10/21/2015

♪ “ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ တွင် Huawei မှ အဆင့် ၈၈ နေရာတွင် ရပ်တည်” ♫

http://www.alptechs.com/uploads/4/1/1/8/41180783/3543165.jpg

ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်အတိုင်ပင်ခံကုမ္ပဏီဖြစ်သော Inter-brand သည် နည်းပညာဆိုင်ရာ အမှတ်တံ ဆိပ်ပေါင်း သုံးပုံတစ်ပုံကျော်(၃၃.၆)ရာခိုင်နှုန်းပါဝင်နေသည့် ကမ္ဘာ့အကောင်းဆုံးအမှတ်တံဆိပ် ၁၀၀ အမည် စာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိရာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန် လိုက်သည်။Huawei သည် ပထမဆုံးသော တရုတ်အမှတ်တံဆိပ်အဖြစ် ၂၀၁၄ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံးအမှတ်တံဆိပ် ၁၀၀ တွင်နံပါတ် ၉၄ နေရာမှ ပါဝင်လာခဲ့ပြီး နှစ်သက်စွာအားပေးသုံးစွဲသူများကြောင့် ယခုနှစ်တွင် နံပါတ် ၉၄ နေရာမှ ၈၈ နေရာအထိ မြင့်တက်လာခဲ့ကာ ကမ္ဘာ့နာမည်ကျော် အမှတ်တံဆိပ်များဖြစ်သည့် Land Rover နှင့် FedEx တို့၏ နောက်တွင် ရပ်တည်နိုင်ခဲ့သည်။

Huawei ၏ အမှတ်တံဆိပ်တန်ဖိုးသည် ၁၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၄၉၅၂သန်း)သို့ တဖြည်းဖြည်းမြင့် တက်လာခဲ့ပြီး Counterpoint Research ၏ ထုတ်ပြန်ချက်တွင်လည်း Huawei သည် ကမ္ဘာ့တတိယအကြီးဆုံး လက်ကိုင်ဖုန်းရောင်းချသူအဖြစ် မကြာသေးခင်က မှတ်တမ်းတင်ဖော်ပြခြင်းခံထား ရသည်။

“ဒီနှစ်အတွင်းစွမ်းဆောင်ရည်မြင့်မားတဲ့ ထုတ်ကုန်တွေကို မိတ်ဆက်အပြီး ကျွန်ုပ်တို့ရဲ့စီးပွားရေးဟာ ၂၀၁၅ ခုနှစ်တစ်လျှောက်လုံး ဆက်လက်တိုးမြင့် လာမယ်လို့မျှော်လင့်ထားပါတယ်။ ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်က တီထွင် ဆန်းသစ်မှုအကောင်းဆုံးနဲ့ ယုံကြည်စိတ်အချရဆုံး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ကျွန်ုပ်တို့ရဲ့ အမှတ်တံဆိပ်ကိုသုံးစွဲသူတွေဆီ အရောက်ပေးပို့ခြင်းဖြင့်အရှေ့တောင်အာရှတစ်ခွင်မှာ လူကြိုက်အများဆုံး နည်းပညာဆိုင်ရာအမှတ်တံဆိပ်တစ်ခုဖြစ်လာဖို့ပါပဲ” ဟု အရှေ့တောင် အာရှဒေသ ဆိုင်ရာ Huawei Consumer Business Group၏ ဥက္ကဋ္ဌဖြစ်သူ Thomas Liu ကပြောသည်။ Huawei P8 သည် ယခုနှစ်တွင် Huawei ၏ အကောင်းဆုံးစမတ်ဖုန်းအမျိုးအစားအဖြစ် သတ်မှတ်ခံထားရပြီး ထိုင်းနိုင်ငံ တွင်ဒေသတွင်းဆိုင်ရာမိတ်ဆက်ပွဲအဖြစ်ကျင်းပခဲ့ရာ အရှေ့တောင်အာရှရှိ ဈေးကွက်ကြီး ၁၁ ခုတို့မှ ဧည့်သည်ပေါင်း ၅၀၀ကျော်တက်ရောက်ခဲ့သည့် ဈေးကွက်အတွင်းစိတ်ဝင်စားမှုအများအပြားရရှိခဲ့သည့် အခမ်းအနားတစ်ခု လည်းဖြစ်ခဲ့သည်။ ထိုင်း၊ မြန်မာ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့တွင် Huawei P8 ကို စတင်မိတ်ဆက်ပြီး ရောင်းချခဲ့သည့် ပထမဆုံး နေ့တွင်ပင်ဝယ်ယူသူအများအပြားရှိခဲ့သည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com