပဲ။ ကွန်ရက် အတုဟာ အစစ်ထက်ပိုပြီး ဟက်ကာတွေကို ဆွဲဆောင်မှုရှိနေဖို့လည်း လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Deception Technology နည်းပညာတွေထဲမှာ ဆိုက်ဘာ တိုက်ခိုက်မှု တွေ ကာကွယ်နိုင်ဖို့အဓိက အသုံးပြုနေကြတဲ့ ရေပန်းအစားဆုံး နည်းပညာ တစ်ခုက Honey Pot လို့သိကြတဲ့ နည်းလမ်း တစ်ရပ်ပဲဖြစ်တယ်လို့ Cymmetria ကုမ္ပဏီရဲ့တာဝန် ရှိသူ Joe Stewart က ဆိုပါတယ်။ Honey Pot ဆိုသည်မှာ ကွန်ပျူတာကွန်ရက်တစ်ခု၏ Server တစ်လုံးအဖြစ် ဟက်ကာများ ထင်မြင်လာစေရန် ဆင်တူယိုးမှားဖန်တီးထားသော ကွန်ပျူတာအတုအယောင်ပင်ဖြစ်၏။ ကြီးမားကျယ်ပြန့်သော ဆိုက်ဘာ လုံခြုံရေးအဖွဲ့အစည်းကြီးများတွင် ဟက်ကာများ၏ ရန်ကို ရှောင်ရှားနိုင် ရန် Honey Pot အမြောက်အမြား ကို အသုံးပြုလေ့ရှိ ကြောင်းလည်း Joe Stewart က ပြောကြားသွားခဲ့သည်။ သို့ရာတွင် Honey Pot ကို ဆွဲဆောင်မှုရှိစေရန်အတွက် ဟက်ကာများ ပစ်မှတ်ထားလေ့ရှိသည့် ငွေပေးချေမှုအချက်အလက်များ ၊ ဖောက်သည်များ၏ အတွင်းရေး အချက်အလက်များ၊ Login Data များ၊ ဥာဏပစ္စည်းအချက်အလက် တစ်စွန်းတစ်စတို့ကို ထည့်သွင်းပေးထားရန်လည်း လိုအပ်လိမ့်မည်ဖြစ် သည်။ သို့ရာတွင် ယင်း Data များကို ခြေရာခံလိုက်ခြင်းဖြင့် ပိုမိုရှုပ်ထွေး သောထောင်ချောက်များဆီသို့ ကျရောက်သွားစေ မည်ဖြစ်သလို ဒေတာ အစစ်အမှန်များနှင့်လည်း ပိုမိုအလှမ်းကွာဝေးသွားစေမည် ဖြစ်ကြောင်း သိရသည်။

ဟက်ကာများအနေဖြင့် အတုအယောင်ကွန်ရက်များတွင်ရှိသော ဒေတာအပိုင်းအစတစ်ခုနောက်ကို လိုက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏လှုပ်ရှားမှုအားလုံးကို Honey Pot က မှတ်တမ်းတင်ထား မည်ဖြစ်သည်။ မစ္စတာ Stewart က “ကွန်ရက် တစ်ခုကို ဟက်ကာတွေ စပြီး ထိုးဖောက်လိုက်တာနဲ့ အဲဒီလှုပ်ရှားမှုကို မှတ်တမ်းတင်လိုက်ပြီဖြစ် သလို တခြားကွန်ပျူတာစနစ်တွေ အားလုံးရဲ့ ကာကွယ်ရေး စနစ်တွေ ကိုလည်း ပိတ်ချလိုက်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ စီးပွားရေး အဖွဲ့အစည်းများအနေ ဖြင့် ဟက်ကာများဝင်ရောက်မှုကို သတိပြုမိနိုင် စွမ်းနည်းပါးလေ့ ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဟက်ကာ တစ်ဦးအနေဖြင့် ၎င်းဝင်ရောက်ခဲ့သောကွန်ရက်တွင် လှုပ်ရှားမှုအဆင့် ဆင့်ကို ပြန်ဖျက်ပြီး ခြေရာ လက်ရာဖျောက်ထားခဲ့သောကြောင့်ပင်။ ချက်ချင်း မသိရှိပါက ၎င်းတို့ မည်သည့်ကွန်ရက်သို့ ၀င်ရောက်ခဲ့သည်၊ မည်သည့် Software များ အသုံးပြုသွားသည်ကို ခြေရာခံရန် ခဲယဉ်းပါ လိမ့်မည်။

ထို့အပြင် ဆိုက်ဘာရာဇ၀တ်ကောင်များ၏အာရုံကို လှည့်ဖျားနိုင်သော Deception System ကိုလည်း ကုမ္ပဏီ တော်တော်များများ အသုံးပြုလေ့ မရှိကြကြောင်း BAE ဆိုက်ဘာလုံခြုံရေးကုမ္ပဏီမှ တာဝန်ရှိသူ Kelly Shortridge က ပြောကြား ခဲ့သည်။ သူမကတော့ ဟက်ကာများ၏ရန်ကို ကာကွယ်နိုင်ရေးအတွက် ရိုးရှင်းသောအိုင်ဒီယာကိုသာ အသုံးပြု သင့်ကြောင်း အကြံပြုသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဟက်ကာများကို အာရုံလှည့်စားသောနည်းလမ်းသည် အတုအယောင်ကွန်ရက်များဖြင့် အချိန်ကုန်စေခြင်း ပင်ဖြစ်တော့သည်။

Ref : (Deception tech helps to thwart hackers' attacks)

ကိုဆွဲ(မုံရွာ)

Mobile Guide Journal (Every Monday)








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/24/2017

♪ “Network ထဲမှာ လုံခြုံစွာ” ♫

Image may contain: 1 person

ကွန်ရက်ချိတ်ဆက်၍သုံးရသော အင်တာနက်မိုဘိုင်းဖုန်းနှင့် Wi-Fi တို့ပေါ်လာပြီးသည့်နောက်တွင် ကွန်ရက် နှင့်မည်သူမျှ မကင်း။ မိုဘိုင်းကွန်ရက်မှာ စနစ်တကျစီမံထားပြီး သက်ဆိုင်သူအချင်းချင်းသာ ဆက်သွယ်၍ရ သောကြောင့် လုံခြုံမှုနှင့် ပတ်သက်ပြီး ကြောင့်ကြဖွယ်ရာ မရှိပါပေ။ သို့သော် အင်တာနက်ကို ပုံစံတစ်မျိုးမျိုးဖြင့် ကွန်ရက်ချိတ်ဆက် ၍ သုံးရပြီ ဆိုလျှင်ဖြစ်စေ၊ Wi-Fi ကွန်ရက်ထဲဝင်ရပြီဆိုလျှင်ဖြစ်စေ ကိုယ်ရေးလုံခြုံမှုနှင့် data လုံခြုံမှုကို သတိကြီးစွာထား ရတော့မည်။ ထိုသို့သော အခြေအနေမျိုးလုံခြုံမှုကို မည်သို့ထိန်းသိမ်းကြမည်နည်း

<Multiple Firewall အသုံးပြုခြင်း>

ကွန်ပျူတာတွင်ဖြစ်စေ၊ မိုဘိုင်းဖုန်းတွင်ဖြစ်စေ antivirus တစ်မျိုးသာ သုံးခွင့်ရှိသည်။ သို့သော် Firewall မှာမူ တစ်မျိုးထက်မက သုံးခွင့်ရှိသည်။ တစ်မျိုးမက ပိုသုံးသဖြင့် antivirus တွေမှာလို တစ်ခုနှင့်တစ်ခု conflict မဖြစ်ပါ။ Firewall ဆိုသည်မှာ ကွန်ပျူတာသို့ ကွန်ရက်တစ်နေရာမှ လှမ်း၍ချိတ်ဆက်သောဆက်ကြောင်းတစ်ခုကို ထောက်လှမ်းသည့် စနစ်ဖြစ်သည်။ ထို့ပြင် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းအတွင်းမှနေ၍ ပြင်ပရှိ ကွန်ရက်တစ်နေရာ သို့ လှမ်း၍ချိတ်ဆက်သော ဆက်ကြောင်းကိုလည်း ထောက်လှမ်းပေးပါသည်။ မည်သည့်ဆက်ကြောင်းများကို ခွင့်ပြုပြီး မည်သည့်ဆက်ကြောင်းများကို ခွင့်မပြုဟု သတ်မှတ်ပေးထားပါက ယင်းတို့ကို ပိတ်ဆို့ပေးပါသည်။ ခွင့်ပြုချက်မရှိသော ဆက်ကြောင်းများ device အတွင်း/အပြင်သို့ သွားလာခွင့်မရှိသောကြောင့် firewall ဟု ခေါ်ဆို ခြင်းဖြစ်ပါသည်။ 

ကွန်ရက်တစ်ခုအား လုံခြုံမှုရှိစေရန်အတွက်ဆိုလျှင် အနည်းဆုံး firewall နှစ်ခုကိုသာ သုံးသင့်ပါသည်။ Wifi ဆက်ကြောင်းမှတစ်ဆင့်ချိတ်ဆက်မည် ဆိုလျှင် router အတွက် hardware firewall တစ်ခုလိုအပ်ပြီး မိမိ အသုံးပြု သော device အတွက် software firewall တစ်ခု လိုအပ်ပါသည်။ ယနေ့ခေတ်တွင် router အားလုံးနီးပါး၌ hardware firewall ထည့်သွင်း ပေးထားပြီးဖြစ်ပါသည်။ မိမိလိုအပ်သလို ချိန်ညှိရန်အတွက် router configuration tool ထဲဝင်ကြည့်ရန်လိုသည်။ Advanced သို့မဟုတ် security setting အောက်တွင်ရှိ သော firewall option ထဲသို့ဝင်ပြီး လိုအပ်သလို ချိန်ညှိရန်ဖြစ်ပါသည်။ အကယ်၍ firewall ကို enable လုပ်ထားခြင်းမရှိပါက enable လုပ်ပေးပြီး save changes တွင် တစ်ချက်နှိပ်ရပါမည်။

ကွန်ပျူတာအသုံးပြုသူဖြစ်က windows firewall ကို အသုံးပြုနိုင်သည်။ အခမဲ့ antivirus (ဥပမာ Avast Free) ကိုအသုံးပြုပြီး ယင်း၌ firewall မပါလျှင် windows firewall အသုံးပြုခြင်းသည် သင့်တော်ပါသည်။ ဤ firewall သည် အသုံးပြုရန် အလွန်တရာလွယ်ကူပြီး ကောင်းမွန်သော လုံခြုံမှုကိုလည်း ပေးထားနိုင်သည်။ ယင်း၏ interface သည် ရင်းနှီးဖို့ မလွယ်သော်လည်း ဖျောက်ထားသော option အများအပြား ပါဝင်ခြင်းက အားသာချက်တစ်ခုဖြစ်သည်။ Windows firewall ၏ interface ကို တိုးတက်စေနိုင်မည့်နည်းလမ်းတစ်ခုမှာ အခမဲ့ရနိုင်သော windows firewall control ကို အသုံးပြုခြင်းဖြစ်သည်။ ယင်းကို www.snipca.com/ 23495 မှနေ၍ ရရှိနိုင်သည်။ 

အဆိုပါ firewall control ကိုအသုံးပြုမည်ဆိုပါက firewall setting ထဲသို့ အလွယ်တကူ ၀င်ရောက်နိုင်စေမည့် လမ်းကြောင်းကို ရရှိပါလိမ့်မည်။ ထို့ကြောင့် setting ပြင်ဆင်ရန်လိုအပ်သည့်အခါ အလွယ်တကူ ပြုလုပ်နိုင် သည်။ Firewall control သည် notification area တွင် icon တစ်ခု အဖြစ်ရှိနေပါသည်။ ယင်းနေရာရှိ အစိမ်းရောင် icon ကို ကလစ်နှိပ်လျှင် ဒါဇင်နှင့်ချီသော option များကိုရရှိနိုင်သည်။ Firewall control ကို install လုပ်ပြီးနောက် အလျင်အမြန်ပြုပြင်ရန် လိုအပ်သည့်အချက်တစ်ခုမှာ low filtering လုပ်ထားခြင်းအား medium filtering သို့ ပြောင်းလဲပေးရန်ဖြစ် သည်။ မိမိသတ်မှတ်ပေးထားသော rule နှင့် မကိုက်ညီသည့် outgoing connection များကို block လုပ်ရန်ဖြစ်သည်။ ထိုသို့ ပိတ်ဆို့သည့်အရာ များထဲတွင် မိမိ၏ကွန်ပျူတာ ထဲမှ data များကို ပြင်ပသို့ပို့မည့် keyloggers ၊ spyware နှင့် malware များ ပါဝင်ပါသည်။

<Wi-Fi Password ကို ပြောင်းလဲခြင်း>

Wi-Fi သုံးပြီဆိုသည့်အခါ router က ပါလာစမြဲ။ ထို router ကို ထုတ်လုပ် သူက မည်သူဝင်ချိတ်ချိတ်ရသည့် အပွင့်ပုံစံ (open) ထားသည် မဟုတ်။ ကြိုတင်သတ်မှတ်ထားသော password တစ်ခုဖြင့် ပိတ်ထားပါသည်။ ယင်း password ကို များသောအားဖြင့် router ၏ ကျောဖက်တွင် ပုံနှိပ်ဖော်ပြထားလေ့ရှိပါသည်။ ထိုသို့ အများမြင်နိုင်အောင် ရေးပြထား သည့် အတွက် ယင်း password မှာ လုံခြုံလှသည်မဟုတ်။ မြင်တွေ့သူ တစ်ယောက်ယောက်က ယင်းကို ကူးယူရေးမှတ်ထားနိုင်သည်။ ယင်း password ကိုသာသုံး၍ မိမိသုံးနေသော ကွန်ရက်ထဲသို့ဝင်ရောက် လာနိုင်သည်။

ထို့ကြောင့် router ၀ယ်လာပြီဆိုလျှင် ယင်းရှိ wireless setting ထဲသို့ ၀င်ကာ ထုတ်လုပ်သူက ကြိုတင်သတ် မှတ်ပေးလိုက်သော password ကို ပိုမိုအားကောင်းသော Password တစ်ခုဖြင့် အစားထိုး လဲလှယ်သင့် သည်။ အားကောင်းပြီး လုံခြုံစိတ်ချရသော password တစ်ခုကို ဖန်တီးရန်အတွက် online password generator တစ်ခုကို သုံးနိုင်သည်။ ထိုကိစ္စအတွက် သင့်တော်သည်မှာ lastpass ဖြစ်သည်။ www.snipa. com/23496 တွင် ၀င်၍ကြည့်နိုင်သည်။ Online password generator ဖြင့် ဖန်တီးလိုက်သော password ကို တစ်နေရာတွင် အသေအချာ သိမ်းဆည်းသင့်သည်။ router က အသုံးပြုသော encryption ပုံစံကို လိုက်၍ အတိုင်းအတာတစ်ခုထိ ရှည်လျားသော password ကို အသုံးပြုရပါမည်။ စာလုံးရေမည်မျှပါဝင်မည်ဟူသော password ကိုဖန်တီးရန်အတွက် last pass ၏ detail section တွင်ပါသော password length ကို အသုံးပြုနိုင်ပါသည်။ 

<မလုံခြုံသောအများသုံး Wi-Fi network များကို ပယ်ဖျက်ခြင်း>

ယနေ့ခေတ်ကာလတွင် အင်တာနက်ကို အခမဲ့သုံးလိုသူတွေ အလွန် ပင်များ ပါသည်။ ထို့ကြောင့် အခမဲ့ wifi ဟုဆိုသော public Wi-Fi ကို သုံးသူတို့လည်း အလွန်ပင်များပါသည်။ အစွမ်းကုန်လွတ်လပ်ခွင့်ပေး ထားသော အများသုံးအခမဲ့ Wi-Fi တို့တွင် user ID နှင့် password ထားလေ့မရှိပါ။ ထိုသို့သော အခမဲ့ Wi-Fi တို့ကို အသုံးပြုရာတွင် အန္တရာယ်နှင့် ရင်းရလေ့ရှိပါသည်။ ကွန်ပျူတာမှတစ်ဆင့် အခမဲ့ Wi-Fi ကိုတစ်ကြိမ် ချိတ်ဆက်ဖူးပါက windows သည်ယင်း connection တို့ကို မှတ်သားသိမ်းဆည်းထားပါသည်။ နောင် တစ်ကြိမ်တွင် မိမိမသိလိုက်ရဘဲ ယင်း connection အား အလိုအလျောက်ချိတ်ဆက်နိုင်သည်။ အဆိုပါ ဖြစ် ရပ်မျိုးကို ကာကွယ်နိုင်ရန်အတွက် မိမိအသုံးမပြုတော့သည့် Wi-Fi connection အဟောင်းများကို ဖျက်ပစ်သင့် သည်။ အထူးသဖြင့် လုံခြုံမှုမရှိသော public Wi-Fi တို့ကို ဖျက်သင့်ပါသည်။ 

ယင်းသို့ပြုလုပ်ရန်အတွက် Windows 10 တွင် start ကိုနှိပ်ပြီး ပေါ်လာ သည့်အကွက်မှတစ်ဆင့် setting>network&internet>wi-fi လမ်းကြောင်းအတိုင်း ၀င်သွားရပါမည်။ နောက်တစ်ဆင့်တွင် Manage known networks နေရာ၌ ကလစ်နှိပ်ရပါမည်။ ယင်းနောက်တွင် မိမိဖယ်ရှားလိုသော network connection တစ်ခုချင်းကို ကလစ်နှိပ်ရ ပါမည်။ ပြီးသွားလျှင် forget ကလစ်နှိပ်ပြီး အဆုံးသတ်ရပါမည်။ Windows7 တွင်လည်း start နေရာ၌ ကလစ်နှိပ်ရပါမည်။ ပေါ်လာသော အကွက်ထဲမှ ကွက်လပ်တွင် manage wireless ဟူသော စာသားကို ရိုက်ထည့်ရပါမည်။ ပြီးလျှင် Manage Wireless Networks စာသားနေရာ တွင် ကလစ်နှိပ်ရပါမည်။ ပြီးလျှင်မြင်နေရသော network များထဲမှ မိမိအလိုမရှိသည်ကို ကလစ်နှိပ်ပြီးရွေးရပါမည်။ နောက်တစ်ဆင့်၌ remove တွင် ကလစ်နှိပ်ပါက ကိစ္စပြတ်ပါပြီ။



ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...