Showing posts with label ဖုန်းနည်းပညာများ. Show all posts
Showing posts with label ဖုန်းနည်းပညာများ. Show all posts

9/23/2015

Huawei Phone များတွင် Google Service ထည့်ပြီး Google Play သုံးလို့မရတဲ့ Error ရှင်းနည်း။


Huawei Phone များကို Google service ထည့်သုံးပြီး နောက်ပိုင်း Play Store သုံးလို့ အဆင်မပြေဖြစ်ပြီး
စိတ်ညစ်နေသူများ အတွက် ပြန်လည်ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေး ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။
ပြန်လည်ဖြေရှင်း ဖို့ အတွက်တော့ Root လုပ်ထားဖို့နဲ့ Root Explore apk လေးတော့ လိုအပ်ပါမယ်။
Root Explorer မရှိခဲ့ပါက Root Explore apk အား
ဒေါင်းပြီးပြီဆိုရင် Root Explore ကို install လုပ်လိုက်ပါ။
root explore ကိုဖွင့်ပါ search box ကနေ host ကို Search ကနေရှာလိုက်ပါ။
/etc/host ဆိုပြီးပေါ်လာပါလိမ့်မယ်။
/etc/host/ ကို ကြာကြာဖိ open with > Text Editor ကို နှိပ်ပြီး
အောက်က စာသားအတိုင်းပြင်လိုက်ပါ။
127.0.0.1(just one space)localhost
#74.125.93.113(just one space)android.clients.google.com
ပြီးရင် ပြန်ဝင်လိုက် ရပါပြီ။
အပေါ်မှာပြောထားသလိုလုပ်လို့ မှ မရဘူးဆိုရင်တော့ host ကို ဖျက်ပေးလိုက်ပါ။
““““““““““““““““““““““““““““““““““““




အဆင်ပြေပါစေ..





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

5/24/2015

Coolpad 7298D error on google acc lock

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
error အသစ်လေးပါ. coolpad 7298D မှာပါ
google acc login ၀င်ထားမိပီး reset ချမိလို့
Firmware ပြန်တက်လာတဲ့အခါမှာ goolge acc
တောင်းနေတာမျိုးပါ.. ကြိုက်တာရိုက်ထည့် login
ဝင်သွားပါမယ် .. ဒါပေမယ့် phone icon ကလွဲပီး
ဘာမှကို ၀င်လို့ မရမှာမဟုတ်ပါဘူး .. system ကို
ပိတ်ပစ်လိုက်တာပါ... setting ထဲကို တောင်
ဝင်ခွင့်မပေးပါဘူး... အော်ဒါများ လွယ်ပါတယ်
firmware ပြန်တင်လိုက်ရင့်ပီးသွားတာပဲ
ဟုတ်ပါတယ် ကျနော်လည်း အစကအဲ့လိုပဲ စဉ်းစားမိပါတယ်
ဒါပေမယ့် firmware တင်ပီးသွားတာတောင် acc ကတောင်းတုန်းပဲ
ဟိဟိ ...
ကဲကျနော်ပေးထားတဲ့ 7298D Firmware ကို ဒေါင်းလိုက်ပါ..
ကျနော့် firmware မှ မဟုတ်ပါဘူး ညီအကိုတို့မှာ
7298D ရဲ့ Firmware ရှိရင်လည်း ရပါတယ်...
Downlod >>> 7298D Firmware

အဲ့ဒါက MT6589_Android_scatter_emmc.txt
ဖိုင်လေးပါ ...SP Flash tools နဲ့တင်ရမှာပါ..
Downlod >>> SP Flashtools

ok ပြီးရင် SP Flash tools ကို ဖွင့်လိုက်ပါ..
scatter loading ထဲကိုဝင်ပီး ခုနက ဒေါင်းထားတဲ့
ဖိုင်ထဲကမှ MT6589_Android_scatter_emmc.txt
ကို သွားရွေးပေးလိုက်ပါ..
ဒါကတော့ Firmware တင်တော့မယ်အခြေအနေပေါ့
အဲ့မှာ user lock ကျနေတဲ့အတွက် ကြောင့်
ကျနော်တို့ ဖုန်းကို Format ရိုက်ပေးရမှာဖြစ်ပါတယ်
Format လိုက်ပါ...
ပီးရင် ထုံးစံအတိုင်း Firmware တင်လိုက်ရင်
lock မပါလာတာကို မြင်ရမှာပါ...
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ...





Min Oke Kar (ဘီလူးကျွန်းသားလေး)နည်းပညာ
Read More ...

2/22/2015

♪ မိုဘိုင်းဖုန်းError များနှင့် ဖြေရှင်းနည်းအကျဉ်းချုပ်နုတ်များ (For Begineers) အပိုင်း(2) ♫


ခုမှစတင်လေ့လာသူတွေ သင်တန်းမတက်နိုင်တဲ့သူတွေ အတွက် ပါခင်ဗျာ... အခုတင်ပေးလိုက်တဲ့ Note လေးတွေကို သိမ်းထားချင်တယ်ဆိုရင်တော့ PDF File အဖြစ် ဒီမှာ ဒေါင်းယူ သွားပါနော်။

၁၆။ Touch, LCD များမကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ဖြစ်နေပါက Touch /LCD socket များအား တင်နာဖြင့်ဆေး အထိုင်ကျအောင်ဖိချပေးပါ။မရမှသာ အသစ်လဲပါ။

၁၇။ Touch IC မှာ C3H လို့စာရေးထားပါတယ်။huawei 8813 ရဲ့ Touch ic သည် ဘယ်ဘက် ဆင်းဒ်အထိုင်ရဲ့အပေါ်မှာရှိသည်။Huawei 8818 ရဲ့ Touch Ic သည် နားကြပ်ငုတ် ရဲ့ အောက် ဘက်လိုင်းငုတ်ကလေး သုံးငုတ်ရဲ့ C3h ပါသောအိုင်စီဖြစ်သည်။8825 တွင် ဘယ်ဘက် ဆဒ်းအထိုင်ရဲ့ အပေါ်ဘက်တည့်တည့်တွင်မြင်ရသော အိုင်စီအသေးမှာ Touch ic ဖြစ်သည်။

၁၈။ Huawei phone များတွင် wifi ic သည်ကင်မရာရဲ့ ဘေးမှာ အဖြူအမဲနှစ်ထပ် အိုင်စီရဲ့ အောက်မှာ ရှိပါတယ်။တစ်ခါတစ်ရံ သံပြားအုပ်ထားပါတယ်။ သံပြားခွာကြည့်ပါ။အဖြူအမဲနှစ်ထပ်အိုင်စီသည် ဘလူတုသ်အိုင်စီဖြစ်ပါတယ်။ ပါဝါဖွင့်ပြီးscreen မှိတ်သွားပြီးပါဝါကျသွားသေ ဖုန်းများ ဘက်ထရီထုတ်ပြန် တပ်ပြီးမှာ ပါဝါပြန်နိုးသောဖုန်းများတွင် ၀ိုင်ဖိုင်အိုင်စီ ဖြုတ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်သည်။ဖြုတ်ထားသော ၀ိုင်ဖိုင်အိုင်စီရဲ့ ငုတ်ကလေးများ ပူးသွားလျှင် ရှော့ကျတတ်သည်။ ခဲရှင်းပေးလိုက်ပါ။

၁၉။ အားစားသော ဖုန်းများဖြေရှင်းလိုလျှင် ဘက်ထရီထည့်တဲ့အခါ အောက်ခြေတွင် ပိုကျပ်အောင် စက္ကူခံပေးပါ။ မရလျှင် supplyချိတ်ပြီး Ampx စားမစားကြည့်ပါ။များနေလျှင် ဘုတ်ကြောင့်သာဖြစ်သည်။ ဘုတ်အား တင်နာဖြင့်ဆေးပြီး ဟော့ဂမ်းနဲ့ခြောက်အောင်အပူပေးလိုက်ပါ။

၂၀။ Touch လဲပြီး Touch မရလျှင် ကြောင်နေလျှင် touch ကြိုးပြားခေါက်မခေါက် gnd ကျမကျ ပြန်စစ်ပေး ပါ။ မရလျှင် socket လေးအား အသာအယာ ဓါးဖြင့်ခြစ်ပေးပါ။

၂၁။ huawei တွင် မိမိ မဖြုတ်ခင် ဆင်းဒ်ဖတ်ပြီး ပြန်တပ်ခါမှာမဖတ်တော့လျှင် ဖုန်းငုတ်များကိုသေချာစွာ ကြပ်ပေးကြည့်ပါ။

၂၂။ ငုတ်နှစ်ငုတ်အားလှပ်ပြီး ပါဝါနိုးသော်လည်း မနိုးပါက ထိုငုတ်နားရှိ R/C ထိပ်ကလေးများအား ဇာဂနာဖြင့်ထောက်ပြီးနိုးကြည့်ပါ။

၂၃။ Mic,Earpiece,Speaker, shockကျနေလျှင်လည်းပါဝါမလာပါ။

၂၄။ ဆော့ကက်နှင့်လာသော ပါဝါခလုတ်များအား ဆော့ကက်ဖြုတ်ပြီး ဆော့ကက်အထိုင်အား supply အနီတံဖြင့်ပါဝါနိုးနိုင်သည်။နိုးပုံမှာ ဘုတ်အား supply ဖြင့်ချိတ်ပါ။supply ရဲ့ အလယ်သံချောင်းအား ညာဘက်သို့ testပြောင်းပေးပြီး အနီတံခလုတ် ဆော့ကက်လေးအား ပါဝါ နိုးသောငုတ်ကိုထောက် ကြည့်ပါ။ပါဝါလာသောငုတ်အားသိလိုလျှင် ဆော့ကက်ခြေထောက်လေးများအား ထောက်ကြည့်ရပါသည်။

၂၅။ အပေါ်ဘုတ်နှင့်အောက်ဘုတ် ခွဲပါသောဖုန်းများတွင် charging ခေါင်းလဲပြီး အားမ၀င်ပါက အလယ်ဆက်ထားသော ကြိုးပြားကောင်းမကောင်း မိ မ မိစစ်ကြည့်ပါ။ Mic Speaker မရလျှင် လိုင်းမတက် လျှင်လည်း ထိုကြိုးပြားအားစစ်ကြည့်နိုင်သည်။

၂၆။ ရေ၀င် ရှော့ကျုဖုန်းများအား တင်နာဖြင့်ရေဂျိုးများအားဆေးပေးရမည် တင်နာဖြင့်ဆေးလျှင် အပြင်ဗန်း သာမက သံပြားများအားကိုလည်းခွာပြီးနေရာလွတ်မကျန်အောင်ဆေးပေးပါ။သံပြားသည် အရှင် အသေနှစ် မျိုးရှိသည်။ အသေထိုင်ထားလျှင် HOT Gun 300 Air 6 ဖြင့် ခွာချပါ။ပြီးနောက် တင်နာနှင့် ချော်ရည် များအားပြောင်အောင်ဆေးပေးပါ။မရလျှင် ဘုတ်အား supplyတွငိချိတ်ပြီး အော်နေလျှင် supplyတွင်မအော် သည်အထိ လျှော့ချပါ။မအော်တော့လျှင် ပူသော R / C ic များကိုရှာပါ။R/C များပူနေလျှင် ပူနေသော R/C များအားဖြုတ်ချပေးပါ။ Shock လွှတ်သည်အထိ လုပ်ပါ။

၂၇။ Touch ပြားအကောင်းများကိုခွာလိုလျှင် java ဖုန်း touch တွင်ပါသော ကော်ပြား အား ထောင့်လေးထောင့် ကတ်ကြေးဖြင့်ဝိုက်ညှပ်ပြီး ထိုကော်ပြားဖြင့်ခွာနိုင်ပါသည်။အပူ ၁၀၀ ပေးပြီးခွာ ရမည်။

၂၈။ လိုင်းမတက်လျှင် နက်ဝပ်အဖြူကြိုးနှင့်အထိုင်လိုင်း ပွိုင့်ငုတ်ကလေးများကိုသေချာစစ်ပေးပါ။ အပေါ် ဘုတ်နှင့်အောက်ဘုတ်တွင် အလယ်ကြိုးပြား ဆော့ကက်ကောင်းမကောင်း မိ မမိ စစ်ပေးပါ။ ဖုန်းငုတ်များ မတပ်ရသေးလျှင်လည်း လိုင်မတက်တတ်ပါ။နက်ဝပ် အိုင်စီ ဖြစ်သော RF/PA line အိုင်စီများကို အပူ 200 ခန့်ဖြင့်အပူပေးကြည့်ပါ။မရလျှင် JUMPER ကျော်ပေးနိုင်သည်။

၂၉။ Earpiece ကိုလဲပြီးမရပါက ဘုတ်ကိုစစ်ပြီးမရပါက နားကြပ်ခေါင်းမှ JUMPER ကျော်ပေးရမည်။ ဘယ်သံညာသံလာသောငုတ်မှ earpiece အပေါင်းငုတ်သို့ ကျော်ပေးပါ။ အပေါင်းမရ အနှုတ် ပို့ မရပါက နှစ်ကြိုးလုံးပို့ပါ။

၃၀။ ၀ယ်လို့မရသော ပါဝါခလုတ်များ နှင့် ဒီဂျစ်တယ်မိုက်များကို jumper ပြုလုပ်ပြီးဖြေရှင်းမည်ဆိုပါက ပါဝါခလုတ်များနှင့် မိုက်များရဲ့ အလယ်ရှိ ကြေးဝိုင်း ကို အပေါင်းစ jumper ကျော်ပြီး အပေါင်းငုတ်တွင် ဆက်ပါ။ ဘေးအ၀ိုင်းအပြင် အ၀ိုင်းကိ အနုတ် စ jumper ကျော်ကာ အနုတ်ငုတ်တွင် သို့ Gnd ချပေးပါ။ တိုက်ရိုက်လည်း jumper လုပ်နိုင်ပါသည်။

၃၁။ ပါဝါဖွင့်ပြီး ပိတ်လိုက်လျှင် ပါဝါမလာတော့သည့် ဖုန်းများကို ဘက်ထရီဖြုတ်ပြီး ပြန်တပ်သည့် အခါ ပြန်လာပြီး ပြန်ပိတ်လျှင် ပါဝါပြန်မလာပါက wifi ic နှင့် Bluetooth အိုင်စီကို ဖြုတ်ချပြီး အကောင်းပြန် တပ်ပေးပါ။ ဒါတွေက ဖုန်းစတင် ပြုပြင်တော့မယ် လူတွေအတွက် အသုံးဝင်ကီးတွေဖြစ်ပါတယ်။ ဒီလို အခြေမျိုးတွေကိုပိုင်နိုင်အောင်လုပ်ပြီး မိမိဥာဏ်စွမ်းအလျှောက် pro ဖက်သို့ ကူးပြောင်းနိုင်ကြပါစေ...
ဒါကတော့မီတာတိုင်းတဲ့နည်းလေးပါ

၁။ Condenser -တက်ပြီးပြန်ကျလျှင်ကောင်း တက်ပြီးပြန်မကျပါက မကောင်းပါ။နှစ်ဖက်လုံးတက်ပြီး ပြန် မကျပါကမကောင်းပါ--X1 X10 X100

၂။ Resister -တက်ပြီးငြိမ်နေလျှင် ကောင်း မတက်ရင်မကောင်း
X1 X10 X100

၃။ Coil -တက်ပြီးငြိမ်နေလျှင်ကောင်း မတက်လျှင်မကောင်း
X1 X10 X100

၎။ Diode -တစ်ဖက်တက်ပြီး တစ်ဖက်မတက်လျှင်မကောင်း။ နှစ်ဖက်လုံးပြရင်ရှော့။ မကောင်း။နှစ်ဖက် လုံးမပြရင် မကောင်း X1 တွင်ထားတိုင်း

၅။ Fuse -အဆုံးထိတက်ရင်ကောင်း ။ မတက်ရင်မကောင်း X1မှာတိုင်း။
မှတ်ချက်။   ။ ဗို့ လိုင်းမပြသောနေရာများတွင် coil ဒဲ့ ဆက်လို့မရပါ။အသံပိုင်းတွင်သာ ဒဲ့ဆက်နိုင်ပါတယ်။

Credit: Original Aurthor
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

♪ မိုဘိုင်းဖုန်းError များ ဖြေရှင်းနည်းအကျဉ်းချုပ် Note များ (For Begineers) Part 1 ♫


အခုတင်ပေးလိုက်တဲ့ Note လေးတွေကို သိမ်းထားချင်တယ်ဆိုရင်တော့ PDF File အဖြစ် ဒီမှာ ဒေါင်းယူ သွားပါနော်။
မိုဘိုင်းဖုန်းဟာဒ်ဝဲပိုင်းမှာတော့ ခဲဂေါက်၊ဟော့ဂမ်းစတဲ့အခြေခံကျတဲ့ ကိုင်တွယ်မှုတွေကို မကြာခန လေ့ ကျင့်ပေးခြင်းဖြင့် မိမိကျွမ်းကျင်မှုကိုမြင့်တင်နိုင်ပါတယ်။ ခဲဂေါက်မနိုင်ရင် တကယ်တမ်းလက်တွေ့ လုပ်တဲ့အခါမှာ အခက်အခဲတွေကြုံတွေ့ရမှာဖြစ်တာမို့ပါ။

hardware သမားတစ်ယောက်ပြုလုပ်ထားရမှာတွေကတော့

1/ Basic Electronic Principles
2/ Reading layout diagram
3/ Using Hot Gun,PowerSupply & other hardware repair tool
4/ Hardware practical&general knowledge
5/chaning CPU,Power IC & Jumper
မိမိလက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါများစွာ အသုံးဝင်မှာဖြစ်ကြောင်း အာမခံပါတယ်။

၁။ အားသွင်းခေါင်းဖြုတ်လျှင် အားသွင်းခေါင်းဘေးရှိ conponent R/C များကို လွှင့်မကျအောင် မီးခံတိပ်ကပ်ပြီး အပူ 300ံနဲ့လေအဆုံးထိတင်ကာ ပတ်ပတ်လည်ပြေးပေးပါ။မသောအခါတွင် ဆွဲမခြင်း မပြုရ။အထိုက်အလျောက်ကျွတ်ပါလာမည်ဖြစ်ပါသည်။

ထို့နောက် တင်နာဖြင့်ပြောင်အောင်ဆေးပေးပါ။ထို့နောက် အပေါက်ကလေးများကို ခဲဂေါက် ခဲစုတ်တံ သုံးပြီး အပေါက်ပြန်ဖောက်ပြီး အားသွင်းခေါင်းအသစ်အား အံဝင်အောင်ချပြီး HOT Gun ၃၀၀ ဖြင့် ပတ်ပတ်လည် အပူပြေးပါ။ ခြေငုတ်ကလေးများကို စိအောင်သေချာအပူပေးပါ။ မစိလျှင်အားမ၀င်ပါ။ အားလုံးတပ်ဆင်ပြီးလျှင် တင်နာဖြင့်ပြန်ဆေးပါ။ သေချာအောင် အားသွင်းခေါင်းအသစ်ခြေထောက်ကလေး များကို ခဲလိုက်ပေးလိုက်ပါ။

၂။ ဘက်ထရီမကောင်းလို့ ရှော့ရိုက်မယ်ဆို supply ကို ဗို့အဆုံးထိတင်..အပေါင်းအနုတ်မှန်အောင်ချိတ် Shock ရိုက်ပေးပါ။ ဆယ့်ငါ့းစက္ကန့်လောက်ကြာရင် supply ကို 4.0 ဗို့ကိုပြန်ချိတ်ပြီး အားသွင်းပေးလိုက်ပါ။

၃။ Huawei 8812,8818,8825 တို့လို အပေါ်ဘုတ်နဲ့အောက်ဘုတ် နှစ်ကန့်ပါတဲ့ ဖုန်းတွေမှာ အားမ၀င်ခြင်း လိုင်းမတက်ခြင်း မိုက်မရခြင်း အယ်ရာများတပြိုင်နက်ဖြစ်ပေါ်လျှင် အပေါ်ဘုတ် နဲ့အောက်ဘုတ် ကို ဆက်ပေးသော ကြိုးပြားအားစစ်ပါ။ ဆော့ကက်ငုတ်ကလေးများကောင်း မကောင်း စစ်ပေးပါ။အပေါ်အောက်ဆော့ကက်တပ်ဆင်ထားတာ မိ မမိ စစ်ပါ။

၎။ ဖုန်းခေါ်စဉ်မီးမှိတ်သွားပြီး ပြန်တက်မလာဘဲ တစ်ဖက်က ဖုန်းချမှပြန်လင်းလာပါက Sensor အား HotGun250ဖြင့်ဖြုတ်ချပါ။

၅။ Touch လဲလျှင် အဟောင်း Touch ကိုအရင်မခွာရပါ။ဆိုင်တွင်ဖုန်းဆက်မေးပြီးးလျှင် သွားစမ်းပါ။အားလုံးကောင်းပြီးဝယ်လာပြီးမှာ အဟောင်းကိုခွာချပ်။ Touch ပြန်ကပ်လျှင် လက်ရာများ အားသေချာစွာပြန်သုတ်ပေးပါ။ သံဇကာပေါက်ကလေးအားလည်း ပြန်တပ်ဖို့မမေ့ပါနဲ့။

၆။ ပါဝါမလာသောဖုန်းများလင်အပ်လျှင် အားသွင်းကြိုးအရင်ထိုးကြည့်ပါ။ပါဝါနိုးလာလျှင် ခလုတ်အား တစ်ခက်စစ်ကြည့်ပေးပါ။အားသွင်းကြိုးထိုးလို့ ပါဝါလာသောဖုန်းသည် ခလုတ်ကြောင့်သာဖြစ်သည်။

၇။ earpiece, speaker အသံတိုးလျှင်အသစ်လဲပြီးလို့အသံတိုးနေလျှင် သံဇကာပေါက် အ၀တ်စလေးများ အားခွာချလိုက်ပါ။အသံပိုကျယ်လာပါမည်။

၈။ ဆိုင်တွင် ဘက်ထရီ အားလုံးဝ ဒေါင်းနေလျှင်လည်း no power ဖြင့် လာအပ်တတ်သည်။ ဘက်ထရီ ကို ရှော့ရိုက်လိုက်ပါ။

၉။ အထိုင်socket နဲ့တွဲပါလာသော Sim Card နှင့် Momory ကဒ်မဖတ်လျှင် ထိုင် ဆော့ကက်အထိုင်တို့ အား ဆေးပါ။။မကောင်းမှအသစ်လဲပါ။

၁၀။ ဆင်းဒ်ကဒ်မဖတ်လျှင် ငုတ်ကျိုးမကျိုး စစ်ပြီး ငုတ်များအောက်သို့နိမ့်နေလျှင် အပေါ်သို့မတင်ပေးပါ။ တင်နာဖြင့်ဆေးပါ။

၁၁။ ဖုန်းဘုတ်များပေါ်တွင် ချော်ရည်များ တင်နာများသုံးပြီးပြောင်းစင်အောင်မဆေးဘဲ ဟော့ဂမ်း ဖြင့်ခြောက်သွေ့အောင် အပူမပေးလျှင် ဘုတ်ရှော့သွားတတ်သည် ။ မွဲကိန်းဆိုဒ်လာမည်။

၁၂။ Mic,Earpiece,Speaker များအသံတိုးသည်ပြောပါက volume ကိုထပ်ချဲ့စမ်းကြည့်ပါ။မရမှာ hardware စစ်ပါ။အသံပိုင်းဆိုင်ရာဆော့ဝဲများကြောင့် တိုးနေခြင်းလည်းဖြစ်တတ်သည်။

၁၃။ လိုင်းမတက်လျှင် လိုင်းနှင့်ဆိုင်တဲ့ငုတ်ကလေးများကိုရှာပြီးတော့ jumper ကြိုးလေးများဖြင့် ဆက်ကြည်ပါ။ တင်ငုတ် နှစ်ငုတ်...

၁၄။ ဟော့ဂမ်း ခဲဂေါက်စသည်တို့ကိုင်တွယ်မှုသည် ဟာဒ်ဝဲသမားရဲ့ အသက်ဖြစ်သည်။

၁၅။ ပါဝါမလာသောဖုန်းအားပြင်ရန် မည်သည့်နေရာမှ စပြင်ရန်စဉ်းစားမရပါက တင်နာဖြင့် ဘုတ်ကိုဆေး ပါ။ ဆပ်လိုင်းချတ်ပါဝါပြန်နိုးပါ။

၁၆။ Touch, LCD များမကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ဖြစ်နေပါက Touch /LCD socket များအား တင်နာဖြင့်ဆေး အထိုင်ကျအောင်ဖိချပေးပါ။မရမှသာ အသစ်လဲပါ။

မနက်ဖန်မှာ ..Part(2) ကိုတင်ပေးပါ့မယ်ခင်ဗျာ.

Credit: Original Aurthor
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

8/27/2014

ကျနော်အကြိုက်ဆုံး Firefox 32 Internet Browser for Android Update




Android ဖုန်းသုံးသူတိုင်း တကယ်ဆောင်ထားသင့်ပါတယ်။ Mozilla Firefox ကတော့ တခြားသော Internet Bowser တွေနဲ့ဆာရင် တော်တော်လေးပိုပြီးအသုံးဝင်တယ်။ Add-ons Tool တွေပါဝင်တာကြောင့် ကျနော် အကြိုက်ဆုံးဖြစ်ပါတယ်။ Download Links တွေမပါတဲ့ Website က Video တွေဆို Add-ons လေးထည့်ပြီး အလွယ်ဒေါင်းနိုင်မှာဖြစ်ပါတယ်။ အဲနည်းကိုတော့ ဖုန်းသမားတွေ သိပ်မသိကြပါဘူး။ ဒီလင့်မှာ Add-ons အသုံးပြုနည်းဝင်လေ့လာနိုင်ပါတယ်။

ဖုန်းသမားတွေ တကယ်ဆောင်ထားသင့်တဲ့ Bowser ဖြစ်ပါတယ်။ Online မှာ ဇတ်ကားကြည့်တာတို့ သီချင်းဒေါင်းတာတို့ Download Links မပေးထားတာတောင် အလွယ် ဒေါင်းနိုင်ပါတယ်။ ကျနော်တော့ ဒီကောင်လေးကိုပဲ အမှန်တကယ်သုံးပါတယ်။ စိတ်ဝင်စားရင် ဒီအောက်လင့်မှာ ၀င်ဒေါင်းနိုင်ပါပြီ။


App Screenshots

Firefox Browser for Android - screenshot thumbnailFirefox Browser for Android - screenshot thumbnailFirefox Browser for Android - screenshot thumbnailFirefox Browser for Android - screenshot thumbnailFirefox Browser for Android - screenshot thumbnailFirefox Browser for Android - screenshot thumbnail


အားလုံးအဆင်ပြေပါစေ.......။





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

8/15/2014

ဖုန်းပေါ်မှာ နိုင်ငံခြားဇတ်ကားတွေကို မြန်မာစာတန်းထိုးပြီး ကြည့်ရအောင်


ခေါင်းစဉ်အတိုင်းပါပဲ သားတို့ နိုင်ငံခြားဇတ်ကားတွေကို
ဖုန်းပေါ်မှာကြည့်တဲ့အခါ မြန်မာစာတန်းထိုးပြီး ကြည့်ကြ
ရအောင်ဗျာ  အရင်ဆုံး myanmar subtitle font
ဖိုင်ကို အရင်ဒေါင်းရပါမယ်။အဲ့ font ဖိုင်ကို ကိုယ်ကြည့်မယ့်
Movies နဲ့ တစ်ဖိုင်ထဲထည့်ပေးရပါမယ်
(နမည်အတူတူပေးထားရပါမယ်)။ ပြီးရင် player ထဲက
menu >>>>> subtitle >>>>> setting >>>>
font box ထဲက select font folder ကိုနှိပ်
အဲ့ကနေ ကိုယ်ထားခဲ့တဲ့  font ဖိုင်ဆီကို ရွေးပေးလိုက်
အဲ့ဒါဆိုရင် ကိုယ်ကြည့်မယ့် Movies က အောက်ပါအတိုင်း
မြန်မာလို စာတန်းထိုးတော့မှာပါ






Download Myanmar Subtitle Font ; (0.01) MB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

7/16/2014

Android ဖုန်းများတွင် Google Account ဝင်မရသောပြသနာဖြေရှင်းနည်း


အားလုံးပဲ မင်္ဂလာပါခင်ဗျာ...............
ကျတော်တို့Android ဖုန်းကိုင်သူတွေခဏခဏကြုံတွေ့ရမယ့်ပြသနာတခုကတော့
Google Account ဝင်မရတဲ့ပြသနာပေါ့ဗျာ သိတယ်ဟုတ် Samsung ဖုန်းကိုင်တဲ့သူတွေ
ဆိုပိုတောင်ဆိုးတယ်ဝင်လိုက်တိုင်းအပေါ်ကပုံလိုလာလာပြနေတတ်တယ်။
ကျတော့်ဖုန်းလဲအဲ့လိုဖြစ်နေလို့Play Store လဲဝင်လို့မရပါဘူး။
အခုကျတော့်ဖုန်းကတော့ဝင်လို့ရသွားပြီ ဘယ်လိုလုပ်လိုက်လဲဆိုတာပြောပြမယ်နော်
အရင်ဆုံး Root Explorer ကိုအောက်ကလင့်မှာဒေါင်းထားပါ

ကဲဒေါင်းပြီးရင်Install လုပ်ပြီး Open နဲ့ဖွင့်လိုက်ပါ
အဲ့ဒီမှာ System Folder ကိုရှာပြီးနှိပ်ပါ ပြီးရင် etc ကိုထပ်နှိပ်ပါ။
အပေါ်နားက Mount R/W ကိုနှိပ်ပါ ဒါဆိုရင် Mount R/O ဆိုပြီးပြောင်းသွားမယ်
ပြီးတော့Host ကိုဖိနှိပ်လိုက်ပြီး Delete နဲ့ဖျက်လိုက်ပါ
နောက်ဆုံးအဆင့်အနေနဲ့ဖုန်းကို restart ချပြီးရင် Gmail Account ကိုဝင်ကြည့်ပါ
အဆင်ပြေပြေနဲ့ဝင်သွားပါလိမ့်မယ်။ ကျတော်လဲဖုန်းကနေပို့စ်တင်တာဆိုတော့
အဆင်မပြေမှုတွေရှိရင်ကြိုတောင်းပန်ပါတယ်
အဆင်မပြေတာလေးတွေရှိရင်အောက်မှာ့မန့်သွားပါခင်ဗျာ။

ပို့စ်တင်ဆက်သူ = ဘုန်းပြည့်



အဆင်ပြေပါစေ............... 
Minokekar (ဘီလူးကျွန်းသားလေး)

Download အဆင်မပြေရင် ပြောပါ
အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားပေးသွားပါ့မယ်










<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

7/06/2014

Hauwei ဖုန်းများအားလုံးတွင် Google application ထည့်သွင်းနည်း



အားလုံးပဲ မင်္ဂလာပါခင်ဗျာ ....................




 
အခုပြောပြပေးမှာကတော့ Huawei ဖုန်းများတွင် Google Application ထည့်သွင်းနည်းဖြစ်ပါတယ်။ Huawei ဖုန်းများတွင် CWM recovery သွင်းပြီးသွားလျှင် google application ကို ထည့်လို့ရပါပြီ။ google application ဆိုတာက Google Play Store, G Talk, G Mail, Google Search အဲဒါတွေဖြစ်ပါတယ်ခင်ဗျာ။ CWM recovery ဟာ English version လည်းဖြစ်နိုင်သလို Chinese version လည်းဖြစ်နိုင်ပါတယ်။ အဲဒီ အတွက် ၂ မျိုးလုံးကို ရှင်းပြပေးထားပါတယ်။ ကိုယ့်ဖုန်းရဲ့ Android version ပေါ်လိုက်ပြီး Google Application ကို တင်ရမှာဖြစ်ပါတယ်။

android version 2.3.6 ရဲ့ အောက်ပိုင်းဖြစ်လျှင် ဒီgapps ကို ဒေါင်းပါ။

android version 2.3.6 မှ 4.0.4 အထိ ဒီgapps ကိုဒေါင်းပါ။

android version 4.1.1 အတွက် ဒီgapps ကိုဒေါင်းပါ။

CWM ဟာ Chinese version ဖြစ်လျှင် ဒါလေးနဲ့ ဘာသာပြန်ကြည့်ပါ။

--reboot system now 重启系统

--apply sdcard:update.zip 使用SD卡根目录的update.zip更新系统

--wipe data/factory reset 清空data分区并恢复出厂设置

--wipe cache partition 清空cache分区

--install zip from sdcard 从SDcard选择文件更新系统

--apply sdcard:update.zip 使用SD卡根目录的update.zip 更新系统

--choose zip from sdcard 从SD卡选择zip格式升级包

--toggle signature verification 切换签名验证

--toggle script asserts 切换升级脚本检查

--backup and restore 备份和恢复

--Backup 备份

--Restore 恢复

--Advanced Restore 高级恢复

--mounts and storage 挂载和存储

--mount /system 挂载/system分区(系统分区)

--mount /data 挂载/data分区(数据分区)

--mount /cache 挂载/cache分区(缓存分区)

--mount /sd-ext 挂载/sd-ext分区(A2SD分区)

--format boot 格式化内核分区

--format system 格式化系统分区

--format data 格式化数据分区

--format cache 格式化缓存分区

--format sdcard 格式化存储卡

--format sd-ext 格式化内存卡SD

--mount USB storage 挂载SD卡为U盘模式

--advanced 高级

--Reboot Recovery 重启Recovery

--Wipe Dalvik Cache 清空Dalvik缓存

--Wipe Battery Stats 清空电池状态

--Report Error 报告错误

--Key Test 键位测试

--Partition SD Card 对SD卡分区

--Fix Permissions 修复权限

--power off 关机

--touch calibration 触屏校准


(က) ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို sd card ထဲထည့်ပါ။


(ခ) ဖုန်းကို ပိတ်ပါ။ ပြီးလျှင် volume up + power ကိုနှိပ်ပြီး recovery mode ၀င်ပါ။ အဲဒီနည်း အလုပ်မလုပ်လျှင် ဒီနည်း လမ်းဖြင့် CWM recovery သို့ ၀င်နိုင်ပါတယ်။

(ဂ) Google application မသွင်းခင် အရင်ဆုံး Nandroid Backup ယူထားစေချင်ပါတယ်။ တစ်ခုခုဖြစ်ခဲ့လျှင် firmware တင်စရာမလိုပဲ ပြန်ပြီး restore လုပ်လို့ရအောင်ပါ။

(ဃ) ပြီးလျှင်အပေါ်မှာပြထားတဲ့ ပုံနှစ်ခုကိုနိုင်းယှဉ်ပြီး install zip from sdcard > choose zip from sdcard > gapps-------------signed.zip ကိုရွေးပြီး update လုပ်ပေးပါ။ ခဏစောင့်ပါ။

(င) main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ google application တွေထည့်လို့ပြီးသွားပါပြီ။

 
 

အဆင်ပြေပါစေ............... 
Minokekar (ဘီလူးကျွန်းသားလေး)







<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

6/28/2014

မိုဘိုင်းဖုန်းမှာ Appsများကို Organizeပြုလုပ်နည်း ခြောက်နည်း


မိုဘိုင်းဖုန်းမှာ မှတ်စု App ကို ရှာရခက်နေလား? Home Screenတစ်ခုနဲ့ တစ်ခုကူးပြောင်းပြီး Appတွေရှာနေရတာ အချိန်အတော်ကြာနေတယ်ဆိုရင်တော့ Appsတွေကို နေရာချစီမံခန့်ခွဲဖို့ သင် စဉ်းစားသင့်ပါတယ်။ မိုဘိုင်းဖုန်းAppများစွာထွက်ပေါ်နေတဲ့အတွက် ကျွန်တော်တို့ရဲ့ ဖုန်းများမှာလည်း Appများစွာ ထည့်သွင်းအသုံးပြုနေကြပြီး Home Screenများမှာ Appsများ ရှုပ်ပွနေမှာ ဖြစ်ပါတယ်။ App များဟာ လူသားတွေရဲ့ ဘဝကို တိုးတက်ကောင်းမွန်စေဖို့နဲ့ အလုပ်ကိစ္စများ ပိုမိုလွယ်ကူစေဖို့ ဒီဇိုင်းထုတ်လုပ်ပေးထားတာပါ။ ဒါပေမယ့် Appsတွေကို လိုက်ရှာနေရတာကတော့ အချိန်ကုန်ပြီး ဟန်မကျပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အချိန် ၁၅ မိနစ်လောက်ပဲပေးရတဲ့ အောက်ကနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။ အဲဒီနည်းလမ်းတွေထဲကမှ သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို ရွေးချယ်အသုံးပြုပါ။ ဖော်ပြမယ့်နည်းလမ်းခြောက်ခုကတော့၁။ ကြိယာအခြေပြုဖိုဒါများတည်ဆောက်ခြင်း။စမတ်ဖုန်းများမှာ Defaultအားဖြင့် ပါလေ့ရှိတဲ့ Productivity, Reference, Utilitiesစတဲ့ ဖိုဒါများဟာ အသုံးပြုသူအတွက်တော့ နားလည်ရခက်လှပါတယ်။ အဲဒီအစား အသုံးပြုပုံပေါ်မူတည်ပြီး ဖိုဒါများကို နာမည်ပေးသင့်ပါတယ်။ Watch, Play, Learn စသဖြင့် ဖိုဒါများပြုလုပ်ပြီး ဗီဒီယိုကြည့်တဲ့ Apps, သီချင်းနားထောင်တဲ့ Apps, သတင်းဖတ်တဲ့ Appsများကို သက်ဆိုင်ရာ ဖိုဒါထဲမှာ ထည့်ထားသင့်ပါတယ်။ ဒီလိုဖိုဒါများသတ်မှတ်ပြီး Appsများ ကို သိမ်းထားခြင်းဖြင့် ရှာချင်တဲ့ Appကို လျှင်မြန်စွာရှာနိုင်မှာဖြစ်ပါတယ်။verbs_edited
၂။ အရောင်များ သတ်မှတ်ခြင်း။

စမတ်ဖုန်းများမှာ Appများရဲ့ အိုင်ကွန်ကို အရောင်များနဲ့ခွဲခြားထားနိုင်ပါတယ်။ ဒီလိုခွဲခြားထားခြင်းဖြင့် မှတ်မိလွယ်သလို၊ ခွဲခြားလို့လွယ်စေပါတယ်။ သင့်ရဲ့ ဦးနှောက်က အိုင်ကွန်မှာ ရေးထားတဲ့ စာသားများထက် အရောင်များကို ပိုမိုသိလွယ်ပါတယ်။ အရောင်များက ဖုန်းမှာ Appsများရှာဖွေရာမှာ လျှင်မြန်စေမှာပါ။ သင့်ရဲ့ဖုန်းဟာ ရောင်စုံသက်တန့်လို အရောင်များစွာတွေ့မြင်နေရမှာဖြစ်ပေမယ့် အလုပ်ကိစ္စများကို လျှင်မြန်စေမှာဖြစ်ပါတယ်။color-edited
၃။ အက္ခရာများဖြင့် စီစဉ်ခြင်း။

အက္ခရာများနဲ့ စီစဉ်ရတာကို နှစ်သက်သူများအတွက် ဒီနည်းကိုသုံးပါ။ Appsများကို ကိုယ်တိုင် အက္ခရာများနဲ့ စီစဉ်ရမယ့် အစား iPhoneမှာ ပိုမိုလွယ်ကူတဲ့နည်းလမ်းရှိပါတယ်။

• Settings Appကိုဖွင့်ပါ။
• Generalကို နှိပ်ပါ။
• အောက်ကိုဆင်းပြီး Resetကို နှိပ်ပါ။
• Reset Home Screen Layoutကို နှိပ်ပါ။
iPhoneမှာ နဂိုပါတဲ့ Appsများကိုနဂိုနေရာမှာ ပြန်လည်ချထားပေးမှာဖြစ်ပြီး အခြားAppsများကိုတော့ အက္ခရာအလိုက်စီစဉ်ပေးမှာဖြစ်ပါတယ်။

အက္ခရာတူတဲ့ Appsများကို တစ်စုတစ်စည်းထဲထားချင်ရင်တော့ A ဖိုဒါ၊ B ဖိုဒါ စသဖြင့် ပြုလုပ်သိမ်းထားနိုင်ပါတယ်။alphabet-edited
၎။ ဖုန်းကိုင်တွယ်ပုံပေါ်မူတည်ပြီး စီမံခန့်ခွဲပါ။

သင့်ရဲ့ ဖုန်းကိုင်တွယ်ပုံပေါ်မူတည်ပြီး Appsများကို နေရာချထားခြင်းကလည်း Appများကို လျှင်မြန်စွာဖွင့်ဖို့ နည်းလမ်းကောင်းတစ်ခုပါ။ အသုံးပြုလေ့ရှိတဲ့ Appsများကို ဖုန်းရဲ့ ထောင့်နားမှာ ထားသင့်ပါတယ်။ Appsများကို ဖိုဒါများနဲ့ သိမ်းထားရင်တော့ ဒီနည်းလမ်းက မသင့်တော်ပါဘူး။holding-android
၅။ Row အလိုက်စီမံခန့်ခွဲပါ။

ဖိုဒါများကို အသုံးမပြုချင်သူများအတွက် သက်ဆိုင်ရာ Appများကို Rowတစ်ခုထဲမှာထားတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ Rowတစ်ခုကို ကဏ္ဍဍတစ်ခု သတ်မှတ်ပါ။ ဒါဆိုရင် Appဟာ ဘယ် Rowမှာရှိလဲဆိုတာ လျှင်မြန်စွာ ရှာဖွေနိုင်ပါပြီ။

ဥပမာ အားဖြင့် ပထမဆုံး Rowမှာ Calendar, To-Do List, Reminderတို့လို နေ့စဉ်အသုံးပြုလေ့ရှိတဲ့ Appsများကို နေရာချပါ။ ဒုတိယ Rowမှာ စာဖတ်တဲ့ Appsများကို နေရာချပါ။ ကျန်တဲ့ကဏ္ဍဍများကိုလည်း ဒီလိုနေရာချထားနိုင်ပါတယ်။rows-edited
၆။ အသုံးပြုမှုအလိုက် နေရာချပါ။

အသုံးပြုမှုများတဲ့ Appsများကို Home Screenတစ်ခုမှာ နေရာချပါ။ Home Screenကိုလည်း အများဆုံးသုံးခုသာ ထားရှိခြင်းဖြင့် ရှင်းလင်းစေပြီး လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုမှုအများဆုံး Appsများကို ပထမဆုံး Home Screenမှာထားပါ။ ကင်မရာလို လျှင်မြန်စွာ အသုံးပြုချင်တဲ့ Appsများကို အဲဒီမှာ ထားသင့်ပါတယ်။

ဒုတိယ Home Screenမှာ ကဏ္ဍဍအလိုက် ဖိုဒါများ ပြုလုပ်ပြီး Appsများ သိမ်းထားနိုင်ပါတယ်။ ဒီနေရာကတော့ အသုံးပြုလေ့သိပ်မရှိတဲ့ Appsများကို စုစည်းထားတာဖြစ်ပါတယ်။

တတိယ Home Screenမှာ အသုံးပြုမှုအနည်းဆုံး Appsများကို နေရာချပါ။ သင့်ကို မျက်စိရှုပ်စေတဲ့ ဂိမ်းတွေ၊ Appတွေကို ဒီနေရာမှာ ထားရှိနိုင်ပါတယ်။edited-homescreen3
 (C) MMICT
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်







<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

♪ Android ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက် ♫


မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။ ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့် အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။

(၁) Lock screen ကို PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။

Android သုံးစွဲသူများ အနေနှင့် လုပ်ငန်းသုံး စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password တစ်ခုခုဖြင့် lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ Pattern တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင် အသုံးပြုပြီးသည့်နောက် screen ကို အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့် လက်ဗွေရာကြောင့် ဖုန်းကို unlock ပြုလုပ်သွားနိုင်သည်။

(၂) လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။

စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍ အသုံးပြုနိုင်သော်လည်း wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့် ကုမ္ပဏီအချက်အလက်များကို ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။

(၃) ဖုန်းတွင် storage encryption ကို သတ်မှတ်ထားပါ။

ဖုန်းပေါ်တွင် အချက်အလက်များကို encrypt ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး crack လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။

(၄) App installation အတွက် unknown source ကို enable မလုပ်သင့်ပါ။

Google Play Store က မဟုတ်သော third-party application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်သင့်ပေ။

(၅) Anti-malware app တစ်ခုကို အသုံးပြုပါ။

Google က Play Store မှာ app တွေကို စစ်ဆေးပြီး malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app တစ်ခုကို ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan လုပ်သင့်သည်။

(၆) Secure Update Scanner ကို အသုံးပြုပါ။

Secure Update Scanner ကို ထည့်သွင်း အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို ဖန်တီးပေးပြီး update ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure Update Scanner ကို အသုံးပြုပြီး ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating system update များတွင် malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။

(၇) App အတွက် permissions စာရင်းကို သေချာဖတ်ပါ။

App တွေကို install ပြုလုပ်သည့်အခါ permissions စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ် note-taking app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊ ဖုန်းနံပါတ်နှင့် ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို ထည့်သွင်းနိုင်သည်။

(၈) SIM ကတ်ကို lock လုပ်ပါ။

ဖုန်းမှ အချက်အလက်များကို encrypt လုပ်သလို SIM ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ ဖုန်းကို restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့် lock ပြုလုပ်ထားရန် လိုအပ်သည်။

(၉) မလိုအပ်သည့်အချိန်တွင် Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။

Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို မြင်တွေ့နိုင်သည်။ ၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်သည်။ ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဖွင့်လျက် မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း ကုန်ဆုံးလွယ်စေသည်။

(၁၀) Location setting ကို လိုအပ်မှ ဖွင့်ပါ။

အသုံးပြုရန် မလိုအပ်သည့်အခါ location setting ကို ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် အချက်အလက် ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting ကို ဖွင့်ပြီး အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို လျော့နည်းသက်သာစေသည်။ ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။

Ref: TechRepublic




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






Read More ...