ဓါတ်ပုံဝါသနာရှင်တွေဟာ လွန်ခဲ့သော နှစ် ၁၀၀ ကျော်ကတည်းက Leica ကင်မရာကို တခဲနက်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဂျာမန် အင်ဂျင်နီယာများ ကျွမ်းကျင်စွာဖန်တီးထားတဲ့ 35mm ရှေ့ပြေးပုံစံ မှန်ဘီလူးက သယ်ယူရလွယ်ကူသလို အနုစိတ်တကျလှကာ ကမ္ဘာတစ်ဝှမ်းမှာ ယုံကြည်စိတ်ချရသော အရည်အသွေးနှင့် စတိုင်လ်ကျသော ဒီဇိုင်းကို ကိုယ်စားပြုလာပါတယ်။

Leica ရဲ့ ခိုင်မာတဲ့ စွမ်းဆောင်ရည်နဲ့ လှပသပ်ရပ်မှုတို့ကို အသိအမှတ်ပြုမှုဟာ ဒီနေ့အချိန်ထိ ဆက်လက်တည် ရှိနေပါတယ်။ နာမည်ကျော် ကင်မရာအမှတ်တံဆိပ်က ကမ္ဘာ့စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huawei နဲ့ ပူးပေါင်းပြီး P9 စီးရီးကိုထုတ်လုပ်ကာ  အနာဂတ်အတွက် ခြေလှမ်းသစ်တစ်ခုကို ဆောင်ကြဉ်းပေးခဲ့ပါပြီ။ Huawei P9 စီးရီးဟာ ဓါတ်ပုံပညာရပ်ကို ပြန်လည်တီထွင်ဆန်းသစ်ဖို့အတွက် Huawei နဲ့ Leica တို့ ပထမဆုံး ပူးပေါင်းဖန်တီးထားတဲ့ ပါးလွှာလှပတဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ ပူးပေါင်းထုတ်လုပ်မှုကနေ ထွက်ပေါ်လာတဲ့ ပထမဆုံး ရှေ့ထွက်ဖုန်း Huawei P9 ဟာ ဖြတ်တောက်ထားသောအနားစောင်းများနဲ့ Leica ရဲ့ စစ်မှန်တဲ့ပုံစံအတိုင်း ရုပ်ပုံတွေကို ပိုမိုထင်းလင်းပြီး ကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးနိုင်ဖို့ ဖန်တီးထားတဲ့ ကင်မရာနှစ်ခုပါ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

ဒါကြောင့် Leica ဟာ ဘာလို့ အပျော်တမ်းဓါတ်ပုံဝါသနာရှင်နှင့် ဓါတ်ပုံပညာရှင်တွေကြားမှာ ဘာလို့ ရေပန်းစားနေတာလဲ၊ ဘာလို့ သဘောကျ မြတ်နိုးရလဲ ဆိုတဲ့ အဓိကအကြောင်းရင်း (၇) ချက်ကို လေ့လာကြည့်ရအောင် –
huawei_p9_leica

လက်ဖြင့် အသေးစိတ်ဖန်တီးထားခြင်း
ဓာတ်ပုံပညာရှင်တွေ မျှော်လင့်ထားတဲ့ အရည်အသွေးနှင့် တိကျမှုကို သေချာစေဖို့ Leica မှန်ဘီလူး တစ်ခုချင်းစီကို လက်နဲ့အနုစိတ်ဖန်တီးထားတာပါ။ အသေးစိတ် ဖန်တီးထားတဲ့ ဒီထုတ်လုပ်မှု လုပ်ငန်းစဉ်ဟာ ထူးချွန်တဲ့ လက်မှုပညာသည်များအပေါ် မူတည်နေပြီး အတွေ့အကြုံရှိ ပညာရှင်များရဲ့ အရည်အသွေး ထိန်းချုပ်စစ်ဆေးမှု အကြိမ် (၆၀)၊ Leica ကိုယ်ပိုင်မှန်ဘီလူးကို ပြောင်လက်အောင်ပြုလုပ်ပေးတဲ့လုပ်ငန်းစဉ်၊ မလိုလားတဲ့ ရုတ်တရက်အလင်းဖြာမှုကို လျှော့ချပေးဖို့ မှန်ဘီလူးအစွန်ကို လက်နဲ့မည်းအောင်ပြုလုပ်ပေးခြင်းတို့ ပါဝင်ပါတယ်။

လုပ်ဆောင်ချက်ပြုလုပ်ရန် အလိုအလျောက်သိရှိနိုင်ခြင်း
Leica ပရိသတ်များအနေဖြင့် ၎င်းတို့ရဲ့ ကင်မရာဟာ ကိရိယာတစ်ခု၊ ကင်မရာတစ်ခုအဖြစ်သာမကဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါတယ်။ Leica က ရိုးရှင်းပြီး တိုက်ရိုက် ထိန်းချုပ်မှုကို အမြဲဖန်တီးပေးထား တာကြောင့် ဓါတ်ပုံပညာရှင်များအနေနဲ့ ရှုပ်ထွေးလှတဲ့ လုပ်ဆောင်ချက်အများကြီးကို လုပ်ဆောင်ရန်၊ အာရုံစိုက်ရန်မလိုဘဲ ရုပ်ပုံပေါ်တွင်သာ အာရုံစိုက်ပြီး အလင်းအမှောင်ကြည်လင်ပြတ်သားအောင် လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီအမှတ်တံဆိပ်က ဒစ်ဂျစ်တယ်ပုံစံများသို့ ပြောင်းလဲဖန်တီးလာပြီး Leica ရဲ့ နာမည်ကျော် အလိုအလျောက် သိရှိခံစားမှုက အသုံးပြုသူတွေအနေနဲ့ ရိုးရှင်းလွယ်ကူစွာ မိမိလိုချင်တဲ့ ပုံစံကို ချိန်ညှိရိုက်ကူးစေနိုင်ဖြစ်ပါတယ်။

စတိုင်ကျ လှပသည့် တကျော့ပြန်မှု
Leica ဟာ ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ စတိုင်ကျလှပမှုမှာ အမွှမ်းတင်ခံရတယ်ဆိုတာ အငြင်းပွားစရာမရှိပေ။ Leica ရဲ့ တခေတ်တခါက ဖက်ရှင်ကျနမှုကို ထင်ဟပ်စေတဲ့ သွင်ပြင်က Leica ရဲ့ လမ်းပေါ်ရှိ အရာဝတ္ထုတွေ၊ လူတွေရဲ့ အနီးကပ်ပုံတွေကို ရရှိစေဖို့အတွက် အကွာအဝေးတိုင်းကိရိယာ အဖြစ်နဲ့ခေတ်စားခဲ့တဲ့ ၂၀ ရာစုအလယ်ပိုင်းရဲ့ ပွင့်လင်းမြင်သာတဲ့ မှတ်တမ်းတင် ဓါတ်ပုံပညာဆီကို ပြန်လည်ခေါ်ဆောင်သွားနိုင်တဲ့ တကျော့ပြန် ကိရိယာဖြစ်ပါတယ်။

အံ့သြဖွယ် ဖန်တီးမှုများ
ဓာတ်ပုံပညာရှင်များဟာ ကင်မရာအသစ်ဖန်တီးမှုတွေအတွက် စံသတ်မှတ်ခံရတဲ့ တံဆိပ်တစ်ခုကို အသုံးပြုရတာကို နှစ်သက်ကြပါတယ်။ Leica အမှတ်တံဆိပ်ရဲ့ အင်ဂျင်နီယာ Oskar Barnack ဟာ ပထမဆုံး 35mm ကင်မရာကို ၁၉၁၄ ခုနှစ်မှာ စတင်တီထွင်ခဲ့ပြီး နှစ်  ၉၀ အကြာမှာ Leica ဟာ ပေါင်းစပ်အစိတ်အပိုင်းကိုမိတ်ဆက်ပေးခဲ့တဲ့ ပထမဆုံး အမှတ်တံဆိပ်ဖြစ်ပြီး analog ကင်မရာကနေ DSLR ကင်မရာ ကို ပြောင်းလဲစေခဲ့တဲ့ ပထမဆုံးအမှတ် တံဆိပ်လဲဖြစ်ပါတယ်။ ယခုနှစ်မှာတော့ Leica ဟာ Huawei နဲ့ ပူးပေါင်းပြီး မှန်ဘီလူးနှစ်ခုပါ Huawei P9 နဲ့ စမတ်ဖုန်း ကင်မရာနည်းပညာမှာ စံနှုန်းတစ်ခု ဖန်တီးခဲ့ပြီဖြစ်ပါတယ်။



ရိုးရှင်း ကျစ်လစ်မှု
‘အရေးမပါမှု’ ဆိုတာ Leica ကို ဖော်ပြဖို့ သုံးတဲ့ စကားလုံး တစ်လုံးမဟုတ်ပါဘူး။ ဒီတံဆိပ်ဟာ အရည်အသွေးနဲ့ ရိုးရှင်းမှုအပေါ် တန်ဖိုးထား ဂုဏ်ယူပြီး ဓါတ်ပုံဆရာတွေအတွက် အလိုအပ်ဆုံးဖြစ်တဲ့ တိကျတဲ့မှန်ဘီလူး၊ လျင်မြန်သော shutter တုံ့ပြန်မှုနဲ့ သေချာသော အလင်းစုရပ် စတဲ့လုပ်ဆောင်ချက်တွေကို အချိန်အကြာကြီးအသုံးခံဖို့ ဖန်တီးပေးထားပြီး ကျစ်လျစ်သိပ်သည်းကာ သယ်ဆောင်ရလွယ်ကူစေတဲ့ ကင်မရာအတွင်းမှာထည့်သွင်းပေးထားပါတယ်။

စွန့်စားမှုအတွက် ဖန်တီးဖွဲ့စည်းပေးထားခြင်း
Leica ဟာ သွားလာလှုပ်ရှားအလုပ်များနေသူများနဲ့ ၎င်းတို့ဘေးမှာ စိတ်ချယုံကြည်ရတဲ့ အဖော်လိုအပ်နေသူ ဓါတ်ပုံပညာရှင်များအတွက် ကျစ်လျစ်သိပ်သည်းပြီး ပေါ့ပါးသော ရွေးချယ်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ ဒီလိုသယ်ဆောင်ရ လွယ်ကူတဲ့ အရည်အသွေးအကြောင်းကို ပြောရရင် အမြင်ပိုင်းဆိုင်ရာ အင်ဂျင်နီယာနဲ့ Lecia ရဲ့ ပုံစံငယ်ဒီဇိုင်နာ Oskar Barnack တို့ တောင်တန်းခရီးစဉ်တလျှောက် ယူဆောင်သွားနိုင်တဲ့ ကင်မရာတစ်မျိုး ဖန်တီးဖို့ စတင်စိတ်ကူးခဲ့ကြတဲ့ ၁၉၁၃ ခုနှစ် ဂျာမနီ ကို ပြန်သွားရပါလိမ့်မယ်။

ဆက်လက်တည်ရှိနေသော ကျော်ကြားမှု
Leica ၏ ကျော်ကြားမှု အခြေအနေဟာ ထူးခြားကောင်းမွန်မှုနှင့် အသစ်ဖန်တီးမှုသမိုင်းများမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ရာစုနှစ်တစ်ခုကျော် ကာလကပင် Leica သည် တိကျသော ဖွဲ့စည်းမှု လုပ်ငန်းစဉ် နှင့် အလိုအလျှောက် ထိန်းချုပ်မှုတို့တွင် အာရုံစိုက်ကာ သုံးစွဲသူတွေကို အမြဲတမ်း ဦးစားပေးခဲ့ပါတယ်။ ဒီဓလေ့ကို ယနေ့အချိန်အထိ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကာ နောင်ဆယ်စုနှစ်များစွာတွင် သုံးစွဲသူတွေ ဆက်လက်မှီတည်အသုံးပြုနိုင်တဲ့ အရည်အသွေးမြင့် ကင်မရာတွေကို အာမခံ ထုတ်လုပ်လျက်ရှိပါတယ်။