10/27/2015

♪ OPPO R7 Plus အကြောင်းအသေးစိတ်လေ့လာနိုင်ဖို့ ♫


အားသာချက်
ဖုန်းတွင် အသုံးပြုထားသော CPU, GPU, Camera အစရှိသော Hardware ပိုင်းများတွင် မြင့် မားကောင်းမွန်သည်။ ဖုန်းတွင်ပါဝင်သော မှတ်ဉာဏ်ပိုင်းတွင် လည်း မြင့်မားကောင်းမွန်သော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး လုံခြုံရေးစနစ်အတွက်လည်း Finger Print စနစ်ပါဝင်သည်။ စမတ်ဖုန်း တစ်လုံးအတွက် လိုအပ်သော ပါဝါအသုံးပြုနှုန်းများအတွက် ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားသော ဘက်ထရီကို ထည့်သွင်းအသုံးပြု ထားသည်။

အားနည်းချက်
Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး Sim Card Slot နှစ်ခုလုံးဟာ အပေါက်တစ်ခုတည်းတွင် အတူတွဲထားခြင်းကြောင့် Sim Card လဲလှယ်ခြင်းနှင့် ထုတ်သွင်းပြုလုပ်ချင်သည့် အချိန်တိုင်းတွင် Sim Card နှစ်ခုလုံးအား ထုတ်သွင်းပြုလုပ် နေရမည်ဖြစ်သည်။

ဒီဇီုင်း
ကြီးမားသော ကိုယ်ထည်ဖွဲ့စည်းမှုရှိသော ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းကိုယ်ထည် တစ်ခုလုံးအား သတ္တုကိုယ်ထည်ဖြင့် ဖွဲ့စည်းတည်ဆောက် ထားသည်။ R7 Lite ကဲ့သို့ပင် Screen ထောင့် အခုံးပုံစံမျိုးဖြစ်ပြီး အရွယ်အစား နည်းငယ်ကြီးမားသည့် Phablet အမျိုးအစား ဖုန်းဖြစ်သောကြောင့် ဘေးတိုက်အကျယ် အနည်းငယ်များသည့်အတွက် လက်ချောင်းသေးငယ် သူများအနေဖြင့် ကိုင်တွယ်အသုံးပြုချိန်တွင် အနည်းငယ် အခက်အခဲ ရှိနိုင်မည်ဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၈ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၈.၂ စင်တီမီတာရှိပြီး ထုထည်မှာ ၀.၇၈ စင်တီမီတာ ဖြစ်သောကြောင့် ပါးလွှာသော ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်။ အလေးချိန်မှာ ၁၉၂ ဂရမ်ဖြစ်သောကြောင့် အလေးချိန် အနည်းငယ်ရှိသော ဖုန်းဖြစ်ပြီး ဖုန်း၏နောက်ကျောဘက် ကာဗာပေါ်တွင် လက်ဗွေစနစ် အသုံးပြုနိုင်သော Finger Print စနစ်နှင့် ကင်မရာတို့ကို အထက်အောက်ပုံစံဖြင့် ဖွဲ့စည်းတည်ဆောက် ထားသည်။

မြင်ကွင်း
ဖုန်း၏ Screen မျက်နှာပြင်မှာ ၆.၀ လက်မရှိသော AMOLED Screen အမျိုးအစားဖြစ်ပြီး 1080x1920 Pixels (~367 ppi pixel density) ရှိမည်ဖြစ်သည်။

နည်းပညာ
Gesture Sensor ပိုင်းများ၌ ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်မည်ဖြစ်ပြီး Screen ဖွင့်ပိတ် အလွယ်တကူ ပြုလုပ်ခြင်း၊ Screen ပိတ်ထားချိန်တွင် သင်္ကေတများ ရေးဆွဲကာ စနစ်များအတွင်း ဝင်ရောက်ခြင်း အစရှိသော အသုံးပြုစနစ်များအတွက် Screen On Gesture စနစ်နှင့် Screen Off Gesture စနစ်များ ပါဝင်လာမည်ဖြစ်သည်။ Color OS Version မြင့်မားလာခြင်းကြောင့် ကင်မရာ အသုံးပြုစနစ်များတွင် ပုံစံများပြောင်းလဲ လာမည်ဖြစ်သည့်အပြင် ဖုန်း၏ Setting ပိုင်းတွင်လည်း Color Icon များဖြင့် ပုံစံများပြောင်းလဲ လာမည်ဖြစ်သည်။ ဓာတ်ပုံအား စိတ်ကြိုက်အရောင် ပုံစံဖြင့် ရိုက်ကူးနိုင်မည့် Various Filter စနစ်၊ မှောင်နေသော နေရာများတွင်  အလိုအလျောက် အလင်းနှုန်းကို မြှင့်တင်ပေးနိုင်မည့် Colorful Night စနစ်၊ စိတ်ကြိုက် Shutter နှုန်းထားများဖြင့် ချိန်ညှိရိုက်ကူးနိုင်မည့် Slow Shutter စနစ်များအပြင် Double Exposure, Expert Mode, Time-lapse, Audio Photo အစရှိသော ကင်မရာ နည်းပညာများကိုလည်း ထိတွေ့နိုင်မည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
GSM 2G/ 3G/ 4G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Nano Sim တစ်ကတ်နှင့် Micro Sim တစ်ကတ် နှစ်ကတ် အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။ ဂရပ်ဖစ် အသုံးပြုခြင်းအတွက် Adreno 405 GPU ပါဝင်ပြီး ဖုန်းလုပ်ဆောင်ချက်များအတွက် Quad-core 1.5 GHz Cortex-A53 နှင့် quad-core 1.0 GHz Cortex-A53 တို့ပါဝင်သော Octa Core CPU ပါဝင်မည်ဖြစ်သည်။ မှတ်ဉာဏ်မှာ 32GB နှင့် RAM 3GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 128GB ထိမှတ်ဉာဏ်ထပ်တိုး နိုင်မည်ဖြစ်သည်။ 13Mega Pixel နောက်ဘက်ကင်မရာ၊ 8Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး Bluetooth 4.0LE နှင့် ပါဝါသိုလှောင်မှု ပမာဏမြင့်မားသော Li-Po 4100 mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ်ကြည့်မည် ဆိုပါက R7 Plus သည် ဖုန်းတွင် အသုံးပြုထားသော CPU, GPU, Camera, Memory အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန်နေပြီး ပြည်တွင်းအသုံးပြု မြန်မာစာစနစ်၊ အချက်အလက် လုံခြုံရေးအတွက် Finger Print စနစ်တို့ ပါဝင်သောကြောင့် တန်ဖိုးမြင့် Specification ကောင်းကောင်း အသုံးပြုလိုသူများအနေဖြင့် ရွေးချယ်နိုင်မည် ဖြစ်သည်။ သတ္တုကိုယ်ထည် ဖွဲ့စည်းမှုမှာ ကောင်းမွန်သော်လည်း အရွယ်အစား ကြီးမားသည့်အတွက် ကိုင်တွယ်အသုံးပြုချိန်တွင် လက်မှလွတ်မကျစေရန် ဂရုစိုက်ရမည် ဖြစ်သည်။

Device Support  - OPPO
Price     - 699,000 Ks


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download