10/23/2015

♪ အပြောင်းအလဲကိုဦးတည်ခဲ့သည့် HTC One A9 ထွက်ပြီ ♫


ထိုင်ဝမ်စမတ်ဖုန်းကုမ္ပဏီကြီး HTC မှ October 20 ရက်နေ့မှာ One A9 ကိုမိတ်ဆက်ခဲ့ပြီးကုမ္ပဏီရဲ့ ကျဆင်းနေတဲ့ဈေးကွက်ကိုကုစားဖို့အတွက် ဈေးနူန်း နဲ့ဒီဇိုင်းကိုပါပြောင်းလဲမိတ်ဆက်ခဲ့ပါတယ်။ယခင်HTC ဖုန်းများမှာ ဒီဇိုင်းပိုင်းမှာကွဲပြားမှုသိပ်မရှိတာတွေက HTC ရဲ့ဈေးကွက်နဲ့အရှိန်အဝါကိုကျဆင်းစေခဲ့ပြီး ကုမ္ပဏီ CEO အပြောင်းအလဲလုပ်ရတဲ့အထိအခြေအနေတစ်ခုကိုရောက်ခဲ့တာပါ။

   

HTC ကုမ္ပဏီ ဟာ ပထမဆုံး Android ဖုန်းစတင်ထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီဖြစ်ပြီး သူတို့ရဲ့ စမတ် ဖုန်းတွေဟာအခြား Android ဖုန်းများအားလုံးထက် မာကျောမှု၊အရည်အသွေး၊အာမခံ ကာလ အရှည်ကြာဆုံးပေးနိုင်သည့်ဖုန်းများအဖြစ်ထင်ရှားသော်လည်း ဒီဇိုင်း ထပ်ခြင်းနှင့်ဈေးနူန်းမြင့်မားခြင်းတွေ က တရုတ်ပြည်မကြီးက စမတ်ဖုန်းကုမ္ပဏီများနဲ့ယှဉ်ဖို့အခက်အခဲဖြစ်စေပြီး မိမိရဲ့ဈေးကွက်အချို့ကို လက်လွတ်ခဲ့ရပါတယ်။ထိုကြောင့် ဈေးသက်သာပြီး အရည်အသွေး မြင့်မားတဲ့ဖုန်းများထုတ်ဖို့ရည်ရွယ်ပြီး HTC One A9 ကိုထုတ်လုပ်ခဲ့သည်။

   

HTC One A9ဟာ Apple iPhone 6 နဲ့ဒီဇိုင်းအနည်းငယ်ဆင်တူတာကိုတွေ့ရမှာဖြစ်ပါတယ်။ မျက်နှာပြင် အကျယ် ၅ လက်မ ရှိပြီး 1080p Full HD (441ppi) resolution ရှိကာမျက်နှာပြင်ပေါ်ကို Gorilla Glass 4 နဲ့ဖုံးအုပ်ထားသည်။Qualcomm snapdragon 617 octa-core CPU ကိုအသုံးပြုသော ပထမဆုံးဖုန်းဖြစ်လာပြီး RAM နဲ့ Memory ကိုနှစ်မျိုးခွဲထုတ်ထားသည်။ 2GB -16GB နှင့် 3GB -32GB version နှစ်မျိုးဖြစ်ပြီး MicroSD card slot ပါဝင်ပြီး 200GB ထိထပ်မံတိုးမြှင့် အသုံးပြုနိုင်သေးသည်။13 MP main camera ကို မာကျောလှကာ ကြည်လင် သော Sapphire Cover Leans နဲ့ဖုံးအုပ်ပြီး မျက်နှာပြင်ကင်မရာကို 4MP ultra pixel camera တို့တပ်ဆင်ထားတာကြောင့် ကင်မရာ အပိုင်းမှာပြည့်စုံပြီးကောင်းမွန်တဲ့ဓာတ်ပုံတွေရဖို့အကောင်းဆုံးအနေအထားမှာရှိပါတယ်။


Fingerprint scanner ကို Home Key တွင်တပ်ဆင်ထားပြီး2150mAh Battery၊ စမတ်ဖုန်းကိုယ်ထည်ကို သတ္တုဖြင့်တည်ဆောက်ထားပြီး ဈေးနူန်း မှာ US$399 ဖြစ်သည်။ Android 6.0 Marshmallow ဖြင့် လည်ပတ်ထားသည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com