10/24/2015

♪ ဈေးနှုန်းချိုသာသော - “Lenovo A616” ♫


Lenovo ဟန်းဆက်များထဲတွင် အလယ်အလတ်အဆင့်ဟန်းဆက်များ ဟာလည်း အများအပြားရှိပါတယ်။ ထိုဟန်းဆက်များရဲ့ မျက်နှာပြင် အကျယ်အ၀န်းဟာ ၅ လက်မနဲ့ ၅လက်မခွဲ ၀န်းကျင်များရှိကြပါတယ်။ ပါရှိသည့်ကင်မရာများရဲ့ စွမ်းဆောင်နိုင်စွမ်းကလည်း 5MP (သို့) 8MP ရှိပါတယ်။

ထိုဖုန်းအများစုရဲ့ တိုးချဲ့လို့ရမယ့် မှတ်ဥာဏ်ပမာဏဟာ 32GB အထိဖြစ်ပါတယ်။ဖုန်းတစ်လုံးတွင် အထက်ပါစွမ်းရည်မျိုးအနည်းဆုံးပါရှိမှသာ သုံးစွဲသူအတွက် အဆင်ပြေစေပါလိမ့်မယ်။ သို့မဟုတ်ပါက ဟန်းဆက် အသစ်တစ်လုံးကို အချိန်တိုအတွင်း လဲလှယ်ကိုင်ဆောင်ချင်စိတ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ Lenovo ရဲ့ A616 ဟန်းဆက်ဟာ 149.9x 77.1x9.2mm အရွယ်အစားရှိပြီး၊ အလေးချိန်ကတော့ ဘက်ထရီပါ ပါရှိ မယ်ဆိုရင် 174g ရှိပါမယ်။IPS LCD capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5.5inches ဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားတဲ့ pixels ပမာဏကတော့ 854x480 ပါ။ ယခုဟန်းဆက်ရဲ့ ဆင်းကတ်အသုံးပြုနိုင်မှုအပိုင်းသည်လည်း သုံးစွဲသူ တွေအတွက် အဆင်ပြေစေပါမယ်။

Dual Sim ဟန်းဆက်ဖြစ်တာကြောင့် ဆင်းကတ်များစွာကိုင်ဆောင် အသုံးပြု နေတဲ့ လူအများစု အကြိုက်တွေ့စေပါမယ်။ ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် အဓိကကင်မရာဟာ 5MP စွမ်းရည်ရှိပြီး၊ Auto Focus, Flash light စနစ်များနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 0.3MP စွမ်းရည်ရှိပါ တယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် ROM ဟာ 4GB ပါရှိမှာဖြစ်ပြီး၊ RAM ကိုတော့ 512GB ထည့်သွင်းပေးထားပါတယ်။ စမတ်ဖုန်းထဲတွင် အချက် အလက်အများအပြား သိမ်းဆည်းနေကြခြင်းကြောင့် ယခုဖုန်းတွင် SD ကတ် စိုက်၍လည်း မှတ်ဥာဏ်ပမာဏကို တိုးချဲ့နိုင်ပါတယ်။ အားသွင်း အသုံးပြု ရမယ့် ဘက်ထရီ အမျိုးအစားဟာ Li-Ion 2250 mAh ဖြစ်ပါတယ်။ အရောင် ရွေးချယ်ဖို့အတွက် အဖြူနဲ့အနက်ဆိုပြီး ၂ မျိုးရှိပါမယ်။

<Specification>
Network - GSM/WCDMA
Screen - 5.5 inches
Memory - up to 32 GB
Bluetooth - v4.0
CPU - Quad Core 1.3GHz
OS - Android OS,v4.4
Contact - 01-382868
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com