10/26/2015

♪ အဓိက US Carriers အားလုံးတွင် Samsung Pay ကို အသုံးပြုနိုင်ပြီ ♫


Samsung က AT&T, Sprint, T-Mobile , US Cellular, Verizon အပါအ၀င် အမေရိကန်ရှိ အဓိက Carriers အားလုံးတွင် သူ၏ မိုဘိုင်း ငွေပေးချေမှု စနစ်ဖြစ်သော Samsung Pay ကို အသုံးပြုနိုင်ပြီ ဟု ကြေညာပါသည်။ Samsung က အဆိုပါ ၀န်ဆောင်မှုကို အမေရိကန်တွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။

“ အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ပြီး အမေရိကန်ပြည်ထောင်စုရှိ အဓိက Wireless Networks များကို အသုံးပြုနေတဲ့ Galaxy S6, Galaxy S6 edge, Galaxy S6 edge+ , Galaxy Note5 ပိုင်ရှင်များက Google Play Store ကနေ Samsung Pay Application ကို ဒေါင်းလုပ် ရယူပြီး အင်စတော ပြုလုပ်နိုင် ပါပြီ။ “ ဟု တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီး Samsung က ပြောပါသည်။

Samsung Pay သည် Apple Pay, Google Android Pay တို့နှင့် ယှဉ်ပြိုင်မည် ဖြစ်ပြီး အဆိုပါ မိုဘိုင်း ငွေပေးချေမှုစနစ် အားလုံး၏ ရည်ရွယ်ချက်မှာ အရောင်းဆိုင်များတွင် ၀ယ်ယူသည့် ကုန်ပစ္စည်းများအတွက် ငွေပေးချေမှုများ ပြုလုပ်သည့်အခါတွင် ဖုန်း၏ မျက်နှာပြင်ကို ပွတ်ဆွဲလိုက်ရုံဖြင့် အဆင်ပြေမည် ဖြစ်သည်။

မကြာမီကမှ Samsung Pay နှင့် လက်တွဲခဲ့သော Verizon Device များတွင် Samsung Pay App ကို အင်စတောလုပ်သည့်အခါတွင် Update ပြုလုပ်ရန် လိုလျှင် အသိပေးစာပေါ်လာမည်ဟု Samsung က အသိပေးပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com