10/20/2015

♪ မိမိ၏ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ မေးမြန်း ဆွေးနွေးနိုင်မည့် Social Opinion ကွန်ရက်အား အွန်လိုင်းပေါ်မှ မဲပေးနိုင်သည့် စနစ်ဖြင့် အသုံးပြုနိုင်ပြီ ♫


ပြည်တွင်း၊ ပြည်ပ မြန်မာ အသိုင်းအဝိုင်းမှ မိုဘိုင်းဖုန်းသုံးစွဲသူများ အနေဖြင့် တစ်ဦးချင်း ထင်မြင် ယူဆချက်များ၊ သိလိုသော မေးခွန်းများကို မေးမြန်း ဆွေးနွေးနိုင် မည့်  Mell Application အား အွန်လိုင်းပေါ်မှတစ်ဆင့် မဲပေးနိုင်မည့် Online Voting စနစ်ဖြင့် မည်သူမဆို ဝင်ရောက် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ app ကို ထုတ်လုပ်သည့် Xavey Myanmar ကုမ္ပဏီမှ သိရသည်။

Social Opinion Network တစ်ခုအဖြစ် တည်ဆောက်ထားသည့် အဆိုပါ Mell App သည် Social Poll App အမျိုးအစား တစ်ခုဖြစ်သည်။ Mell App ၏ လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် မိမိသိလိုသော အကြောင်းအရာများကို အလွယ်တကူ မေးမြန်းနိုင်မည်ဖြစ်ပြီး အခြားသူများ မေးမြန်းထားသည့် အကြောင်းအရာများ ကိုလည်း လွတ်လပ်စွာ ဖြေဆိုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းထုတ် Android App တစ်ခုဖြစ်သည့် Mell App တွင် မေးခွန်းများကို ဝင်ရောက်ဖြေဆိုခြင်း၊ မေးခွန်းများ မေးမြန်းခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်နိုင်မည် ဖြစ်သည်။

Mell App ကို သုံးစွဲသူ အချင်းချင်းသည် မည်သည့် အကြောင်းအရာကိုမဆို Comment များမှ တစ်ဆင့် အပြန်အလှန် ဆွေးနွေးနိုင်မည်ဖြစ်ပြီး အသစ်ထွက်ရှိမည့် Version တွင် မေးခွန်း တစ်ခုချင်းစီနှင့် ဓာတ်ပုံများပါ တွဲလျက် တင်နိုင်မည့် Feature များပါ ပါဝင်လာမည် ဖြစ်ကြောင်း Xavey Myanmar ကုမ္ပဏီ၏ တည်ထောင်သူ ကိုအောင်စည်သူကျော်က ဆိုသည်။

“အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ်နဲ့ သက်ဆိုင်တဲ့ နယ်ပယ် တစ်ခုအတွက် အချက်အလက်တွေကို သုတေသန လုပ်ချင်တဲ့ အခါမျိုးမှာ အသုံးဝင်အောင်လို့ပါ” ဟု Xavey Myanmar ကုမ္ပဏီ၏ တာဝန်ရှိသူဖြစ်သော ကိုအောင်စည်သူက ဆိုသည်။

ယခု လက်ရှိအချိန်တွင် Mell App အား Android Platform အတွက်သာ ထုတ်လုပ်ထားသေးပြီး လာမည့်လ အနည်းငယ်အတွင်း iOS Platform အတွက် ထပ်မံ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း  သိရသည်။

လူမှုကွန်ရက်  Mobile  Application တစ်ခုဖြစ်သည့် Mell App အား Play Store နှင့် http://www.mellapp.com/mell_app.apk တို့၌ အခမဲ့ Download ရယူသုံးစွဲနိုင်မည်ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com