Showing posts with label IOS. Show all posts
Showing posts with label IOS. Show all posts

12/14/2016

♪ TV App အသစ်၊ Emoji အသစ်၊ အခြားသောအသစ်အသစ်တွေနဲ့ iOS 10.2 ♫


Apple အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၃) ရက်နေ့ကတည်းက ထွက်ရှိထားတဲ့ iOS 10 ရဲ့ ဒုတိယမြောက် major update အဖြစ် iOS 10.2 ကို တရားဝင် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၃၁) ရက်နေ့ကတည်းက iOS 10.2 နဲ့ ပတ်သတ်လို့ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး developer တွေနဲ့ Public beta testers တွေအတွက် beta version (၇) ခုကို စမ်းသပ်ထုတ်လုပ်ခဲ့ရာကနေ အခုအချိန်မှာတော့ တရားဝင် အဖြစ်ထွက်ရှိလာတာဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ iOS 10.2 မှာတော့ feature အသစ်တစ်ခုအဖြစ် TV app ပါဝင်လာတာကိုတွေ့ရပါတယ်။ Apple ရဲ့ ကိုယ်ပိုင် ဒီဇိုင်းဆင်တာထားတဲ့ App ဖြစ်ပြီး အသုံးပြုသူတွေအတွက် TV shows အသစ်တွေနဲ့ movies အသစ်တွေကို အလွယ်တကူရှာဖွေနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ TV app မှာ ပါဝင်တဲ့ Function တွေကို တော့ အောက်က Video မှာ ကြည့်နိုင်ပါတယ်။



Emoji အသစ်တွေလည်း (၁၀၀)ကျော် ပါဝင်လာတဲ့အပြင် ရှိပြီးသား emoji တွေကိုလည်း ပိုမိုဆွဲဆောင်မှုရှိပြီး ပိုမိုသဘာဝကျအောင် ပြန်လည် ဒီဇိုင်းဆင်ထားတာကို မြင်တွေ့ရပါတယ်။ ထုံးစံအတိုင်း wallpaper အသစ်တွေလည်း ပါဝင်လာပါသေးတယ်။



Music app ရဲ့ Repeat နဲ့ Shuffle buttons တွေကို ပြန်လည်ပြင်ဆင်ထားပြီး Celebrate နဲ့ Send With Love ဆိုတဲပ Screen Effects အသစ်နှစ်ခုလည်းပါဝင်လာပါသေးတယ်။ Camera setting တွေမှာလည်း preserved setting အသစ်တစ်ခု ပါဝင်လာပြီး Live Photos တွေရဲ့ frame rate တွေ ပိုမိုမြန်ဆန်လာပြီး stabilization ပိုမို ကောင်းမွန်လာတာတွေ့ရပါတယ်။

iOS 10.1 တုန်းက user တွေကြုံတွေခဲ့ရတဲ့ error တွေ၊ ပြဿနာတွေအားလုံးကို အကောင်းဆုံးပြင်ဆင်ထားပြီး အသစ်ထပ်မံပါဝင်လာတဲ့ feature တွေကလည်း ပြည့်စုံကောင်းမွန်ပြီး ဆွဲဆောင်မှု ရှိတာတွေ့ရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

9/16/2016

iOS 10 Features များ

Lock Screen

iOS 10 မှာ lock screen က လုံးဝပြောင်းသွားပါတယ်။ slide to unlock လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ home button ကိုတစ်ချက်နှိပ်မှ unlock လုပ်ပေးမှာဖြစ်ပါတယ်။ touch id ပါဝင်တဲ့ device တွေမှာတော့ setting >> accessibility >> home button မှာ rest finger to open ဆိုပြီး အရင်ကလို lock screen ကနေ finger print နဲ့ဖွင့်လို့ရမှာဖြစ်ပါတယ်။ lock screen မှာ ဘယ်ဘက်ကို swipe လုပ်လိုက်ရင် widgets တွေကိုပြမှာဖြစ်ပါတယ်။ ညာဖက်ကို swipe လုပ်လိုက်ရင်တော့ camera ကိုပြမှာဖြစ်ပါတယ်။
Raise to wake

ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ wake ဖြစ်ပြီးlock screen ကိုပြမှာဖြစ်ပါတယ်။ Raise to wake setting ကို setting > display and brightness > raise to wake မှာ အဖွင့်အပိတ်ပြုလုပ်နိုင်ပါတယ်။
Hide, Remove stock apps

iOS 10 မှာ နဂိုပါဝင်လာတဲ့ app အချို့ဖျက်ခြင်း၊ ဖျောက်ခြင်းပြုလုပ်နိုင်ပါတယ်။ ဖျက်လိုက်တဲ့ app ကိုတွေကို App Store ကနေပြန် download ဆွဲနိုင်ပါတယ်။
Photos

Photos app ထဲမှာ အရင်က ဓာတ်ပုံတွေကို memories ဆိုပြီး collection လုပ်ပေးမှာဖြစ်ပါတယ်။
Control Center

Control Center မှာ Music Control တွေကိုကြည့်ချင်ရင် ညာဖက်ကို swipe လုပ်ပြီးကြည့်နိုင်ပါတယ်။ အောက်က app shortcut တွေကို 3D touch နဲ့ shortcut အသုံးပြုနိုင်မှာဖြစ်ပါတယ်။ flashlight ကို 3d touch နဲ့ low, medium, bright light အသုံးပြုနိုင်မှာဖြစ်ပါတယ်။
iMessage

iMessage ကိုတော်တော်လေး ပြောင်းထားတာတွေ့ရပါတယ်။ digital touch ဆိုတဲ့ ပုံဆွဲပြီး ပို့တာတွေ gesture တွေနဲ့ပို့တာတွေလုပ်နိုင်ပါတယ်။ တစ်ယောက်ပို့တဲ့ message ကိုတစ်ယောက်က reaction ပေးတာတွေလဲလုပ်နိုင်မှာဖြစ်ပါတယ်။ Third party app extension တွေလဲအသုံးပြုနိုင်မှာဖြစ်ပြီး messenger ကိုအမှီလိုက်လာတယ်လို့ဆိုနိုင်ပါတယ်။
Clock

Bedtime Reminders ဆိုပြီး အသစ်ပါဝင်လာပါတယ်။ ညအိပ်မဲ့အချိန်နဲ့ ထမဲ့အချိန်ကိုရွေးပြီး ပေးနိုင်ပါတယ်။ အိပ်ချိန်ရောက်ခါနီးရင် reminder ပြပြီး မနက်မိုးလင်းရင် alarm ပေးမှာဖြစ်ပါတယ်။ ကိုယ့် sleeping habit ကို health app ထဲမှာပြန်ကြည့်နိုင်ပါတယ်
Maps

Maps မှာ Find my car ဆိုပြီး နောက်ဆုံး ကိုယ် ကားရပ်ခဲ့တဲ့နေရာကိုပြမှာဖြစ်ပါတယ်။ ကားမောင်းတာ ရပ်တာကို အလိုလို detect လုပ်ပေးမှာဖြစ်ပါတယ်။ Avoid toll gate ဆိုပြီး toll gate ရှောင်တဲ့လမ်းတွေကို route လုပ်လို့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာမရပါဘူး

Safari

Close all tabs - Tabs တွေကြည့်တဲ့ button ကိုဖိထားရင် close all tabs ပေါ်လာပြီး tabs အကုန်လုံးကိုတစ်ခါတည်းပိတ်နိုင်မှာဖြစ်ပါတယ်။


Calendar App

Calendar App မှာ Mail, Message ထဲက တွေ့တဲ့ event တွေကို Calendar ထဲတစ်ခါတည်း ထည့်နိုင်မှာဖြစ်ပါတယ်။

Camera

Camera ကိုဖွင့်လိုက်ရင် သီချင်းအရင်လိုရပ်သွားတော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ video, live photo ရိုက်ရင်တော့ music အလိုလို ရပ်သွားမှာပါ။

siri ကိုလဲ အဆင့်မြှင့်တင်ပေးထားတာပါသေးတယ်။ တစ်ခြား features တွေသိခဲ့ရင်လဲ comment ပေးသွားကြပါ

Post by - Myat Min Soe






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

8/05/2016

iPhone, iPad, iPod တွေအတွက် All In One Tool လေးပါ



 iPhone, iPad, iPod တွေအတွက် All In One Tool လေးပါ...

 IOS  နှင့် ပက်သက်သမျှ  အားလုံးကို ဖြေရှင်း ပေးနိုင်မယ့်

iPhone Tools 2016 v0.1 Tools လေးပါ။

လိုအပ်သူများ အောက်မှာဒေါင်းယူနိုင်ပါတယ်။



FEATURES

*************

Jailbreak Tools,A. TaiG

B. Pangu,C. EvasOn,D. RedsnOw



<==== ( ::::: DOWNLOAD ::::: ) ====>


Credit To... (လင်းစွယ်စုံ)

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net/


Read More ...

6/20/2016

Developer Account မပါပဲ iOS 10 Beta OTA Update ကိုတင်ယူနည်း - CHAN LAY (MCMM)






ပန်းသီးချစ်သူများအတွက် အရမ်းဟော့နေတဲ့ နောက်ဆုံးထွက်ဆိုတဲ့ ဗားရှင်းကို
Developer Account မပါပဲ iOS 10 Beta OTA Update တင်ယူနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဗားရှင်းအတွက် Features အသစ်များပါဝင်ပြီး ကောင်းမွန်သလို
မြန်မာစာအတွက်လည်း အခက်အခဲရှိနိုင်ပါတယ်။


စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါလင့်တွင်ရယူပြီး
Upgrade ပြုလုပ်နည်းကိုပါလေ့လာကြည့်လိုက်ပါ။

Features

=======
    Improved lock screen
    Rise to wake
    Interactive notifications
    Swipe-able shortcuts
    Redesigns in Apple Music, Apple News, Home App, Maps,
Photos+Memories, iMessage, etc.


Instruction (Eng)

 ===========

 Step 1: Open Safari on your iOS device and open this link

: DOWNLAOD :

Step 2: Tap on Download as a free member, this will download a profile for your device.

 Step 3: Now once the profile is downloaded, you’ll be asked on which device would you like to install this profile? Select iPhone.

Step 4: Follow the instruction on the screen. After the profile is installed your device will reboot.

Step 5: Once your device is done with rebooting, Open Settings-> General-> Software update->here you’ll see  iOS 10 Developer Beta OTA update waiting for you there.

Step 6: Hit Download and Install, sit back and relax.

That’s All.



 iOS 10 Beta OTA Update ကိုတင်ယူနည်း

 =========================
၁။ ပထမဆုံး မိမိ Device မှ Safari ကိုဖွင့်လိုက်ပါ၊ ပြီးရင် အောက်ပါလင့်သို
့သွားလိုက်ပြီး iOS 10 Beta OTA Update ကိုဒေါင်းလော့လိုက်ပါ။


Download iOS 10 Beta OTA Update 


၂။ မိမိ Device အတွက် Free member အနေဖြင့် ရယူမှာဖြစ်တဲ့အတွက်
Download ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။


၃။  which device would you like to install this profile? အစရှိသည်ဖြင့်
မေးလာခဲ့ရင်တော့ iPhone ဘော်ဒါတွေကတော iPhone ပေါ့ iPad
ဘော်ဒါတွေကတော့ iPad စသည့်ဖြင့် မိမိ Device အတွက် သက်ဆိုင်ရာ
ကို ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။


၎။ ပြီးရင်တော့ Instruction အတိုင်း လုပ်သွားလိုက်ပါ၊ Profile ကို
Install ပြုလုပ်ပြီးသွားရင်တော့ Device က Reboot ကျသွားပါလိမ့်မယ်။


၅။ ပြန်တက်လာတဲ့အခါ Settings > General> Software update ဆိုပြီး
Into ကိုသွားလိုက်ပါ၊ iOS 10 Developer Beta OTA update ကြီးမြင်ရပါလိမ့်မယ်။



 Credit ===> http://techbeasts.com


ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးပါသည်။


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net
Read More ...

12/21/2015

iPhone တွေမှာအသုံးပြုနေရင်း စက်ပူလာမှုပမာဏကို ဘယ်လိုဖြေရှင်းမလဲ?


iPhone ကိုအသုံးပြုရင်းကနေ overheating လို့ခေါ်တဲ့ အချိန်ကြာလာသည်နဲ့အမျှ
အပူချိန်မြင့်တက်လာမှုကိုပြသနာအတွက် ဖြေရှင်းနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီပြသနာက iPhone 6, 6s, 5, 5c, 5s, 4s or 4 တွေအားလုံးနီးပါးမှာ
ဖြစ်လေ့ရှိတာပါ၊ Users အများစုကြုံတွေ့နေရတဲ့ ပြသနာတစ်ခုလည်းဖြစ်ပါတယ်။

စိုးရိမ်တတ်တဲ့ Users တွေအတွက် ဒီ overheating ပြသနာကိုဖြေရှင်းနည်းကို
မိမိကိုယ်တိုင်အလွယ်တကူဖြေရှင်းယူနိုင်အောင် နည်းလမ်း (၅) မျိုးဖြင့် ဖေါ်ပြလိုက်ပါတယ်

၁။ Safari Software Browser ကို Disable ပြုလုပ်ပေးပါ

အသုံးပြုနေရင်း စက်ပူလာမှုပြသနာကို ဖြေရှင်းနိုင်တဲ့ ပထမဆုံးနည်းလမ်းကတော့
Safari Software Browser ကို ပိတ်ထားချင်းဖြစ်ပါတယ်၊
အဲဒီအတွက် Setting>iCloud ကိုဖွင့်ပြီး Sync ကိုပိတ်ထားလိုက်ပါ။

၂။ Background App Refresh ကိုပိတ်ထားပါ

နောက်ထပ်ဖြေရှင်းပေးရမယ့် နေရာကတော့ Background App Refresh များကို
ပိတ်ထားခြင်းဖြင့်လည်း စက်အပူကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

အဲဒီ Background App တွေဟာ Battery ကိုအကုန်မြန်စေနိုင်တာမို့
မလိုအပ်ရင်ပိတ်ထားသင့်ပါတယ်၊ အဲဒီ Background App များကိုပိတ်ထားရန်အတွက်
Setting ကိုတစ်ချက်နှိပ်ပြီး General >Background App Refresh>
Disable Background App Refresh ဆိုပြီး ပိတ်ထားလိုက်ပါ။

၃။ ဖုန်းကို Restart ချပေးပါ

ဒီတစ်ခါ စက်အပူကိုလျှော့ချနိုင်ရန်အတွက် ပြုလုပ်ပေးရမယ့် နည်းလမ်းတစ်ခုကတော့
သင့်ဖုန်းကို အသုံးနေတာကို ခနရပ်ပြီး ဖုန်းကို Restart ချပေးရမှာဖြစ်ပါတယ်။

ဒီအတွက် ဖုန်းရဲ့ ပါဝါခလုပ် wake/sleep button နှိပ်လိုက်ပြီး slider to switch off
ဆိုတာကို ညာဘက်သို့ဆွဲလိုက်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။

ပြန်လည် ပါဝါခလုပ် wake/sleep button ကိုနှိပ်ပြီး ဖုန်းကိုဖွင့်လိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းရဲ့အပူချိတ် overheating ကိုသက်သာစေနိုင်ပါတယ်။

၎။ iTunes ကိုအသုံးပြုပြီး Device ကို Restore ပြုလုပ်ပေးပါ

ဒီတစ်ခါ သင့်ဖုန်းရဲ့ overheating စက်အပူချိန်ကို လျှော့ချပေးရန်အတွက်
ကွန်ပျူတာကိုအသုံးပြုပြီး iTunes ဖြင့် ဖုန်းရဲ့ Devices ကို Restore ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Restore ပြုလုပ်ရန်အတွက် iPhone ကို ကွန်ပျူတာတွင် ချိတ်ဆက်လိုက်ပါ
ကွန်ပျူတာတွင် iTunes ဆော့ဝဲကို install ပြုလုပ်ပေးထားမှာပဲဖြစ်ပါတယ်။

iTunes က iPhone ကိုသိပြီဆိုတာနဲ့ iTunes ဆော့ဝဲရဲ့ summary panel မှတစ်ဆင့်
Restore ပြုလုပ်ပေးနိုင်ပါတယ်၊ Connection သာအဆင်ပြေနေရင်တော့ iOS Version ကို
Manual အနေဖြင့် Update ပြုလုပ်ပေးခြင်းဖြင့် စက်အပူကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
၅။ All Settings and Content ကို Reset ပြုလုပ်ပေးပါ

iDevice တွေရဲ့ အသုံးပြုနေရင်း စက်ပူလာမှုပမာဏကို လျှော့ချပေးနိုင်မယ့်
နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဖုန်းရဲ့ Setting တွေထဲမှာရှိတဲ့
All Settings and Content များကို Reset ချပေးရမှာဖြစ်ပါတယ်။

ဒီအတွက် Settings > General > Reset > select Erase all Settings and Content
ဆိုပြီးတစ်ဆင့်ချင်း နှိပ်ပြီး Reset all ပြုလုပ်ပေးလိုက်ပါ။

အခုလို Reset or erase ပြုလုပ်ခြင်းဟာ Firmware ကိုအသစ်ပြန်ရေးသလို
Reset တစ်ခုပြုလုပ်ပြီးတဲ့အခါ iPhone အသုံးပြုရန်အတွက
Set up a new device အနေဖြင့် Activate ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

အဆင်ပြေပါစေ..




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

11/20/2015

iOS Device တွေကို Passcode မေ့သွားလို့ Firmware ပြန်တင်ချင်သူများအတွက် Firmware ပြန်တင်နည်း


iOS Device တွေကို Passcode မေ့သွားလို့ဘယ်လိုပြန်လုပ်ရမလဲလို့မေးထားတဲ့ သူတွေအတွက် Firmware ပြန်တင်နည်းလေး
ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ iOS Device တွေမှာ Passcode မေ့သွားရင်တော့ အများဆုံးက Firmware ပြန်တင်ရတာများပါတယ်။
Passcode ပြန်ဖြည်နိုင်တဲ့ နည်းလမ်းရှိပေမဲ့ Passcode မေ့နေတဲ့အချိန်မှာ ဖုန်းနဲ့ computer နဲ့ချိတ်ဆက်ရင် Driver မသိတော့တာကြောင့်
အဆင်မပြေဖြစ်တက်ပါတယ်။ ဒီလိုအချိန်မှာ ဘယ်လိုပြန်လုပ်ရမလဲဆိုရင်တော့ iOS တွေက Android တွေလို Recovery mode ကနေ
ဝင်ရောက်ပြီး Factory Data Reset ချလို့အဆင်မပြေတာကြောင့် Firmware ပြန်တင်မှသာအဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ Firmware ပြန်တင်ဖို့အတွက်ဆိုရင်တော့ မေးစရာရှိလာပါမယ်။ ဖုန်းကိုကျတော်တို့ computer ကနေ iTune နဲ့ချိတ်ဆက်
ပြီးပြန်တင်ရမှာဖြစ်တဲ့အတွက် computer ကနေ ဖုန်းကိုမသိတဲ့အချိန်မှာ ဘယ်လိုလုပ်နိုင်ပါသလဲလို့မေးလို့ရပါတယ်။ အဲဒါကြောင့် ကျတော်
computer ကနေဖုန်းကို Driver သိရှိစေရန် Recovery mode ကနေ computer မှ iTune နဲ့ ချိတ်ဆက်ပြီး Firmware တင်နည်းလေးမျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းက service သမားတိုင်း နဲ့ iOS User အချို့အတွက်ကတော့ သိရှိပြီးသားဆိုပေမဲ့ မသိသေးတဲ့သူတွေလဲ
ရှိလို့မေးမြန်းလာတာကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
အရင်ဆုံးလိုအပ်တာကတော့ Computer မှာ iTune ဆိုတဲ့ Software ရှိဖို့လိုအပ်ပါတယ်။ iTune software မရှိပါက Download အရင်ရယူပါ။
Download iTune >>> https://www.apple.com/itunes/
Download ရယူပြီးရင်တော့ iTune Setup.exe အား computer မှာဖွင့်ပြီး iTune Software အား install ပြုလုပ်ပါ။
Computer မှာ iTune ရရှိပြီဆိုရင်တော့ ဖုန်းအတွက် လိုအပ်တာကတော့ Firmware ပဲဖြစ်ပါတယ်။ iOS Device တွေက Firmware တင်မယ်ဆိုကိုယ့်မှာရှိတဲ့ Firmware က Lastest ဖြစ်ဖို့လိုအပ်ပါတယ်။ Firmware မရှိပါက ခုလက်ရှိ Lastest version Firmware အား အောက်ကလင့်ကနေDownload ရယူပါ။
iOS Lastest version Download >>> http://www.myanmarmobileapp.com/category/ios-firmware
Firmware ရယူပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ Computer ကို Internet connection ရရန်ပြုလုပ်ပေးရပါမယ်။ iOS Firmware တင်တဲ့အခါ computer မှာ Internet Connection ရှိရန်လိုအပ်ပါတယ်။ ဒါကြောင့် Computer သို့ ဖုန်းတစ်လုံးလုံးကနေဖြစ်ဖြစ် internet ရရှိစေနိုင်မဲ့ တနေရာရာကနေ Internet Connection လွှင့်ပေးထားပါ။ Computer မှာ internet connection ရပြီဆိုရင်တော့ Passcode ကျနေတဲ့ iOS Device ကို Power ဖွင့်ထားရက်နဲ့ပဲ Home Key + Power Key ကိုတွဲပြီးနှိပ်ထားလိုက်ပါ။ Power OFF သလိုမျိုး Screen မှိတ်သွားပါမယ်။ မလွှတ်ပဲဆက်ဖိထားပါ Apple Logo တက်လာပါမယ်။ မလွှတ်ပဲဆက်ဖိထားပေးပါ။ ခဏနေရင် iTune နဲ့ USB Connect လုပ်ခိုင်းတဲ့ပုံလေးပေါ်လာပါမယ်။ ဒါဆိုသင့်ရဲ့ iOS Device မှာ Recovery mode ကိုရောက်ရှိပြီဖြစ်ပါတယ်။ ဖုန်းကို Computer နဲ့ချိတ်ဆက်ပေးလိုက်ပါ။ ခဏလောက်စောင့်ပေးပါ။ iTune Software အားဖွင့်စရာမလိုပါဘူး။ Computer ကနေ iOS Deviceအားသိပြီဆိုရင် iTune Software အလိုလိုပွင့်လာပါလိမ့်မယ်။ iTune Software ပွင့်လာတာနဲ့ မိမိရဲ့ iOS Device ရဲ့ name နဲ့အတူ Update နဲ့ Restore ဆိုတဲ့စာတန်းလေးတွေပါ iTune Software မှာပေါ်လာပါမယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့ iOS Device အား Firmware တင်နိုင်ရန် Shift key ကိုဖိထားပြီးRestore ဆိုတဲ့စာတန်းလေးကို နှိပ်ပေးလိုက်ပါ။ Box လေးတစ်ခုပေါ်လာပါမယ်။ Box လေးထဲကနေ ကိုယ် Download ရယူထားတဲ့ Firmware ကို Location ရွေးပေးလိုက်ယုံပါပဲ။ iTune ကနေ Firmware ကိုဖြည်ချသွားပေးပြီး iOS Device အား Firmware တင်ပေးသွားပါလိမ့်မယ်။ အချိန်ကြာတာကတော့ Internet Connectionအပေါ်မူတည်ပါတယ်။


အဆင်ပြေပါစေ။
Warmly Welcome

အဆင်ပြေပါစေ..






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

11/12/2015

Find My iPhone, iPad, iPod, Mac နဲ့မိတ်ဆက်ပေးချင်ပါတယ်။ (မသိသေးသူများအတွက်သာ)






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 










Find My iPhone App က Apple ကထုတ်တဲ့ iPhone, iPad, iPod Touch, Mac တွေ မှာပါပါတယ်။
Find My iPhone ကတော့ iCloud နှင့် တွဲပြီး သုံးရတဲ့ App တစ်ခုဖြစ်ပါတယ်။
Find My iPhone App ရဲ့အဓိက ကောင်းချက်ကတော့ မိမိရဲ့Apple ပစ္စည်း အထားမှား၍ ပျောက်တာပဲ ဖြစ်ဖြစ်၊ သူတပါးခိုးသွားတာပဲ ဖြစ်ဖြစ် iCloud အသုံးပြုပြီးတော့ မြေပုံမှာပြန်ရှာလို့ရအောင် (သို့) Apple ပစ္စည်း ကို ပျောက်သွားရင်သူများသုံး၍ မရအောင် Screen Lock ချခြင်း (သို့) Activation Lock ချခြင်း (သို့) ကိုယ့်ရဲ့အရေးကြီးသောPersonal Data များကို Erase/Delete လုပ်လို့ရပါတယ်။
Find My iPhone ကိုအသုံးပြုခြင်ရင်တော့ Apple ID account ရှိဖို့တော့လိုအပ်ပါတယ်။
Find My iPhone ကိုတော့ မိမိ Apple device ရဲ့ Settings -> iCloud -> Find My iPhone ထဲမှာရှာတွေ နိုင်ပါတယ်။
iCloud ကို Apple ID account ဖြင့် Sign-in မလုပ်ရသေး ရင် Find My iPhone ကိုတော့တွေ့မှာ မဟုတ်ပါဘူး။
Sign-in လုပ်ပြီးရင်တော့ Find My iPhone ကို On လုပ်လိုက်ပါ။
ပြီးရင် တခြား Computer မှ web browser ဖြင့်https://www.icloud.com ကိုသွားပြီး မိမိရဲ့ Apple ID account ဖြင့် Sign-in လုပ်ပါ။
Sign-in လုပ်ပြီးရင် Find My iPhone ကိုရွေးပါ။
Find My iPhone ထဲရောက်ပြီဆိုရင် မိမိရဲ့ ပိုင်ဆိုင်အသုံးပြုနေသော Apple Devices တွေအားလုံးကိုMap ကိုမြေပုံပေါ်မှာ အစက် ဝိုင်းကလေးများအနေဖြင့်မြင်ရမှာဖြစ်ပါတယ်။
အစက်ကလေးပေါ်မှာ နှိပ်လိုက်ရင်တော့ ကိုApple Device ရဲ့ပတ်သတ်တဲ့ Information (နေရာ Location, Battery Status, Battery Charging Status) တွေကိုမြင်နိုင်ပါတယ်။ပြီးရင် ခလုပ် (၃) ခု ပါပါတယ်။
Play Sound, Lost Mode, Erase iPhone။
Play Sound ကိုနှိပ်ရင်တော့ ကိုရဲ Apple Device မှာ Alarm လာမြည်ပါ တယ်။ အိမ်မှာနေရာအထားမှား၍ ပြောက်တာပဲဖြစ်ဖြစ် Play Sound ကိုအသုံးပြုပြီးရှာနိုင်ပါတယ်။
Play Sound က မိမိ ရဲ Apple Device ကို Silent လုပ်ထားရင်တောင် Alarm မြည်နိုင်ပါတယ်။
နောက်တခုကတော့ Lost Mode ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Apple Device မှာ Passcode မရှိသေးရင်တော့ Lost Mode ကိုနှိပ်လိုက်ရင်တော့ Passcode ထည့်မို့ ဂဏန်း ၄လုံးတောင်းပါလိမ့်မယ်။
ဂဏန်း ၄လုံး ထည့်ပြီးရင် ကိုApple Device က Auto Screen Lock ကျသွားမှာပါ။ ဂဏန်း ၄လုံးထည့်ပြီးရင် ဆက်သွယ်ရမည့် ဖုန်းနံပတ် နှင့် ကိုပြောလိုသောMessage ကို စာ ရေး၍ Apple Device ကိုပို့လို့ရပါတယ်။
နောက်ဆုံးတခုကတော့ Erase iPhone ဖြစ်ပါတယ်။ အဲဒါကိုနိပ်ပြီးရင်တော့ ကိုApple Device ထဲမှာရှိတဲ့ Personal Data တွေအားလုံး ကိုဖျက်ပစ် Erase/Delete လုပ်သွားမှာဖြစ်ပါတယ်။
ဒီနည်းကိုတော့ ကိုရဲ့ Apple Device ကိုဘယ်လိုမှ မျော်လင့်ချက်မရှိ၊ ပြန်မရနိုင်တော့ရင်သာအသုံးပြုသင့်ပါတယ်။ လုပ်ပြီးရင်တော့ Apple Device ကိုiCloud ကနေရှာလို့ Track လို့ မရတော့ပါဘူး။
ဒါပေမဲ့Erase iPhone လုပ်ထာတဲ့ Apple Device ဟာ မိမိရဲ့Personal Data တွေအထဲမှာမရှိတော့ပါဘူး ။
မိမိ ရဲ့ Apple ID account မရှိတဲ့သူတွေဟာ ဘယ်လိုမှ မိမိ ရဲ့ Apple Device ကိုအသုံးပြု နိုင်မှာမဟုတ်ပါဘူး။
Find My iPhone ကို On လုပ်ထားရင် ဘယ်သူမှ မိမိ ရဲ့Apple ID account မရှိရင် iOS Firmware ပြန်တင်ပြီးရင်တောင် အသုံးပြုလို့မရနိုင်ပါဘူး။
Activation Lock ကျသွားပါပြီ။
ဒီ Play Sound, Lost Mode, Erase iPhone တွေကိုနှိပ်တိုင်းFind My iPhone App က ကိုရဲ့ Apple ID email ကိုnotifications တွေပို့ပေးပါတယ်။
ဒီ Find My iPhone App ကောင်းကောင်း အလုပ်လုပ် ဖို့အတွက်တော့ သင့်ရဲ့ Apple Device ဟာ 3G (သို့) Wi-Fi Internet နဲ့ အမြဲတမ်းလိုလို ချိတ်ဆက် နေမှ သာ iCloud Website ပေါ်မှတဆင့် ကိုရဲ့ Apple Device ကို Track လုပ်၊ Command ပေးတာတွေလုပ်လို့ရမှာပါ။
အခု ကတော့ 3G ကို Telenor, Ooredoo, MPT တို့ဖြင့် တွင်တွင် ကျယ်ကျယ် သုံးလာတာရော၊ 3G ကို Pay As You Go စနစ်ဖြင့် အသုံးပြုလာတာ ကြောင့် ကျွန်တော်တို့ရဲ့ Apple Devices တွေဟာ အမြဲတမ်းလိုလို Internet နဲ့ အချိတ်အဆက်ရှိ တဲ့ အတွက် ဒီ App လေးကို ထိထိ ရောက်ရောက် အကျိုးရှိစွာသုံးနိုင်မှာ ဖြစ်ပါတယ်။
Credit ;MDrive
ရွှင်လန်းချမ်းမြေ့ကြပါစေ...😊😊
တပ်ကုန်းသား(IT Knowledge Sharer)
အဆင်ပြေပါစေ..


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

10/07/2015

iPhone အတွက် ဖောင့်အလှများ

Safari မှ ဝင်ပြီး install ကိုနှိပ်၍ ဖောင့်အလှများပြောင်းနိုင်ပါပြီး



http://ios.gclouds.info/



အဆင်ပြေပါစေ..






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

9/23/2015

iOS 9 တင်ပီးလို့ ဘက်ထရီ သိပ်မခံဖြစ်နေရင် လုပ်ဖို့ရာလေးတွေ.,



Hard Reboot လုပ်ပေးပါ
ပါဝါနဲ့ ဟုမ်းခုလုပ်တူတူဖိထားပေး သူ့အလိုလိုပိတ်သွားတာလေးစောင့် ရပါပီ
🌷Low power mode ကိုအသုံးပြုပါ
Settings >> battery >> low power mode ခုလုပ်လေးစိမ်းပေးပါ
🌼iCloud Keychain ကို အဖွင့်အပိတ်လုပ်ပေးကြည့်ပါ
iCloud Keychain က ဘဏ်ကတွေ ပါ့စ်ဝေါ့တွေကို မှတ်သားပေးထားပါတယ်
အဲဒီ keychain ကို Apple ကနေဝင်ဖတ်လို့မရပါဘူး၊
အဲဒီအပိုင်းလေးမှာ ချွတ်ယွင်းချက်ရှိနေရင်
ဘက်ထရီစားတတ်လို့ သူ့ကို အဖွင့်အပိတ်လုပ်ပေးကြည့်ရပါမယ်
Settings >> iCloud >> Keychain ကခုလုပ်စိမ်းလေးကို မစိမ်းအောင်လုပ် ပီးဖုန်းပိတ် ပီးပြန်ဖွင့် ကီးချိန်းကို ပြန်စိမ်း ပီး ပြန်စစ်ကြည့်ပါ
💐Location services ကိုလဲ ပိတ်ပေးကြည့်ပါ
Settings >> Privacy >> location service ကို အဖွင့်အပိတ်လုပ်ပေးကြည့်ပါ
အဲဒီမှာရှိတဲ့ အသုံးမလိုတဲ့ location update လုပ်တဲ့ services တစ်ခုချင်းစီကိုလဲ လိုအပ်ရင် ပိတ်ပေးကြည့်ပါ
🍂Reset all settings
နာမည်ကျော် ဆေးခါးကြီးပေါ့😉
အပေါ်က ဆေးမီးတိုတွေနဲ့မရရင် ဒါသောက်ပေး အဲဒါလေး လုပ်ပေးရမှာပါ😉
🌻Clean Install iOS 9 Using iTunes
သန့်ရှင်းစွာ သွင်းပါ အိုင်အိုအက်စ် ကိုးကို
အိုင်ကျူးသုံးပီး
ဒါက နောက်ဆုံးဖြေရှင်းနည်းပါ
ဒေါင်းရ ပြုရနဲ့ ခွေဝယ်ရ ကွန်ပြူတာ ခုလုပ်တွေ နှိပ်ရနဲ့ အလုပ်ရှုပ်ပါတယ်
ဒေတာအဟောင်းနဲ့ အသစ် အထဲမှာ ရန်ဖြစ်နေကြလို့ ဆေးခါးနဲ့လဲမရ ဘာနဲ့မှမရရင်တော့ ဒီနည်းလမ်းဘဲ ရှိမှာပါ
အိုင်ကျုးနဲ့တင်နည်းကလဲမခက်ပါဘူး
အဖွဲ့ရဲ့ pinned post မှာရှိသလို တချက် ဂူးဂဲလိုက်ရင် ကျလာမည်ဖြစ်ပါကြောင်း.





အဆင်ပြေပါစေ..




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...