10/23/2015

♪ Samsung မှ Samsung Galaxy J2 အား မြန်မာနိုင်ငံတွင် ထပ်မံမိတ်ဆက် ♫


Samsung Myanmar သည် Galaxy J Series များထဲမှ သင့်တင့် မျှတသော ဈေးနှုန်းရှိသည့် အလယ်အလတ်တန်းဝင် နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း အသစ် တစ်လုံးအား စတင်မိတ်ဆက်ခဲ့ သည်။

အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်သော Samsung Galaxy J2 သည် မြန်မာသုံးစွဲသူများ၏ လိုအပ်ချက် များအား အထူးအလေးထား၍ သေချာစွာ ထုတ်လုပ်ထားသော ဖုန်းတစ်လုံးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ Samsung စမတ်ဖုန်းတွေကို သုံးစွဲရလွယ်ကူစေရုံသာမက လူတိုင်းအတွက် အသုံးဝင် အကျိုးရှိစေချင်ပါတယ်။ Galaxy J2 မှာ ဆိုရင် မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် အဓိက လိုအပ်ချက် သုံးခုဖြစ်တဲ့ အရောင်အသွေး စုံလင်ပြတ်သားပြီး ကြည်လင်တောက်ပတဲ့ မျက်နှာပြင်၊ 3G အင်တာနက်သုံးစွဲရာမှာ အကုန်အကျ သက်သာစေဖို့ နဲ့ စွမ်းဆောင်ရည်တွေ ထပ်မံတိုးမြှင့် ဖြည့်စွက်ပံ့ပိုး ထားတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ကြောင်းကို ကျွန်တော်တို့အာမခံပါတယ်” ဟု Samsung Myanmar မှ Head of IT and Mobile Business ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့သည်။

Galaxy J1 မှစွမ်းဆောင်ရည်အချို့အား ထပ်မံတိုးမြှင့်ထားရာ Samsung Galaxy J2 (SM-J200G) တွင် ၄.၇ လက်မအရွယ်အစားရှိသော Quad HD display ပါဝင်သည်။ ဖုန်းအတွင်းပိုင်းတွင် 1GB RAM အရွယ်အစားရှိ 1.3 GHz 32-bit Quad-Core Exynos 3475 CPU processor အား ထည့်သွင်းထားသည်။

Galaxy J2 သည် built-in storage space အနေဖြင့် 8GB ပါဝင်ပြီး microSD cards ထည့်သွင်း၍ ထပ်မံ ဖြည့်စွက်အသုံးပြုနိုင်ရုံသာမက ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သည့် စမတ်ဖုန်းဖြစ်သည်။ Galaxy J2 တွင် 5MP ရှိ အနောက်ကင်မရာနှင့် 2MP ရှိ အရှေ့ကင်မရာတို့ ပါဝင်သည်။ အရွယ်အစားအနေဖြင့် 136.5x69x8.4 mm ရှိပြီး နောက်ဆုံးပေါ် Samsung Galaxy J2 တွင် 2000 mAh အရွယ်အစားရှိသော ဘက်ထရီပါဝင်သည်။

၎င်းစမတ်ဖုန်းတွင် နောက်ဆုံးထွက်ရှိထားသော Android 5.1 Lollipop အား ထည့်သွင်းထားသည်။ ကွန်ရက်ဆက်သွယ် ချိတ်ဆက်မှုအနေဖြင့် Wi-Fi 802.11b/g/n၊ Wi-Fi Direct၊ Bluetooth 4.1၊ USB 2.0၊ GPS နှင့် 3.5 mm audio jack port တို့ ပါဝင်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com