Mirror 3 ရဲ့မျက်နှာပြင်ဟာ4.7 inches အကျယ်အ၀န်းရှိပြီး၊ မြင်ကွင်း
စွမ်းရည် အတွက် ထောက်ပံ့ပေး ထားတဲ့ resolution ပမာဏကတော့ 1280x720
ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 312ppi ပါ။
အနောက်ကာဗာကိုမှန်ကဲ့သို့ဒီဇိုင်းနှင့်အတူclassic 3D bubble texture craft
ကိုသုံးထားပါတယ်။
အစင်းခြစ်ရာဖြစ်ပွားမှုတွေ မှကာကွယ်ပေးဖို့အတွက် UV Coating membrane နည်းပညာကို ဖုန်း အနောက်ဘက်မျက်နှာပြင်တွင် အသုံးပြုထားပါတယ်။ ထို့အပြင် အနောက် ကာဗာ ကိုဒီဇိုင်းအထူးပြု ထားသောကြောင့် ကိုင်တွယ်သည့်အခါ ကောင်းမွန် တဲ့ခံစားချက်ကိုပေးပါတယ်။ Mirror 3ရဲ့ beauty mode 3.0 မှာလှပစေတဲ့ စတိုင် ၆ မျိုးပါရှိပါတယ်။ 5MPစွမ်းရည်ရှိတဲ့အရှေ့ကင်မရာနှင့် လိုချင်တဲ့ ခံစားချက်တွေကိုစိတ်ကြိုက်ရွေးချယ်အသုံးပြုလို့ရပါတယ်။ Double Exposure ဟာကောင်းမွန်တဲ့ ပုံရိပ်တွေကိုဖန်တီးဖို့အတွက် ဖြစ်ပါတယ်။
Mirror 3ရဲ့ Double exposure ဟာလှပတဲ့ပုံရိပ်တွေကိုဖန်တီးနိုင်ဖို့ ပုံနှစ် ပုံပဲလိုအပ်ပါတယ်။ Slow shutter သည် အလင်းရောင်ပြေးလေးတွေကိုပဲ ရိုက်ကူးနိုင်ပြီးExposure အချိန်ကိုလွယ်လွယ်လေးရွေးလို့ရပါတယ်။ Flash Shot သည် အထူးFunction တစ်ခုဖြစ်ပြီး၊ ဖုန်းထဲတွင် application တစ်ခု ထဲရောက်နေချိန်(သို့) ဖုန်းမျက်နှာပြင်ပိတ်နေတာတောင်မှ ဖုန်းရဲ့ အသံ အတိုးအကျယ်ခလုတ်ကိုတစ်ပြိုင်တည်းနှိပ်ပြီး ရိုက်လို့ရပါတယ်။
Mirror 3 သည် OPPO ၏ မူပိုင်နည်းပညာနဲ့အတူfast charge 5V-2A ဆိုတဲ့ အားသွင်း မြန်တဲ့စနစ်ကို တပ်ဆင်ထားပါသည်။ Mirror 3 ဟာမိနစ် ၉၀ အတွင်းဖုန်း အားကို ၀% ကနေ ၁၀၀% အထိ ပြည့်အောင် သွင်းနိုင်တဲ့အတွက်ကြောင့် ရိုးရိုးသာမန်ဖုန်းတွေထက် ၆၀% ပိုမြန်ပါတယ်။ ဘက်ထရီအမျိုးအစား ကတော့ 2000mAh ဖြစ်ပါတယ်။ RAMကိုတော့ 1GB ထည့်သွင်းပေးထားပါ တယ်။
<Specification>
Network - GSM/HSPA/LTE
Screen - 4.7 inches
Memory - up to 128 GB
Bluetooth - v 4.0
CPU - Quad Core 1.2GHz
OS - Android OS,v4.4
Contact - 01-371923
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။