
One Plus စမတ်ဖုန်းကုမ္ပဏီဟာ Premium high performance ဖုန်းတွေကိုထုတ်လုပ်လေ့ရှိပြီး One Plus One ,One Plus Two တွေဟာ၎င်းတို့ရဲ့ အကောင်းဆုံးထိပ်တန်းဖုန်းများဖြစ်ပြီး ထူးခြားတဲ့ရောင်းချမှု စနစ်ကြောင့် ပိုမိုစိတ်ဝင်စားခြင်းခံရပါတယ်။ ၎င်းတို့ရဲ့စမတ်ဖုန်းသုံးစွဲနေသူတစ်ဦး၏ ဖိတ်ခေါ်စာ Invite Mail ကိုရမှသာစမတ်ဖုန်းကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ယခုထုတ်လုပ်တဲ့ One Plus X စမတ်ဖုန်းဟာထိပ်တန်းအဆင့်မဟုတ်ပေ မယ့်အကောင်းဆုံးစမတ်ဖုန်းများ စာရင်းထဲမှာရှိပါတယ်။ 5" မျက်နှာပြင်အကျယ် ရှိပြီး Active Matrix OLED Display ကိုအသုံးပြုထားသည်။ Corning Gorilla Glass 3 ဖုံးအုပ်ထားသောကြောင့်အစင်ရာအခြစ်ရာများကိုကာကွယ်ပေးပြီး Resolution 1080p Full HD,441 ppi အရည်အသွေး ရှိသည်။ Sony Z3,One Plus One,HTC (E8,M8),LG G3 တို့တွင်အသုံးပြုထားသော Qualcomm Snapdragon 801 Processor ကိုအသုံးပြုထားပြီး RAM 3GB ဖြင့်မောင်းနှင်ထားသည်။

Internal Memory 16 GB ပါဝင်ပြီး Card Slot MicroSD 128GB ထပ်မံတိုးမြင့် အသုံးပြုနိုင်သည်။13 MP ပင်မကင်မရာ နှင့် 8 MP Frontfacing ကင်မရာတပ်ဆင်ထားတာကြောင့် Selfie ရိုက်ဖို့အကောင်းဆုံး ရုပ်ပုံတွေရရှိမှာပါ။ 2525mAh Battery တပ်ဆင်ထားပြီး Android 5.1 အခြေပြု Oxygen OS ဖြင့်လည် ပတ်ထားသည်။ထူးခြားချက်အနေနဲ့ကတော့ သူရဲ့ဒီဇိုင်းကို ၂ မျိုးထုတ်လုပ်မှာဖြစ်ပြီး Onyx အနက်ရောင် Version နဲ့တစ်မျိုး Ceramic ကြွေထည် ဖန်သားအနေနဲ့တစ်မျိုး နောက်ခံနှစ်မျိုးထုတ်လုပ်မှာဖြစ်ပါတယ်။

၂၅ ရက်ကြာအဆင့်ဆင့်ပြုလုပ်ခဲ့ရတဲ့ One Plus X Ceramic Version ကိုတော့ ဥရောပ အတွက်သီးသန့် ထုတ်လုပ်တာဖြစ်ပြီး ဈေးနူန်း €369 ဖြစ်ကာ အလုံးအရေအတွက် ၁၀၀၀၀ ပဲထုတ်လုပ်မှာဖြစ်ပါတယ်။ Onxy Version ကတော့ €269 ဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပါတယ်။


Credit to ==> Phone News Up To Date
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။