Showing posts with label အားကစားသတင်း. Show all posts

6/12/2014

♪ Google က ကမ္ဘာ့ဖလားအတွက် သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိရန် ပြုလုပ်ပေး ♫

Photo: Google က ကမ္ဘာ့ဖလားအတွက် သတင်းအချက်အလက်များ  လွယ်ကူစွာ ရရှိရန် ပြုလုပ်ပေး
==================================================

Google က ဘရာဇီး မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားအတွက် သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိရန် ပြုလုပ်ပေးလိုက်ပါသည်။ Google တွင် “World Cup” သို့မဟုတ် “World Cup USA” ဟု ရိုက်ပြီးရှာလျှင် နောက်ဆုံး သတင်းအချက်အလက်များ ၊ ကစားသမားများ ၏ သတင်းများ ၊ ပွဲအခြေအနေများ ကို အချိန်နှင့် တစ်ပြေးညီ တစ်နေရာထဲတွင် ပြသပေးမည် ဖြစ်သည်။ အဆိုပါ အစီအစဉ် သည် Google  Trends ၀န်ဆောင်မှု ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။ 

Twitter ကလည်း Google ကဲ့သို့ ကမ္ဘာ့ဖလားပွဲ ၏ နောက်ဆုံးရ သတင်းများကို ပြသပေးသည့် အစီအစဉ် ကို ပြုလုပ်ပေးမည် ဟု သိရပါသည်။ 

စမတ်ဖုန်းမှ Google Now တွင် ပွဲတွင် ပါဝင်မည့် လူစာရင်းများ၊ ကစားကွက်များ နှင့် အခြား သတင်းအချက်အလက်များကို ရှာရန် မလိုဘဲ ပြသပေးမည် ဖြစ်သည်။ 

Google က ကမ္ဘာ့ဖလား ဘောလုံးကွင်း (၁၂) ကွင်း ၏ အတွင်းပိုင်း သာမက အပြင်ပိုင်းကိုပါ Google Map ရှိ Street View တွင် ကြည့်နိုင်ရန် ပြုလုပ်ပေးထားပါသည်။ ဘောလုံးကွင်းများကို အောက်ကလင့်မှတစ်ဆင့် ကြည့်နိုင်ပါသည်။ 

https://www.google.com/maps/views/streetview/brazils-world-cup-stadiums?gl=us

ဆေးရောင်စုံများ ခြယ်သထားသည့် ဘရာဇီး လမ်းမများကို အောက်ကလင့် မှတစ်ဆင့် ကြည့်နိုင်ပါသည်။ 

https://www.google.com/maps/views/streetview/brazils-painted-streets?gl=us

သူရ

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
Read More ...

6/09/2014

♪ ၂၀၁၄ ကမ္ဘာ့ဖလား တွင် Goal-Line နည်းပညာ ကို အသုံးပြုမည်။ ♫

Photo: ၂၀၁၄ ကမ္ဘာ့ဖလား တွင် Goal-Line နည်းပညာ ကို အသုံးပြုမည်
=============================================

ဖီဖာ က ၂၀၁၄ ကမ္ဘာ့ဖလား တွင် Goal-Line နည်းပညာ ကို ပထမဆုံး အသုံးပြုမည် ဟုသိရပါသည်။ အဆိုပါ နည်းပညာ သည် ဘောလုံး က ဂိုးစည်း ကို ကျော်သွားလျှင် အလိုအလျှောက် သိရှိနိုင်ပါသည်။ ဂျာမန် ကုမ္ပဏီ GoalControl ၏ နည်းပညာ သည် အခြား ကုမ္ပဏီများ ထက် ပိုမိုကောင်းမွန် လျှင်မြန်ပြီး တိကျသည် ဟု သိရပါသည်။ 

ဖီဖာ က GoalControl ၏ နည်းပညာ ကို ၂၀၁၃ FiFA Confederations Cup Brazil တွင် စမ်းသပ်သုံးစွဲခဲ့ပြီး ဂိုးများ ကို တိကျစွာ ဆုံးဖြတ်နိုင်ခဲ့သည် ဟု ပြောပါသည်။ ဖီဖာ က ဂိုးစည်း နည်းပညာ ကုမ္ပဏီ လေးခု မှ GoalControl ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ GoalControl ၏ စနစ် တွင် 4D နည်းပညာ နှင့် ကင်မရာ ၁၄ လုံး ကို အသုံးပြုမည် ဖြစ်ပြီး ကင်မရာ ခုနစ်လုံး က ဂိုးများ ကို တိကျစွာ စောင့်ကြည့် ဆုံးဖြတ်ပေးမည် ဖြစ်သည်။ 

GoalControl ၏ နည်းပညာ သည် ဘောလုံး ဂိုးစည်းထဲ ၀င် ၊မ၀င် ကို တိကျစွာ တိုင်းတာပေးနိုင်သည် ဟု GoalControl မှ တာဝန်ရှိသူ Rolf Dittrich က ပြောပါသည်။ ဘောလုံး ဂိုးစည်းထဲသို့ ၀င်သွားလျှင် ဒိုင်လူကြီး ၏ လက်ပတ်နာရီ မှ အချက်ပြမှု ရရှိမည် ဖြစ်ပြီး ဂိုးမ၀င်လျှင် အချက်ပေးမှု မရရှိဘဲ ပွဲကို ဆက်လက် ကစားရမည် ဖြစ်သည်။ 

ကင်မရာများ က ဘောလုံး ကို ရိုက်ကူးထားသည်များ ကို စွမ်းဆောင်ရည်မြင့် ကွန်ပြူတာ သို့ ပေးပို့မည် ဖြစ်ပြီး ဘောလုံး ၏ လှုပ်ရှားမှု ကို ပုံဖော်မည် ဖြစ်သည်။ သို့သော် ကစားသမားများ ၊ ဒိုင်လူကြီးများ နှင့် အခြား အရာဝတ္ထုများ သည် ပုံဖော်မှုတွင် ချန်လှပ်ထားမည် ဖြစ်သည်။ 

ဒိုင်လူကြီးများ ၏ နာရီ တွင် ထည့်သွင်းထားသည့် Circuit နည်းပညာ ကို ဂျာမန် တက္ကသိုလ် Fraunhofer မှ တီထွင်ထားခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် ဂိုးဝင်လျှင် Goal ဆိုသည့် စာသား ကိုသာ ဖော်ပြနိုင်သော်လည်း အနာဂတ်တွင် အချိန် နှင့် Timer များကို ထည့်သွင်းမည် ဖြစ်သည်။ 

၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးကွင်းများ သည် အင်တာနက် ချိတ်ဆက်နိုင်သည့် Connected Stadiums များ ဖြစ်လာပြီဖြစ်သည်။ 

GoalControl ရဲ့ အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယို မှာ လေ့လာနိုင်ပါတယ်။

https://www.youtube.com/results?search_query=goalcontrol

5/11/2014

အရေးကြီးဆုဖလားများအတွက် ရင်ခုန်လှုပ်ရှားစွာ ယှဉ်ပြိုင်ရအုံးမည့် လာလီဂါထိပ်သီးအသင်းများ

ယခုနှစ် စပိန်လာလီဂါအမှတ်ပေးချန်ပီယံအဆုံးအဖြတ်ပြိုင်ပွဲက ခါတိုင်းနှစ်တွေထက် ပိုပြီးစိတ်ဝင်စားဖွယ်ဖြစ်လာပါတယ်။ 
အသင်းတိုင်းသည် လက်ကျန် ပွဲစဉ် နှစ်ပွဲစီကျန်ရှိနေပြီးတော့ လက်ရှိမှာ ဇယားထိပ်မှ အက်တလက်တီကို မက်ဒရစ်အသင်းက 
ဘာစီလိုနာအသင်းကို သုံးမှတ်တိတိဖြတ်ထားပါတယ်။။ ဇယားထိပ်သီးအသင်းများ၏ ပွဲစဉ် (၃၇)ပွဲစဉ်များအဖြစ် အက်တလက်တီကို မက်ဒရစ်က မာလာဂါ နှင့် အိမ်ကွင်းကစားရမည်ဖြစ်ပြီး ဘာစီလိုနာအသင်းက အယ်ချီကွင်းမှာ အဝေးကွင်းသွားရောက်ကစားရမှာပါ။ 
အက်တလက်တီကို မက်ဒရစ်အသင်းသည် လာမည့် တနင်္ဂနွေနေ့မှာ 
မာလာဂါအသင်းကို အနိုင်ရရှိပြီး၊ ဘာစီလိုနာအသင်းက အယ်ချီအသင်းကိုအနိုင်မရခဲ့ဘူး ဆိုလျှင် အက်တလက်တီကိုအသင်း ယခုနှစ် လာလီဂါဖလားကို ဆွတ်ခူးနိုင်တော့မှာပါ။ သို့သော် နှစ်သင်းစလုံးအနိုင်ရရှိခဲ့မည်ဆိုလျှင်တော့ နောက်ဆုံးပွဲစဉ်တွင် ထိုနှစ်သင်း ချန်ပီယံ အဖြေအတိအကျရဖို့ ဆက်လက်ယှဉ်ပြိုင်ကစားရတော့မှာကြောင့် 
နောက်ဆုံးပွဲစဉ်သည် အကြိတ်အနယ်ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။ 
သူတို့နှစ်သင်းသည် လာလီဂါနောက်ဆုံးပွဲစဉ်အဖြစ် မေလ ၁၇ ရက်နေ့တွင် ဘာစီလိုနာ၏ နှုးကပ်ကွင်းတွင်ဆက်လက်ယှဉ်ပြိုင်ကစားရန် နောက်ဆုံးပွဲစဉ်အဖြစ် ကျန်ရှိနေကြပါတယ်။ 
စပိန်လာလီဂါက စည်းမျဉ်းအရ အမှတ်တူရင် ထိပ်တိုက်တွေ့ဆုံမှု ရလဒ်ကို ဦးစားပေးခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းသည် အက်တလက်တီကို မက်ဒရစ် နှင့် ပထမအကျော့တွင် ဂိုးမရှိသရေ ရလဒ်ရယူထားခဲ့တာကြောင့် လက်ကျန်ပွဲစဉ်များဖြစ်သည့်
အယ်ချီ အသင်း နှင့်အက်တလက်တီကို မက်ဒရစ်အသင်းအားအနိုင်ရရှိမည်ဆိုက ယခုနှစ် လာလီဂါဖလားကို ထိုက်ထိုက်တန်တန်ရရှိတော့မှာလည်းဖြစ်ပါတယ်။
အဆိုပါနှစ်သင်းသည် ယခုနှစ်ရာသီမှာ ၅ ကြိမ်တိတိ ဆုံတွေ့ခဲ့ကြပြီးတော့ လေးပွဲသရေဖြစ်ခဲ့ကာ အနိုင်အရှုံးအဖြပေါ်ခဲ့တာက
အက်တလက်တီကိုမက်ဒရစ်အသင်းမှ ချန်ပီယံလိဂ် ကွာတားအဆင့်မှာဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်တစ်ကြိမ်ရရှိခဲ့ခြင်းဖြစ်ပြီး
ချန်ပီယံလိဂ် ဆီးမီးအဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ထို့နောက် ဆီးမီးအဆင့်မှာ ချယ်ဆီးကို ဖြတ်ကျော်ထားတဲ့ အက်တလက်တီကိုမက်ဒရစ်အသင်းသည် 
ချန်ပီယံလိဂ် (၁၀)ကြိမ်မြောက်ရယူရေး ပစ်မှတ်ထားနေသည့် ရီးရဲမက်ဒရစ်အသင်းနဲ့လည်း မေလ ၂၄ ရက်နေ့မှာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရအုံးမှာပါ။ 
ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ညက ရီးရဲလ်မက်ဒရစ်အသင်းသည် လာလီဂါလက်ကျန်ပွဲစဉ်မှာပါ ဗီလာဒိုလစ်ကို တစ်ဂိုးစီ သရေဖြစ်ခဲ့တာကြောင့် ဇယားထိပ်မှ အက်တလက်တီကိုမက်ဒရစ် နှင့် 
၎ မှတ်ကွာဟသွားတာကြောင့် ရီးရဲလ်အသင်း ချန်ပီယံမျှော်လင့်ချက် တစ်ခုေ၀၀ါးခဲ့ရပါတယ်။ ထို့အတူ ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်ကို စပိန်လာလီဂါမှ ဆီဗီလာက တက်ရောက်ထားပြီး
ဘင်ဖီကာအသင်းနဲ့ မေလ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရအုံးမှာပါ။
ဥရောပနိုင်ငံများ၏ အမှတ်ပေးဖလားပြိုင်ပွဲတွေက ချန်ပီယံအဖြေတွေ အသီးသီးပေါ်ထွက်ခဲ့ပြီးတော့ 
ယခုတစ်ပတ်မှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်၏ နောက်ဆုံးရာသီသိမ်းပွဲစဉ်နှင့်အတူ 
လာလီဂါထိပ်သီးအသင်းများ၏ လာလီဂါအမှတ်ပေးဖလားနောက်ဆုံးပွဲစဉ်များ နှင့် ဥရောပချန်ပီယံမော်ကွန်းရေးထိုးနိုင်ရေး ပွဲစဉ်များက အားကစားပရိတ်သတ်များအတွက်
ပိုမို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအဖြစ် ဖန်စားနေမည်မှာတော့.....။။။။

မိုးတိမ်
Football Café

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
Read More ...

5/07/2014

မန်ချက်စတာယူနိုက်တက် ကိုလား .. နိုး .. ကျနော် ဘေယန် မှာ ပဲ ကစားနေပါ သေးတယ် ( မူလာ )

Photo: ယူနိုက်တက် ကိုလား .. နိုး .. ကျနော် ဘေယန် 
မှာ ပဲ ကစားနေပါ သေးတယ် ( မူလာ )
------------------------------------------------- 

........ လာမည့် ရာသီ တွင် ကြီးမားသည့် အပြောင်းလဲကြီး ပြု
လုပ်မည်ဟု နာမည်ကြီးနေသည့် မန်ချက်စတာ ယူနိုက်တက် အ
သင်းဧ။် ပစ်မှတ် သောမတ်စ်မူလာ က သူ့ အနေဖြင့် ယူနိုက်တက်
သို့ ပြောင်းရွှေ့ ရန် စိတ်ကူး မရှိကြောင်း နင့် လက်၇ှိ ဘေယန် အ
သင်း အတွက် ကစားပေးနေသလို လာမည့် ရာသီများတွင်လည်း 
ဘေယန်မြူးနစ် အသင်းတွင်သာ ဆက်လက် ကစားမည် ဖြစ်
ကြောင်း ပြောကြားလိုက်သည်ဟု သိရသည်။ 
......... ယခုနစ် ဘောလုံး ရာသီတွင် ဘေယန် အသင်းအတွက် 
ခြေစွမ်းပြ ကာ ဂိုးများစွာ သွင်းယူထားနိုင်သည့် အသက် ၂၄ နစ်
ရှိ ဂျာမန်လက်ေ၇ွးစင် တိုက်စစ်မှူး လေးက ...
......... " ကျနော် အဲဒီ ကောလဟာလ တွေ ကို ဘာတစ်ခုမှ မပြု
လုပ်ခဲ့ဘူး ။ ဒါကြောင့် အဲဒီ ကိစ္စတွေ နဲ့ ပတ်သတ်ပြီး ဝေဖန် တုန့် 
ပြန်ချက်တွေ အများကြီး ပေးမနေချင်ပါဘူး ။ ဒါပေမယ့် ကျနော် အ
သေချာ ပြောနိုင်တာက ကျနော် ဘေယန် ကနေ ထွက်ခွာ မသွား
ဘူး ဆိုတာပါပဲ " ဟု ပြောကြားသွားခဲ့သည်။

#၀ိုင်း

<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>
 
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

မော်ရင်ဟိုဟာ ဘောလုံးလောကရဲ့ အန္တရာယ်ပါ။ (အော်လ်ဆင်)

Photo: မော်ရင်ဟိုဟာ ဘောလုံးလောကရဲ့ အန္တရာယ်ပါ။ (အော်လ်ဆင်)
====================================

ဒိန်းမတ်လက်ရွေးစင် အသင်း နည်းပြချုပ် ဖြစ်သူ မော်တင် အော်လ်ဆင်ဟာ ချယ်ဆီး အသင်းမန်နေဂျာ ဂျို့စ် မော်ရင်ဟို၏ နည်းဗျူဟာများကို ဝေဖန် ပြစ်တင်လိုက်ပြီး အကယ်၍ အသင်းတိုင်းသာ မော်ရင်ဟိုလို နည်းဗျူဟာများ ကျင့်သုံးလာပါက ဘောလုံးပွဲများဟာ ပျင်းရိဖွယ် ကစားပွဲများ ဖြစ်လာမည်ဟု ပြောကြားလိုက်သည်။ 

အော်လ်ဆင်က “ကျနော့်အမြင် ပြောရရင်တော့ မော်ရင်ဟိုဟာ ဘောလုံးလောကရဲ့ အန္တရာယ်တစ်ခုပါ။ တကယ်လို့များ မော်ရင်ဟိုရဲ့ စတိုင်လ်တွေကို အတော်များများက ကူးချကြမယ်ဆိုရင် ဘောလုံးကစားပွဲတွေ သေဆုံးသွားမှာပါ။”

“ဘောလုံးအသင်းတိုင်းဟာ မော်ရင်ဟိုလို ဗျူဟာတွေနဲ့ ကစားနေတယ်ရယ်လို့ ခင်ဗျား စိတ်ကူးကြည့်လိုက်စမ်းပါ။ ဘောလုံးပွဲတွေဟာ ပျင်းရိစရာကောင်းနေမှာ အသေအချာပါပဲ။ ဒီနောက်တော့ ကျနော် ဘောလုံးပွဲတွေကို ကြည့်တော့မှာ မဟုတ်ပါဘူး။”

“ဇာတ်ကားကောင်း တစ်ခုကို ကြည့်ဖို့ပဲ ကျနော်ရွေးချယ်မှာပါ။ ဒါမှ မဟုတ် တောအုပ်ထဲမှာ အေးအေးလူလူ လမ်းလျှောက်နေလိုက်မယ်။”

“ကျနော်သာ အခွင့်အရေး ရခဲ့မယ်ဆိုရင် ချယ်ဆီးအသင်းကို လက်ရှိပုံစံနဲ့ တစ်ခြားစီ ဖြစ်အောင် ကျနော် ပြုလုပ်နိုင်ပါတယ်။ မော်ရင်ဟိုဟာ ခံစစ်ကစားပုံကိုပဲ လုပ်တတ်တဲ့လူပါ။ အသင်းက ပိုက်ဆံတွေ အများကြီး သုံးပြီးတော့ သိပ်ကောင်းတဲ့ကစားသမားတွေကို ခေါ်ထားတာပါ။ ဒုက္ခပဲ။ အဲ့လို ကစားသမားကောင်းတွေ ခေါ်ပြီးမှတော့ သုံးရတော့မှာပေါ့။” ဟု ဝေဖန် ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

မော်တင် အော်လ်ဆင်ဟာ ဒိန်းမတ် လက်ရွေးစင်အသင်းကို ၂၀၀၀ ခုနှစ်မှ စတင် ကိုင်တွယ်ခဲ့ပြီး ၁၄ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ 

#အောင်စိုးမိုး
https://www.facebook.com/footballcafe.mm

အောင်မြင်မှု ကို ငွေကြေး အလုံးအရင်း နဲ့ အချိန်တို အတွင်း ရှာ ဖွေနေသည့် အသင်းများ အတွက် ပထမဆုံး တိုက်ပွဲ လေ လား

Photo: အောင်မြင်မှု ကို ငွေကြေး အလုံးအရင်း နဲ့ အချိန်တို အတွင်း ရှာ
ဖွေနေသည့် အသင်းများ အတွက် ပထမဆုံး တိုက်ပွဲ လေ လား 
------------------------------------------------------------

........ ပြီးခဲ့သည့် ၆ နစ် ကျော်တုန်းက ပရီးမီးယားလိဂ် ဧ။် တတိယ
အဆင့် အသင်းငယ် တစ်သင်း အဖြစ်သာ ရပ်တည်နေခဲ့ပြီး အာရပ်
သူဌေးကြီးများ ပိုင်ဆိုင် လိုက်ကတည်းက ငွေကြေး အလုံးအရင်း နဲ့ 
အချိန်တိုအတွင်း ဥရောပ ဘောလုံး ဇာတ်ခုံ ပေါ်သို့  ပြေးတက်လာ
သည့် မန်ချက်စတာစီးတီး အသင်း သည် ယခုအခါ ဥရောပ ဘော
လုံးအဖွဲ့ ချုပ် ဧ။် အက်ဖ်အက်ဖ်ပီ စည်းမျဉ်း စည်းကမ်း အရ ပထမ
ဆုံး အရေးယူခံရသည့် အသင်းများထဲတွင် ပါဝင်လာတော့မည် ဟု
သိရသည်။
....... ယူအီးအက်ဖ်အေဧ။် FFP စည်းမျဉ်း အရ ဥရောပ ချန်ပီယံလိဂ်
 ပြိုင်ပွဲကြီး အား ၀င်ရောက်ယှဉ်ပြိုင်သော အသင်းကြီး တစ်သင်းသည်
နစ်တစ်နစ်ဧ။် ဘောလုံးရာသီ အတွင်း ၀င်ငွေ ထက် ထွက်ငွေ ပိုမို သုံး  စွဲရမည် မဟုတ် ပဲ ဥပမာ အားဖြင့် ချန်ပီယံလိဂ် ၀င် အသင်း အနေဖြင့်  အရှုံးပေါ်ခွင့် မရှိသောကြောင့် ၃ နစ်ဆက်တိုက် ပေါင် ၅၀
သန်း အထက် ဆိက်တိုက် အရှုံးပေါ်နေသည့် မန်ချက်စတာစီးတီး အ
သင်း အနေဖြင့် အဆိုပါ ဥပဒေ အရ အမှု ရင်ဆိုင်ရတော့မည် ဖြစ်
ကြောင်း သိရသည်။ 
........ ကနဦး အက်ဖ်အက်ဖ်ပီ ဧ။် စည်းမျဥ်းများတွင် ချန်ပီယံလိဂ် ၀င်
ကစားသည့် အသင်း အနေဖြင့် အဆိုပါ စည်းမျဉ်း နင့် ငြိစွန်း ခဲ့လျှင်
ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည် ဟူသော ပြင်းထန် သည့် အ
ချက်များ ပါရှိနေသော်လည်း မန်ချက်စတာစီးတီး အသင်းမှ ဥရောပ
ဘောလုံး အဖွဲ့ ချုပ် အား အသနားခံစာ တင်ပြီး ဥပဒေကြောင်း အရ
အယူခံ ၀င်နိုင်သော်လည်း မန်စီးတီး အနေဖြင့် အဆိုပါ စည်းမျဉ်း ဧ။်
ဥပေဒေ သတ်မှတ်ချက်ကို တော့ ခံရတော့မည် ဖြစ်သည်။ 
........ ဒေလီစပေါ့ ဧ။် ဖော်ပြချက် အရ ဥရောပ ဘောလုံး အဖွဲ့ ချုပ် အ
နေဖြင့် မန်ချက်စတာစီးတီး အသင်း အား ကနဦး ပြစ်ဒါဏ် အဖြစ်
ဒါဏ်ငွေ ပေါင် သန်း ၅၀ အပြင် လာမည့် နစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ၌
ကစားသမား ၂၅ ယောက် ရွေးချယ် ခေါ်ဆောင် ရမည့် နေရာတွင်
ကစားသမား ၂၁ ဦးသာ ပါဝင် ရွေးချယ်ကစား ရတော့မည် ဟု ဖော်
ပြထားသဖြင့် ပြင်းထန်လှသည့် ပြိုင်ပွဲကြီး တစ်ခုအတွက် အလွန် အ
ထိနာ သော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သည်။
......... ၄င်း အက်ဖ်အက်ဖ်ပီ စည်းမျဉ်း အရ အရေးယူခံရနိုင်သည့် 
ဥရောပ အသင်း များထဲ တွင် မန်ချက်စတာစီးတီး နည်းတူ ပြင်သစ်
လိဂ် မှ ပီအက်စ်ဂျီ အသင်း လည်း ပါဝင် နေကြောင်း သိရသည်။

#၀ိုင်း

....... ပြီးခဲ့သည့် ၆ နစ် ကျော်တုန်းက ပရီးမီးယားလိဂ် ဧ။် တတိယ

ဒီယေဂိုကော်စတာ အပြင် PSG တိုက်စစ်မှူး လာဗက်ဇီ အားလည်း ခေါ်ယူဖွယ်ရှိနေသည့် ချဲလ်ဆီး

Photo: ဒီယေဂိုကော်စတာ အပြင် PSG တိုက်စစ်မှူး လာဗက်ဇီ အားလည်း ခေါ်ယူဖွယ်ရှိနေသည့် ချဲလ်ဆီး
-----------------------
ချဲလ်ဆီးအသင်းသည် လာမည့်ရာသီတွင် သူ၏ ရှေ့တန်းကို မလွှဲမသွေ ပြုပြင်တော့မည် ဖြစ်ရာ အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာ အပြင် PSG တိုက်စစ်မှူး လာဗက်ဇီ ကိုပါ မျက်စိကျနေသည့် အကြောင်း သတင်းများက ဖေါ်ပြထားသည်။ ထို့အတူ အသင်းအား ၀ိတ်လျော့ရန် ကြိုးစားနေသည့် PSG အသင်းကလည်း လာဗက်ဇီ,၏ အပြောင်းအရွေ့ကို လက်ခံစဉ်းစား ရန်ရှိနေသည်။

နာပိုလီအသင်းမှ 2012က PSG သို့ရောက်ရှိလာခဲ့သူ အာဂျင်တိုင်းသား လာဗက်ဇီ သည် ယခုနှစ်ရာသီအတွက် (11)ဂိုး သွင်းပေးထား နိုင်ခဲ့သလို ချဲလ်ဆီးနှင့် တွေ့စုံခဲ့သည့် ကွာတားဖိုင်နယ်တွင် ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးလည်း သွင်းယူနိုင်ခဲ့ခြင်းက သူ့အား အပြာရောင် အသင်းက မျက်စိကျလာစေခဲ့သည်။

မော်ရင်ဟိုသည် လာမည့်နှစ်အတွက် အသင်းအား လူငယ်တိုက်စစ်မှူးဖြင့် ဖြည့်တင်းလိုဟန် ရှိနေခဲ့သော်လည်း ယခုကဲ့သို လာဗက်ဇီ နှင့် သတင်းထွက် လာခဲ့ခြင်းက စိတ်ဝင်စားဖွယ်လည်း ဖြစ်ခဲ့သည်။ 

#မောရစ်
https://www.facebook.com/footballcafe.mm

ချဲလ်ဆီးအသင်းသည် လာမည့်ရာသီတွင် သူ၏ ရှေ့တန်းကို မလွှဲမသွေ ပြုပြင်တော့မည် ဖြစ်ရာ အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာ အပြင် PSG တိုက်စစ်မှူး လာဗက်ဇီ ကိုပါ မျက်စိကျနေသည့် အကြောင်း သတင်းများက ဖေါ်ပြထားသည်။ ထို့အတူ အသင်းအား ၀ိတ်လျော့ရန် ကြိုးစားနေသည့် PSG အသင်းကလည်း လာဗက်ဇီ,၏ အပြောင်းအရွေ့ကို လက်ခံစဉ်းစား ရန်ရှိနေသည်။

နာပိုလီအသင်းမှ 2012က PSG သို့ရောက်ရှိလာခဲ့သူ အာဂျင်တိုင်းသား လာဗက်ဇီ သည် ယခုနှစ်ရာသီအတွက် (11)ဂိုး သွင်းပေးထား နိုင်ခဲ့သလို ချဲလ်ဆီးနှင့် တွေ့စုံခဲ့သည့် ကွာတားဖိုင်နယ်တွင် ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးလည်း သွင်းယူနိုင်ခဲ့ခြင်းက သူ့အား အပြာရောင် အသင်းက မျက်စိကျလာစေခဲ့သည်။

မော်ရင်ဟိုသည် လာမည့်နှစ်အတွက် အသင်းအား လူငယ်တိုက်စစ်မှူးဖြင့် ဖြည့်တင်းလိုဟန် ရှိနေခဲ့သော်လည်း ယခုကဲ့သို လာဗက်ဇီ နှင့် သတင်းထွက် လာခဲ့ခြင်းက စိတ်ဝင်စားဖွယ်လည်း ဖြစ်ခဲ့သည်။

#မောရစ်
https://www.facebook.com/footballcafe.mm

<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>
 
Read More ...

ဖာဘရီဂတ်အား ရရှိရန် မန်ချက်စတာယူနိုက်တက် ကြိုးစားဦးမည်

Photo: ဖာဘရီဂတ်အား ရရှိရန် မန်ချက်စတာယူနိုက်တက် ကြိုးစားဦးမည်
--------------------------------------
မန်ချက်စတာယူနိုက်တက်သည် ပြီးခဲ့သည့် ရာသီအဖွင့်က ခေါ်ယူရန် မအောင်မြင်ခဲ့သည့် ဘာစီလိုနာ၏ ဖာဘရီဂတ်အား နောက်တကြိမ် ကြိုးစားဦးမည် ဖြစ်သည်။ မန်ယူနည်းပြ ရာထူးကို ဆက်ခံမည့် ဗန်ဂေါလ်,သည် ပေါင်သန်း (200) သုံးစွဲခွင့် ရှိနေသည်။

ဒေးဗစ်မိုရက်စ်,၏ ကမ်းလှမ်းမှု့ကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည့် ဖာဘရီဂတ်,၏ ယခုနှစ် ဘာစီလိုနာ ဘောလုံးရာသီသည် ထင်တိုင်း မပေါက်ခဲ့သလို နူးကမ်း ပရိတ်သတ်များ ကြောင့်စိတ်အနှောင့် အယှက်ဖြစ်နေဟန် ရှိသည်ဟု သတင်းများက ရေးသားထားသည်။ 

ရွေးလျားနေသည့် ဘောလုံးဈေးကွက်များနှင့်အတူ ဖာဘရီဂတ်၏ တန်ကြေးမှာလည်း မြင့်တက်လျှက်ရှိနေပြီး မန်ချက်စတာယူနိုက်တက် အနေဖြင့် ပေါင်(45)သန်းခန့် သုံးစွဲရရန် ရှိနေသလို သူ၏ လစာငွေအတွက် တပါတ်လုပ်ခ ပေါင်(2)သိန်း ပေးချေရမည်ဖြစ်သည်။ 

ထို့အပြင် မန်ချက်စတာယူနိုက်တက်သည် ရီးရလ်မတ်ဒရစ်၏ ဘယ်နောက်ခံလူ ကွန်ထရာအို ကိုပါ ချိန်ဆက်လျှက်ရှိနေသည်ဟု သတင်းများက ဆက်လက်ဖေါ်ပြထားသည်။ 

#မောရစ်
https://www.facebook.com/footballcafe.mm

မန်ချက်စတာယူနိုက်တက်သည် ပြီးခဲ့သည့် ရာသီအဖွင့်က ခေါ်ယူရန် မအောင်မြင်ခဲ့သည့် ဘာစီလိုနာ၏ ဖာဘရီဂတ်အား နောက်တကြိမ် ကြိုးစားဦးမည် ဖြစ်သည်။ မန်ယူနည်းပြ ရာထူးကို ဆက်ခံမည့် ဗန်ဂေါလ်,သည် ပေါင်သန်း (200) သုံးစွဲခွင့် ရှိနေသည်။

ဒေးဗစ်မိုရက်စ်,၏ ကမ်းလှမ်းမှု့ကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည့် ဖာဘရီဂတ်,၏ ယခုနှစ် ဘာစီလိုနာ ဘောလုံးရာသီသည် ထင်တိုင်း မပေါက်ခဲ့သလို နူးကမ်း ပရိတ်သတ်များ ကြောင့်စိတ်အနှောင့် အယှက်ဖြစ်နေဟန် ရှိသည်ဟု သတင်းများက ရေးသားထားသည်။

ရွေးလျားနေသည့် ဘောလုံးဈေးကွက်များနှင့်အတူ ဖာဘရီဂတ်၏ တန်ကြေးမှာလည်း မြင့်တက်လျှက်ရှိနေပြီး မန်ချက်စတာယူနိုက်တက် အနေဖြင့် ပေါင်(45)သန်းခန့် သုံးစွဲရရန် ရှိနေသလို သူ၏ လစာငွေအတွက် တပါတ်လုပ်ခ ပေါင်(2)သိန်း ပေးချေရမည်ဖြစ်သည်။

ထို့အပြင် မန်ချက်စတာယူနိုက်တက်သည် ရီးရလ်မတ်ဒရစ်၏ ဘယ်နောက်ခံလူ ကွန်ထရာအို ကိုပါ ချိန်ဆက်လျှက်ရှိနေသည်ဟု သတင်းများက ဆက်လက်ဖေါ်ပြထားသည်။

#မောရစ်
https://www.facebook.com/footballcafe.mm

<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>
 
Read More ...

4/30/2014

ရွိုင်ကိန်း ၏ စီရော်နယ်ဒိုအပေါ် ပွဲအပြီး မှတ်ချက်

Photo: ရွိုင်ကိန်း ၏ စီရော်နယ်ဒိုအပေါ် ပွဲအပြီး မှတ်ချက်
=================== ===========
မနေ့က ဆီမီးဖိုင်နယ်ပွဲမှာ တွေ့ရတဲ့ မန်ယူကစားသမားဟောင်း နှစ်ဦး၏ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးစွာ နှုတ်ဆက်နေသည့်
ဓာတ်ပုံ ဖြစ်ပါတယ်။ ရွိုင်ကိန်းက ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ သူရဲ့ စွမ်းဆောင်မှုက ကမ္ဘာ့အကောင်းဆုံးရွေးချယ်ပေးခဲ့မှုတွေအတွက်
 ထိုက်တန်လှတဲ့ စွမ်းဆောင်မှုမျိုးပြသခဲ့ကြောင်းပြောခဲ့သည်။ စီရော်နယ်ဒိုသည် အဆိုပါပွဲစဉ်တွင် ရီးရဲမက်ဒရစ်အသင်းအတွက်
အနိုင်ဂိုး နှစ်ဂိုးရယူပေးခဲ့ပြီး ယခုနှစ်ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့သလို၊ 
သမိုင်းတလျှောက် ချန်ပီယံလိဂ် ရာသီအလိုက်မှာ အများဆုံးဂိုးသွင်းထားမှုအဖြစ် သွင်းဂိုးပေါင်း (၁၆) ဂိုးဖြင့်
စံချိန်တင်ထားနိုင်ခဲ့သည်။ 
ရွိုင်ကိန်းက "ဒီလိုမျိုး အရည်အချင်းရှိတဲ့ ကစားသမားကို ပေါင်သန်း (၈၀)နဲ့ ဆိုတာက သူ့အတွက် ဈေးပေါ့လှပါတယ်" ဆိုပြီး ဆီးမီးပွဲစဉ်ပြီးနောက် 
မန်ယူကနေ ရီးရဲလ်မက်ဒရစ်ကို ရောင်းချခဲ့မှုအပေါ် သုံးသပ်ပြောကြားခဲ့ပါသေးတယ်။
ဂါရတ် ဘေးလ်မှလည်း " ဒါကြောင့်မို့ သူဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်နေရတာပေါ့.သူနဲ့တွဲကစားခွင့်ရတာကို လေးစားဂုဏ်ယူမိတယ်၊
သူ့ဆီကလည်း သင်ယူစရာတွေကို လေ့လာယူနေပါတယ်" ဆိုပြီးပြောခဲ့သည်.။ 

မန်ယူနိုက်တက်အသင်းနှင့် စံချိန်တင် စပွန်ဆာ စာချုပ် ချုပ်ဆိုဖို့ နီးစပ်နေသည့် အက်ဒီးဒက်

http://www.designfootball.com/design-galleries/fantasy-football-shirts/orig-manchester-united-2014-15-adidas-kit-16082
ဂျာမန် အားကစားပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် အက်ဒီးဒက်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်း မန်ချက်စတာယူနိုက်တက်အသင်းနှင့် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် တန်ကြေးရှိ စံချိန်တင် စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။

အက်ဒီးဒက်ဟာ ပြိုင်ဖက် အင်အားကြီး ကုမ္ပဏီများ ဖြစ်ကြသည့် နိုက်က်၊ ပူးမား၊ ဝါရီယာ ကုမ္ပဏီများနှင့် အပြိုင် ကမ်းလှမ်းခဲ့ပြီး ယခုကဲ့သို့ ကမ္ဘာ့စံချိန်တင် တန်ကြေးရှိ အင်္ကျီစပွန်ဆာ စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ နီးစပ်လာခြင်း ဖြစ်သည်။

စာချုပ်သက်တမ်းဟာ မည်မျှ သက်တမ်းရှည်ကြာမည်ဟု အတိအကျ မသိရသေးသော်လည်း ၁၀ နှစ်ထက် မပိုသည့် သက်တမ်း ဖြစ်ဖွယ် ရှိသည်။ တန်ကြေး ဒေါ်လာ သန်းတစ်ထောင် (ပေါင် သန်း ၆၀၀ ခန့်) ရှိမည် ဖြစ်သည့်အတွက် လက်ရှိ အခြားကလပ်အသင်းများ၏ စပွန်ဆာ စာချုပ်များထက် ၂ ဆ ကျော် ပိုမိုသည့် တန်ကြေး ဖြစ်လာမည် ဖြစ်သည်။

ရီးရဲမက်ဒရစ်အသင်းဟာ တစ်နှစ် ပေါင် ၃၁ သန်းစာချုပ်ဖြင့် အက်ဒီးဒက် ကုမ္ပဏီနှင့် သဘောတူညီထားပြီး ၂၀၁၂ ခုနှစ်က စတင်ကာ ၂၀၂၀ ခုနှစ်အထိ သဘောတူညီမှု ရရှိထားသည်။ ရီးရဲမက်ဒရစ်အသင်း၏ တစ်နှစ် ၃၁ သန်း စာချုပ်ဟာ ကမ္ဘာ့ အမြင့်မားဆုံး တန်ကြေး တစ်ခု ဖြစ်ပြီး ဒုတိယနေရာမှ ဘာစီလိုနာအသင်းဟာ နိုက်က် ကုမ္ပဏီနှင့် တစ်နှစ် ၂၇ သန်းတန် စာချုပ် ချုပ်ဆိုထားသည်။

ပရီးမီးယားလိဂ် အသင်း အာဆင်နယ်ဟာ ၂၀၁၄ အစောပိုင်းက ပူးမားနှင့် တစ်နှစ် ပေါင် သန်း ၃၀ တန် စာချုပ်တစ်ရပ် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပြီး လာမည့် ဇူလိုင်လ တစ်ရက်နေ့မှာ စတင် အသက်ဝင်မည် ဖြစ်သည်။ လီဗာပူးလ်အသင်းဟာလည်း ဝါရီယာ နှင့် တစ်နှစ် ပေါင် ၂၅ သန်းတန် စာချုပ် ချုပ်ဆိုထားသည်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ တစ်နှစ် ၂၅.၄ သန်းတန်ကြေးဖြင့် နိုက်က် ကုမ္ပဏီနှင့် လက်တွဲနေခြင်း ဖြစ်ပြီး ၂၀၀၂ ခုနှစ်နှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။