10/20/2015

♪ အိန္ဒိယနိုင်ငံတွင် ပထမဆုံးထုတ်လုပ်သည့် F103 စမတ်ဖုန်းသစ်ကို Gionee မိတ်ဆက် ♫


Gionee ကုမ္ပဏီမှ အိန္ဒိယတွင် ပထမဆုံးထုတ်လုပ်သည့် F103 ဟုအမည်ရသည့် စမတ်ဖုန်းကို မိတ်ဆက်ခဲ့ သည်။

အဆိုပါ စမတ်ဖုန်းကို အိန္ဒိယရူပီး ၉,၉၉၉ (ကန်ဒေါ်လာ ၁၅၅ ဝန်းကျင်) ဖြင့်ရောင်းချ သွားမည်ဖြစ်သလို အဖြူ၊ အညိုနှင့် အနက်ဟူ၍ ၃ မျိုး ထုတ်လုပ်ထားသည်။ ၎င်းတွင် quad-core 1.3GHz ပရိုဆက်ဆာနှင့်အတူ MediaTek MT6735 SoC အသုံးပြုထားသည်။ Gionee ၏ F103 မျက်နှာပြင် အရွယ်အစားမှာ ၅ လက်မ HD IPS display ဖြစ်ပြီး ရုပ်ထွက်အရည်အသွေးမှာ (720x1280 pixels) ရှိသည်။ ထို့အပြင် RAM  2GB,  internal memory 16GB နှင့် ဘက်ထရီ 2400mAh တို့ အသုံးပြုထားသည်။ F103 တွင် ကျောဘက်ကင်မရာ 8MP နှင့် ရှေ့ကင်မရာ 5MP တို့ အသုံးပြုထားပြီး Gionee ၏ကိုယ်ပိုင် Amigo 3.0 interface နှင့်အတူ  Android  Lollipop  အသုံးပြုထားသည်။ အခြား feature များမှာ 3G/4G, Wi-Fi, GPS/A-GPS, GPRS/EDGE, Bluetooth နှင့် Micro-USB တို့ပါဝင်လာသည်။

“ကျွန်တော်တို့အနေနဲ့ အိန္ဒိယကို ဒေသတွင်း စမတ်ဖုန်း ဈေးကွက်အတွက် သာမကဘဲ အခြားအနီးအနားနိုင်ငံက ဈေးကွက်အတွက်လည်း ထုတ်လုပ်ရေး ဗဟိုချက်အဖြစ် ဖန်တီးသွားမှာပါ။ ဒါ့အပြင် ဒေသတွင်း ထုတ်လုပ်မှုနဲ့အတူ အိန္ဒိယအခြေစိုက် ထုတ်ကုန်တွေ ဖန်တီးဖို့လည်း  ရှိပါတယ်” ဟု Gionee ဥက္ကဋ္ဌဝီလီယံလူက ပြောကြားခဲ့သည်။

Ref: GSMArena
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com