Feature တွေ အစုံအလင်ပါရှိပြီး၊ မြန်နှုန်းမြင့်တဲ့ browser ကို
သုံးချင်သူတွေအတွက် Vivaldi ဆိုတဲ့ web browser အသစ်တစ်ခု ထွက်ပေါ်လာပါပြီ။
Vivaldi browser ဟာ Opera CEO ဟောင်းဖြစ်သူကိုယ်တိုင် ထုတ်လုပ်လိုက်တဲ့
broweser အသစ် ဖြစ်ပြီး၊ browser ကို ကိုယ်တိုင်ပြင်ဆင်ချင်သူ user တွေနဲ့
မြန်နှုန်းမြင့်တာကိုမှ သဘောကျတဲ့သူတွေအတွက်
ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
၁၄ လကြာ beta ဗားရှင်းအနေနဲ့ ထွက်ရှိခဲ့ပြီးနောက်မှာ၊ မနေ့က Vivaldi browser v1.0 စတင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
Vivaldi ဟာ Chrome browser မှာ အသုံးပြုထားတဲ့ Blink rendering
အင်ဂျင်နဲ့ပဲ လည်ပတ်တာဖြစ်ပြီး၊ Chrome အတွက် ဒီဇိုင်းဆွဲထားတဲ့ extension
တွေကို Vivaldi မှာလည်း install လုပ်သုံးလို့ရပါတယ်။ Vivaldi ရဲ့
မူလရှာဖွေရေးအင်ဂျင်က Microsoft ရဲ့ Bing အင်ဂျင်ဖြစ်ပြီး၊ browser မှာ
လူကြည့်များတဲ့ website တွေကို တပါတည်း bookmark လုပ်ပေးထားတယ်လို့
သိရပါတယ်။
“ ဒီလို bookmark တွေ လုပ်ပေးထားပေမယ့် ကျနော်တို့
အကျိုးအမြတ်မယူထားပါဘူး။ ကိုယ်ကြိုက်တဲ့ search အင်ဂျင်ကို
ပြန်ပြောင်းနိုင်သလို၊ ကျနော်တို့ ထည့်ပေးထားတဲ့ bookmark တွေကိုလည်း
အလွယ်ဖျက်ပစ်နိုင်ပါတယ်” လို့ von Tetzchner က ရှင်းပြခဲ့ပါတယ်။
Vivaldi ဘရောက်ဆာရဲ့ ဖန်ရှင်တွေကတော့ လက်ရှိဖွင့်ထားတဲ့ website tab
တွေအကုန်လုံးကို နောက်ပိုင်းပြန်ကြည့်ဖို့အတွက် ဆက်ရှင် save လုပ်နိုင်တာ၊
‘Web Panels’ လို့ ခေါ်တဲ့ website တစ်ခုဖွင့်ထားတုန်း တခြား ဆိုက်တစ်ခုကို
side view အနေနဲ့ သုံးနိုင်တာ၊ ကိုယ်အရင်ဆုံးဖွင့်ထားတဲ့ page ကို super
Back ခလုတ်နဲ့ ချက်ချင်းပြန်သွားနိုင်တာစတဲ့ စွမ်းဆောင်ရည်တွေ
မျိုးစုံပါဝင်ပါတယ်။
လက်ရှိမှာ Vivaldi ဘရောက်ဆာကို Windows ၊ OS X ၊ Linux တို့မှာ သုံးစွဲနိုင်ကာ၊ မိုဘိုင်းအတွက်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Ref: The Verge
Credit to ==> Digital Times