10/24/2015

♪ “ထူးခြားချက်များနှင့် Android 6.0” ♫


OS တစ်ခုVersion မြင့်လာသည်ဖြစ်စေ၊Appတစ်ခုVersion မြင့်လာသည် ဖြစ်စေ၊ယခင်Version အဟောင်းထက်ပိုကောင်းအောင်ကြိုးစားလာမည် ဖြစ်ရာ Android 6.0သည်Android 5.0ထက်ပိုကောင်းလာမည်ကိုယုံမှား သံသယဖြစ်စရာမလိုပါပေ။Interface ပိုင်းဆိုင်ရာအပြောင်းအလဲကြောင့် ရှုပ်ထွေးသွားသည်များ၊မူလရှိရင်းအသုံးတည့်Setting အချို့ကို ပယ်ထုတ် လိုက်ခြင်းကြောင့်ရှုပ်ထွေးသွားသည်များAndroid 6.0တွင်ရှိကောင်း ရှိနိုင်ပါသည်။ လေ့လာမိသလောက်မှာAndroid 5.0သုံးနေသူများ အတွက် Android 6.0တွင်မျက်စိလည်စရာမတွေ့ရသလောက်ရှိခြင်းဖြစ်ပါသည်။ Android 6.0သည်မိုဘိုင်းဖုန်းအားလုံးပေါ်သို့တရားဝင်ရောက်မလာသေး သဖြင့် အကျိုးအကြောင်းအဆိုးအကောင်းအားလုံးကို ပြောရန်မဖြစ်နိုင်သေး သော်လည်းသုံးခွင့်ရခဲ့သောဖုန်းအချို့အရ မူ အောက်ပါထူးခြားချက်များကို တွေ့ရပါသည်။မြင်နေကျBoot Animation သည် Android 6.0၌ အခြား Android Version များနှင့်မတူဘဲထူးထူးခြားခြားပြောင်းလဲသွားပါသည်။ ကာတွန်းရုပ်ရှင်ဆန်လာသည်ဟု ဝေဖန်သူတို့လည်းရှိသည်။Google မှ အင်ဂျင်နီယာများ၏စွမ်းဆောင်ချက်ကြောင့်Android 6.0၏Boot Animation သည်စိတ်ပျော်စရာကောင်းလာသည်ကားအမှန်ဖြစ်ပါသည်။ လေ့လာသူ အချို့ကဤAnimation ကိုကြိုက်သည်ဟုလည်းဆိုသည်။ယင်းBoot Animation သည်Android 6.0အဓိက ပြုပြင်ပြောင်းလဲမှုမဟုတ်ပါ။သို့သော် ယင်းကAndroid Marshmallow အားပို၍စိတ်လိုလက်ရလက်ခံလာအောင် ဆောင်ရွက်ပေးနိုင်ပါသည်။
ဖုန်းစဖွင့်ပြီးOS ကိုဆွဲတင်နေချိန်တဖြည်းဖြည်းပေါ်လာသောအစက်ကလေး၊ ယင်းမှသည်စက်သွားပုံ၊ယင်းမှသည်စက်ပစ်ကွင်းမှပစ်မှတ်ပုံအထိအဆင့်ဆင့်ပြောင်းလဲသွားသောAnimation သည်အရောင်စုံသည်၊အသက်ဝင်သည်၊ အင်အားအပြည့်ရှိသည်။သို့သော်ယင်းနောက်တွင်Android သုံးစွဲသူများ နှင့်အလွန်ရင်းနှီးသောAndroid Logo ကို မြင်ရပါမည်။Boot Animation အသစ်သည်Android Lollipop အထိအဆင့်ဆင့်တိုးတက်ပြောင်းလဲလာပုံကို ကိုယ်စားပြုသည်။ထို့အတူAndroid 6.0၏သပ်ရပ်ပြီး ချောမွေ့သောOS အသွင်သဏ္ဌာန်ကိုရည်ညွှန်းပါသည်။Animation အသစ်ကဖုန်းသုံးစွဲသူ၏ ဘ၀အား တစ်စုံတစ်ရာပြောင်းလဲအောင်မလုပ်နိုင်သော်လည်းသူ့ကိုကြည့်ရ သည်မှာအမှန်ပင်စိတ်ကြည်နူးပျော်ရွှင်ဖို့ကောင်းပါလိမ့်မည်။Android 6.0 သုံးစွဲသူများထူးထူးခြားခြားသတိထားမိမည့်အရာမှာDoze ဖြစ်သည်။Doze သည်ဖုန်းဘက်ထရီသုံးစွဲမှုကိုသိသိသာသာတိုးတက်အောင်လုပ်ပေးသည့် Built-in Application ဖြစ်ပါသည်။Doze ကနည်းလမ်းသုံးသွယ်ဖြင့် ဘက်ထရီ ကိုထိရောက်စွာအသုံးပြုနိုင်အောင်အကူအညီပေးပါမည်။ပထမနည်းလမ်းမှာဖုန်းတွင်လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိ, မရှိကို ခြေရာခံသောMotion Detection ဖြစ်သည်။ဖုန်းကိုအသုံးမရှိဘဲHardware နှင့်Software များအား မောင်းနှင် ထားလျှင်ဘက်ထရီလေလွင့်မှုဖြစ်သည်။ဖုန်းမသုံးမှန်းသေချာလျှင်Deep Sleep Mode ထဲသို့ရောက်အောင်Doze ကပို့ပေးခြင်းဖြင့်ဘက်ထရီ အသုံးစံချိန်နှစ်ဆတက်လာနိုင်သည်။WiFi မသုံးကြောင်းတွေ့ရလျှင် Doze ကDisable လုပ်ပေးပါမည်။အရေးကြီးအဆင့်မဟုတ်သောNotification များ တက်မလာနိုင်အောင်လည်းDoze ကပိတ်ပေးနိုင်သည်။
WiFi မှတစ်ဆင့်အင်တာနက်လိုင်းရှာသောဖုန်းများအားမသုံးလျှင် ပိတ်ပေး ခြင်း ဖြင့်ဘက်ထရီအစားသက်သာစေပါသည်။အချို့သောAppများတွင် Wake Lock ရှိသည်။ယင်းကScreen အားOSကမှိန်အောင်လုပ်ပေးခြင်းကို နှေးကွေးအောင်လုပ်ခြင်း (သို့မဟုတ်) ရပ်တန့်ပစ်ခြင်းတို့ရှိတတ်သည်။Doze ကဤသို့အလုပ်ခံမည်မဟုတ်ဘဲဖုန်းအားတက်နိုင်သမျှအမြန်ဆုံးSleep Mode ထဲသို့ပို့ဆောင်ပေးနိုင်ပါသည်။Android Marshmallow သည်မိမိဖုန်းတွင်းရှိ AppများကMemory မည်မျှစားနေသည်ကိုအလွယ်တကူမြင်တွေ့ခွင့်ရ အောင် ပြန်လည်ဒီဇိုင်းဆွဲပေးထားသောOS ဖြစ်သည်။ Setting ထဲရှိMemory Menu ထဲသို့ဝင်လျှင်Bar တစ်ခုကိုမြင်ရပါမည်။ယင်းကအချိန်အတိုင်းအတာ တစ်ခု အတွင်းဖုန်း၏Memory အားမည်မျှအထိသုံးစွဲခဲ့သည်ကိုပြသထား ပါမည်။ ယင်းနေရာမှာပင်ဖုန်းတွင်းရှိAppတစ်ခုစီကMemory မည်မျှသုံးစွဲ သည်ကိုကြည့်နိုင်ပါသေးသည်။အကယ်၍ပိတ်ပစ်နိုင်သောAppမျိုးဖြစ်ပြီး မဖြစ်မနေပိတ်ပစ်ဖို့လိုမည်ဆိုပါကပိတ်ပစ်ရပါမည်။Android Lollipop တွင် သုံးထားသောThin Individual Memory Usage Bar ထက်စာလျှင်Android Marshmallow ရှိစနစ်ကMemory သုံးစွဲမှုအားစစ်ဆေးရန်ပိုမိုလျင်မြန်သော နည်းလမ်းဖြစ်ပါသည်။အလားတူပင်Android OS အသစ်၌သုံးထားသော Performance Tracker သည်ကြိုဆိုအပ်သောအရည်အချင်းသစ် တစ်ရပ် ဖြစ်ပါသည်။
Android 6.0 တွင်Google Now အားလက်တစ်ချက်ခေါက်ရုံဖြင့် အလွယ် တကူဖယ်ရှားနိုင်ရန်လည်း ပြုလုပ်ထားသည်။Google Now သို့ဝင်မည်ဆို လျှင် Home Screen လက်ဝဲဘက်မှနေ၍အတွင်းဘက်သို့ပွတ်ဆွဲနိုင်သည်။ သို့တည်းမဟုတ်Google App ပေါ်တွင်တစ်ချက်ခေါက်ပြီးGoogle Now ထဲ သို့ဝင်ရန်ပြုလုပ်နိုင်သည်။ပြီးလျှင်အပေါ်လက်ဝဲထောင့်ရှိSetting Icon အား တစ်ချက်ခေါက်၍Setting Menu ကိုခေါ်နိုင်သည်။Setting Menuကထဲသို့ ရောက်လျှင်စက်သွားပုံ နေရာ၌တစ်ချက်ခေါက်ပါ။ယင်းနောက်Voice Menu Option ကိုရွေးပါ။ယင်းMenu ထဲရောက်ပြီဆိုလျှင်Tap Slider ပေါ်ရှိNow ကိုလက်ဖြင့်တစ်ချက်ခေါက်ရန်လိုသည်။ယင်းနေရာကိုခေါက်ခြင်းဖြင့်Screen ပေါ်တွင်မြင်ရဖွယ်ရှိသော Additional Information များ ပေါ်မလာအောင် ရပ်တံ့နိုင်သည်။Google Now Off လုပ်လိုက်ခြင်း ဖြစ်သည်။ဤလမ်းကြောင်း အတိုင်းဝင်ပြီးSlider ကိုခေါက်ပေးလျှင်Google Now ပြန်၍ အသက်ဝင် လာပါမည်။Android 6.0 တွင်Google Now က ပြုလုပ်ပေးပါမည်ဟု အာမခံထားသောအရာများရှိသည်။ပထမအရာမှာContextual Search ဖြစ်သည်။Google Now တွင်တစ်ချက်ခေါက်လျှင်Android User များအနေ ဖြင့်Contextual Search လုပ်နိုင်မည်။Google Now အားသုံးပြီးWho is this ကဲ့သို့သောမရေရာသည့်မေးခွန်းများ ပေးနိုင်သည်။သီချင်းနားထောင် နေသည့် အခိုက်တွင် မေးကGoogle Now သည်မှန်ကန်သောအဖြေပေးနိုင်ဖို့ နီးစပ်သည်။ရုပ်ရှင်နှင့်ပတ်သက်လျှင်လည်းGoogle Now က ပြလာသော ရုပ်ရှင်ဇာတ်ကားတစ်ခု၏နာမည်ပေါ်တွင်ဖိ၍ ထောက်ထားမည်ဟုဆိုလျှင် ယင်းနှင့်ဆက်စပ်သည့်သတင်းအချက်အလက်များကိုယူဆောင်ပေးနိုင်သည်။
Google Now သည်Privacy ထိန်းသိမ်းမှုကိုလည်း ဆောင်ရွက်ပေးနိုင်သည်။ Google Now သုံးသည့်အခိုက်တွင်ရယူလိုက်သောInformation (သို့မဟုတ်) Data တို့အားGoogle Now သုံးစွဲမှုရပ်လိုက်သည့်အချိန်မှာပင်Device ထဲမှ ဖျက်ပေးမည်ဟုGoogle ကကတိပေးထားပါသည်။Android 6.0 သည် System OS ထဲအထိထွင်းဖောက်ဝင်ရောက်လိုသောApplication Permission များကိုလည်းကန့်သတ်ပေးလာနိုင်သည်။ထို့ကြောင့်Android Application Install လုပ်သူတို့သည်ယခုအခါတွင်ယင်းApplication အလုပ် လုပ်ရန်မဖြစ်မနေလိုမည့်Permission တို့ကိုသာခွင့်ပြုရန်လိုပါတော့မည်။ ဖုန်းတွင်းရှိPersonal Data များရယူသုံးစွဲခွင့်တို့ကိုအမှန်တကယ်လိုအပ်သည့် အချိန်ကျမှသာယင်းApplication တို့ကို ပေးအပ်ပါတော့မည်။ ဥပမာအားဖြင့် ဆိုသော်Facebook သို့မဟုတ်Twitter ပေါ်သို့ဓာတ်ပုံများUpload တင်သည့် အခါကျမှသာCamera App အားယင်းဓာတ်ပုံများရယူခွင့်ပေးခြင်းမျိုး ဖြစ်သည်။ ယင်းသည်Android လုံခြုံမှုနှင့် ဘေးကင်းမှုအတွက်ကြီးမားသော တိုးတက်မှုခြေလှမ်းတစ်ရပ်ဖြစ်သည်။ယင်းစီမံချက်ကြောင့်Android OS ပေါ်တွင်အလုပ်လုပ်မည့်Application များအနေဖြင့်အနာဂတ်ကာလတွင် လိုသည်ရော၊မလိုသည်တို့ကိုပါခြုံငုံပြီးPermission တောင်းရန်ဖြစ်နိုင်တော့ မည်မဟုတ်ပါ။Android 6.0 သည်ယခုအောက်တိုဘာလမကုန်မီ၌ ထွက်မည် ဖြစ်သော်လည်းဖုန်းအမျိုးအစားအားလုံးတွင်ရနိုင်ဦးမည်မဟုတ်ပါ။
Samsung ဖုန်းများတွင်Galaxy S6, S6 Edge, S6 Edge+, Note 4နှင့်Note 5တို့သည် Update ဦးစွာရသောဖုန်းများဖြစ်လာပါမည်။လာမည့်ဒီဇင်ဘာလ အတွင်းUpdate ရနိုင်သောဖုန်းများမှာHTC Line တွင်HTC One M8, M9 နှင့် M9+ တို့ပါဝင်ပြီးSony Line တွင်Xperia Z3, Z3 Compact နှင့်Z3 Plus တို့ ပါဝင်ပါသည်။လာမည့်နိုဝင်ဘာလထဲတွင်Update ရနိုင်သည်ဟု သတင်းပြေး နေသည့်ဖုန်းများမှာLG Line တွင်LG G3, G4 နှင့်G4 Pro တို့ပါဝင်ပြီး Motorola Line တွင်Moto X Play, Moto X Style နှင့်Moto G 2015 တို့ဖြစ်ပါ သည်။ကျန်သည့်ဖုန်းများတွင်စမ်းသပ်လိုပါကADB ToolsများကိုDownload ဆွဲပြီးစမ်းသပ်နိုင်ပါသည်။ကျွမ်းကျင်သူ၏ကြီးကြပ်မှုအောက်တွင်သာ ပြုလုပ် သင့်ပါသည်။
ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com