10/21/2015

♪ Telenor တစ်နှစ်ပြည့် နှစ်ပတ်လည် Blue Wave Network Campaign မန်းတွင် စတင်ပြုလုပ် ♫


Telenor Myanmar မှ မြန်မာပြည်တွင် ဝန်ဆောင်မှု စတင်ပေးခြင်း တစ်နှစ်ပြည့်သည့် အထိမ်းအမှတ် အနေဖြင့် Blue Wave Network Campaign ကို အောက်တိုဘာ ၂၀ ရက်မှ မှစကာ မန္တလေးမြို့မှ စတင်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အောက်တိုဘာ၂၀ ရက် နံနက် ၉ နာရီခွဲတွင် မန္တလေးမြို့တံခွန်တိုင်ဈေးအနီးတွင် နိုင်ငံကျော် အဆိုတော်များဖြင့် အများပြည်သူအား ဖျော်ဖြေ တင်ဆက်ပေးခဲ့ပြီး Telenor Myanmar ဝန်ထမ်း ၁၄ဖွဲ့မှ မန္တလေးမြို့ အတွင်းရှိ Telenor ဆင်းမ်ကတ် ၊ငွေဖြည့်ကတ်များ လက်တွဲ ရောင်းချပေးနေသော ဆိုင်ပေါင်း ၃၅၀ ကျော်သို့ သွားရောက်ကာ တစ်နှစ်ပြည့်အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခြင်းနှင့် Telenor မှ ဝန်ဆောင်မှုများအား ရှင်းလင်း ပြောကြားခြင်းများ ပြုလုပ်ပေးလျက် ရှိသည်။ အောက်တိုဘာ၂၀ ရက် ညနေ ၆ နာရီမှ စတင်ကာ မန္တလေး၊ ၆၂လမ်း၊ မနော်ရမာန် ကစားကွင်းတွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ခဲ့သည်။

အောက်တိုဘာ ၂၁ ရက်မှစတင်ကာ Telenor ဝန်ဆောင်မှု ရရှိနေသောပေါင်း ၆၈ မြို့နယ်သို့ မော်တော်ကားများဖြင့် သွားရောက် ကာ Blue Wave Network Campaign အား လှည့်လည် ပြုလုပ်မည် ဖြစ်ကြောင်း ထပ်မံ သိရှိရသည်။ Telenor အနေဖြင့် လက်ရှိ တစ်နှစ်ပြည့်ချိန်အထိ ပြည်တွင်းတွင် သုံးစွဲသူပေါင်း ၁၀ သိန်းကျော်၊ တာဝါတိုင်းပေါင်း ၃၂၀၀ အထိ ရှိနေပြီ ဖြစ်ကြောင်း၊ ၂၀၁၅ခုနစ် နှစ်ကုန်ပိုင်းတွင် တာဝါတိုင်ပေါင်း ၄၀၀၀ ခန့် တည်ဆောက်နိုင်ရန် ရည်ရွယ်ထားကြောင်း Telenor Myanmar မှ တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

Telenor Myanmar သည်ပြည်တွင်းတွင် မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက် ဝန်ဆောင်မှုအား မန္တလေးမြို့မှ စတင်ခဲ့ခြင်းဖြစ်သည်။ စတင်စဉ်အချိန်က မန္တလေးတွင် တာဝါတိုင်ပေါင်း ၇၀ ဝန်းကျင်ဖြင့် စတင် ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်ပြီး ယခုချိန်အထိ မန္တလေးတွင် တာဝါတိုင်ပေါင်း ၆၀၀ ကျော်ဖြင့် လည်ပတ်နေကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးမြို့တွင်းမှ စတင်ကာ လိုင်းဆွဲအား မကောင်းမွန်ခြင်းများ  ရှိသေးသော နေရာအချို့တွင် သယ်ဆောင် တပ်ဆင်ရ လွယ်ကူသော Mini Tower တိုင် ၂၀ ခန့်ဖြင့် စတင် စမ်းသပ် တပ်ဆင် လိုင်းမြှင့်တင်ခြင်းများ ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com