Showing posts with label Other. Show all posts
Showing posts with label Other. Show all posts

6/15/2016

Ais 810 S103 Flash Tool Firmware root ပြီးသား... By CHAN LAY (MCMM)




Ais 810 S103 ကိုင်ဆောင်ထားကြတဲ့ ဘော်ဒါများအတွက်
 Root ပြီးသား Flash Tool Firmware ကိုမျှဝေလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်ထားပြီးသားတဲ့ ဖြစ်တဲ့အတွက်
  မြန်မာစာအတွက် မိမိကြိုက်နှစ်သက်ရာ ကီးဘုတ်နဲ့ ဖောင့်ကို
ထည့်သွင်းပေးလိုက်ရုံဖြင့် အသင့်သုံးလို့ ရနေပါပြီခင်ဗျား

Full Backup Firmware လေးဖြစ်ပါတယ်
လိုအပ်တဲ့သူတွေကတော့ အောက်ကလင့်မှာရယူလိုက်ပါ



Click Here to Download SP Flash Tool


All (MTK) Mediatek USB Driver For Windows


Ais 810 S103 Flash Tool Firmware (Full Backup)



ဇူးနစ်(နည်းပညာ) မှကူယူဖော်ပြပေးပါသည်။

Credit To... (Chit San Maung)

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com
Read More ...

3/13/2013

** ** ***၂၀၁၃ခုနှစ်ဖွဘုတ်တိုင်းဒေသကြီး စာစစ်အဖွဲ့* ** * ** *

ဒီ Post လေးကို ကျွန်တော်ဘာရည်ရွယ်ချက်နဲ့မှ တင်တာမဟုတ်ပါဘူး။ ရီစရာဟာသတစ်ခုအနေနဲ့သာ
အပြုသဘောတင်ပေးလိုက်တာဖြစ်ပါတယ်ဗျာ။  သူငယ်ချင်းများသဘောကျကြိုက်နှစ်သက်လိမ့်မယ်လို့ထင်
ပါတယ်ဗျာ ။ ကျွန်တော်ကတော့တော်တော်လေးသဘောကျတယ်ဗျာ။ အောက်မှာဖတ်လိုက်ကြပါဦးဗျာ။
** ** ***၂၀၁၃ခုနှစ်ဖွဘုတ်တိုင်းဒေသကြီး စာစစ်အဖွဲ့* ** * ** *

မြန်မာစာမေးခွန်း .............................. ..................ပေးမှတ်(၁၀၀)

၁၃.၃.၂၀၁၃.................................... .......ဖြေဆိုချိန်(၃)နာရီ

၁။(က) အောက်ပါမေးခွန်းများမှသင်ကြိုက်နှစ်သက်ရာငါးခုကိုဖျစ်ညစ်ပြီးဖြေပါ။

ခရိုနီ၊ဘင်္ဂါလီကရိုဏ်း၊ အောင်ဝေး၊ ကင်တားနားဌာန်၊ ဂုဏ်ရည်မလုံ့ တလုံနာမ၀ိသေသန၊ တရုတ်နာမ်၊ လက်ပံတောင်းနာမ်စား၊ အညာဒါဘီ။

(ခ) အောက်ပါကြိယာတို့ကို"ကွက်လပ်" တစ်ခုစီ၌ သုံးချင်သလိုအသုံးပြုပါ။

ဆေးထိုးသည်၊ဒူသည်၊လစ်သည်၊ကိတ်သည်၊ ပုံသည်။

(ဂ) အောက်ပါတို့မှသုံးခုကိုနောက်လှည့်ကြည့် ၍ကူးဖြေပါ။

ဘီကီနီရှိုးပွဲ၊ မအူပင်၊ကချင်ပြည်နယ်ငြိမ်းချမ်းရေး၊ ၅၀၀၀တန် ဖုန်းကတ်၊၂၄နာရီလျှပ်စစ်မီး။

၂။ (က)အောက်ပါဝေါဟာရတို့အနက်မှငါးခု၏ အနက်အဓိပ္ပါယ်ကို စာရွက်ကြည့်၍ဖြေဆိုပါ။

ဖယောင်းတိုင်၊ ဘူးလက်၊မြစ်ဆုံစီမံကိန်း၊ဆန္ဒပြပွဲ၊ ထားဝယ်ရေနက်စီမံကိန်း၊သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ဘင်္ဂါလီ၊

(ခ) အောက်ပါတို့ကိုဝါကျတစ်ခုစီ၌ မရမကထည့်ဖြေပါ။

ပရော်ဖက်ဆာဆိတ်ဖွား၊စပစ်ဖိုင်းယားတိုက်လေယာဉ်၊အိုဘားမား၊ပြောင်းဖူးယတြာ၊ ပိုလျှံသောလျှပ်စစ်။

(ဂ) အောက်ပါအလင်္ကာတို့အနက်မှသုံးခုကို သက်ဆိုင်ရာသင်ခန်းစာများတွင်မည်သို့ သုံးထားကြောင်းနှင့်အဘယ့်ကြောင့်အလက င်္ာမြောက်ကြောင်းဖြေဆိုပါ။

ဒိုင်းခနဲ၊လိပ်ထက်နှေးသော ၊တရုတ်ကိုကြောက်ရ ပါတယ်၊ ထမင်းတစ်နပ်လျှော့စားပါ၊ ထိုင်းနိုင်ငံလျှပ်စစ်မီးမှန်ရေးကူညီမည်၊

၃။ (က)အောက်ပါတို့အနက်မှငါးခုကို ကြည့်ကြပ်ရွှီးပါ။

(၁) "ရီးပဲ" ကဗျာကိုမည်သူရေးသနည်း။

(၂) "မျက်ရည်ယိုဗုံး"ဟူသည်အဘယ်နည်း။

(၃) ဖယောင်းတိုင်ထွန်းပါဟုပြောခဲ့သူမှာ ဘယ်သူနည်း။

(၄) မီးမှန်မှန်လာစေရန်မည်သို့ ဆုတောင်းရသနည်း။

(၅) အိန်အိန်း၏ နာမည်ကျော်သီချင်းတစ်ပုဒ်ကိုဖော်ပြပါ။

(၆)PSYသည် မည်သည့်ခေတ်တွင် ထင်ရှားခဲ့သနည်း။

(၇) နန်းခင်ဇေယျာဝတ်ခဲ့သော ရေကူးဝတ်စုံအရော င်မှာ အဘယ်နည်း။

(၈) ဖွဘုတ်အရေးတော်ပုံတွင် ရဲရဲဝံ့ဝံ့ဖြင့် ကီးဘုတ်ကိုင် တိုက်ပွဲဝင်ခဲ့သော သူရဲကောင်းကြီးများကိုဖော်ပြပါ။

၎။ (က)အောက်ပါတို့အနက်မှကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရမ်းသမ်းဖြေဆိုပါ။

မိုးနတ်မင်းကြီးထံဆုတောင်းပါညည်းချင်းကဗျာမှ စာဆို၏ စိတ်ကူးကို ရှင်းလင်းပါ။

(သို့)

အိန်အိန်း၏ ရူပါသားနားပုံဘုန်းတော်ဘွဲ့ ကို သင်မှတ်မိသလိုဖော်ပြပါ။

(ခ) အောက်ပါတို့မှငါးခုကို ဆရာမအားမေး၍ဖြေဆိုပါ။

(၁) အကယ်ဒမီပေးပွဲတွင်ကိုကို့ကို ကျေးဇူးတင်ပါတယ်ဟုပြောခဲ့သော မင်းသမီးမှာ အဘယ်သူနည်း။

(၂)၅၀၀၀တန်ဖုန်းကတ်များချပေးမည့် ရက်ကိုဖော်ပြပါ။

(၃) Aroma Studio ဓာတ်ပုံပြိုင်ပွဲတွင် Like အများဆုံးရခဲ့သူမှာ အဘယ်သူနည်း

(၄) အေးချမ်းမွန်page၏လက်သုံးစကားကို ဖြေဆိုပါ။

(၄) ညှို့နှင့် ခေတ်ပြိုင်မဂ္ဂဇင်း၏ အမည်ကို ဖော်ပြပါ။

(၅) အနားယူသွားသော ချိုကုပ်ဒူးကြီးသည် ယခုအခါဘာလုပ်နေသနည်း။

(၆) ရွှေလက်နှင့်ဘူးလက်၏ကွဲပြားခြားနားပုံကို ဥပမာနှင့်တကွရှင်းလင်းပါ။

(၇)စိုင်းနော်ခမ်းသည် မည်သူတို့ကိုးကွယ်သည့် နတ်ဖြစ်သနည်း။

(ဂ) အောက်ပါတို့အနက်မှကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုဖြီးပါ။

လက်ပံတောင်းတောင်အစီအရင်ခံစာ

(သို့)

ဖွဘုတ် likeတိုက်ပွဲမှနာမည်ကျော်သူရဲကောင်းများ ၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။

၅။ (က)အောက်ပါမေးခွန်းကိုစကားစပ်နှင့်တကွ ဖြေဆိုပါ။

အခွင့်ဆီဆိုင်၊အတိုင်အလှည့်၊အစပ်ဖြင့်တည့်လှပေါ့၊ ဂျင်ပဲ့ခြင်းပေါက်ကြစို့ ။

(ခ) အောက်ပါတို့မှနှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။

ဘီကီနီရှိုးပွဲ

(သို့)

ဒီမိုကရေစီတို့တိုင်းပြည်

(သို့)

၂၀၁၂သင်္ကြန်မြင်ကွင်း

(အထက်ပါမေးခွန်းများကို ဖွဘုတ်အားမှီငြမ်း၍ဖြေဆိုပါ။ မရလျှင် မေးခွန်းထုတ်သူရှင်မိနှောင်းအား ချဉ်းကပ်ပါ။ မှတ်ချက်။ ။လာဘ်ပေးလာဘ်ယူလုံးဝမလုပ်ပါ။လာ ပေးလိုက်ယူသာလုပ်ပါမည်။ ဟိဟိ။ :P)

credit to-မယဉ်ယဉ်နှောင်း
Read More ...

3/12/2013

IDM UltraEdit 19.00.0.1022 Incl Keygen


IDM UltraEdit 19.00.0.1022

Programming သမားတွေအကြိုက် Eidtor လေးပါ။ သုံးနေကျသူတွေကတော့
ဘယ်လိုအသုံးပြုလည်းဆိုတာသိကြမှာပါ။ ကျွန်တော်က Web Page တွေအတွက်
Coding တွေရေးရင် သူရယ် Sublime Text ရယ်သုံးပါတယ်။

IDM UltraEdit is used across a diverse range of industries, from professional writers, researchers and journalists to advanced programmers, database managers and web developers. 

Scores of individuals use UltraEdit as a powerful replacement for windows notepad and even more use it as a text editor because of its ability to handle multiple documents at once, large file handling, powerful search/find/replace functionality, spell checking versatility and much more.
Replacing Notepad or looking for a powerful text editor? UltraEdit is what you're looking for. UltraEdit is the ideal text, HEX, 
HTML, PHP, Java, javascript, Perl, and Programmer's editor. It's versatile and easy to use. UltraEdit is specially designed for inputting and editing text and code, UltraEdit supports configurable syntax highlighting and code structuring for most any programming languages.

Key features

  • Code Folding
  • Supports 64-bit file handling (standard) on 32-bit Windows platforms (Windows 2000 and later)
  • Unicode support
  • Disk based text editing and large file handling - supports files in excess of 4GB, minimum RAM used even for multi-megabyte files
  • Mulitline find and replace dialogs for all searches (Find, Replace, Find in Files, Replace in Files)
  • 100,000 word spell checker, with foreign languages support (American English, British English, Dutch, Finnish, French, German, Hungarian, Italian, Spanish and Swedish)
  • Syntax highlighting - configurable, pre-configured for C/C++, VB, HTML, Java, and Perl, with special options for FORTRAN and LaTex. Multiple wordfiles available for download
  • FTP client built in to give access to FTP servers with multiple account settings and automatic logon and save. (32-Bit Only) Includes support for SFTP (SSH2) SSH/Telnet window
  • Project / workspace support
  • Environment Selector - Provides predefined or user-created editing "environments" that remember the state of all of UltraEdit's dockable windows, toolbars and more for user convenience.
  • Integrated scripting language to automate tasks
  • Configurable keyboard mapping
  • Column / block mode editing
  • Hexadecimal editor allows editing of any binary file, shows binary and ASCII view
  • Named templates
  • HTML toolbar preconfigured for popular HTML function  

How to Activate:  
1.Install Setup and Run 
2.Activate Offline Method with Keygen 
3.Suspend your internet connection, register the application with the keygen using offline activation, then patch your hosts-file.  
    WINDOWS\system32\drivers\etc\hosts >> 127.0.0.1 licensing.ultraedit.com

Download Setup
 
Download Key  

Or
Download Key 


by koyan





Read More ...

3/05/2013

ခေတ်နဲ့အညီ ဖြစ်ရပ်မှန် ဟာသ ၂၀၁၃ သင်္ကြန်စာ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCV_ljdUsTz4SJmwjeO_SuCyYpkYlpX8sMbz4FfUhWTVUfy-Fno2VN26Y4_2EXL-eC3tIfX6xpHclUd1Hx6D-JulYAETqLZDv-VHZzYvEBZw8LPEmzV61KXYYKVpOFVnq7uRip3Mj6jzuF/s1600/%25E1%2580%259E%25E1%2581%25BE%25E1%2580%2580%25E1%2581%25A4%25E1%2580%2594%25E1%2580%25B9%25E1%2580%2585%25E1%2580%25AC+--03.jpg

ကျွန်တော့ဆိုဒ်လေးကနည်းပညာဆိုဒ်လေးပါ။ နေ့စဉ် Software တွေချည်းဘဲ ဖတ်လိုက်ဒေါင်းလိုက်စမ်း
လိုက်နဲ့ ပျင်းနေမှာစိုးလို့ တစ်ခါတစ်လေမှာ စိတ်အပန်းပြေသွားအောင် ကျွန်တော် ခေတ်နဲ့အညီ ဖြစ်ရပ်
မှန် ဟာသ သင်္ကြန်စာလေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ သူငယ်ချင်းများအားလုံး ဘ၀အမောတွေပြေနိုင်
ကြပါစေဗျာ။
 ၂၀၁၃ သင်္ကြန်စာ
==========

သိကြားမင်းသည် ချယ်ရီဝက်ဂွန်ကိုစီး၍
နံပါတ်တုတ်ကို ကိုင်ပြီးလျှင် လူ့ ပြည်သို့ ကြွချီတော်မူ၏။
...
ဗြဟ္မာ့ ဦးခေါင်းသည် လက်ပံတောင်းမှ မအူပင်သို့ အပြောင်းအရွှေ့ ပြု၏။

နှစ်ကို သုံး စောင့်၏။
လကို ဂြိုလ်တု စောင့်၏။
ရက်ကို နေ့ စားသမားများ စောင့်၏။
မြေကို ဦးပိုင် စောင့်၏။
ရေကို ပြည်သူများစောင့်၏။
မိုးကို လယ်သမားများစောင့်၏။

လူတို့ ၏အဓိပတိကား PSY။
ခြေလေးခုတို့ ၏ အဓိပတိကား ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား။
ငှက်တို့ ၏အဓိပတိကား ငှက်ဖျား။
သစ်ပင်တို့ ၏အဓိပတိကား ကြက်ဆူ။

ဤသက္ကရာဇ်ဝယ်
စာပေစိစစ်ရေးကင်းလွတ်ပြီးဖြစ်၍ အပြာစာအုပ်များပေါများလတ္တံ့ ။
မော်ဒယ်မမများ မှိုလိုပေါက်လတ္တံ့ ။

မြို့ တိုင်းတွင် ဆန္ဒပြပွဲများဖြင့် စည်ကားလတ္တံ့ ။
ဆန္ဒပြသူများအတွက် တူညီဝတ်စုံရိုက်နှိပ်ပေးသော စတေကာရိုက်လုပ်ငန်းများ စီးပွားဖြစ်လတ္တံ့  ။

နာမည်လေးလုံးနှင့်သမီးပျိုများ မြန်မာ့အလှမယ်ဖြစ်လတ္တံ့ ။
ထို အလှမယ်များကို အားပေးလွန်းကြသဖြင့် ကွန်ပြူတာ၊ကီးဘုတ်၊မောက်စ် ရောင်းသောဆိုင်များအလုပ်ဖြစ်လတ္တံ့ ။

လမ်းလျှောက်တတ်လျှင် လျှောက်တတ်သလို နာမည်ကြီးလတ္တံ့ ။
မလျှောက်တတ်လျှင် ဆိုင်းဘုတ်ကိုင် ဆန္ဒပြခြင်းဖြင့် နာမည်ကြီးလတ္တံ့ ။

ဘီယာကုမ္ပဏီများ ၊အချိုရည်လုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံ၍
ပြည်သူအများ အဖိုးနှုန်းချိုသာစွာဖြင့် သောက်ရလတ္တံ့ ။
နောက်ဆက်တွဲအကျိုးအနေဖြင့် နိုင်ငံခြားကံပါသူများ
အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ဆေးကုရလတ္တံ့ ။

မီးမလာ၍ မိုးနတ်မင်းကြီးထံဆုတောင်းရလတ္တံ့ ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲများနီးလျှင် နိုင်ငံပိုင်စက်ရုံများ ရပ်နားရလတ္တံ့ ။
လျှပ်စစ်မီးရရန် ကူညီသောကြောင့် ထိုင်းနိုင်ငံက ကျေးဇူးတင်လတ္တံ့ ။
ဓာတ်ငွေ့ ပိုက်လိုင်းကြီးပြီးစီးတော့မည်ဖြစ်၍ တရုတ်ပြည်က ကျေးဇူးဆိုလတ္တံ့ ။

ဖုန်းကတ်ဖိုးများလျှော့ချပေးတော့မည်ဟု အိပ်မက်မက်လတ္တံ့ ။
ဆီးဂိမ်းအမီ အင်တာနက်မြန်နှုန်းတိုးတက်တော့မည်ဟု ကြားရလတ္တံ့ ။
လေးလနှင့်အပြီးဆောက်မည်ဟူသော ဂုံးကျော်တံတားကြီးမပြီးသေး၍ ကားများကြပ်လတ္တံ့ ။
တောင်သူလယ်သမားများ လယ်သိမ်းခံရ၍မြေယာမဲ့ ဖြစ်လတ္တံ့ ။
မြေယာမဲ့ ဖြစ်၍ ဆန္ဒပြလျှင် ကျူးကျော်ဟုစွပ်စွဲခံရ လတ္တံ့ ။
ကျူးကျော်ဟု သတ်မှတ်ပြီးလျှင် ပြည်သူ့ ရဲများက နံပါတ်တုတ်ဖြင့် ဆွမ်းကြီးလောင်းလတ္တံ့ ။
  
Read More ...

12/26/2012

ကျွန်တော့်ရဲ့ Mediafire Account အဖျက်ခံလိုက်ရပြန်ပြီဗျာ။



                   ပထမဆုံးအနေနဲ့ ကျွန်တော့်ဆိုဒ်မှာ အမြဲတမ်း ၀င်ပြီး Software တွေကို ဒေါင်းလုပ်ဆွဲနေကြ
တဲ့သူငယ်ချင်းများအားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။ ဒီတစ်ခေါက်ဖျက်
ခံရတာ တော်တော်ကြီးကိုဆိုးဝါးတယ်ဗျာ။ ကျွန်တော်အချိန်ကုန်ခံ ပိုက်ဆံအကုန်အကျတွေခံပြီးတင်ထား
ရတာတွေအားလုံး သဲထဲရေသွန်လိုက်သလိုဘဲဗျာ။ ပထမဆုံးအကြိမ်တုန်းက Minus မှာတင်ထားတဲ့ File
တွေ စုစုပေါင်း 250 ကျော် 300 နီးပါး ရှိတဲ့ Account အဖျက်ခံလိုက်ရတယ်ဗျာ။ အဲဒီတုန်းက ကျွန်တော်
နည်းနည်းလေးစိတ်ဓါတ်ကျသွားတယ်ဗျာ။ ဒါပေမယ့်လည်း ပညာဒါနကုသိုလ်ရပါတယ်လေဆိုပြီး နောက်
တစ်ကြိမ် Mediafire မှာ ထပ်တင်တယ် File ပေါင်း 100 ကျော်ကျော်လောက်တင်ပြီးမှဘဲ အဖျက်ခံလိုက်ရ
ပြန်တယ်ဗျာ။
Read More ...

11/30/2012

ခုကောက်မယ့် အင်တာနက်အသုံပြုခ နှုန်းထား များသွားတာလား နည်းသွားတာလား တွက်ပြထားတာပါ


ခုကောက်မဲ့နှုန်းထား များသွားတာလား နည်းသွားတာလား တွက်ပြထားတာပါ
               အခု ပြောင်းလည်းကောက်ခံဖို့သတ်မှတ်ထားတဲ့ အင်တာနက် အသုံးပြုခနှုန်းထားများကြောင့် ကျွန်တော်တို့လို ဖုန်းနဲ့အင်တာနက်အသုံးပြုသူတွေအတွက်တော့ တော်တော်လး စိတ်ပျက်စရာဖြစ်နေရ ပါတယ်ဗျာ။ ဘယ်လိုစိတ်ကူးရည်ရွယ်ချက်တွေကြောင့် အခုလိုစနစ်ကြီးကိုပြောင်းလည်းလိုက် လည်းဆိုတာ စဉ်းစားလို့တောင်မရတော့ပါဘူး။ ယခင် တစ်မိနစ် နှစ်ကျပ်နဲ့ ယခုသတ်မှတ်လိုက်တဲ့ 1MB ကို 20kyats ဆိုတော့ အောက်မှာတွက်ပြထားတဲ့နှုန်းထားကိုသာကြည့်ကြပါဗျာ။ ထပ်ပြီးတော့ ဖုန်းနဲ့ အင်တာနက် အသုံးပြုရင် ဘယ်လိုသုံးရင်ဘယ်လောက်ကုန်ကျမလည်းဆိုတာကို ခန့်မှန်းခြေလေးတွက်ပြပေးထားပါ တယ်ဗျာ။  မျိုးကျော့မြိုင်ဆိုထားတဲ့ လူဖြစ်ရတဲ့ ဒုက္ခ သီချင်းကို မြန်မာပြည်မှာလူဖြစ်ရတဲ့ဒုက္ခလို့ သီချင်းပြောင်းပြီးဆိုရတော့မှာဗျာ။
Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
Read More ...

10/09/2012

ကျွန်တော့်ဆိုဒ်ကိုလာလည်တဲ့သူငယ်ချင်းများပျော်စေချင်လို့ပါ။

เพราะพวกเธอเริ่ดจริงนิค่ะ ^__^ / : เพราะพวกเธอเริ่ดจริงนิค่ะ ^__^ / :
เพราะพวกเธอเริ่ดจริงนิค่ะ ^__^ / : เพราะพวกเธอเริ่ดจริงนิค่ะ ^__^ / :

                   ဒီ Post လေးက ဘာရယ်လို့မဟုတ်ပါဘူးဗျာ။ Funny Photo လေးတွေကိုစုစည်းပြီတင်ပြ
ပေးလိုက်တာပါ။ နေ့တိုင်း Software တွေ Upload တင်လိုက် Download ဆွဲလိုက်နဲ့ ကျွန်တော်လည်း
တော်တော်ကြီးကို ငြီးငွေ့နေပါပြီ။ ကျွန်တော့်ဆိုဒ်လေးကို နေ့တိုင်း ၀င်ကြည့်ကြတဲ့ သူငယ်ချင်းတွေ
လည်း တမျိုးဆန်းအောင်အောင် IT နည်းပညာတွေနဲ့ မဆိုင်တဲ့ ကြည်နူးစရာ ဟာသ ပုံလေးတွေတင်
ပေးလိုက်တာပါဗျာ။ ကျွန်တော်တင်ပေးတဲ့ ပုံလေးတွေကိုကြည့်ပြီး အနည်းငယ်လောက်စိတ်ကြည်နူးသွား
တယ်ဆိုရင်ဘဲ တင်ပေးရကျိုးနပ်ပါပြီ။ မိမိသဘောကျတဲ့ ပုံလေးတွေကို Comment ပေးသွားပါနော်။
သဘောကျတဲ့ သူငယ်ချင်းတွေများတယ်ဆိုရင် နောက်ပိုင်းမှာလည်း အလျဉ်းသင့်သလို တင်ပေးသွားပါ့
မယ်ဗျာ။
Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

Read More ...

8/27/2012

အမြန်ဆုံး လက်ဆင့်ကမ်းပြီး ကြေငြာပေးကြပါဗျာ။


                         ကျွန်တော့်ဆိုဒ်က နည်းပညာအတွက်သီးသန့် ပြုလုပ်ထားတဲ့ဆိုဒ်လေးပါ။ ဒါပေမယ့်
ဒီနေ့မနက် ဒီသတင်းလေးကို အကိုတစ်ယောက်က Forward လုပ်ပေးပါဆိုလို့ ကျွန်တော်ဒီ Post လေး
တင်ဖြစ်သွားတာပါ။ ကျွန်တော့်ရဲ့ Blog မိတ်ဆွေများ နဲ့ Facebook မှ မိတ်ဆွေများအားလုံးလည်း ဒီ
ကြော်ငြာလေးကို လက်ဆင့်ကမ်းပြီး ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။
Read More ...

12/30/2011

ကျွန်တော် Post တွေမတင်နိုင်သေးလို့ တောင်းပန်ပါတယ်ဗျာ။


                          ကျွန်တော် အခုတလော အလုပ်လေးတွေနည်းနည်းများနေလို့ဗျာ။ ပြီးတော့ အလုပ်မှာReport တစ်စောင်လောက်တင်ချင်တာနဲ့ဘဲ Post တင်တာကို ခဏလေးရပ်ထားမယ်ဗျာ။ နှစ်လ ၀န်းကျင်လောက်တော့ကြာမယ်နဲ့တူတယ်ဗျာ။ အဲဒါကြောင့် Post အသစ်တွေမတင်ဖြစ်လို့ ညီကိုမောင်နှမတွေကျွန်တော့် Site လေးကို လာမလည်ကြမှာစိုးတယ်ဗျာ။
Read More ...