Showing posts with label Computer ပြုပြင်ထိန်းသိမ်းနည်း. Show all posts
Showing posts with label Computer ပြုပြင်ထိန်းသိမ်းနည်း. Show all posts

8/06/2015

Third-party software များမလိုဘဲ Windows ပေါ်တွင် Hotspot တစ်ခုဖန်တီးခြင်း





Windows Operating System အသုံးပြုသူများ မိမိ၏ Laptop သို့မဟုတ် PC ပေါ်ကနေ Hotspot တစ်ခုကို ဖန်တီးပြုလုပ်ချင်တယ်ဆိုရင် အခြား Third party ဆော့ဖ်ဝဲများကိုအသုံးပြုရန်မလိုအပ်ဘဲ Netsh command ကို အသုံးပြုပြီး Hotspot တစ်ခုကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ Netsh ဟာ Windows NT ပေါ်မှာ အခြေခံထားတဲ့ Microsoft ရဲ့ Network command တစ်ခုဖြစ်တဲ့ အတွက် Windows NT ကိုအခြေခံ ပြီး ထုတ်လုပ်ထားတဲ့ Operating System တွေမှာ အဆိုပါ command ကို အသုံးပြုနိုင်ပါတယ်။

Windows 7 ကနေ Windows 10 အထိ Hotspot တစ်ခုကိုဖန်တီးပြုလုပ်ချင်တယ်ဆိုရင် ပထမဦးဆုံး Command Prompt ကို Administrator mode နဲ့ Run လိုက်ပါ။ Windows 7 မှာဆိုရင်တော့ Start button ကို နှိပ်ပြီး cmd လို့ ရိုက်လိုက်ပါ Command prompt ပေါ်လာရင် Right Click ပြုလုပ်ပြီး Run administrator ဆိုတာကိုရွေးချယ်ပြီး Run ရပါမယ်။ Windows 8 နှင့် Windows 10 တို့ပေါ်မှာဆိုရင်တော့ Win + X key ကို နှိပ်လိုက်ပါ။ ပြီးရင် Command Prompt (Admin) ဆိုတာကို ရွေးချယ်ပေးရပါမယ်။



Command prompt ကို Admin mode နဲ့ Run ထားရင် c:\windows\system ဆိုတဲ့လမ်းကြောင်း အောက်ကိုရောက်နေပါလိမ့်မယ်။ အဆိုပါ နေရာအောက်မှာ netsh ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပြီးသွားရင် wlan ဆိုတဲ့ command ကို ထပ်မံရိုက်ထည့်ရပါမယ်။
Netsh wlan> အောက်ကိုရောက်နေပြီဆိုရင် ကိုယ့်ရဲ့ Wireless Adapter က Hotspot ကို အထောက်အပံ့ ပေးလားမပေးလား သိချင်တယ်ဆိုရင် show drivers ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။



နောက်တစ်ဆင့်ကတော့ Hotspot ကို ဖန်တီးပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ command တွေကို သုံးရပါ မယ်။ set hostednetwork ssid=hotspot ဆိုတဲ့ command နဲ့ ကိုယ့်ရဲ့ hostspot အမည်ကို ဖန်တီးရပါမယ်။ ssid= ရဲ့နောက်မှာ ကိုယ်ဖန်တီးချင်တဲ့ Hotspot အမည်ကို အစားထိုးထည့်သွင်းနိုင်ပါတယ်။

ပြီးသွားရင် set hostednetwork mode=allow ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ အဆိုပါ command ပြီးသွားရင် ကိုယ့်ရဲ့ Hotspot ကို လုံခြုံစိတ်ချစေရန်အတွက် Password ထည့်သွင်းပေးရပါမယ်။ Password ထည့်သွင်းဖို့အတွက် အသုံးပြုရမယ့် command ကတော့ set hostednetwork key=12345678 ဆိုတဲ့ command ကို သုံးရပါမယ်။ key= နောက်မှာ ကိုယ်ထည့်သွင်းချင်တဲ့ password ကို ထည့်သွင်းပေးထား နိုင် ပါတယ်။



အထက်ပါ command တွေ ကို ထည့်သွင်းပြီးပြီဆိုရင် Hotspot ရဲ့ အချက်အလက်တွေကို စစ်ဆေးဖို့အတွက် show hostednetwork ဆိုတဲ့ command ကို ထည့်သွင်းပြီး အချက်အလက်တွေကို ကြည့်ရှု စစ်ဆေး နိုင်ပါတယ်။ Hotspot ကို စတင် Run ဖို့အတွက်ကတော့ start hostednetwork ဆိုတဲ့ command ကို အသုံးပြု နိုင်မှာဖြစ်ပြီး Hotspot ကို မသုံးတော့ဘူးဆိုရင်တော့ stop hostednetwork ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။ အထက်ပါ အဆင့်တွေပြီးရင်တော့ Windows Operating System တွေမှာ Hotspot ကို အခြားသော Third party ဆော့ဖ်ဝဲတွေကို အသုံးမပြုပဲ ဖန်တီးပြုလုပ်တဲ့အဆင့် ပြီးသွားပြီဖြစ်ပါတယ်။
အောက်ဖော်ပြပါ command များမှာ cmd တွင် ထည့်သွင်းရမည့် command များဖြစ်ပါတယ်။
=======
netsh
wlan > show drivers
stop hostednetwork
set hostednetwork ssid="network name"
set hostednetwork mode=allow
set hostednetwork key=password
start hostednetwork
show hostednetwork

Ref: ampercnet
Credit to internetjournal 

Thiha Htike(THT)
thihahtike.it@gmail.com






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

2/05/2015

Windows 8,8.1 ဆိုင်ရာ-Explorer.EXE နဲ့ပတ်သက်လို့ အဆင်မပြေဖြစ်နေမှုကို အလွယ်တကူဖြေရှင်းနည်း

မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို ရေးတင်ပေးချင်နေခဲ့တာကြာပါပြီ
အချိန်မရသေးတာနဲ့ မရေဖြစ်တာပါ ဒီနေ့တော့
စိတ်အမောတွအားလုံးရှင်းသွား အောင်တင်ပေးလိုက်ပါပြီခင်ဗျား...

ပုံမှာ မြင်နေရတဲ့အတိုင်းပါပဲ Explorer.exe နဲ့ဆိုင်တဲ့ ပြသနာတစ်ခုပါ
အခုနောက်ပိုင်း ဖြစ်လေ့ဖြစ်ထရှိလာတာတက Windows 8,8.1 တင်ပြီး
အသုံးပြု နေကြတဲ့ ဘော်ဒါတွေမှာပါ၊ ကျနော် အပါအ၀င်ပေါ့

ဒီနေပဲ မနက်လင်းလို့ ကွန်ပျူ တာဖွင့်လိုက်တာနဲ့ အပေါ်ကပုံလေးအတိုင်း
လာပေါ်နေတော့ ကျနော် မျက်လုံးတောင် မယုံမိဘူး ဖြစ်သွားတယ်။
လွယ်ပါတယ် ကျနော် ချက်ရှင်းပဲ သတိတာနဲ့ ဖြေရှင်းလိုက်ပါတယ်
%100% အဆင်ပြေပါတယ်။ ကျနော်လို Explorer.exe ဆိုရာ
ပြသနာတက်နေကြတဲ့ ညီအကိုတွေအတွက် ကျနော် ဖြေရှင်းခဲ့ပုံလေးကို
အောက်မှာ အသေးစစ်ရှင်းပြထားပါတယ်။

ဒီကောင်ဘာကြောင့်ဖြစ်သလဲဆိုတော့ လက်လှမ်းမှီသလောက်ပြောရရင်
system  registry ဆိုင်ရာ ကြောင့်ပါ၊ malicious လို့ခေါ်တဲ့ ကွန်ပျူ တာကို
အချိန်မရွေး ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ Virus ကြောင့်ပဲဖြစ်ပါတယ်။

အဲဒီ Virus က ကွန်ပျူ တာရဲ့ System ပိုင်းဆိုင်ရာကို တိုက်ခိုက်တတ်ပါတယ်
ပုံမှာ မြင်တဲ့အတိုင်းပါပဲ explorer ကြီးတောင် သုံးစားမရတော့ဘူးဖြစ်ဆိုတော့
အဲဒီ malicious ဆိုတဲ့ Virurs ဟာ ကွန်ပျူ တာကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ
သိနိုင်လောက်ပါပြီ။ အဲဒီ Virus ကို ချက်ရှင်းဖယ်ထုပ်ပေးရမှာ ဖြစ်ပါတယ်။

ရှင်းထုပ်ပေးတဲ့နေရာမှာ သတိထားပြီး လုပ်စေချင်ပါတယ် 
ဘာကြောင့်လဲဆို သူကအဓိကနေရာယူပြီး ဖျက်စီးနေတာက 
ကွန်ပျူ တာရဲ့ Registry ဆိုင်ရာမှာ နေရာယူနေတာဖြစ်နေလို့ပါ

ကဲဗျာ အလကားနေရင်း  ဒုက္ခလာပေးနေတဲ့ malicious ကြီးကို
ကွန်ပျူ တာမှ အပြီးပိုင် သုတ်သင်လိုက်ကြအောင် 

ဒီ Explorer နဲ့ပတ်သက်လို့ ပညာရှင်တွေရဲ့ အတွေ့အကြုံ အရ
ဖြေရှင်းနည်းပေါင်း များစွာရှိကောင်းရှိနိုင်ပါတယ်၊ အခုကျနော် 
ရှင်းပြပေးသွားမှာ ကျနော် အောင်မြင်ခဲ့တဲ့ နည်းလမ်းလေးကိုပဲ
ပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။

၁။ ပထမဆုံးအနေဖြင့် Windows Defender ကိုဖွင့်လိုက်ပါ။
မဖွင်တတ်သေးရင်တော့
Start Menu>>>Control penal>>>Windows Defender>>>Turn on 
ပေးလိုက်ပါ။ 

သို့....
Windows + I Key ကိုတွဲနှိပ်လိုက်ပါ၊ ပြီးတော့
Control penal>>>Windows Defender>>>Turn on  လုပ်ပေးလိုက်ပါ။
Defender ကြီးကို ဖွင့်ပြီးရင်တော့ ကြန္ပ် ဴ တာတစ္ခုလံုးကို Full Scan လုပ္လိုက္ပါ။

၂။ ကြန္ပ် ဴ တာ ကီးဘုတ္မွ Windows + R key ကိုတွဲနှိပ်လိုက်ပါ အောက်ကပုံကိုကြည့်ပါ
၃။ 'Run' dialogue လေးပွင့်လာပါလိမ့်မယ် အဲဒီ Box ထဲမှာ
regedit လို့ရိုက်ထည့်ပါ အောက်ကပုံကိုကြည့်ပါ
၎။ regedit လို့ ရေးပြီးတာနဲ့ OK ကိုနှိပ်လိုက်ပါ၊ အောက်ကပုံအတိုင်း
ကျလာပါလိမ့်မယ် ပုံအတိုင်းကြည့်လုပ်လိုက်ပါ၊ ကျနော် နံပါတ်စဉ် တပ်ပေးထားပါတယ်။
မလုပ်တတ်သေးရင် ဒီစာကို ကြည့်ပါ Registry Editor ပရိုဂရမ်ထဲမှာ
HKEY_CURRENT_USER  ကိုတစ်ချက်နှိပ်ပါ၊ ပြီးတော့
Software ဆိုတာကို နှိပ်ပါ၊ Microsoft ဆိုတာကို ထပ်နှိပ်ပါ၊ Windows ကိုနှိပ်ပါ၊
 CurrentVersion ဆိုတာကိုထပ်နှိပ်ပါ၊ Explorer ဆိုတာကိုနှိပ်ပါ၊ ပြီးတော့မှ User Shell Folders ဆိုတာကို တွေ့ပါလိမ့်မယ် တစ်ချက်နှိပ်ပေးလိုက်ပါ။ အဲဒီမှာ Personal ဆိုတာစာသားကို
လိုက်ရှာပါ တွေ့ပြီးဆိုတာနဲ့ Right-click ကိုနှပ်ပြီး Modify ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။


၅။ ပေါ်လာတဲ့ Edit String လို့ခေါ်တဲ့ Box လေးထဲမှ
Value data နေရာမှာ အောက်ကစာသားကို Copy ကူးပြီး ထည့်လိုက်ပါ။

 %USERPROFILE%\Documents


အပေါ်ကပုံအတိုင်း Past လုပ်ပြီးပြီဆိုတာနဲ့ OK ကိုနှိပ်ပေးလိုက်ပါ။
၆။ Edit String ဆိုတဲ့ Box လေးကို ပိတ်ရပါမယ်၊ ပိတ်ဖိုရန် 
File ဆိုတာကို တစ်ချက်နှိပ်ပါ၊ ပြီးရင် 'Exit' နဲ့ထွက်လိုက်ပါ။


၇။ system registry ပိုင်းကို အသေနိုင်တဲ့ Clean up ဆော့ဝဲတစ်ခုလိုပါတယ်
Cleaner ကြီး အောက်ကလင့်မှာဒေါင်းလော့ယူလိုက်ပါ။ ပြီးရင် အင်စတောလုပ်လိုက်ပါ။
ရိုးရှင်းပြီး ကွန်ပျူတာကို အကောင်းဆုံး သန့်ရှင်ပေးနိုင်တဲ့ Cleaner Professional & Bussiness Edition. v5.02 with crack ဇူးနစ် 9:16 PM Cleaner

၈။ Cleaner ကြီးအင်စတောလုပ်ပြီးတာနဲ့ 
 system registry ပိုင်းရှင်းသွားအောင် Clean  ပေးလိုက်ပါ။ 
 ၉။ အားလုံးပြီးတာနဲ့ ကွန်ပျူ တာကို Restart ချ ပေးလိုက်ပါ
ပြန်တက်လာပြီးရင်တော့ malicious ဆိုတဲ့ Virurs မရှိတော့ပဲ
အားလုံးပုံမှန်အတိုင်း အဆင်ပြေသွားပါလိမ့်မယ်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
အားလုံးကို ခင်မင်လေးစားလျှက်
 
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

3/19/2014

Autorun ပိတ်ထားမယ်




 မင်္ဂလာပါဗျာ ဒီနေ.ကျွန်တော်တင်ပေးချင်တာကတော့ မိမိတို.ကွန်ပြူတာမှာ Autorun Service ကိုပိတ် ထားနည်းလေးပဲဖြစ်ပါတယ် သိပြီးသားသူတွေတော့ကျော်သွားလိုက်ပါဗျာ......မသိသေးသူတွေအတွက် တော့ အသုံးဝင်လိမ့်မယ်လို.ယုံကြည်.ပါတယ် ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်သိသလောက်ပြောရရင်
 ဗိုင်းရပ်စ်ဆိုသောအရာမျိုးက သူ.တစ်ဦးတစ်ယောက်ထဲ မည်သို.မှ မ run နိုင်လို.ပါ (user က သွားပြီး Double Click မနှိပ်ခဲ့ရင်ပေါ့) ဗိုင်းရပ်ဖိုင်တိုင်းဟာAutorunဖိုင်နဲ.တွဲပြီးအလုပ်လုပ်ပါတယ် ဒါ့ကြောင့် အခုလို autorun services ပိတ်ထားမယ်ဆိုရင် Virus အလွယ်တကူဝင်ရောက်ခြင်းမှကာကွယ်နိုင်ပါမယ်
ကဲ့ဒါဆို သင်လဲ Autorun Service ပိတ်ချင်ပြီထင်ပါတယ် ဘယ်လိုပိတ်မလဲ စလိုက်ရအောင်ဗျာ.....ဟီးးး
အနော်တော့ဘာမှမသိဝူးရယ်..............:P
ပထမဆုံးအနေနဲ. ၀င်းဒိုးကီးနဲ. R ကိုတွဲနှိပ်ပြီ Run Box ကိုခေါ်လိုက်ပါ လာခဲ့စမ်း run box ပေါ့ .....:P


အိုခီ Run Box ကျလာရင် အထဲမှာ gpedit.msc ဆိုတာ ရိုက်ပြီး Enter ခေါက်လိုက်ပါ ဒါဆိုရင်အောက်က ပုံလေးလို

group policy editor ပေါ်လာမှာဖြစ်ပါတယ် အဲ့ဒီမှာအပေါ်ပုံမှာ ပြထားတဲ့အတိုင်း User Configuration ရဲ.အောက်က Administrative Template Tool ကိုဝင်ပါ

ပြီးသွားရင်တော့အပေါ်မှာပြထားတဲ့အတိုင်းWindowsComponentsထပ်ဝင်ပါပုံတွေနဲ.တစ်ဆင့်ခြင်းပြ ထားလို.သာနည်းနည်းရှုပ်နေမယ်ထင်ပါတယ်သေချာလေးလုပ်ကြည်.ပါလွယ်လွယ်လေးပါနော်နောက် တစ်ဆင့် အောက်မှာ ပြထားသလို Auto Play Plolicies ကိုထပ်သွားပါမယ်


အိုကေ ပြီးသွားပြီဆိုရင် တစ်ဖက်မှာရှိတဲ့ Turn off AutoPlay ဆိုတာလေးကို ကလစ် နှစ်ချက်နှိပ်လိုက်ပါ


အပေါ်ပုံက အနီနဲ.ကွင်းပြထားတဲ့နေရာလေးမှာပါ....... ဒါဆို Turn off AutoPlay ပွင့်လာပါပြီ...

အိုကေ အပေါ်ပုံမှာပြထားသလို Not Configured နေရာကနေ Enabled ပြောင်းပေးရပါမယ် Options မှာ တော့ Turn off Autoplay on နေရာမှာ All drivers မှာထားပေးပြီးရင် Apply နှိပ်ပါပြီးရင် OK ပေါ့ ဒါဆို အားလုံးပြီးပါပြီ သင့်ကွန်ပြူတာကို restart ချပေးလိုက်ပါ ပြန်တက်လာရင် Autorun ပိတ် ထားပြီးသားဖြစ်နေပါပြီ ........................အားလုံးပဲအဆင်ပြေပါစေဗျာာာာ
                                                                                                        (မြန်မာပြည်လူငယ်)

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ
Read More ...

2/24/2014

ကွန်ပျူတာ အဖွင့်..အပိတ်... မြန်ဆန်စေဖို့ နည်းလမ်း



မင်္ဂလာပါနော် သည်တစ်ခါ ရေးမဲ့နည်းပညာလေးကတော့   မထင်မှတ်တဲ့ နည်းလေးလည်းဖြစ်နိုင်ပါတယ်..
ဆရာ့  ဆရာကြီးတွေအတွက်တော့  ရီစရာ ဖြစ်ခြင်ဖြစ်နေပေမယ့်  ကွန်ပျူတာ ကိုင်စ ၀ါသနာရှင် မိတ်ဆွေ များအတွက်တော့ နည်းလမ်း တစ်ခုလို့ ဆိုရပါမယ်... ဒါကတော့  မိမိတို့ကွန်ပျူတာ အတက်...အပိတ်
အရမ်းလေးလံနေတယ်ဆိုတဲ့  သူတွေအတွက်  နည်းလမ်းများစွာထဲက  နည်းလမ်းလေးတစ်ခုကို ကျနော်
ရေးသားမှာ ဖြစ်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း ကွန်ပျူတာ အခြေခံနည်းပညာတွေကို အရမ်းအားနည်းသူတစ်ယောက်ဖြစ်တဲ့အတွက်  ခုလို အောက်ခြေ နည်းလမ်းလေးတွေကနေ  စပြီး မတောက်တခေါက် သိတာ တတ်တာလေးကို ပြန်လည် ဆင့်ပွါးမျှဝေလိုက်ခြင်းဖြစ်ပါတယ်... ကွန်ပျူတာ ဆားဗစ်ဆရာတွေကတော့ ကျော်ခွ ဖြတ်သွားလိုက်ပါနော်..ကဲ ပုံလေးတွေနဲ့ စိတ်ရှည်စွာ  ရှင်းပြပါ့မယ်..

အဆင့်   (၁)...........မိမိတို့ ကွန်ပျူတာ start ကနေ search box မှာ view advance system ဆိုတဲ့စာသားလေးကို ရေးလိုက်ပါ....အောက်ကပုံလေးအတိုင်း လိုက်လုပ်ကြည့်နော်....

ပုံမှာ ပြထားတဲ့  နံပါတ် စဉ်တိုင်းကလစ်သွားလိုက်ပါနော်... အရမ်းလွယ်ကူပါတယ်.... နံပါတ် (၅) မှာဘဲ
စက္ကန့်  ဆိုတာကို  1 second လို့ပေးလိုက်ယုံပါဘဲနော်...ပြီးတာနဲ့ အောက်က Ok ပေါ့...။

အဆင့်    (၂)    .............. ကတော့ အပေါ်ကလိုပါဘဲ start search box ကနေပါဘဲ  regedit  ဆိုတာလေးကို ရေးထည့် ရှာလိုက်ပါ အောက်မှာ သူနဲ့ပါတ်သက်တဲ့ပုံကိုပြထားပါတယ်......

သူ့ကိုလည်းပုံမှာ ပြထားသလို နံပါတ် စဉ်တိုင်း ကလစ်ပေးသွာလိုက်ပါနော်...

regedit  ကိုကလစ်တာနဲ့  ဘောက်လေးကျလာမှဖြစ်ပါတယ်.... အဲမှာဘဲ  နံပါတ်စဉ်.... 3,4,5,6, တိုင်းကလစ်ပေးလိုက်တာနဲ့  ဘေးမှာ ရှိတဲ့ စာတန်းတွေထဲက နံပါတ်  7 မှာပြထားတဲ့ စာတန်းကို  နှစ်ချက် ကလစ်ပေးလိုက်ပါ... ဒါဆို ဘောက်သေးသေးလေးတစ်ခုကျလာပါမယ်.... ကျလာတဲ့ ဘောက်ထဲမှာ နံပါတ် 12000 လို့ပါလိမ့်မယ်....ဘယ်နံပါတ်ဘဲ ပါခဲ့ပါစေ အဲနေရာကို.. 1000 လို့ ပြောင်းထည့်ပေးပြီး   Ok ပေးလိုက်ပါတော့...ဒါဆိုရင် သင့်ရဲ့ လုပ်ဆောင်ချက် ပြီးခဲ့ပါပြီ...
သင့်ရဲ့ ကွန်ပျူတာ အတက်  အပိတ်  အရင်ကထက်တော့ မြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်...နော် အဆင်ပြေပါစေ...
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ 

www.ledimye.blogspot.com 
www.aungsanmks.com 
www.ninilayy.blogspot.com

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...

1/31/2014

ကွန်ပျူတာရဲ့ ဦးနှောက်ကို များများ အလုပ်လုပ်ခိုင်းးကြရအောင်





ကွန်ပျူတာတစ်လုံးကို ဦးနှောက်များများနဲ့ အလုပ်လုပ်ခိုင်းချင်ရင်တော့ ဒီနည်းလေးနဲ့ ပြောင်းပေးလိုက်ပါ..။  ကွန်ပျူတာဟာ ဦးနှောက်များများနဲ့ အလုပ်လုပ်ရတဲ့အတွက် စက်ကို ပိုမိုမြန်ဆန်စေပါတယ်..။
တချို့စက်တွေမှာ ဦးနှောက်နှစ်လုံး၊ ဦးနှောက်လေးလုံး ပါကြပေမယ့် တချို့စက်တွေမှာတော့ ဦးနှောက်တစ်လုံးပဲ ပါပါတယ်..။ မိမိကွန်ပျူတာမှာ ရှိသလောက်ကိုပဲ ယူလို့ရမှာဖြစ်ပါတယ်..။ နောက်ထပ် အပိုထည့်ချင်လို့တော့ မဖြစ်နိုင်ပါဘူး...။ လုပ်နည်းလေးကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ windows + R နဲ့ အရင်ဆုံး Run Box ကို ဖွင့်ရပါမယ်..။ msconfig စာသားကို ရိုက်ထည့်ပါ.. ပြီးရင် OK နှိပ်ပါ.. ဒါမှမဟုတ် Enter ခေါက်ပါ..။ ပေါ်လာမယ့် ဘောက်စ်ထဲမှာ အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။

ပုံလေးကိုသေခြာ ကြည့် လိုက်ပါ  နံပါတ်စဉ်တိုင်း သွားရမှာ ဖြစ်ပါတယ်... အလွယ်လေးပါနော်...

(၁) ကွန်ပျူတာကနေ Window + R ကိုကလစ်လိုက်ပါ   run  box ခေါ်တာပေါ့နော်... ဘောက်လေးကျလာတာနဲ့   ဘောက်ထဲမှာ msconfig ဆိုပြီးထည့် အိုကေပါ။

(၂) ဇယားတစ်ခုကျလာမယ်...  ကျလာတဲ့ ဇယား ရဲ့ အပေါ်က Boot  ဆိုတာကိုကလစ်လိုက်ပါ
     အဲမှာ အောက်နားက Advance Option  ဆိုတာကို ဆက်ကလစ်လိုက်ပါ... ဘောက်တခုကျမယ်..

(၃) ကျလာတဲ့ဘောက်လေးထဲက Number of Processes ကို အမှန်ခြစ်ပေးပါ...သူ့မှာ ပါတဲ့ နံပါတ်တွေကို ကလစ်ကြည့်ပါ  ၁...၂...၃...၄.. စသဖြင့်ပါမယ်.. အများဆုံးပါတဲ့ နံပါတ်ကို ထားလိုက်ပါ။

(၄)  ok  ပေးလိုက်ပါတော့... အိုကေ ပြီးးတာနဲ့ နောက်ဆုံးးအေနနဲ့...
(၅)  Apply ကိုကလစ်ပါ  နောက်  ok  ကလစ်လိုက်ပါ  ဒါဆို ပြီးဆီးအောင်မြင်ပါပြီ

   
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..


ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...

1/30/2014

Graphic မန်မိုရီကို ဘယ်လိုကြည့်မလဲ








ဒီနည်းလေးကတော့ ဘာမှပြောင်းလဲပေးဖို့ မလိုပါဘူး..။ ဗဟုသုတ အနေနဲ့ တင်ပေးလိုက်တာပါ..။ ကျနော်တို့ ကွန်ပျူတာတွေမှာ ဂရပ်ဖစ်မန်မိုရီကလည်း တခန်းပါဝင်ပါတယ်..။ ဘာလို့လဲဆိုတော့ ဂရပ်ဖစ်မရှိရင် Games တွေကစားလို့မရပါဘူး..။ နောက်ပြီး Screen Saver လည်းအလုပ်မလုပ်ပါဘူး..။

စက်အဟောင်းတွေ ဝင်းဒိုးအသစ်တင်တဲ့အခါ ဂရပ်ဖစ်တွေ ပျောက်တတ်ပါတယ်..။ အဲခါမျိုးတွေမှာ Driver အခွေရှိတဲ့စက်တွေကတော့ လွယ်ပေမယ့် Driver ခွေမရှိတော့တဲ့စက်တွေမှာတော့ အင်တာနက်မှာ လိုက်ရှာရတာ အတော်လေး ရွာလည်ပါတယ်..။  နောက်တစ်ခုက မိမိတို့စက်ရဲ့ ဂရပ်ဖစ်က တအားနည်းနေတဲ့အခါ ၊ တချို့ဂိမ်းတွေ ဆော့လို့မရတဲ့အခါ ဂရပ်ဖစ်ကတ်ကို ထပ်မြင့်လို့ရပါတယ်..။ အပိုထပ်တိုးလို့ ရပါတယ်..။ အဲဒါကတော့ ဆိုင်မှာ သွားလုပ်ရမှာပါ..။ ဂရပ်ဖစ်ကတ်တော့ပါပြီး ဂရပ်ဖစ်မန်မိုရီ အလုပ်မလုပ်တဲ့အခါ ပုံမှာပြထားတဲ့ B နေရာမှ ဂရပ်ဖစ် တန်ဖိုး မပေါ်ပဲနဲ့ n/a ဆိုတဲ့ စာသားလေးပဲ မြင်ရမှာပါ..။ အဲလိုမျိုးပေါ်နေရင်တော့ မိမိစက်ရဲ့ မော်ဒယ်နဲ့ အမျိုးအစား တူမယ့် ဂရပ်ဖစ်ဆော့ဝဲလ်ကို ရှာပြီးသာ ထည့်ပေတော့...။
ဂရပ်ဖစ်ကို ကြည့်နည်းလေးကတော့ ကီးဘုတ်မှ ရှော့ကပ်ကီး windows+R နဲ့ Run Box ကိုဖွင့်ပြီး.. dxdiag စာသားကိုရိုက်ထည့်ပါ..။ Enter သို့မဟုတ် OK နှိပ်ပါ.. ပုံမှာဆက်ကြည့်လိုက်ပါဗျာ..


ဂရပ်ဖစ်မန်မိုရီ 256 MB လောက်ဆိုရင်ပဲ အတော်လေး ကောင်းနေပါပြီ..။ ဂိမ်းတော်တော်များများကိုလည်း ဆော့လို့ရပါပြီ..။

                
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...

Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)






 အားလုံးမင်္ဂလာပါနော်... ခုတင်တဲ့နည်းလမ်းလေးကတော့ ကျွန်တော် ရေးလက်စ ဖြစ်တဲ့ ကွန်ပျူတာမှာ လုပ်ဆောင်သင့်သောအချက်လေးများ ဆိုတဲ့ ထဲက အိုင်း (၅) ကိုဆက်လက်ရေးမှာ ဖြစ်ပါတယ်.. လိုအပ်ချက်လေးများကို  စုစည်းပြီး  ကြိုးစား ရေးသားထားပါတယ်.. မပြည့်မစုံဘဲ လိုအပ်နေခဲ့ပါက... ကျေးဇူးပြုပြီး ထပ်မံဖြည့်စွက်ကာ  လေ့လာပေးကြဖို့ တောင်းဆိုပါရစေ...နော်...
ကဲစမယ်နော်... ပထမဆုံး  မိမိတို့ ကွန်ပျူတာရဲ့ Win + R ကိုတွဲကလစ်ကာ Run Box ခေါ်လိုက်ပါနော်.
သည်နည်းကတော့ Start Type တွေနဲ့ မလိုအပ်တဲ့ Services အချို့ကိုပိတ်ထားမှာဖြစ်ပါတယ်
ဒီတော့ ကျွန်တော်တို့ Run ထဲကနေ “msconfig” လို့ရိုက်လိုက်ပီး System Configurationကိုသွားရမှာဖြစ်ပါတယ်...နော်...ကဲစပြီနော်..
 အဲလို ထည့်လိုက်တာနဲ့ဘဲ System Configuration ဇယားကျလာပါပြီ
ဇယားရဲ့ အပေါ်က Startup ဆိုတာကိုကလစ်ပေးလိုက်ပါနော်.. နောက် ကျလာတဲ့ ထဲက မလိုအပ်တာတွေကို အကုန် အမှန်ခြစ် ဖြုတ်ပေးလိုက်ပါ... အားလုံးကို Disable all ဆိုပြီး အမှန်ဖြစ်အားလုံး ဖြုတ်ထားလည်း ပြဿနာမရှိဘူးနော်  မိမိတို့သဘောပါ  ကျနော်ကတော့  ၃..၄...ခုလောက်ဘဲ  ထားပါတယ်.. ပုံမှာ  နမူနာကြည့်စေခြင်လို့ လုပ်ပြထားတာပါ... သူက ၀င်းဒိုးတက်တာကို လေးလံစေပါတယ်... ဒါကြောင့် မလိုအပ်ပါက  အမှန်မခြစ်ဖို့ ပြောခြင်ပါတယ်...
ကဲ ပြီးတာနဲ့   Apply လေးဘဲပေးထားလိုက်ပါ... OK  မလိုသေးဘူးနော် သည်နေရာမှာဘဲ  လုပ်စရာတွေ ရှိနေပါသေးတယ်...ဆက်ကြမယ်...
Boot  ကိုကလစ်လိုက်ပါ.....အပေါ် ကဘဲနော်...စောစောက Startup လိုမျိုးပေါ့နော်..
Boot ထဲရောက်တာနဲ့ ပထမ ညာဘက်က နံပါတ် (၂)  နေရာက Timeout နေရာမှာ 3 seconds ကိုဘဲထားပေးလိုက်ပါနော်...ဘာလို့လည်းဆိုတော့ ၀င်းဒိုးတက်တက်ချင်း
ရွေးချယ်စရာ (Dual Boot တင်ထားတယ်ဆိုရင်ပေါ့) OS တွေရှိရင်တော့  3  စက္ကန့်ပဲသတ်မှတ်
ထားတဲ့အတွက်ကြောင့် ၀င်းဒိုးအတက်ကိုမြန်ဆန်စေပါတယ်။နေဦး နောက် နံပါတ် (၃) Advanced options ဆိုတာကိုကလစ်လိုက်ပါ...
ကလစ်တာနဲ့ ညာဘက်က ဇယားလေး တခု ထပ်ကျလာမှာ ဖြစ်ပါတယ်... ကျလာတဲ့ထဲက.. NumberProcessors ဆိုတာမှာ အမှန်ခြစ်ပါ  သူ့ထဲမှာ နံပါတ် ဘယ်တိုင်းတာ ထိပါလဲ  နောက်က မျှားလေးကိုကလစ်ကြည့်ပါ  ပါလာတဲ့ ထဲက အမြင့်ဆုံးနံပါတ် ထိ ထားပေးလိုက်ပါ..အနော့်စက်ကတော့ 
1-2 ဘဲပါတော့  2 ဆိုတာ  ထားလိုက်ပါတယ်.. တချို့ဆို 1-2-3-4- ဆိုတဲ့ထိ ပါလိမ့်မယ်.. အမြင့်ဆုံးကိုသာရွေးချယ်ပေးလိုက်ပါနော်..ပြီးတာနဲ့ ညာဘက်ကဇယားကို  ok ပေးလိုက်ပါ..
မထွက်နဲ့အုံးနော်  ပင်မ  System Configuration  ဇယားးကနေ ပေါ့..ကျန်တေးတယ်..ေိေိ
Service ဆိုတာကိုကလစ်လိုက်ပါ

Services ကိုရောက်တာနဲ့ အပေါ်ပုံပါ  သူလည်း အပေါ်ဆုံးက Stratup တုန်းကလိုပေါ့... မိမိတို့ မလိုအပ်သော အရာများကို အမှန်ခြစ် ဖြုတ်ပေး၇မှာ ဖြစ်ပါတယ်.....ပြီးတာနဲ့ Apply/Ok ရပြ်ီနော် ထွက်လို့..ေိေိ
သည်လို နည်းလမ်းလေးတွေ လုပ်ပေးခငြ်းဖြင့် မိမိတို့ ကွန်ပျူတာလေးလည်း လန်းဆန်းပေါ့ပါးလာလိမ့်မယ်ဆိုတာ ယုံကြည် မျှော်လင့်ခြင်းဖြင့်... အဆင်ပြေနိုင်ကြပါစေနော်....
ဆက်လက်လေ့လာလိုပါက
==============
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက

ဘလော့ခရီးသည်သို့ ဒီမှာ သွားလိုက်ပါ
လယ်တီမြေသားသို့ဒီမှာ သွားလိုက်ပါ
စာပေနန်းတော်သို့ဒီမှာ သွားလိုက်ပါ


ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...

1/29/2014

Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၄)






 မင်္ဂလာပါဗျာ  သည်နည်းလမ်းလေးကတော့ ကွန်ပျူတာအတွက် လုပ်ဆောင်သင့်သော နည်းလမ်းလေးများထဲ နံပါတ်စဉ် (၄)  ခုမြောက်ဖြစ်ပါတယ်... အရင်က ၁-၂-၃  ဆိုပြီး ရေးခဲ့ပြီးပါပြီနော်
ကဲ ဒါလေးကတော့  ကွန်ပျူတာ မှာ  မလိုအပ်တဲ့ အမှိုက်တွေ  ၀င်းဒိုးလော့ တွေကို ရှင်းလင်းပေးဖို့
နည်းလမ်းကောင်းလေးဘဲ ဖြစ်ပါတယ်... လုပ်နည်းလေးကို အောက်မှာ သေခြာ ရှင်းပြထားပါတယ်..

ပထမဆုံး မိမိတို့ကွန်ပျူတာ start ကနေဖြစ်စေ Win + R တွဲလို့ဖြစ်စေ   run box ကိုခေါ်လိုက်ပါနော်
ပထမဆုံး  နမူနာလေးတစ်ခုနဲ့ ရှင်းပြလိုက်ပါ့မယ်... အလားတူ လုပ်ဆောင်ရမှာကတော့ အောက်ကဖေါ်ပြထားတဲ့ အချက် ငါးချက်ကိုပါဘဲ...တခု လုပ်ပြတာနဲ့ ကျန်တာ အကုန်  အလားတူ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်နော်... ကဲစမယ်နော်.....


၁။  temp    ကို ရိုက်select all(ctrl+A)ပြီးရင်(shift+delete..)

၂။  %temp%   ကို ရိုက် select all(ctrl+A)ပြီးရင်(shift+delete.)

၃။  prefetch     ကိုရိုက်  select all (ctrl+A) ပြီးရင် (shift+delete)

၎။  recent       ကိုရိုက် selete all (ctrl+A)  ပြီးရင် (shift+delete)

၅။  cookies   ကိုရိုက် selete all(ctrl+A) ပြီးရင် (shift+delete)



ပထမဆုံး နံပါတ် (၁)  ကိုနမူနာ ထားလုပ်ပြပါ့မယ်နော်  ခုလို ထည့်ပြီး အိုကေ  ပေးလိုက်တာနဲ့...

ဇယားကွက်ကြီးနဲ့ အတူ အထဲမှာ မလိုလားအပ်သော အမှိုက်များ ရှိနေပါတယ်.. ဖိုင်တွေ တွေ့လို့ နှမျော မနေနဲကနော်  အဲတာတွေက သင့်ကွန်ပျူတာကို လေးလံစေတာတွေပါ..အချိန်ကြာလာလာလေလေ
အရမ်း များလာလေလေ   လေးလံ လာလေလေဘဲဆိုတာ နားလည်ထားပေးပါနော်....
အဲအထဲက ဖိုင်တွေ အားလုံးကို  select all ( Ctrl + A ) နဲ့ အကုန် အပြာခဲ ခြစ်လိုက်ပါ...နောက်
Delete လိုက်ပါနော်...ရဲရဲ သာ ဖျက်ပြစ်လိုက်ပါဗျာ.... အသုံးမ၀င်တာတွေကို စက်အလေးခံ ထားဖို့မလိုပါ
အဲလို ဖျက်တဲ့ခါမှာ  ဘောက်လေးတခု ကျကျလာမယ်ဗျ...သူကတော့ အောက်မှာ ကြည့်လိုက်ပါ.....

ခုလိုလေး ကျလာတဲ့အခါမျိုးမှာ တိုင်းးပေါ့နော်... အနီဝိုင်းပြတဲ့နေရာ အမှန်ခြစ်ပေးပါ  Skip ကိုကလစ်ပေးပါ...သူ ကျကျလာတိုင်း ထို့နည်းတူ လုပ်ပေးလိုက်ပါနော်... နောက် ပြောခြင်သေးတယ်
တချို့ ဖျက်လို့ မရတဲ့ ဖိုင်လေးတွေ ကျန်နေတတ်တယ်... တခု ချင်းးး စီ မောက်နဲ့ ညာကလစ် delete လုပ်ကြည့်ပါအုံးး  မရတော့ဘူးဆိုရင်တော့ ထားခဲ့လိုက်ပါနော်... ဖျက်မရတော့လို့ပါ  ပြဿနာမရှိပါ..
ကဲ  အပေါ်က ပြထားတဲ့ အချက် နံပါတ်စဉ်  (၅)  ခုစလုံး သည်နည်းနဲ့ဘဲ  ကစ်လိုက်တော့ဗျာနော်....


နောက် Window Clear Logs ဆိုတာကို ရှင်းပေးကြရအောင်နော်....သူကိုလည်း run box ခေါ်လိုက်ပါ
အဲထဲမှာဘဲ   eventvwr  ဆိုတဲံစာသားလေး ထည့်ပြီး  အိုကေ  ပေးလိုက်ပါနော်....
အဲခါမှာ အောက်မှာ ဇယားကြီးတခု  ကျလာမှာဖြစ်ပါတယ်

လွယ် ကူစေဖို့ နံပါတ်စဉ်လေး လုပ်ပေးထားပါတယ်  အစဉ်လိုက်သွားလိုက်ပါနော်....အဆင်ပြေမှာပါ
Window Logs  ဆိုတာကို နှစ်ချက်  ကလစ်ပေးလိုက်ပါ  ဒါဆို အောက်မှာ သူနဲ့ ဆိုင်တဲ့ စာကြောင်း

applacation
security
setup
system
forwarded events    ဆိုပြီးကျလာတာတွေ့ရမယ်.. အဲစာ တန်းတွေကိုဘဲ တခုချင်းစီပေါ့  မောက်တင်  ညာကလစ်ပေး  clear logs ဆိုတာကလစ်လိုက်ပါ...ဒါဆို ဘောက်သေးသေးလေးကျလာမယ်.....
Clear ဆိုတာကလစ်ပေးပြီး ရှင်းပေးလိုက်ပါနော်..ဒါဆို ပြီးပါပြီဂျာာာာာာ

ဆက်လက်လေ့လာလိုပါက
==============

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက
ဘလော့ခရီးသည်သို့ ဒီမှာ သွားလိုက်ပါ
လယ်တီမြေသားသို့ဒီမှာ သွားလိုက်ပါ
စာပေနန်းတော်သို့ဒီမှာ သွားလိုက်ပါ


ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...

1/28/2014

Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၃)



မင်္ဂလာပါနော်  သည်နေ့ ကျနော် ထပ်မံ ကြိုးစားပြီး ကွန်ပျူတာအတွက် လုပ်သင့်သော အချက်လက်လေးများဆိုတာကို  ရေးသားမှာ ဖြစ်ပါတယ်.. အရင်နေ့က  နံပါတ် (၁)  နဲ့ (၂ )  ကိုတင်ပြ
ပြီးဖြစ်တဲ့အတွက် သည်ဟာကတော့  နံပါတ်  (၃) ပေါ့ဗျာ.. ကဲ စလိုက်ကြရအောင်ဗျာနော်

ကဲ ပထမဆုံး မိမိတို့ ကွန်ပျူတာရဲ့  Sound Effect တွေကို ပိတ်ဖို့အတွက် Start  ကနေ Contro Panel
ကိုသွားလိုက်ပါနော်...

ရောက်ပြီဆိုတာနဲ့ ပထမဆုံး ညာအပေါ်ထောင့်က View by: ဆိုတာတချက်ကြည့်ပါ  မိမိကွန်ပျူတာမှာ
အပေါ်ပုံပြထားသလို အကုတ် မပေါ်ဘူးဆိုပါက large icon ဆိုတာပြောင်းပေးလိုက်ပါ... အိုကေ
ပြီးတာနဲ့ sound effect တွေ ပိတ်ဖို့  Sound  ဆိုတဲ့ စပီကာပုံလေးကို ကလစ်ပါ... ဘောက်လေးထွက်ပေါ်လာပါလိမ့်မယ်နော်.. ဘောပ်အပေါ်က sound ဆိုတာကလစ်ပါ..
၁-  sound scheme ဆိုတာနောက်က မျှားလေးကလစ်လိုက်ပါ....
၂-  no sound  ဆိုတာကို ထားပေးလိုက်ပါနော်....
၃-  ထားပြီးနောက် save as ဆိုတာကလစ်ပြီး no sound နေရာ မိမိနှစ်သက်ရာ အမည်ပေးပါ...
     ကျနော်ကတော့  aungsan ဆိုတဲ့ ကိုယ့်အမည်ဘဲပေးလိုက်တယ်....
၎-   ဒါဆို အဲအတွက် ပြီးပြီပေါ့  Apply-Ok ပေါ့နော်....

================================================

နောက်ထပ် တဆင့်တက်ကြမယ်... မိမိတို့ ကွန်ပျူတာထဲက MyComputer ဆိုတာကို ညာကလစ်ပေးလိုက်ပါ  နောက်  အောက်ဆုံးက  Properties ကိုဝင်ပေးလိုက်ပါနော်....


အဲမှာ System ဇယားကြီးတခုကျလာမှာဖြစ်ပါတယ်...အဲထဲက Advanced Syatem Setting ဆိုတာကိုကလစ်သွားလိုက်ပါ.....

Syatem Properties ဆိုတဲ့ ဇယားတခုကျလာမှာ ဖြစ်ပါတယ်.. အဲဇယားအပေါ်က Advance ဆိုတာကလစ်ပါ အိုကေ အဲလိုကလစ်ပြီး  အပေါ်ဆုံးမှာ ရှိနေမယ့်   Performance ဆိုတာရဲ့  Setting
ဆိုတာကိုကလစ်ပေးလိုက်ပါ....

 ပုံမှာ ပြထားတဲံ ညာဘက်က ဇယားဖြစ်တဲ့ Performance Options ဆိုတဲ့ ဇယားကျလာမှာ ဖြစ်ပါတယ်..
ထိုဇယားထဲကနေ Custom ဆိုတဲ့ ရှေ့ အမှတ်ပေးပြီး အောက်မှာ ရှိနေတဲ့ Vissual Effects စာတိုင်တွေမှာပေါ့.... မိမိတို့အတွက် လိုအပ်သည်များကိုသာအမှန်ခြစ် ထားပေးလိုက်ပါ ကျနော်ကတော့ နည်းနည်းလေးဘဲ ထားထားတာမို့ တချို့ သည်ထက်ပိုတဲ့ စာတိုင်တွေလဲ ရှိလာမှာ ဖြစ်ပါတယ်...

ဥပမာ။          ။ Enable aero Peek / Enable desktop compostion / စတဲ့စတဲ့ စာလေးတွေ    
                    ပိုပါလာခဲ့မယ်ဆိုရင်လည်း  အမှန်ခြစ်ပေးထားနိုင်ပါတယ်.... မလိုအပ်ရင်တော့ မပေးဘဲ ထားလည်းရပါသေးတယ်..ေိေိ...စုသဘော..စုသဘော...ပြောရမလိုပေါ့..ကဲ အဆင်ပြေပါပြီနော်

ဆက်လက်လေ့လာလိုပါက
==============


ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား  ဆက်လက် လည်ပါတ်လိုပါက
ဘလော့ခရီးသည်သို့ ဒီမှာ သွားလိုက်ပါ
လယ်တီမြေသားသို့ဒီမှာ သွားလိုက်ပါ
စာပေနန်းတော်သို့ဒီမှာ သွားလိုက်ပါ

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...

1/27/2014

Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၂)







 မင်္ဂလာပါ  သည်နည်းလမ်းလေးကတော့ ကွန်ပျူတာအတွက် လုပ်ဆောင်သင့်သော နည်းလမ်းများထဲက အပိုင်း(၂) ဘဲ ဖြစ်ပါတယ်... အဓိကတော့ မိမိတို့ စက်ဝင်းဒိုးတင်ပြီးခါစ  မှာပိုပြီးလိုအပ်ပါလိမ့်မယ်..နော်.
ကွန်ပျူတာ ဆားဗစ်သမားတွေအတွက် မလိုအပ်ပေမယ့်  လေ့လာခါစ  ညီငယ် မောင်မယ်များအတွက် ၀ါသနာရှင်အဆင့်အနေနဲ့  ကျွန်တော်..လေ့လာ မှတ်သားမိသလောက်  ပြန်လည် မျှဝေခြင်းပါ... ကဲစမယ်


အဆင့်  (၁)  အနေနဲ့  မိမိတို့ ကွန်ပျူတာ start ကနေ ဖြစ်စေ Win + R ကိုတွဲကလစ်သည်ဖြစ်စေ
Run  Box ကိုခေါ်လိုက်ပါ... ကျလာတာနဲ့  “gpedit.msc”  ကိုထည့်ပြီး ok ပေးလိုက်ပါ....

ခုလိုထည့်တာနဲ့ အောက်ဖော်ပြပါပုံအတိုင်း Group Policy Editor ပေါ်လာမှာဖြစ်ပါတယ်
ပုံသေခြာ မမြင်ရပါက ကလစ်လိုက်ပါ... နံပါတ်စဉ်တိုင်းသွားပေးလိုက်ရင်  ရပါပြီ....
ထိုအထဲမှာမှ ကျွန်တော်တို့က Computer Configuration အောက်က Administrative Template Tool
အောက်က Windows Components ထဲက AutoPlay Policies ထဲကိုဝင်ပီး ညာဘက်ခြမ်းမှာရှိတဲံ
 “Turn offAutoplay” ဆိုတာကို Double Click  နှိပ်လိုက်ပါ။
Default အရဆိုရင် Radious Check Box လေးက Not Configured ဖြစ်နေပါမယ်။ အဲဒါကိုကျွန်တော်
တို့က Enabled လို့သတ်မှတ်ပီး Turn off Autoplay on   ဆိုတဲ့နေရာမှာ All Drives ရွေးချယ်
မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်တော့ Apply / OK ဆိုတာကိုနှိပ်ပေးလိုက်ပါ


အဆင့်  (၂)  အနေနဲ့ကတော့... အစမူလက ၀င်ခဲ့တဲ့ Group Policy Editor  ဇယားမှာဘဲ ပြန်ကြည့်ပါ
                  လုပ်ဆောင်ချက်တွေကတော့ အပေါ်ကလုပ်ခဲ့သလိုပါဘဲနော်... အပေါ်အဆင့် (၁) တုန်းက
 Computer Configuration  ကနေလုပ်ခဲ့တာပါ   ခု အဆင့်(၂) ကတော့ user configuration ကနေလုပ်တာ  ပါ....ကျန်တာ အားလုံး အလားတူဘဲ ဖြစ်ပါတယ်နော်...

user configuration အောက်က Administrative Template Tool
အောက်က Windows Components ထဲက AutoPlay Policies ထဲကိုဝင်ပီး ညာဘက်ခြမ်းမှာရှိတဲံ
 “Turn offAutoplay” ဆိုတာကို Double Click  နှိပ်လိုက်ပါ။

Default အရဆိုရင် Radious Check Box လေးက Not Configured ဖြစ်နေပါမယ်။ အဲဒါကိုကျွန်တော်
တို့က Enabled လို့သတ်မှတ်ပီး Turn off Autoplay on   ဆိုတဲ့နေရာမှာ All Drives ရွေးချယ်
မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်တော့ Apply / OK ဆိုတာကိုနှိပ်ပေးလိုက်ပါ

ဆက်လက်လေ့လာရန်
===========



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com
 www.aungsanmks.com
www.ninilayy.com


ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...