Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

11/14/2016

ဘ၀အတွက် စည်းကမ်း (၇) ချက် (ဗဟုသုတ)

၁) မိမိရဲ့ အတိတ်ကို လက်ခံပြီး ပစ္စုပ္ပန်တွင် အောင်မြင်မှုများကို ရှာဖွေပါ။

၂) အများရဲ့ အထင်အမြင်တွေက သင့်ရဲ့ အောင်မြင်မှုအတွက် ထင်သလောက် အရေးမပါ, ပါဘူး။

၃) အချိန်က အရာအားလုံးကို ကုစားနိုင်ပါတယ်။ စိတ်ရှည်ပါ၊ အချိန်ပေးပါ။

၎) ကိုယ်ကလွဲလို့ အခြားတစ်ယောက်ရဲ့ ဘ၀ကို မဝေဖန်မိပါစေနဲ့၊ အကြောင်းက သူတို့ ဖြတ်သန်းလာရတဲ့ ဘ၀အခြေအနေကို မသိနိုင်လို့ပဲ။


၅) အရမ်းမစဉ်းစားပါနဲ့၊ အဖြေကို မသိတာ သင့်အတွက် အရှုံးမဟုတ်ပါဘူး၊ တစ်ခါတစ်လေ တချို့ အဖြေတွေက ကိုယ်မမျှော့်လင့်တဲ့အချိန်မျိုးမှာမှ လာတတ်တာမျိုးပါ။

၆) ကိုယ့်ပျော်ရွှင်မှုအတွက် တာဝန်အရှိဆုံးလူက ကိုယ်ပါပဲ။

၇) ပြုံးလိုက်ပါ၊ ဒီကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာက ကိုယ် တစ်ယောက်တည်းရဲ့ ပြဿနာတွေ
မဟုတ်ပါဘူး။

ref - Download Wun Zinn







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

အမျိုးသမီးတိုင်း မှီဝဲသင့်သည့် အဟာရဓာတ် (၁၀) မျိုး

၁ . ဖောလစ်အက်ဆစ်
အိမ်ထောင်သည် အမျိုးသမီးများ စားသုံးသင့်သည်။ သားသည်မိခင်တို့ လိုအပ်ဆုံး အဟာရဓာတ်ဖြစ်သည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ထောပတ်သီးတို့မှာ ဖောလစ်အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။

၂. သံဓာတ်
ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် စားသုံးသင့်၊ သံဓာတ် မလုံလောက်ပါက မောပန်းခြင်း၊ အိပ်မပျော်ဖြစ်ခြင်းနဲ့ အာရုံစူးစိုက်မှုလျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ပန်းမုန်လာ၊ ပဲကြီးစေ့နဲ့ အမဲသားတို့မှာ ပါဝင်ပါတယ်။

၃. ကယ်စီယမ်
အရိုးအဆစ်များကို သန်မာစေခြင်း၊ နွားနို့၊ ချိစ်နှင့် အနက်ရောင်ပဲတောင့်ရှည်များ၊ ကိုက်လန်တို့တွင် ကယ်စီယမ်ဓာတ်များ ပေါများစွာ ပါဝင်သည်

၎. ဗီတာမင်-ဒီ
လူတိုင်းတွင် လိုအပ်သည့် အာဟာရဓာတ်ဖြစ်သည်။ လူအများစုသည် ဗီတာမင်-ဒီကို နေ မှရသည်။ စိတ်ရွှင်စေခြင်းနှင့် သားမြတ်ကျန်းမာရေး တို့ကို ဖြစ်ပေါ်စေသည်။


၅. မက်ဂနီဆီယမ်
အာရုံကြောများ အာဟာရပြည့်ဝစေခြင်း၊ ကြွက်သားနှင့် အရိုးအဆစ်များအား သန်မာစေခြင်းတို့အတွက် လိုအပ်ပါသည်။ အဆုပ်မှာ ဖြစ်ပေါ်စေတဲ့ ရောဂါတွေကို သက်သာစေပါတယ်။ သွေးဖိအားကို ပုံမှန်ဖြစ်စေတယ်။ မက်ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ရွှေဖရုံသီးစေ့၊ ရုံးပတေသီး၊ ဟင်းနုနွယ်နဲ့ မက်မန်းပင်မျိုးဝင်အပင်မျိုးများတို့ ဖြစ်ပါတယ်။

၆. ဗီတာမင်-အီး
အဆီနဲ့ အခွံမာသီးများ၊ အစေ့များမှ ထုတ်လုပ်တဲ့ အဆီအစားအစာများတွင် ပါဝင်တာ များပါတယ်။ စွမ်းအားမြင့် Anti-oxidant ဖြစ်ပြီးတော့ အောက်ဆီဂျင် Level မညီမျှတာတွေကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားကို တိုးပွားစေပြီးတော့ မျက်လုံးနဲ့ အရေပြားအတွက် အထူးလိုအပ်ပါတယ်။ အသက် (၁၅) နှစ်ထက် မိန်းကလေးတိုင်း ဗီတာမင်-အီး 15mg ပမာဏ စားသုံးဖို့ လိုအပ်ပါတယ်။ နေကြာစေ့၊ ဆလပ်ရွက်နဲ့ အသားညှပ်ပေါင်မုန့်မျိုးတွေ စားသုံးဖို့ လိုအပ်ပါတယ်။

၇. အိုမီဂါ-၃ ဖက်တီအက်ဆစ်
အမျိုးသမီးတိုင်း လိုအပ်တဲ့ အက်ဆစ်ဓာတ်ဖြစ်ပါတယ်။ သွေးဖိအားကိုလျော့ကျစေခြင်း၊ အမျိုးသမီးများ အသားအရေ ဖူးရောင်နီမြန်းခြင်းမြောက်များစွာသော နာတာရှည်ရောဂါများကို
သက်သာပျောက်ကင်းစေပါသည်။ Omega-3 fatty acid ပေါကြွယ်ဝတဲ့အစားအစာများကတော့ ဆော်လမွန်ငါး၊ အဖြူရောင်မဟုတ်တဲ့ တူနာငါး၊ ငါးသလောက်နဲ့ ငါးသေတ္တာတို့ ဖြစ်ပါတယ်။ တစ်နေ့ကို 1.1g ပမာဏ စားသုံးသင့်ပါတယ်။

၈. ပိုတက်စီယမ်
အမျိုးသမီးတိုင်းတွက်သာမက အမျိုးသားတွေအတွက်ပါ လိုအပ်တဲ့ ဒီပိုတက်စီယမ်ဟာ အာရုံကြောတွေကို နိုးကြားစေတယ်၊ ကြွက်သားတွေကို ပြောလျော့စေပြီး ခန္ဓာကိုယ်တွင်း အရည်ဓာတ်ကို ထိန်းညှိပေးပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အရိုးအဆစ်တွေ သန်မာစေပါတယ်။ အသားတွေ၊ ကြက်နဲ့ ငါးကြီးဆီထုတ်ယူနိုင်သာငါးအပြင်၊ ဆလပ်ရွက်၊ အာလူး၊ ဟင်းနုနွယ်နဲ့ ပန်းမုန်လာမျိုးတွေမှာ ပိုတက်စီယမ်ဓာတ် ပါဝင်ပါတယ်။

၉. ဗီတာမင်-စီ
ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် လိုအပ်ပါတယ်။ ဆဲလ်တွေသေကြေပျက်စီးတာကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ Anti-Oxidant ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အရေပြား၊ ကြွက်သားနဲ့ အခြားသော လိုအပ်သော တစ်ရှုးလ်များပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ တစ်နေ့ကို 75mg စားသုံးသင့်ပြီး ငရုတ်ချိုသီး၊ လိမ္မော်သီး၊ ကီဝီ၊ စတော်ဘယ်ရီနဲ့ သခွားမွှေးသီးတို့ဟာ ဗီတာမင်-စီဓာတ် တွေ ပါဝင်ပါတယ်။

၁၀. အမျှင်ဓာတ်
အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေကာ အခြားအူလမ်းကြောင်းဆိုင်ရာများအတွက် မရှိမဖြစ် ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ 19 နှစ်မှ အသက် 50 ကြားအမျိုးသမီးများ တစ်နေ့ကို 25g စာ အမျှင်ဓာတ် စားသုံးသင့်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တို့ဟာ အမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ ဖြစ်ပါတယ်။ ပုံမှန်စားသုံးခြင်းဟာ ဆီးချို၊သွေးချိအပြင် နှလုံးရောဂါနဲ့ အခြား အူမကြီးကင်ဆာကဲ့သို့သော ကင်ဆာရောဂါများကို မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

ref - Download Wun Zinn







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

11/13/2016

ကလေးများနဲ့ စမတ်ဖုန်းအန္တရာယ်


တစ်နေ့မှာ မိတ်ဆွေတစ်ယောက်က သူ့သမီးလေးအကြောင်းကို ပြောလာ ပါတယ်။ သူ့သမီးလေးက အသက် ၃ နှစ်ပြည့်ခါနီးပေါ့။ ကလေးရဲ့ အကြည့်တစ်မျိုးဖြစ်နေတာကို သတိထားမိလို့ သေချာကြည့်တော့ ကလေး က ညာဘက်မျက်လုံး ခပ်စွေစွေဖြစ်နေတယ်။ ကလေးက မွေးတုန်းက မျက်လုံးကအတည့်ပဲ၊ အခုလည်း အဝေးကိုကြည့်ရင် ဘာမှမဖြစ်ပေမဲ့ အနီးကို ကြည့်တဲ့အခါ ခပ်စွေစွေဖြစ်နေတယ်။ သူလည်း အရမ်းစိတ်ပူသွား တာနဲ့ မေတ္တာဦးမှာ သွားပြပြီး အထပ်ထပ်အခါခါ စစ်ဆေးတော့မှ သိရတာက ကလေးက အနီးကိုကြည့်တဲ့အခါ အာရုံစိုက်မှု အရမ်းများနေတယ်၊ မျက်မှန်တပ်ပြီး သူငယ်အိမ်ကို တည့်ပေးရမယ်၊ အနီးအဝေးကို ပါဝါနဲ့တပ်ရပါမယ်၊ ရေချိုးချိန်နဲ့အိပ်ချိန်ပဲ ချွတ်ပါ၊ ၇ နှစ် ၈နှစ်လောက်အထိတပ်ရင် ပျောက်ကင်းမယ်၊ ဒီလိုသာမဟုတ်ရင် အသက်ကြီးတဲ့အခါ ပတ်ဝန်းကျင်က အရာဝတ္တုတွေ လူတွေကို ရုပ်လုံးကြွမမြင်ပဲ TV ကြည့်သလို အပြားလိုက်ပဲမြင်နိုင်တော့ တာမျိုးဖြစ်နိုင်တယ် လို့ ဆရာဝန်က ပြောပါတယ်။
မွေးကင်းစမှ ၇-၈ နှစ်အထိ ကလေးတွေဟာ အရောင်တွေအပေါ်မှာ အရမ်းစိတ်ဝင်စားတတ်တာကြောင့် ဖျတ်ခနဲဖျတ်ခနဲ အရောင်တွေ မြင်ကွင်းတွေပြောင်းသွားတတ်တဲ့ smart ဖုန်းတွေ၊ Tabelt တွေ၊ computer ၊ TV စတာတွေကို အာရုံအရမ်းစိုက်ပြီး ကြည့်လေ့ရှိကြပါတယ်။ ကလေးတွေရဲ့ အာရုံစိုက်မှုဟာ အရမ်းကိုမြင့်မား တဲ့အတွက် တစ်ခုခုကိုကြည့်ရင် မျက်တောင်မခတ် တမ်းစူးစိုက်ကြည့်တတ်ကြပါတယ်။ အဲဒီအခါမှာ အမြင်အာရုံ ထိခိုက်စေတော့တာပါပဲ။ တချို့ကလေးတွေဆိုရင် နားကြပ်နဲ့ပါ တပ်ပြီး သီချင်းတွေကို ကြည့်ရှုနားထောင် တတ်တာမို့ နုနယ်တဲ့ကလေးတွေမှာ အမြင်အာရုံသာမက အကြားအာရုံပါထိခိုက်နို်င်ပါတယ်။
မြို့ပြနေမိသားစုတွေကို လေ့လာဆန်းစစ်မှုတစ်ခုလုပ်ကြည့်တဲ့အခါ ၁ နှစ်အရွယ်ကလေး ၃ပုံ၁ပုံ ခန့်ဟာ ဖုန်းကိုကိုင်တွယ်သုံးစွဲ တတ်နေကြပါပြီ၊။ အသက် ၂နှစ်အရွယ်တွေကတော့ ဖုန်းခေါ်တာ၊ သီချင်းကြည့်တာ၊ ဂိမ်းအလွယ်လေးတွေ ဆော့တာအထိပါ လုပ်နိုင်နေကြပြီး တစ်ခါသုံးမိရင် နာရီပေါင်းများစွာကြာတဲ့အထိ စွဲစွဲလမ်းလမ်းဖြစ်နေကြပါတယ်။ ကလေးဟာ ဖုန်းကိုစွဲလမ်းသွားပြီး မဆော့ရရင် ဂျီကျငိုယိုတဲ့အထိဖြစ်တတ်ပါတယ်။ ကလေးဖြစ်စေ လူကြီးဖြစ်စေ သေးငယ်တဲ့ screen ပေါ်မှာ အာရုံစိုက်တာများလွန်းရင် ဇက်ကြောတက်၊ ခေါင်းကိုက်ပြီး မျက်စိကိုက် မျက်စိမှုန်တတ်ကြတာပါပဲ။
ဖုန်းကိုအာရုံစိုက်နေသူတစ်ယောက်ယောက်ကို ကြည့်လိုက်ပါ။ ကိုယ်နေဟန်ဟာ ကိုင်းနေပြီးမလှုပ်မယှက်နဲ့ ကျန်းမာတဲ့ပုံစံမျိုး မဟုတ်တာတွေ့ရပါလိမ့်မယ်။ ကလေးတွေဟာ ညောင်းညာ တာ ခေါင်းကိုက်တာကို လူကြီးလိုမပြောတတ်ပေမဲ့ မျက်လုံးကို ခဏခဏ ပုတ်ခတ်ပုတ်ခတ်လုပ်တာ၊ တခုခုကိုကြည့်ရင်းမျက်လုံးက အတွင်းထောင့်ကိုကပ်လာတာတွေဟာ အန္တရာယ် လက္ခဏာတွေပါပဲ။ အခုချိန်မှာ သင့်ကလေးဟာ ဖုန်းကို စွဲစွဲလမ်းလမ်းဖြစ်နေပြီဆိုရင်တော့ ဖုန်းသုံးချိန်နည်းသမျှ နည်းအောင် အာရုံပြောင်းပေးလိုက်ကြပါ၊ မျက်စိအားကောင်းစေတဲ့ မုန်လာဥနီဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည် စတာတွေအပြင် ငါးကြီးဆီပါ တိုက်ကျွေးပြီး ကလေးရဲ့အမြင်အာရုံကို အမြန်ဆုံးထိန်းသိမ်းကာကွယ်ကြပါလို့ အကြံပြုလိုက်ရပါတယ်။
Photo - quibly
Win Pa Pa San @စံဝန်းနီ (ရိုးရာလေး)

အဆင်ပြေပါစေ..







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

11/11/2016

ဖုန်း ဘက်ထရီ သက်တမ်း ရှည်ကြာစေဖို့ မှန်ကန်တဲ့ အားသွင်းနည်းများ

စမတ်ဖုန်း အသုံးပြုသူတိုင်း ရင်ဆိုင်နေရတဲ့ အခက်အခဲ တစ်ခုကတော့ ဖုန်း ဘက်ထရီ သက်တမ်းပဲ ဖြစ်ပါတယ်။ တစ်ခုခုကို စိတ်ဝင်တစား အသုံးပြုနေရင်း ဖုန်း ဘက်ထရီ ကုန်သွားလို့ စိတ်ပျက်နေရမှုတွေကို ဖြေရှင်းဖို့အတွက် ဖုန်းဘက်ထရီရဲ့  အသက် ကို ငဲ့ညှာရပါလိမ့်မယ်။

ဘက်ထရီအားလုံး ရဲ့  အကြောင်းကို ရှင်းလင်းသင်ကြားပေးတဲ့ အင်တာနက် တက္ကသိုလ် တစ်ခုဖြစ်တဲ့ Battery University က ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ခုအရ လူတွေဟာ မှားယွင်းတဲ့ ဘက်ထရီ အားသွင်းနည်းတွေကို အသုံးပြုပြီး ဘက်ထရီရဲ့  အသက်ကို ဖြိုခွင်းနေကြတယ်လို့ ဆိုထားပါတယ်။ လူအများစု သိထားကြတာက ဖုန်းထဲက အက်ပလီကေးရှင်းတွေ ဆက်တိုက် အသုံးမပြုတော့ခြင်းနဲ့ မျက်နှာပြင်တောက်ပမှုတို့ကို ချိန်ညှိုခြင်းတို့က ဖုန်းဘက်ထရီ ရဲ့  အသက်ကို သက်တမ်းရှည်ကြာစေတယ်လို့ ထင်ကြပေမယ့်လည်း ဖုန်းအားသွင်းနည်းတွေကလည်း ထိရောက်မှု ရှိစေနိုင်ပါတယ်။
Battery University က ပြောပြခဲ့တဲ့ သင့် စမတ်ဖုန်းကို အားသွင်းသင့်တဲ့ နည်းလမ်းတွေကတော့ 
- သင့်ဖုန်းဟာ အားပြည့်အောင်သွင်းပြီးနေပြီဆိုရင် အားသွင်းစက်ကနေ ဖယ်ရှားလိုက်ပါ။ အားပြည့်ပြီးသားကို ဆက်ပြီး အားသွင်းနေခြင်းဟာ ဘက်ထရီရဲ့  အသက်ကို ထိခိုက်စေပါတယ်။ 
- နောက်တစ်ခုကတော့ သင့်ဖုန်းကို ၁၀၀ ရာခိုင်နှုန်း အားပြည့်နေအောင် အားမသွင်းထားပါနဲ့။ ဗို့အားမြင့်မားမှုဟာ ဘက်ထရီကို ဖိအားတစ်ခုဖြစ်စေနိုင်တာကြောင့်ပါ။
- ဖုန်းအားသွင်းတဲ့အချိန်မှာ အားသွင်းစက်နဲ့ ဖုန်းတို့ဟာ အပူချိန်လွန်ကဲနေလို့မရပါဘူး။ အပူချိန် ၊ အအေးချိန် တို့လွန်ကဲခြင်းဟာ ဖုန်းဘက်ထရီရဲ့  အားသွင်းနိုင်စွမ်းကို လျော့ကျစေပါတယ်။
- ဖုန်းအားသွင်းချိန်ကို အကြာကြီးမထားပါနဲ့။ တစ်နေကုန် ခဏခဏ သွင်းတာက ပိုကောင်းပါတယ်။ သုတေသီတွေပြောပြခဲ့ဖူးတာက ဖုန်းဘက်ထရီ သက်တမ်း ၁၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတိုင်း အားပြန်သွင်းပေးတာ ဘက်ထရီကို ကြာရှည်ခံစေတယ်လို့ ဆိုခဲ့ဖူးပါတယ်။
ဖုန်းအား ကို ကြာရှည်ခံစေဖို့အခြားလုပ်နိုင်မယ့် အရာတွေကတော့ notification ၊ location ၊ Wi-Fi နဲ့ အလိုလျောက် ဒေါင်းလုဒ် ပြုလုပ်မှုတွေကို ရပ်နားထားဖို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အက်ပလီကေးရှင်းတစ်ခုကို သုံးပြီးတိုင်း Close ပြန်လုပ်ပါ။ ဥပမာ - သင်ဟာ Facebook အက်ပလီကေးရှင်းကနေ Log Out ပြုလုပ်လိုက်ရုံနဲ့ အဲဒီ အက်ပလီကေးရှင်းဟာ ဖုန်းရဲ့  လုပ်ဆောင်ချက်ထဲက မထွက်သွားသေးပါဘူး။ Background မှာ ဆက်ပြီး လုပ်ဆောင်နေပါတယ်။ အဲဒါကြောင့် အက်ပလီကေးရှင်းတစ်ခုကို အသုံးပြုပြီးတိုင်း အပြီးသတ် ပိတ်လိုက်ဖို့ ကြိုးစာ့းပါ။
Ref:starpulse http://www.trend.com.mm/


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org









<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

10/25/2016

ဖုန်းမှန်ပေါ်က အစင်းရာတွေကို လုံးဝဖျောက်ပစ်နိုင်မယ့် နည်းလမ်းငါးသွယ်

ဖုန်းကို အိတ်ကပ်ထဲမှာ သော့တွေနဲ့အတူ ရောထားတာ၊ အမှတ်တမဲ့ ဖုန်းလွတ်ကျတာတွေကြောင့် ဖုန်းမှန် ပေါ်မှာ အစင်းရာတွေ ဖြစ်ပေါ်တတ်ပါတယ်။
ဖုန်းက ဘယ်လောက်ပဲလုပ်ဆောင်ချက်ကောင်းမွန်နိုင်ပါစေ၊ ခြစ်ရာထင်းရာတွေ ပြည့်နှက်နေတဲ့အခါ၊ သုံးရတာ စိတ်ချမ်းသာမှုမရှိသလို၊ ဘယ်လောက်ပဲဒီဇိုင်းလှတဲ့ဖုန်းဖြစ်ဖြစ်၊ အစွန်းအထင်းတွေနဲ့ဆို ရုပ်ဆိုးသွားတတ်ပါတယ်။
ဒါဆို ဖုန်းပေါ်က အစင်းရာတွေကို ဘယ်လိုဖျောက်ပစ်မလဲ။ ဟုတ်ကဲ့၊ ဖုန်းပေါ်က အစွန်းအထင်းတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံးဖျောက်ပစ်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ပထမဦးဆုံး သတိထားရမှာက၊ ဖုန်းကို အရင်ဆုံးပါဝါပိတ်၊ ဘက်ထရီထုတ်ကာ၊ စပီကာအပေါက်တွေကို တိပ်နဲ့လုံအောင်ပိတ်ပြီးမှ လုပ်တာက ဖုန်းထဲကို အရည်မ၀င်နိုင်တော့ဘဲ ပိုမိုစိတ်ချရမှုရှိပါတယ်။
၁။ သွားတိုက်ဆေး
အစွန်းအထင်းတွေပြည့်နေတဲ့ ကိုယ့်ဖုန်းလေးကိုကြည့်ပြီး စိတ်ညစ်နေရသလား။ သင့်ဝေဒနာကို ကုသပေးမယ့် ဆေးက သင့်ရေချိုးခန်းထဲမှာတင် ရှိပါတယ်။ အသုံးပြုနည်းကတော့
  • သွားတိုက်ဆေးအနည်းငယ်ကို သန့်ရှင်းတဲ့အ၀တ်စ (သို့) ဂွမ်းစနဲ့ ယူပါ။ (ဂျယ်ပါဝင်တဲ့သွားတိုက်ဆေး မဟုတ်ဘဲ၊ သာမန်သွားတိုက်ဆေးဖြစ်ရပါမယ်။)
  • အစင်းရာထင်နေတဲ့မှန်တစ်ဝိုက်မှာ၊ စက်ဝိုင်းပုံစံလမ်းကြောင်းအတိုင်း အစင်းရာတွေပျောက်သွားတဲ့အထိ ဖြည်းညှင်းစွာပွတ်ပေးပါ။
  • ထို့နောက်၊ ရေမဆိုစလောက်လေး စွတ်ထားတဲ့အ၀တ်စတစ်ခုနဲ့ သွားတိုက်ဆေးပွတ်ထားတဲ့ မှန်နေရာကို ပြောင်သွားအောင်ပွတ်ပေးလိုက်ရင်၊ ဖုန်းမှန်ပေါ်က အစင်းရာတွေ မျက်လှည့်ပြသလို ပျောက်သွားမှာပါ။
how-to-remove-scratches-from-your-phone
၂။ မုန့်ဖုတ်ဆိုဒါ (Baking Soda)
  • ခွက်သေးတစ်ခွက်ထဲမှာ မုန့်ဖုတ်ဆိုဒါ နှစ်ဆ၊ ရေတစ်ဆကို ထည့်ပါ။
  • ထူပျစ်လာတဲ့အထိ မွှေပေးပါ။
  • မွှေလို့ရလာတဲ့ မုန့်ဖုတ်ဆိုဒါအနှစ်ကို အ၀တ်သန့်တစ်ခုနဲ့ ယူပြီး၊ အစင်းရာရှိတဲ့ ဖုန်းမှန်ပေါ်မှာ စက်ဝိုင်းပုံစံလမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာပွတ်ပေးပါ။
  • ထို့နောက်၊ ရေအနည်းငယ်စွတ်ထားတဲ့အ၀တ်သန့်တစ်ခုနဲ့ ဖုန်းမှန်ကို သန့်ရှင်းပေးလိုက်ရင် အစင်းရာတွေ ပျောက်သွားတာကို တွေ့မြင်ရပါမယ်။
bakingsoda
၃။ ဘေဘီပေါင်ဒါ
သားသားမီးမီးတို့အတွက် သုံးတဲ့ပေါင်ဒါကိုလည်း အထက်ပါ Baking soda နည်းအတိုင်း ပြုလုပ်ပြီး ဖုန်းမှန်ပေါ်က အစွန်းအထင်းတွေကို ဖျောက်နိုင်ပါတယ်။babypowder
၎။ ဟင်းသီးဟင်းရွက်ဆီ
ဟင်းသီးဟင်းရွက်ဆီကတော့ ခဏတာပဲ ဖုန်းပေါ်က ခြစ်ရာ၊အစင်းရာတွေကို ဖျောက်ပေးနိုင်ပါတယ်။ တစ်စက်၊ နှစ်စက်လောက်ပဲ ဖုန်းမှန်ပေါ်ချပေးပြီး၊ အ၀တ်သန့်နဲ့ စက်ဝိုင်းပုံလမ်းကြောင်းအတိုင်း ပွတ်တိုက်ပေးပါ။
၅။ Brasso ,Silvo စတဲ့ သတ္တုအရောင်တင်ဆေး
ဒီနည်းလမ်းကတော့ နည်းနည်းသတိထားလုပ်ရပါမယ်။ Brasso တို့ Silvo တို့လို သတ္တုကြေးချွတ်၊ အရောင်တင်ဆေးနဲ့ ခြစ်ရာဖျောက်တဲ့အခါ၊ တခါတလေ ဖုန်းမှန်ကိုအပေါ်ကအုပ်ထားတဲ့ အလွှာကို ပျက်စီးစေပြီး၊ ပိုကြီးတဲ့ အစင်းရာတွေထင်နိုင်ပါတယ်။ ( မိမိဆန္ဒအလျောက်လုပ်လိုက လုပ်နိုင်ပါတယ်)
  • ခွက်သေးတစ်ခုထဲ သတ္တုကြေးချွတ်ဆေးကို လောင်းထည့်ပါ။ ခွက်အောက်မှာ အ၀တ်ဟောင်းတစ်ခု ခံထားပေးရင်၊ အောက်ကိုအစွန်းအထင်းတွေ ပေမှာမဟုတ်တော့ပါဘူး။
  • နူးညံ့သန့်ရှင်းတဲ့အ၀တ်စတစ်ခုကို ခွက်ထဲ အနည်းငယ်နှစ်လိုက်ပါ။
  • ဖုန်းမှန်ပေါ်က အစင်းရာ အထက်နဲ့အောက်ကို စက်ဝိုင်းပုံစံလမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာ ပွတ်ပေးပါ။
  • ထို့နောက်၊ ခြောက်သွေ့တဲ့အ၀တ်စတစ်ခုနဲ့ သင့်ဖုန်းမှန်ကို ပွတ်ပေးလိုက်ရင်၊ မှန်ပေါ်က အစင်းရာတွေ ပျောက်ကွယ်သွားတာကို တွေ့မြင်နိုင်ပါတယ်။ (ဒီနည်းလမ်းဟာ အန္တရာယ်အနည်းငယ်ရှိတာကြောင့်၊ လွှဲမရှောင်သာတဲ့အခြေအနေမျိုးမှာမှ သုံးဖို့အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ စမ်းသပ်ကြည့်သလောက်၊ သွားတိုက်ဆေးနဲ့ ဖျက်တာကိုက တော်တော်အလုပ်ဖြစ်တာကို တွေ့ရပါတယ်။

Ref: Mashable
http://digitaltimes.com.mm/
အဆင်ပြေပါစေ..




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

10/07/2016

မှတ်ဉာဏ်တွေ မဆုံးရှုံးစေဖို့...(ဗဟုသုတ)

ဒီတစ်ခါတော့ အိုမင်းလာတဲ့ အသက်အရွယ်နဲ့အတူ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေကို ဘယ်လို အချိန်ကြာကြာ ထိန်းထားနိုင်မလည်း ဆိုတာ လေ့လာကြည့်ရအောင်။

(၁) ပုံမှန်စားသုံးပါ။
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ ၂-၃% ပမာဏမျှသာ ရှိပေမယ့် ခန္ဓာကိုယ်က ထွက်တဲ့ စွမ်းအင်ရဲ့ ၂၀% ပမာဏကို သူ့အတွက် သုံးစွဲပေးရပါတယ်။ ဒါကြောင့် "အစာမရှိတဲ့ ဦးနှောက်ဟာ ဗလာ" ဆိုတဲ့ အတိုင်း ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အစာအာဟာရကို မှန်မှန်စားသုံးပေးသင့်ပါတယ်။

(၂) စူပါ အစားအစာများ
ဟင်းနုနွယ်၊ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေကို စူပါ အစားစာများလို့ ခေါ်ပါတယ်။ အကြောင်းက သူတို့ဟာ ဦးနှောက်ရဲ့ စွမ်းအင်ကို မြှင့်တင်ပေးလို့ပါပဲ။ ဒါကြောင့် များများစားသုံးပေးသင့်ပါတယ်။

(၃) Hot Beverage
လက်ဖက်ရည်နဲ့ ကော်ဖီတို့ဟာ ဦးနှောက်ကို လှုံ့ဆော်တဲ့နေရာမှာ အင်မတန် ကောင်းပါတယ်။ ဦးနှောက်ကို လှုံ့ဆော်နိုင်တဲ့အတွက် မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၄) အရက်မသောက်ရ။
အရက်ဆိုတာ ဦးနှောက်အတွင်း အာရုံကြောဆဲလ်ပေါင်းများစွာကို ပျက်စီးစေတဲ့အတွက် မသောက်သုံးသင့်ပါဘူး။

(၅) ဗီတာမင် များများစား
ဖြည့်စွက်စာများကို စနစ်တကျ စားသုံးပေးရပါမယ်။ ဖောလစ် အက်ဆစ်ဓာတ်လို မှတ်ဉာဏ်အတွက် အထောက်အကူ ပြုပေးနိုင်တဲ့ ဗီတာမင်ဓာတ်များများ စားပေးရပါမယ်။

(၆) သောကကင်းဝေးစွာ နေထိုင်ပါ။
တရားထိုင်ခြင်း၊ တရားဓမ္မအကြောင်း တွေးတောနေခြင်း၊ ဆွေးနွေးနေခြင်း ကလည်း စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်တည်ငြိမ် အေးချမ်းတဲ့အခါ မှတ်ဉာဏ်က ကြည်လင်ပြတ်သားနေပါလိမ့်မယ်။

(၇) ဂိမ်းများများကစား
Sudoku နဲ့ စကားလုံး ပဟေဠိဝှက်တဲ့ ဂိမ်း စတဲ့ mental games တွေ ဆော့ကစားခြင်းကလည်း ဦးနှောက် မှတ်ဉာဏ်ကောင်းစေဖို့ အထောက်အကူ ပြုစေနိုင်ပါတယ်။

(၈) လေ့ကျင့်ခန်းများများလုပ်ပါ။
လူ့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ အဲ့ထဲကမှ တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါ။ မနက်စောစော လမ်းထလျှောက်ခြင်း၊ ပြေးခြင်းစတဲ့ အားကစားမျိုးက ဦးနှောက်မှတ်ဉာဏ်ကောင်းစေဖို့ သက်ရောက်မှု ရှိပါတယ်။

(၉) ပုံမှန်အိပ်ပါ။
အိပ်ချင် မှန်မှန်နဲ့ ပုံမှန်အချိန်အတိုင်း အိပ်စက်ခြင်းကလည်း သင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်ကို မထိခိုက်စေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

Ref : Healthdigezt,WunZinn






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

10/06/2016

Steve Jobs ၏ မှတ်သားဖွယ်ရာ အဆိုအမိန့်များ

ပထမဆုံးအနေနဲ့ Steve ဟာ တစ်နေ့တည်းနဲ့ အောင်မြင်လာသူ မဟုတ်ဘူး ဆိုတာပါပဲ။

အခု မိတ်ဆွေရဲ့ iPhone တွေ၊ iPad တွေ၊ Mac book တွေကို ခဏ ဘေးချထားပြီး Steve Jobs တစ်ယောက် Apple ကို ဘယ်လို အောင်မြင်အောင် ပုံသွင်းကြိုးစားခဲ့တယ်ဆိုတာ ခဏလောက် စဉ်းစားကြည့်ရအောင်။

Steve ဟာ သူ့ကိုယ်သူ မညှာတာတဲ့ လူတစ်ယောက်၊ အလုပ်နဲ့ ပတ်သက်လာရင် သူ့ခံယူချက်တွေက ပြတ်သားနေတတ်တယ်။ သူဟာ စည်းမျဉ်းစည်းကမ်းတွေကြားမှာ ခိုင်မြဲတဲ့ ကတိတွေ၊ ကြိုးစားအားထုတ်မှု တွေနဲ့ သူ့ကိုယ်သူ ချည်နှောင်ထားတဲ့ လူတစ်ယောက်ပဲ။ သူ့ကို အောင်မြင်သူ တစ်ယောက် ဖြစ်စေခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူအတော်များများ ကိုလည်း သူ ပြောပြခဲ့တယ်။ သူ့ခံယူချက်တွေ၊ သူ့ ယုံကြည်ချက်တွေ... ဒါဖြင့် အခု ဒီမှာ Steve ကို အောင်မြင်စေတဲ့ သူ့ရဲ့ စည်းမျဉ်းအချို့ကို ကြည့်ကြည့်ရအောင်..။

"ကျွန်တော့်ဘ၀ရဲ့ အနှစ်ခြိုက်ဆုံးအရာအတွက် ပိုက်ဆံပေးဖို့ မလိုခဲ့ဘူး၊ တကယ်တော့ ကျွန်တော်တို့ အားလုံးမှာရှိတဲ့ တန်ဖိုးအရှိဆုံးအရာဟာ အချိန် ဆိုတာ သိသာထင်ရှားပါတယ်"

"ခင်ဗျားဘ၀တစ်လျှောက်လုံးရဲ့ အစိတ်အပိုင်း အတော်များများမှာ အလုပ်တွေနဲ့ ပြည့်နှက်နေမှာပါ။ ဒီလို ပြည့်နှက်နေတဲ့ အလုပ်တွေမှာ ပျော်ရွှင်ဖို့တစ်ခုတည်းသော အကြောင်းအရာက ခင်ဗျားလုပ်နေတဲ့ အလုပ်ဟာ ကြီးကျယ်ခမ်းနားတဲ့အလုပ်လို့ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်ဖို့လိုတယ်။ ဒီလို ယုံကြည်ဖို့ဆိုတာလည်း ခင်ဗျား အလုပ်ကို ခင်ဗျား ချစ်နေမှ ရမယ်။ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို ရှာဖွေပါ၊ မရပ်နားပါနဲ့။ နှလုံးသားနဲ့ အလိုအလျှောက် သိမြင်နိုင်တဲ့ ဆဋ္ဌမအာရုံအရ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို မြင်တာနဲ့ ခင်ဗျား တန်းသိပါလိမ့်မယ်"

"ခင်ဗျားရဲ့ နှလုံးသားရဲ့ ယုံကြည်မှုနောက်ကို လိုက်ဖို့ သတ္တိရှိပါ။ သူတို့ဟာ ခင်ဗျား ဘာဖြစ်ချင်တယ်ဆိုတာ တစ်နည်းနည်းနဲ့ သိနှင့်ပြီးသား ဖြစ်လို့ပါ"

"ခင်ဗျားဟာ တစ်စုံတစ်ခုကို လုပ်လိုက်လို့ အဲ့ဒါလေးကလည်း အလုပ်ဖြစ်နေပြီဆိုရင် ခင်ဗျားနောက်ထပ်တစ်ခုကို ဆက်လက် လုပ်ဆောင်သင့်တယ်။ ပြီးခဲ့တဲ့အလုပ်အတွက်ပဲ ပျော်မနေသင့်ဘူး"

"တစ်ခုခုကို တီထွင်ဖန်တီးတဲ့အခါ ခင်ဗျား အမှားလုပ်မိလိမ့်မယ်၊ အမှားကို မြန်မြန်ဝန်ခံပြီး အခြား တီထွင် ဖန်တီးမှုတွေကို ဆက်လက် လုပ်ဆောင်ခြင်းဖြင့် ခင်ဗျားကိုယ်ခင်ဗျား ရှေ့ကို ရောက်နေရမယ်"

"ခင်ဗျားဟာ လက်သမားဆရာတစ်ယောက် ဆိုပါတော့၊ အင်မတန် လှပတဲ့ သစ်သားအံဆွဲဗီဒိုလေးတစ်ခု ခင်ဗျား လုပ်မယ်။ ရှေ့ဖက်မှာတော့ အင်မတန်လှပတဲ့ ပုံစံမျိုးနဲ့၊ ဒါပေမယ့် နံရံဘက်ကပ်နေတဲ့ လူတွေမမြင်နိုင်တဲ့  ဗီဒိုလေးရဲ့ နောက်ကျောဖက်ကိုတော့ ခင်ဗျား အပေါစား ပလက်စတစ်တွေနဲ့ လုပ်မလား၊ လူတွေကတော့ မမြင်နိုင်ဘူး၊ ဒါပေမဲ့ ခင်ဗျားက နောက်ကျောမှာ ဘာရှိတယ်ဆိုတာ သိနေတယ်။ ဒီတော့ အပေါစား ပလက်စတစ်တွေအစား လှပပြီး ကောင်းမွန်တဲ့ သစ်သားနဲ့ ဗီဒိုလေးရဲ့ နောက်ကျောကို ခင်ဗျား မွမ်းမံမှာပဲ။ ဒီလိုပါပဲ၊ ခင်ဗျား ညဖက်တွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ လှပဆန်းကြယ်မှုတွေကို ဖန်တီးတဲ့နေရာမှာဖြစ်ဖြစ်၊ အရည်အသွေးတွေကို ထုတ်ဖော်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အလုပ်ကို ဒီလိုပဲ လုပ်ရမယ်။"

"သုဿာန်ပြင်မှာ အိပ်စက်ရမယ့် လူတွေကြားထဲ အချမ်းသာဆုံး လူတစ်ယောက်အဖြစ် အဖော်ပြခံရတာ ကျွန်တော့်အတွက် တကယ်ကို အရေးမပါဘူး။ ညအိပ်ရာဝင်ရင် "အိုး...ဒီနေ့ ငါ အံ့သြဖွယ်ကောင်းတာ တစ်ခုကို လုပ်နိုင်ခဲ့တယ်" ဒီလိုပြောနိုင်တာကမှ ကျွန်တော့်အတွက် တကယ်အရေးပါတာ"

"ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ ရူးသွပ်နေတဲ့ လူတွေကသာ ကမ္ဘာကြီးကို တကယ်ပြောင်းလဲကြတာ"

"ခင်ဗျားတို့ရဲ့ ဘ၀ဟာ အချိန်အကန့်အသတ်နဲ့ အသက်ရှင်နေရတာ၊ ဘယ်တော့မှ သူများရဲ့ ဘ၀ထဲမှာအချိန်မဖြုန်းမိပါစေနဲ့"

"ကျွန်တော်တို့ဟာ Dots တွေကို အနာဂတ်ကို ကြည့်ပြီး ဆက်သွယ်လို့ မရဘူး။ အတိတ်ကို ကြည့်ပြီးသာ ဆက်သွယ်လို့ ရနိုင်တယ်။ ဒါကြောင့် ခင်ဗျား အခုလုပ်နေတဲ့ အလုပ်မှန်သမျှဟာ (Dots) အနာဂတ်မှာ တစ်နည်းနည်းနဲ့ ဆက်သွယ်လိမ့်မယ်လို့ ယုံကြည်ရမယ်။ ကံကြမ္မာတရား၊ ဘ၀၊ ကံမ္မနိယာမ ဘာပဲဖြစ်ဖြစ် အတိတ်နဲ့ အနာဂတ်ကြား ဆက်သွယ်မှုတို့ရဲ့ တစ်ခုခုကို ယုံကြည်ခြင်းက ခင်ဗျားရဲ့ဘ၀မှာ ကွဲပြားခြားနားမှုတွေ အများကြီး ပြုလုပ်စေနိုင်ပါတယ်"

"လွန်ခဲ့တဲ့ ၃၃ နှစ်လုံး ကျွန်တော့်ကိုယ် ကျွန်တော် မှန်ကြည့်တိုင်း ပြန်မေး ကြည့်တယ်။ "အကယ်၍ ဒီနေ့သာ ငါ့ရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့လုပ်မယ်လို့ တွေးထားတာတွေကို ငါ လုပ်ဦးမှာလား" လို့။ မလုပ်ဘူးလို့ ငြင်းလိုက်တိုင်းမှာ ငြင်းပယ်လိုက်တိုင်းမှာ ကျွန်တော်ဟာ တစ်ခုခုကို ပြောင်းလဲဖို့ လိုနေပြီဆိုတာ သိခဲ့တယ်"

"အရေးကြီးဆုံးက လူတွေအပေါ်မှာ ခင်ဗျား ယုံကြည်မှု ရှိဖို့ပဲ။ လူတွေဟာ မူလကတည်းက ကောင်းမွန်ပြီး ထက်မြက်တဲ့ လူတွေလို့ ယုံကြည်ဖို့ပဲ။ ခင်ဗျားက သူတို့ကို သင်ကြားပြသပေးလိုက်တာနဲ့ သူတို့က ခင်ဗျားကို အဲ့အရာတွေနဲ့ အံ့သြအောင် လုပ်ပြလိမ့်မယ်"

"ခင်ဗျားဟာ မကြာခင် သေသွားနိုင်တဲ့ လူတစ်ယောက်အဖြစ် အမှတ်ရနေခြင်းက ဘ၀ရဲ့ အရေးမပါတဲ့ ထောင်ချောက်တွေကြားမှာ ရှောင်ဖယ်ဖို့ အကောင်းဆုံးသော နည်းလမ်းတစ်ခုပဲ။ ခင်ဗျားဟာ သေခြင်းကြောင့် နတ္တိဖြစ်ပြီးသားပါ။ ဘယ်လိုနည်းနဲ့မှ ခင်ဗျားရဲ့ ယုံကြည်ရာကို မစွန့်လွှတ်သင့်ဘူး"

ref=wunzinn.blogspot






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

5/06/2016

"ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား"




ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။

ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
==================================
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။

ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။

Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထား တဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။

ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
==================================
ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွား ရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာ တယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထား လိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုး လိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူ အတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ် သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။

ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
============================================
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။

ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
=================================================
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်း ကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။
ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေ လည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင် တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။ ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။

-ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထား လိုက်ပါ။

-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။

- ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။
အဆင်ပြေပါစေ..
‪#‎Credit‬ နော်
မောင်ပေါက်< Knowledge Note >
www.maungpauk.org






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. " 5 sec " လောက်စောင့်ပေးပါ။

**  Step-3. ညာဘက်အပေါ်ထောင့်က "<< SKIP AD >>" ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...

4/23/2016

E မြန်မာစာအုပ်စင် Wun Zinn App Download

About Us
ဝန်ဇင်း
ဆိုတာ စာရေးဆရာပေါင်း ၁၀၀ ကျော်နဲ့ သုတ၊ ရသ ကဏ္ဍစုံလင်တဲ့ စာအုပ်ပေါင်း 1000 + အပြင် ဈေးကွက်အတွင်း အရောင်းရဆုံး လူကြိုက်အများဆုံး မဂ္ဂဇင်းတွေပါ ပါဝင်ပါတယ်။ ဒါတွေကို သင် သွားလေရာ ဘယ်နေရာရောက်ရောက် သင့်ဖုန်းလေးပေါ်ကနေ ဖတ်ရှုနေနိုင်တဲ့ Application လေးတစ်ခုပါပဲ။ သယ်ဆောင်ရ လွယ်ကူတယ်၊ ထိန်းသိမ်းဖို့ နေရာအနည်းငယ်နဲ့ သင် ကြိုက်နှစ်သက်ရာ စာအုပ်တွေကို လွယ်ကူသက်သာစွာ ထိုင်ရာကမထ ဖတ်ရှုနိုင်စေတယ်လေ။
ကျွန်တော်တို့က သင့် အခက်အခဲကို နားလည်ပါတယ်။
စာအုပ်ဆိုင်တစ်ဆိုင်ကို သွားတဲ့အခါ သင် စာအုပ်အမြည်းလေးတော့ ဖတ်ချင်မှာပါ။ ဒီလိုပဲ ကျွန်တော်တို့ရဲ့ ၀န်ဇင်းမှာလည်း ရှိသမျှ စာအုပ်တိုင်းရဲ့ အမြည်းကို သင် စိတ်ကြိုက် ဖတ်ရှုနိုင်ပါတယ်။
လွယ်ကူရိုးရှင်းတဲ့ ငွေပေးချေမှု
သင့်ရဲ့ ဖုန်းဘေလ် ဒါမှမဟုတ်ရင် Visa ၊ Master card တွေကနေတစ်ဆင့် ငွေပေးချေလို့ ရနေပြီ ဆိုတော့ သင်ကြိုက်တဲ့အချိန်မှာ အဆင်ပြေတဲ့ ပုံစံနဲ့ အလွယ်တကူ စာအုပ်တွေကို ၀ယ်ယူရရှိနိုင်နေပြီပေါ့။
အရိုးရှင်းဆုံးနည်းနဲ့ စာဖတ်မယ်
အရမ်းရိုးရှင်းပါတယ်။ သင့်မှာ စာအုပ်ဆိုင်ကို သွားဖို့ ကားတွေ၊ ဆိုင်ကယ်တွေ မလိုတော့ပါဘူး။ သင့်မိုဘိုင်းလ်ဖုန်းတစ်လုံးရှိရုံနဲ့တင် အချိန်ကုန်သက်သာစွာ စာပေတွေကို ဖတ်ရှုနိုင်နေပါပြီ။ အရေးကြီးဆုံးက အနိမ့်ဆုံးဖုန်းတစ်လုံးနဲ့တောင် ၀န်ဇင်းက စာအုပ်တွေကို သင် ဖတ်ရှုနိုင်တယ်ဆိုတာပါပဲ။
စာရေးဆရာများ၏ အကျိုးကို သယ်ပိုးခြင်း
ခေတ်အဆက်ဆက်က သင် ကြိုက်နှစ်သက်ပြီး လေးစားအားကျတဲ့ စာရေးဆရာတွေရဲ့ မူပိုင်ခွင့်ဟာ တစ်နည်းနည်းနဲ့ ချိုးဖောက်ခံနေရပါတယ်။ အခု ၀န်ဇင်းမှာ ရောင်းချတဲ့ စာအုပ်များဟာ စာရေးဆရာများနဲ့ စာပေတိုက်များရဲ့ ခွင့်ပြုချက်ဖြင့် ရောင်းချခြင်းဖြစ်လို့ သင်နှစ်သက်ရာ စာရေးဆရာများရဲ့ စာအုပ်များကို ၀ယ်ယူခြင်းဟာ ခေတ်အဆက်ဆက် စာရေးဆရာများရဲ့ မူပိုင်ခွင့်အကျိုးစီးပွားကို သင် တစ်နည်းဖြင့် ပြန်လည်ကူညီခြင်း ဖြစ်ပါတယ်။
ဝန်ဇင်းကို ဘာ့ကြောင့် သုံးသင့်သလဲ???
"နှလုံးသားဖြင့် ပြုလုပ်ထားလို့ပါပဲ"




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

4/08/2016

Samsung ဖုန်းများ Root ဖောက်ပြီး Touch Error ဖြစ်ခဲ့လျှင်

ဒီနေ့ဆိုင်မှာ G920F Samsung S6 တလုံးရောက်လာတော့ မူလ Error က

Kernel မှားပီး စက်က မတက်တော့တာ။ အဲတာနဲ့ Firmware ရေးလိုက်တယ်

စက်ကပုံမှန်ပြန်တက်လာတယ်။ အဲတာနဲ့ရပီပေါ့ စမ်းကြည့်တော့ အကုန်အဆ

င်ပြေတယ်။ အဲတာနဲ့ ပေးပြီးမှ Customer က မြန်မာစာထည့်အုံးမယ်ဆိုတော့

Root ဖောက်ပေးလိုက်တယ်။ Root ဖောက်ပေးပြီး ပြန်တက်လာရော 

Touch က ဘယ်ဘက်နှိပ်ရင် ညာဘက်ဝင်တယ် ညာဘက်နှိပ်ရင် ဘယ်ဘက်

ဝင်တယ်။အော် ဒါ Kernel မှာတခုခုပြသနာတက်လို့နေမှာပါဆိုပြီး Official 

Firmware ပြန်သွင်းပေးလိုက်တယ်။ Firmware ရေးပြီးပြန်တက်လာတော့လဲ

ဒီတိုင်းပဲ။ Touch ကလစ်မြဲလစ်နေတာဆိုတော့ နဲနဲတော့ ချွေးပြန်သွားတယ်။

သူ့လက်ထဲမှာတောင် စမ်းပြီးအကောင်း Root ဖောက်ပြီးမှ ဖြစ်တာကိုးးးး

Firmware ရေးတာတောင် ပြန်မကောင်းဘူးဆိုတော့ ရော်ရတော့မလိုလိ

နောက်ဆုံးကျမှ Secret Code တခုရှာတွေ့ပီးစမ်းလိုက်တာအဆင်ပြေသွားတယ်။

အခုလို Touch ကြောင်တာက အရင် J7 / A5 တွေမှာလဲကြုံဘူးတယ်။

Customer တွေပြောရင်လဲ Root Apk သုံးပြီးဖြစ်တာလို့ပြေတယ်။

ကိုကလဲ Firmware ပြန်ရေပီးတောင် မကောင်းရင်တော့ Hardware လို့ပဲ

ထင်ခဲ့တယ်။ တကယ်တော့ အဲလို Root ပြီးမှဖြစ်ရင်

ဖုန်းမှာ

*#2663# ကိုခေါ် တက်လာတဲက Screen မှာ TSP FW update ကိုတချက်

နှိပ်ပေးလိုက်ပါ။ ပြီးရင်တော့ Touch ပြန်မှန်သွားပါလိမ့်မယ်။

ကြုံလာခဲ့ရင် ကျနော့လိုချွေးမပြန်တော့အောင်ပါ 

အရင်ကတော့ Customer တောင်ငေါက်မိသေးတယ် Firmware ရေးပီးရင်

ဒါ Software ပိုင်းကမှန်သွားပီ အကို့ဟာ Hardware နေမှာဘာညာပေါ့

Credit - Ye Lin Aung

အဆင်ပြေပါစေ..




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

ဖုန်းနဲ့ Projector လုပ်ကြမယ်










REF - Facebook 
credit - All
Read More ...