Meizuရဲ့ Blue Charm အမျိုးအစားများဟာ နိုင်ငံတော်တော်များများမှာ
ရေပန်းစားပါတယ်။ m1, m1 note, m2, m2 note လေးမျိုးကိုထုတ်လုပ်
ရောင်းချခဲ့ပြီးယခုအခါမှာတော့ ပဉ္စမမြောက်ဖုန်းဖြစ်တဲ့ Blue Charm Metal
ကိုမိတ်ဆက်လိုက်ပါတယ်။ နာမည်အတိုင်းပဲဖုန်းကိုသတ္တုကိုယ်ထည်နဲ့
ပြုလုပ်ထားပါတယ်။
၅.၅ လက်မ 1080p LTPS Display တပ်ဆင်ထားပြီး Dinorex T2X – 1 Glass ဖြင့် ကာကွယ်ထားပါတယ်။ ခြစ်ရာများနဲ့ ထိခိုက်မှု ဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။ Meizu Metal မှာ 2.0GHz Cortex-A53 Processor ပါတဲ့ MediaTekHelio X10 Chip မောင်းနှင်မှာ ဖြစ်ပါတယ်။ PowerVR G6200 GPU, 2GB RAM ထည့်သွင်းထားပါတယ်။ 16 or 32GB Internal Storage များရွေးချယ်နိုင်ပါတယ်။ နှစ်မျိုးစလုံးမှာmicroSD Card Slot ထည့်သွင်းနိုင်မှာ ဖြစ်ပေမယ့် ဒုတိယ SIM Slot နဲ့ မျှဝေ အသုံးပြုရမှာ ဖြစ်ပါတယ်။ Dual-Tone Dual-LED Flash နဲ့ အတူ 13MP Camera ကို အနောက်ဘက်မှာတပ်ဆင်ထားပြီးအရှေ့ဘက်မှာ 5MP Camera တပ်ဆင် ထားပါတယ်။
Home Button မှာ Fingerprint Scanner ထည့်သွင်းထားပြီး 4G LTE ကိုထောက်ပံ့ပါတယ်။ 3140mAh Battery တပ်ဆင်ထားပြီး Android Lollipop ကိုFlyme 5.1 နဲ့ ပေါင်းစပ်ထားပါတယ်။ အဖြူ၊ ရွှေ၊ အညို၊ အပြာနဲ့ ပန်းရောင်များရွေးချယ်နိုင်ပါတယ်။ 16GB Model ကိုယွမ် ၁၀၉၉ ( ယူရို ၁၅၀ ) နဲ့ 32GB Model ကိုယွမ် ၁၂၉၉ ( ယူရို ၁၈၀) သတ်မှတ်ထားပြီး တရုတ်မှာရောင်းချပေးနေပါပြီ။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။