Showing posts with label IT ဗဟုသုတ. Show all posts
Showing posts with label IT ဗဟုသုတ. Show all posts

11/24/2016

အချမ်းသာဆုံးဟက်ကာ (သို့) Kim.com

 အမေရိကန်အစိုးရက ဖမ်းချင်ပေမယ့် ဖမ်းလို့မမိတဲ့ဟက်ကာ ၄ယောက်ရှိသတဲ့။ အဲဒီထဲမှာ Kim Dotcom လည်းပါတယ်။ Kim က လက်ချိုးရေတွက်လို့ရတဲ့ ကမ္ဘာ့ထိပ်တန်းဟက်ကာတစ်ယောက်ဖြစ်တယ်။ ဆိုရှယ်နက်ဝေါ့ပေါ်မှာ လူတွေကို Kim အားကျစေတာက သူ့ရဲ့ပြိုင်ဘက်ကင်းတဲ့ ဟက်ကာပညာရပ်မဟုတ်ဘဲ သူ့ရဲ့ ကြွားဝါတတ်မှုကြောင့်ဖြစ်တယ်။
.

 ကမ္ဘာထိပ်တန်းဟက်ကာတစ်ယောက် ဘယ်လောက်ချမ်းသာသလဲဆိုတာ လေ့လာကြည့်ရအောင်…
.
သူ့ရဲ့နေအိမ်ဟာ ဘယ်လောက်ကျယ်ဝန်းသလဲဆိုရင် သစ်ကုလားအုတ်ရုပ်တုတွေတောင် ထားနိုင်တယ်။ ကားကတော့ Kim ရဲ့အကြိုက်ဆုံးအရာပေါ့။ ဒါပေမယ့် တစ်ခါဝယ်ရင် တစ်စီးချင်းဝယ်တာမဟုတ်ဘဲ ကားတင်ကားနဲ့အပြည့် ဝယ်ပြန်သတဲ့။
.
 ကားအကောင်းစားတွေပိုင်ဆိုင်ရုံတင်မက ကားနံပါတ်ကိုလည်း အဓိပ္ပာယ်ရှိရှိပေးထားသေးတယ်။ ဥပမာ-- သူကိုယ်တိုင်မောင်းတဲ့ကားရဲ့နံပါတ်က Kim.com လို့ ပေးထားတယ်။ မာဖီးယားဆိုတဲ့ ကားနံပါတ်လည်းပေးထားတယ်။ နောက်ကားနက်တစ်စီးက ဟက်ကာတဲ့။ နောက်ကားနှစ်စီးရဲ့နံပါတ်က Good နဲ့ Bad တဲ့။ နောက်ကားနှစ်စီးမှာလည်း တစ်စီးကို GOD လို့ပေးပြီး ကျန်တစ်စီးကို Evil လို့ ပေးထားသေးတယ်။ 



 သူ့ဘဝက သာသာယာယာရှိခဲ့ပါတယ်.. မိန်းမငယ်ငယ်ချောချောတစ်ယောက်ကို ယူထားပြီး ကလေးတွေ တပုံကြီးမွေးထားသေးတယ်။ ဒီလိုသာယာတဲ့ဘဝက ညတွင်းချင်းမှာ ငရဲရောက်သွားခဲ့တယ်။ ပိုင်ဆိုင်မှုတွေအားလုံး ဗလာဖြစ်သွားခဲ့ရတယ်။ ဒါတွေဟာ ဟီလာရီကြောင့်လို့ဆိုတယ်။
.



ဒါဟာ ဘယ်လိုဖြစ်ရတာလဲ.. ဟီလာရီနဲ့ Kim ကြားမှာ ဘာတွေဖြစ်ခဲ့ဖူးလဲ…ဟီလာရီကို Kim ဘာကြောင့် အညှိုးထားမုန်းရသလဲ… 
.
ဟီလာရီ သမ္မတရွေးကောက်ပွဲဝင်တုန်းက ပျောက်ဆုံးခဲ့တဲ့အီးမေးလ် အစောင်၃သောင်းကျော်ကို Kim ပြန်ဖော်ပြီး သူ့ twitter အကောင့်မှာဖော်ပြခဲ့တယ်။ အဲဒီအတွက်ကြောင့် ဟီလာရီမဲရှုံးသွားရတယ်လို့လည်း ဆိုကြတယ်။ 
ဇာတ်လမ်းကို အစကနေစကြရအောင်…
.
Kim ကို ၁၉၇၄ခုနှစ် ဂျာမဏီမှာမွေးဖွားခဲ့တယ်။ ဖခင်က ဂျာမန်လူမျိုးဖြစ်ပြီး မိခင်က ဖင်လန်လူမျိုးဖြစ်တယ်။ သူ့နဂိုမျိုးရိုးနာမည်က Schmitz ပါ။ စတော့ဈေးကွက်တက်ချိန် အချီကြီးပွသွားခဲ့လို့ သူ့မျိုးရိုးနာမည်ကို Dotcom (.com) လို့ ပြောင်းခဲ့တယ်။ အဲဒီကစ Kim Dotcom ဖြစ်သွားခဲ့တယ်။
.
သူက ငယ်ငယ်လေးတည်းက ပါရမီရှိသူ.. ငယ်ငယ်လေးတည်းက အမေရိကန်လေကြောင်းဌာန၊ ပက်တဂွန်၊ စီတီဘဏ်တို့ကို ဟက်ခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ကြည့်ရုံပဲကြည့်ပြီး ဘာမှတော့မလုပ်ခဲ့ပါဘူး။ ပိုက်ဆံလိုလို့ အိုဗာစီးဖုန်းကုမ္ပဏီတစ်ခုကို ဝင်ဟက်ပြီး ဖုန်းနံပါတ်နဲ့ ပတ်စဝေါ့ကိုရအောင်ယူပေးခဲ့ပြီး လက်ခငွေ ဒေါ်လာ၂ဝဝ ရခဲ့တဲ့အချိန်ထိပေါ့။ အဲဒီနောက်ပိုင်းမှာတော့ စီးပွားရေးကုမ္ပဏီတချို့က သူ့ကိုလမ်းဖွင့်ပေးလာခဲ့တယ်။
.
ဒီလိုပေါ်ပေါ်တင်တင်ကြီး ဟက်နေမှတော့ တစ်ချိန်ချိန်အဖမ်းခံရမှာပါပဲ။ သူ့အသက် ၂ဝမှာ ထောင်လပိုင်းလောက် ကျသွားခဲ့သေးတယ်။ ချုပ်ရက်ပြည့်လို့ လွှတ်ပေးခါနီးမှာ ကွန်ပျူတာလိမ်လည်မှု ၁၁မှု၊ ဒေတာထောက်လှမ်းမှု ၁ဝမှုနဲ့ အခြားစာရိတ္တမကောင်းမှုတို့အတွက် ထောင်ဆက်ကျခဲ့ပြန်တယ်။ ထောင်ထဲမှာလည်း သူငြိမ်ငြိမ်မနေခဲ့ရပါဘူး… ဆက်သွယ်ရေးကုမ္ပဏီအကြီးအကဲတချို့က သူတို့ဆက်သွယ်ရေးလုံခြုံမှုရဖို့ Kim ကို ဆရာကြီးတင်ခဲ့တယ်။
.
နောက်ပိုင်း အဲဒီဆက်သွယ်ရေးကုမ္ပဏီတွေကြောင့် အကြံတစ်ခုရပြီး ထောင်ကထွက်တာနဲ့ Kim ဟာ Kimvestor ဆိုတဲ့ ဒေတာလုံခြုံမှုထိန်းသိမ်းရေးကုမ္ပဏီဆိုပြီး ဖွင့်လိုက်တယ်။ 
.
မျက်စိတစ်မှိတ်အတွင်းမှာ တရားမျှတတဲ့လုပ်ငန်းရှင်ဖြစ်လာပြီး အသက် ၃ဝမရောက်ခင်မှာ သူ့ပိုင်ဆိုင်မှုက ယူရို ၂ဘီလီယံရှိနေခဲ့ပြီဖြစ်တယ်။
.
၈ဝခုနှစ်ကစ သူဟာ Forbes စာရင်းဝင်သူတစ်ဦးဖြစ်နေခဲ့ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၁၃ဘီလီယံရှိနေခဲ့ပြီဖြစ်တယ်။
.
အသက် ၂၇နှစ်အရွယ်မှာ insider treading (စတော့အိတ်ချိန်းတွင် အတွင်းသတင်းအချက်အလက် သိရှိသူများက ကြိုတင်ရောင်းဝယ်ဆောင်ရွက်ခြင်း) နဲ့ ထိုင်းနိုင်ငံကိုထွက်ပြေးသွားခဲ့ပေမယ့် အဖမ်းခံရပြီး ဂျာမဏီကိုပြန်ပို့ခံခဲ့ရတယ်။ ဒါပေမယ့် ၆ဝခုနှစ်ဂျာမဏီရဲ့ဒီလိုရောင်းဝယ်မှုက အပြစ်မကြီးတာကြောင့် အာမခံနဲ့ပြန်လွတ်ခဲ့တယ်။
.
အဲဒီနောက်ပိုင်း ဂျာမဏီနိုင်ငံကို သူခွာပြီး ဟောင်ကောင်ကိုရောက်သွားခဲ့တယ်။ ဟောင်ကောင်မှာ ကုမ္ပဏီတစ်ခုဖွင့်ပြီး နည်းပညာရှင်အဖြစ် လုပ်ငန်းစခဲ့တော့တယ်။
.
၂ဝဝ၅ခုနှစ်မှာ Megaupload (dropbox လိုပုံစံမျိုး၊ ကိုယ့်ဒေတာတွေ၊ ဓာတ်ပုံတွေ သိမ်းထားလို့ရတဲ့နေရာမျိုး) ဆိုတဲ့ ကုမ္ပဏီတစ်ခု Kim ဖွင့်လိုက်တယ်။ သုံးကြတဲ့လူတွေ သန်းကျော်ရှိခဲ့တယ်။ ကြော်ငြာဖိုးနဲ့တင် ငွေတော်တော်ဝင်ခဲ့တယ်။
ဒါ့အပြင် စတော့ဈေးတွေနိမ့်ကျချိန် ဒေဝါလီခံမယ့်စတော့ကုမ္ပဏီတချို့ကို Kim ဝယ်ပစ်လိုက်တယ်။ သတင်းမီဒီယာတွေရဲ့ကောလာဟလသတင်းတွေနဲ့ ဟက်ကာတချို့ရဲ့ကစားကွက်ကြောင့် စတော့ဈေးတဟုန်ထိုးတက်သွားခဲ့ပြန်တယ်။ အဲဒီမှာ Kim အချီကြီးပွသွားခဲ့ပြန်တယ်။
.
ဒါပေမယ့် ကောင်းတဲ့အရာက တာရှည်မတည်မြဲခဲ့ပါဘူး။ ၂ဝ၁၂ခုနှစ်မှာ အမေရိကန်အစိုးရက ကော်ပီရိုက်ထိပါးချိုးဖောက်မှုကြောင့် ဆိုတဲ့အကြောင်းပြချက်နဲ့ ဝက်ဆိုက်ကို အပြီးပြတ်အဓမ္မပိတ်ချခိုင်းခဲ့တယ်။ (တရုတ်မှာ ဖေ့စဘုတ်သုံးမရသလိုပေါ့)
.
ဒါကို Kim က မကျေနပ်ဘူး… “ငါ အမေရိကန်မှာလည်း မနေဖူးဘူး၊ လာလည်းမလည်ဖူးဘူး။ ငါ့ဝက်ဆိုက်က နင့်တို့ကိုဘာလုပ်နေလို့ ငါ့ဝက်ဆိုက်ကိုပိတ်ပစ်ရတာလဲ… မင်းတို့ကို ငါတိုင်မယ်” ပေါ့။
.
အမေရိကန် FBI က ဒီဝက်ဆိုက်ကိုအတင်းပိတ်ချခဲ့လို့ အိုင်တီလောကကလည်း ဒေါသတွေထွက်ကြတယ်။ အဲဒီနောက် “anonymous” အမည်မဲ့လို့ ပေးထားတဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့ဟာ လွတ်လွတ်လပ်လပ် sharing လုပ်တဲ့အခွင့်အရေးကိုထိပါးရမလားဆိုပြီး အမေရိကန်တရားရုံး၊ အမေရိကန်ရုပ်ရှင်အစည်းအရုံး၊ Universial Music၊ အသံသွင်းဌာန (RIAA) စတဲ့ ဝက်ဆိုက်တွေကို ဝင်ဟက်ဖျက်ဆီးပစ်လိုက်တော့တယ်။
.
ဒီကိစ္စနဲ့ Kim ဟာ ဟောင်ကောင်ကနေ နယူးဇီလန်ကိုပြောင်းရွေ့ခဲ့ပြီး အမေရိကန်အစိုးရကို အငြိုးထားခဲ့တော့တယ်။
.
ပြစ်မှုများစွာရှိတဲ့ ဟက်ကာတစ်ယောက်ဟာ ဘာကြောင့် ဟိုနိုင်ငံ၊ ဒီနိုင်ငံပြောင်းရွေ့ရလွယ်ကူနေသလဲ..
.
အဖြေကတော့ ပိုက်ဆံပဲဖြစ်တယ်… ဒီလောကက သူဌေးသူကြွယ်တွေကို အရမ်းခွင့်လွှတ်နားလည်ပေးတတ်ပါတယ်။
.
စစချင်းမှာ Kimက ၁ဝမီလီယံနဲ့ရင်းနှီးမြှုပ်နှံ့မှုလုပ်ဖို့ဆိုပြီး ပြောင်းရွေ့စာတင်ခဲ့တယ်။ နယူးဇီလန်အလည်အပတ်သွားတိုင်း ကားတွေဇွတ်ဝယ်ခဲ့တယ်။ နယူးဇီလန်မှာ ကုမ္ပဏီလာဖွင့်မယ်၊ GDP တက်အောင်လုပ်မယ်ပေါ့။ အစိုးရက ငွေမြင်တာနဲ့ မျက်လုံးကလင်းသွားရော… Kim နောက်ကြောင်းကိုစုံစမ်းကြည့်တော့ ဘယ်သူ့ကိုမှလည်း သူမထိခိုက်ခဲ့ပါဘူး.. ငယ်ငယ်တုန်းက လိမ်ခဲ့တယ်ဆိုတာကလည်း အသက်မပြည့်သေးတာမို့ ပြောင်းရွေ့ခွင့်ပြုစေဆိုတာနဲ့ Kim ဟာ နယူးဇီလန်ကိုရောက်သွားခဲ့တယ်။
.
နယူးဇီလန်ရောက်သွားတဲ့ Kim ဟာ သူ့ကိုကာကွယ်ဖို့အတွက်ဆိုပြီး ရှေ့နေအဖွဲ့တစ်ဖွဲ့ကို ဝယ်လိုက်တယ်။ အမေရိကန်ကို ဖမ်းခေါ်သွားတာမျိုးလည်း မခံခဲ့ရတဲ့အပြင် နယူးဇီလန်မှာ မိန်းမယူပြီး သားသမီးတွေ တပုံကြီးမွေးပစ်လိုက်သေးတယ်။ အဲဒီနောက် အရင်ကုမ္ပဏီနဲ့ပုံစံတူတဲ့ ကုမ္ပဏီတစ်ခုဖွင့်လိုက်တယ်။ အဲဒီကုမ္ပဏီကို Mega လို့ အမည်ပေးတယ်။
.
နေ့ရက်တွေက ဒီလိုကောင်းကောင်းမွန်မွန်ဖြတ်သန်းသွားလို့ ရနိုင်တာပဲ… ဒါပေမယ့် Kim က ငြိမ်ငြိမ်မနေဘူး။ နိုင်ငံရေးလောကထဲ ဝင်မယ်ပေါ့။ Internet Party ဆိုပြီး အင်တာနက်သုံးစွဲသူတွေပါဝင်တဲ့ အင်တာနက်ပေါ်ပါတီကိုဖွဲ့လိုက်တယ်။ ၂ဝ၁၄ခုနှစ် နယူးဇီလန်ရွေးကောက်ပွဲမှာ သူဝင်ရွေးခဲ့သေးတယ်။ ဒါပေမယ့် နေရာတစ်ခုမရခဲ့ပါဘူး။
.
နိုင်ငံရေးလောကထဲဝင်လာတဲ့ Kim ကို နယူးဇီလန်နိုင်ငံရေးလောကသားတချို့က ကြည့်မရခဲ့ဘူး။ ဒီကောင်ကို နယူးဇီလန်ကနေ မောင်းထုတ်မယ်ဆိုပြီးဖြစ်လာရော။ ဒီလိုနဲ့ ၂ဝ၁၅ခုနှစ်မှာ အမေရိကန်အစိုးရကို တရားခံလွှဲပြောင်းခွင့်လျှောက်လွှာကို လက်ခံလိုက်တယ်။
.
အဲဒီအတွက် Kim ပေးဆပ်လိုက်ရတာက သူ့အိမ်၊ သူ့ကား၊ သူ့ဇိမ်ခံသင်္ဘော၊ သူ့လေယာဉ်ပျံတွေဖြစ်တယ်။ အားလုံးကို အစိုးရက သိမ်းပစ်လိုက်တယ်။ ရဲတွေ အလုံးအရင်းနဲ့ သူ့အိမ်ကိုလာရှာချိန် အိမ်ရဲ့ထောင့်တစ်နေရာမှာ ပုန်းအောင်းနေတဲ့ Kim က စိတ်ဓာတ်အကြီးအကျယ်ကျလို့ပေါ့။
.
သူလည်း အဖမ်းခံရတဲ့အပြင် ရှိသမျှစည်းစိမ်တွေ အကုန်အသိမ်းခံလိုက်ရတယ်။ ဝယ်ထားတဲ့ရှေ့နေအဖွဲ့ရဲ့အာမခံချက်ကြောင့် သူထွက်လာခဲ့ပြီးတဲ့နောက် သူ့ twitter မှာ ဒီလိုရေးခဲ့တယ်။
.
“အရာအားလုံးကို မျက်ရည်အဝိုင်းသားနဲ့ ငါကြည့်နေခဲ့ရတယ်။ ငါ့ကားတွေကို တစ်နေရာရာမှာ သူတို့ဝှက်ထားကြတယ်ဆိုတာ ငါသိတယ်.. ဒါကို ငါ ရပ်ပဲကြည့်နေခဲ့ရတယ်…”
.
အဲဒီကစ နဂိုကတည်းက သူအငြိုးထားခဲ့တဲ့ အမေရိကန်အစိုးရနဲ့ FBI ကို အရိုးထဲထိစိမ့်ဝင်အောင် သူမုန်းခဲ့တော့တယ်။ အမေရိကန်အစိုးရရဲ့အကျင့်ပျက်ခြစားမှုတွေကိုလှစ်ဟပြမယ့်အလုပ်ကို တစ်သက်တာလုပ်သွားမယ်လို့ ကြုံးဝါးခဲ့တယ်။ “ငါ တရားစွဲခံလိုက်ရပြီ… ဒါပေမယ့် ငါ အာမခံနဲ့လွှတ်နေတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ငါမဟက်ခဲ့ပါဘူး။ တရားမဝင်တဲ့လုပ်ရပ်တွေကိုလည်း မလုပ်ခဲ့ပါဘူး။ ခုချိန်မှာတော့ ငါတာဝန်တစ်ရပ်ရှိခဲ့ပြီ….”
.
ဒီနှစ်တွေထဲမှာ အမေရိကန်အစိုးရကို သူစူးစူးစိုက်စိုက်စောင့်ကြည့်ခဲ့တယ်။ ဟီလာရီနဲ့ ထရမ့်ကို စောင့်ကြည့်နေခဲ့ပြီး အကျင့်ပျက်မှုတွေကို လှစ်ဟခဲ့တယ်။ ဟီလာရီရဲ့အီးမေးလ်ကိစ္စကို သူနဲ့သူ့သူငယ်ချင်း Julian Assange (WikiLeaks) နဲ့ပေါင်းပြီး ဟီလာရီဖျက်ခဲ့တဲ့ အီးမေးလ်အစောင် ၃သောင်းကျော်ကို ပြန်ရအောင်ကြိုးပမ်းခဲ့တယ်။ သံရုံးအောက်က အချုပ်ခံထားရတဲ့ Julian ကို သံရုံးက အင်တာနက်ဖြတ်တောက်ခဲ့ချိန် Kim က သူ့တစ်ယောက်တည်း ကြိုးပမ်းခဲ့တယ်။
.
အစိုးရအဖွဲ့အစည်းတစ်ခုကို သူ့တစ်ယောက်တည်းလည်း စိန်ခေါ်ရဲခဲ့တယ်။ သူ့တစ်ယောက်တည်းနဲ့ အမေရိကန် ဟက်ကာအဖွဲ့အယောက် ၄ဝဝဝနဲ့ ချရလည်း သူမကြောက်ခဲ့ဘူး။ ဟီလာရီဖျက်ခဲ့တဲ့ အီးမေးလ်တွေကို သူရအောင်ယူပြီး တရားဝင်တဲ့နေရာတစ်ခုမှာ သူသိမ်းထားခဲ့ပါပြီ။ (ဒါကိုတော့ သေချာမပြောရဲပါ။ တကယ်ပြန်ဖော်နိုင်မဖော်နိုင် ကာယံကံရှင်တွေသာသိပါလိမ့်မည်။) FBI ကလည်း ဟီလာရီကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေခဲ့ပြီ။ ဒီကိစ္စက ရွေးကောက်ပွဲကို ထိခိုက်နိုင်မှာစိုးလို့ အိုဘားမားလည်းထွက်လာပြီး ဟီလာရီအတွက် စကားတွေပြောနေခဲ့ပြီ။
.
ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့လည်း ဒေါ်နယ်ထရမ့် သမ္မတအဖြစ်အရွေးခံခဲ့ရပါပြီ။ Kim.com ကို သူကျေးဇူးတင်သင့်တယ် မဟုတ်ပါလား….
----------
ဗဟုသုတအဖြစ် ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်။
အပြည့်အစုံ သိချင်၊ ဖတ်ချင်ရင်တော့ အင်တာနက်တွေမှာ၊ Kim ရဲ့ twitterမှာ၊ youtube တွေမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
https://en.wikipedia.org/wiki/Kim_Dotcom
https://en.wikipedia.org/wiki/Julian_Assange
http://chuansong.me/n/1066018251002
.
#NineNineSaNay







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

11/17/2016

သင့်ဖုန်းကို ဒီအရာတွေက ပျက်စီးသွားစေနိုင်


ဖုန်းကို ပျက်စီးစေတဲ့အချက်များထဲမှာ သင်ထင်မှတ်မထားတဲ့ အရာများစွာ ဖြစ်နေပါတယ်။  app တွေ ဒေါင်းလုဒ် ရယူခြင်းက သင့်ဖုန်းအတွက် မကောင်းဘူးဆိုတာမျိုးကတော့ သင်သိပြီးဖြစ်မှာပါ။ ဘာလို့လဲဆုငိတော့  အချို့ app တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆော့ဝဲလ်တွေ ပါနေနိုင်တာကြောင့်ပေါ့။ ဒါတင် မကသေးပါဘူး။ သင့်ရဲ့ နေ့စဉ်ပြုမူလုပ်ဆောင်မှုတွေကလည်း သင့်ဖုန်းကို ဖျက်စီးသလို ဖြစ်နေတယ်ဆိုတာ သတိထားရမှာပါ။ အဲ့ဒီအရာတွေကတော့
နေရောင်ခြည်နဲ့ထိတွေ့ခြင်း
ဖုန်းကို နေပူထဲ ဘယ်တော့မှ မထားခဲ့ပါနဲ့။
ဘောင်းဘီနောက်ကျောအိပ်ကပ်ထဲ ထည့်သိမ်းထားခြင်း
နောက်ကပ်ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတာဟာ ထိုင်ရင် ဖုန်းကို ကွေးသွားစေနိုင်ပါတယ်။
ဈေးပေါပေါဖြင့်ရသော အားသွင်းကြိုးများ
အဲဒီလိုအားသွင်းကြိုးအများစုက ပါဝါကို လိုသလောက် မဖြည့်ပေးနိုင်ပါဘူး။ တချို့ဆိုရင် ဘေးကင်းလုံခြုံမှုအပိုင်းကို လုံးဝထည့်သွင်းမထားတာပါ။
ဖုန်းကို တစ်ချိန်လုံးဖွင့်ထားခြင်း

ဖုန်းကို အနားမပေးဘဲ အဆက်မပြတ် အသုံးပြုခြင်းက ဘက်ထရီကို ပျက်စီးစေပါတယ်။

တခြားပစ္စည်းများနဲ့အတူ ရောပြီး ထည့်သိမ်းထားခြင်း

သော့တွဲများ၊ အကြွေစေ့တွေ စတာတွေနဲ့  အိတ်ကပ်ထဲ ထည့်သိမ်းထားပါက ဖုန်းမှာ ခြစ်ရာတွေ ဖြစ်စေနိုင်ပါတယ်။ 

Ref: youtube







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

11/03/2016

ဘာကြောင့် စမတ်ဖုန်းတွေ ထောင့်မှန်စတုဂံပုံတွေချည်း ဖြစ်နေရသလဲ


ကျွန်ုပ်တို့အားလုံး မိုဘိုင်းလ်ဖုန်း ကိုယ်စီအသုံးပြုကြပါတယ်။ အများစုက စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဂိမ်းကစားခြင်း၊ မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်သုံးစွဲခြင်းအပြင် စမတ်ဖုန်းအသုံးချနည်း များစွာရှိပါတယ်။ ဒါနဲ့ ဖုန်းဒီဇိုင်း အပြင်အဆင်ကို သတိထားမိပါသလား။ Customer တွေဆွဲဆောင်ဖို့တင်မဟုတ်၊ နောက်ကွယ်က အကြောင်းအရင်းများစွာ ရှိပါတယ်။
ဘာကြောင့် ဒီဇိုင်းအပြင်အဆင်က အဝိုင်းပုံစံမဟုတ်ဘဲ အုတ်ခဲလို ခပ်ပြားပြားပုံစံဖြစ်သလဲဆိုတာ စဉ်းစားကြည့်ဖူးလား။ ဟုတ်ကဲ့။ အကြောင်းအရင်းတစ်ခု ရှိပါတယ်။ သိပ္ပံပညာရပ်တစ်ခုတည်းမဟုတ်ဘဲ သေချာသဘောတရားတွေလည်း ပါဝင်ပါတယ်။ အကြောင်းအရင်းတွေကတော့…
စက်ဝိုင်းနဲ့ ထောင့်မှန်စတုဂံကို လေ့လာကြည့်ရင်… ထောင့်မှန်စတုဂံပုံစံဖုန်း လုပ်ရတာ ပိုလွယ်ပါတယ်။ CD ပြားကို အိတ်ကပ်ထဲထည့် သို့မဟုတ် လက်နဲ့ ကိုင်မယ်ဆိုပါစို့။ ခက်တယ်မလား။
ထောင့်မှန်စတုံဂံပစ္စည်းတစ်ခု ကိုင်ရတာ သုံးစွဲသူအတွက် ပိုလွယ်ပါလိမ့်မယ်။ 
Aspects Ratio

·         Ratio အကြောင်း သင် အထူးသလည် စိတ်ဝင်စားချင်မှ စိတ်ဝင်စားပါလိမ့်မယ်။ ဒါပေမယ့် လေ့လာဖူးမှာတော့ သေချာတယ်။
·         User တွေအနေနဲ့ ဒီ aspects ratio ဖြင့်သာ screen ကြည်လင်ပြတ်သားမှုနဲ့ ရုပ်ထွက်အရည်အသွေးကို သိနိုင်မှာပါ။
·         အကောင်းဆုံးနဲ့ standard ratio က 16:9 ပါ။
·         အက္ခရာတွေရဲ့ ခေါက်ရိုးညီမှုက ထောင်မှန်စတုဂံပုံမှာ ပိုထူးခြားပါတယ်။
·         စတုရန်းပုံအကွက်ငယ်လေးတွေဟာ နေရာလပ် သို့မဟုတ် ဟာကွက်တွေ မချန်ဘဲ ထောင့်မှန်စတုဂံကို အလွယ်တကူ အပြည့်ဖြည့်ပေးပါတယ်။ ဒါပေမယ့် စက်ဝိုင်း၊ တြိဂံစတဲ့ အခြားပုံစံတွေက ထောင့်စွန်းတွေမှာ နေရာတွေပိုလျှံပြီး ဘက်ပဲ့သဏ္ဍာန်ဖြစ်နေပါလိမ့်မယ်။
နောက်ကွယ်က သင်္ချာသဘောတရား
·         သင် သင်္ချာကျောင်းသားတစ်ယောက်ဆိုရင် ပတ်လည်အနား perimeter အကြောင်း သင်ဖူးပါလိမ့်မယ်။
·         သင်္ချာသဘောအရ ထောင့်မှန်စတုဂံရဲ့ ပတ်လည်အနားက စက်ဝိုင်းတစ်ခု သို့မဟုတ် တြိဂံတစ်ခုထက် > ပိုကြီးပါတယ်။
·         ထောင့်မှန်စတုဂံ : 2 (အလျား+ အနံ)
·         စက်ဝိုင်း : 2* pie* radius
ဒီအချက်ကနေ ထောင့်မှန်စတုဂံဟာ စက်ဝိုင်းထက် နေရာပိုဆန့်ကြောင်း သိနိုင်ပါတယ်။ 
Ref: alltechbuzz , http://www.trend.com.mm/

အဆင်ပြေပါစေ..







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

10/30/2016

MPT 4G ၀န်ဆောင်မှုမိတ်ဆက်ခြင်းနှင့်စပ်လျှဉ်း၍ မီဒီယာများနှင့် အမေးအဖြေများ

အမေး ၁ – 4G ဆိုတာဘာပါလဲ။ LTE ဆိုတာကရော ဘာပါလဲ။ GSM ၊ 3G တို့နဲ့ ဘယ်လိုကွာခြားမှုရှိပါသလဲ။
အဖြေ ၁ – 4G ဆိုသည်မှာ Fourth Generation of cellular communications ရဲ့အတိုကောက်ဖြစ်ပါတယ်။ LTE ဆိုတာကတော့ Long Term Evolution ကို ဆိုလိုတာဖြစ်ပြီး ဖုန်းနှင့်အခြားသောမိုဘိုင်းစက်ပစ္စည်းများ ပေါ်မှာ မြန်နှုန်းမြင့်ကြိုးမဲ့အင်တာနက်စနစ်များ အသုံးပြုတဲ့ အခါမှာ အမြန်နှုန်းအတွက် သတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုပဲဖြစ်ပါတယ်။
4G စနစ်ဟာ 3G စနစ်နဲ့ယှဉ်လျှင် အင်တာနက်အမြန်နှုန်း ပိုမိုမြန်ဆန်မှုရှိတဲ့အတွက် သုံးစွဲသူတွေ မိုဘိုင်းဖုန်းကနေ ၀က်ဘ်ဆိုဒ်တွေဝင်ရောက်ကြည့်ရှုတဲ့အခါ၊ video call ခေါ်တဲ့အခါ၊ အရည်အသွေးမြင့် မိုဘိုင်းတီဗီများကြည့်တဲ့အခါ၊ အွန်လိုင်းဂိမ်းအကြီးစားတွေဆော့တဲ့အခါ၊ cloud မှာ ဒေတာ သိမ်းဆည်းတဲ့ အခါ၊ အခြားအခြားသောအွန်လိုင်းမှ ၀န်ဆောင်မှုတွေ ရယူတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ အွန်လိုင်း အတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။
အမေး ၂ – 4G ၀န်ဆောင်မှုကို ရယူဖို့ဘာတွေလိုအပ်ပါသလဲ။
အဖြေ ၂ – 4G ၀န်ဆောင်မှုကို ရယူဖို့ 4G စနစ်ထောက်ပံ့ထားတဲ့ MPT ဆင်းမ်ကတ်တစ်ကတ်၊ မိုဘိုင်းဖုန်း သို့မဟုတ် မိုဘိုင်းစက်ပစ္စည်းတို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဆွေသဟာဝန်ဆောင်မှုကို ရယူထားဖို့လိုအပ်ပါမယ်။ တစ်ခုသတိထားရမှာကတော့ အချို့ 4G ဖုန်းတွေအတွက် 4G ၀န်ဆောင်မှုကို ရယူဖို့ SIM Slot-1 နဲ့အသုံးပြု လိုအပ်မှာဖြစ်ပါတယ်။
အမေး ၃ – MPT က 4G ကွန်ရက်ကို ဘယ်နေရာတွေမှာ မိတ်ဆက်သွားမှာပါလဲ။
အဖြေ ၃- အခုလောလောဆယ်မှာတော့ ရန်ကုန်နဲ့ နေပြည်တော်ရဲ့ သတ်မှတ်ထားတဲ့ နေရာ အတော်များများမှာ 4G ၀န်ဆောင်မှုကို ရရှိနိုင်ပါတယ်။ MPT ရဲ့ ဆူးလေအရောင်းဆိုင်နဲ့ ရန်ကုန်မြို့ပေါ်က ဈေးဝယ်စင်တာများဖြစ်ကြတဲ့ Junction Centre (မော်တင်)၊ Junction Square၊ တော်ဝင်စင်တာ တို့နှင့် နေပြည်တော်ရှိ ဈေးဝယ်စင်တာများဖြစ်ကြတဲ့ Junction Center နှင့် Capital Hyper Market တို့မှာ 4G ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း 4G ၀န်ဆောင်မှုရရှိနေပါပြီ။
အမေး ၄ – အခြားအော်ပရေတာများထက် MPT ရဲ့ 4G ၀န်ဆောင်မှုဟာ အကန့်အသတ်ရှိနေပြီး အဆောက်အဦးအတွင်းပိုင်းမှာ အသုံးပြုလို့ရအောင် ဘာလို့ရွေးချယ်ထားတာပါလဲ။
အဖြေ ၄ – MPT ရဲ့ 3G ကွန်ရက်ကို အားပေးနှစ်ခြိုက်ကြတဲ့ သုံးစွဲသူများအတွက် အနှောင့်အယှက်မဖြစ်စေဖို့ အခုကာလမှာ 4G ၀န်ဆောင်မှုကို အဆောက်အဦးအတွင်းပိုင်း တွေမှာပဲ အသုံးပြုလို့ရအောင် စီစဉ်ထားခြင်းဖြစ်ပါတယ်။ 4G ကွန်ရက်တည်ဆောက်မှု အားလုံးပြီးစီး သွားတဲ့အခါမှာ MPT အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ 4G ၀န်ဆောင်မှုတွေကို ပေးစွမ်းသွားမှာဖြစ်ပါတယ်။
အမေး ၅ – MPT ရဲ့ 4G နဲ့ အခြားသောအော်ပရေတာများရဲ့ 4G ဟာ ဘယ်လိုကွာခြားမှုရှိနိုင်ပါသလဲ။
အဖြေ ၅ – နည်းပညာပိုင်းအရတော့ ကွာခြားမှုသိပ်မရှိဘူးဆိုပေမဲ့ MPT ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော ဆက်သွယ်ရေးကွန်ရက်ဖြစ်တာကြောင့် 3G နဲ့ 4G ကွန်ရက်များကို အချောမွေ့ဆုံးသော ပြောင်းလဲပေးသွားအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အမေး ၆ – MPT သုံးစွဲသူဘယ်လောက်များများက 4G ကို အသုံးပြုနိုင်မလဲ။
အဖြေ ၆- GSM နဲ့ WCDMA အသုံးပြုသူများအားလုံးက MPT ရဲ့ 4G ကွန်ရက်ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
အမေး ၇ – MPT က 4G ၀န်ဆောင်မှုကို 1.8GHz လှိုင်းစဉ်ပေါ်မှာ ဘယ်တော့လောက် အပြည့်အ၀ပေးနိုင်မလဲ။
အဖြေ ၇ – MPT အနေနဲ့ 4G ကွန်ရက်ကို မြန်မာ့နိုင်ငံအတွင်းကို အမြန်ဆုံးဖြန့်ချိနိုင်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ထပ်ဆောင်း လှိုင်းနှုန်းစဉ် ဖြစ်တဲ့ 1.8 GHz အပေါ်မှာလည်းမူတည်နေပြီး ဒါမှပဲ 4G ကွန်ရက်ကို အကောင်းဆုံးလွှမ်းခြုံနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက 1.8GHz spectrum ချပေးတာနဲ့ 1.8GHz ကိုအသုံးပြုပြီး 4G ၀န်ဆောင်မှု အပြည့်အ၀ပေးသွားမှာပါ။ ၂၀၁၇ ခုနှစ် အစောပိုင်းလောက်ဖြစ်မယ်လို့ ထင်ပါတယ်။
အမေး ၈ – MPT က 4G ၀န်ဆောင်မှုကို ဘယ်လောက်ထိ တိုးချဲ့သွားဖို့ရှိပါသလဲ။
အဖြေ ၈ – အခုကာလမှာတော့ 2.1GHz spectrum လှိုင်းစဉ်ပေါ်မှာပဲ 4G ၀န်ဆောင်မှုကို ပေးသွားမှာပါ။ 4G ကွန်ရက်ကို နောင်နှစ်အတွင်းမှာ တည်ဆောက်ပြီးစီးသွားတဲ့အခါမှာတော့ 1.8GHz လှိုင်းစဉ်ပေါ်ကနေ မြန်မာနိုင်ငံရဲ့မြို့ကြီးများမှာ စတင်မိတ်ဆက်သွားမှာပါ။ 4G စနစ်ထောက်ပံ့တဲ့ မိုဘိုင်းစက်ပစ္စည်းတွေ ဈေးကွက်ထဲ ပိုမိုတွင်ကျယ်လာတဲ့အခါမှာတော့ မြို့တွေကိုတိုးချဲ့ပြီး ၀န်ဆောင်မှုပေးသွားမှာဖြစ်ပါယ်။
အမေး ၉- MPT ရဲ့ 4G ကွန်ရက် အမြန်နှုန်းဘယ်လောက်ရှိနိုင်မလဲ။
အဖြေ ၉ – 5M bandwidth ကို အမြင့်ဆုံး 37.5Mbps နဲ့ ရရှိနိုင်မှာပါ။
အမေး ၁၀ – ဒီအမြန်နှုန်းက လက်ရှိ 3G အမြန်နှုန်းထက်တောင် နှေးကွေးတယ်မဟုတ်ဘူးလား။
အဖြေ ၁၀ – 5M bandwidth ကို အမြင့်ဆုံး 37.5Mbps နဲ့ ရရှိနိုင်မှာပါ။ spectrum အသစ်ရတယ့်အခါ bandwidth များများထပ်ချပြီးသွားမှာဖြစ်တဲ့အတွက် အမြန်နှုန်းကို 75Mbps နဲ့ 150Mbps ဟူ၍ ပိုတိုးပြီးရလာမယ်လို့ ကျွန်တော်တို့မျှော်မှန်းထားပါတယ်။
အမေး ၁၁ – 4G ဆင်းမ်ကတ် ဘယ်လောက်များများ ဖြန့်ချိရောင်းချပြီးပါပြီလဲ။
အဖြေ ၁၁ – 4G စနစ်ထောက်ပံ့ထားတဲ့ nano ဆင်းမ်ကတ်တွေကို လွန်ခဲ့တဲ့နှစ်နှစ်လောက် ကတည်းက ရောင်းချပေးခဲ့ပြီးဖြစ်ပါတယ်။ အတိအကျကိုတော့ ပြောပြလို့မရပါဘူးခင်ဗျာ။
အမေး ၁၂ – မူလဆင်းမ်ကတ်ကို 4G ဆင်းမ်ကတ်သို့ ဘယ်လိုပြောင်းလဲရယူနိုင်မလဲ။
အဖြေ ၁၂ – 4G စနစ်ထောက်ပံ့ထားခြင်းမရှိသေးတဲ့ဆင်းမ်ကတ်ကိုင်ထားတဲ့ သုံးစွဲသူတွေဟာ MPT အရောင်းဆိုင်များသို့ သွားရောက်ပြီးတော့ မိမိတို့မူလဆင်းမ်ကတ်နဲ့ ဆင်းမ်ကတ်အသစ်တစ်ခုကို လဲလှယ်ရယူနိုင်ပါတယ်။ 4G စနစ်ထောက်ပံ့ပေးထားခြင်းမရှိသေးသော Sim card သုံးစွဲသူများကို MPT ကနေ SMS မှတစ်ဆင့် အကြောင်းပြန်ပေးသွားမှာပါ။ ဆင်းမ်ကတ်လဲထားတယ်ဆိုပေမဲ့ မိမိတို့မူလဖုန်းနံပါတ်နဲ့ပဲ ဆက်လက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူများမှ ထပ်မံသိလိုသည်များရှိပါက ၁၀၆ ကို ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ်။
အမေး ၁၃ – အမေး ။ MPT ကနေပြီး လက်ရှိ ဆင်းမ်ကတ်ကနေ USIM ကိုပြောင်းလို့ရပြီဆိုပြီး SMS လက်ခံရရှိခဲ့ပါတယ်။ USIM ကို လဲလိုက်ခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေကို ရရှိပါမလဲ။
အဖြေ ၁၃ – သုံးစွဲသူများတွင် 4G ကို ထောက်ပံ့ပေးသော Handset နှင့် ဆွေသဟာဝန်ဆောင်မှုကို ရယူထားပြီး USIM ကို ပြောင်းသုံးတဲ့အခါမှာ MPT ရဲ့ မြန်နှုန်းမြင့် 4G ဝန်ဆောင်မှုကို ရရှိမှာပါ။ USIM ကို အသုံးမပြုဘူးဆိုရင်တော့ မြန်နှုန်းမြင့် 4G ဝန်ဆောင်မှုကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ 3G ကွန်ရက်ကိုတော့ ပုံမှန်အတိုင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
အမေး ၁၄ – USIM တွေကို MPT အရောင်းဆိုင် တွေအပြင် တခြားလဲလို့ရတဲ့နေရာတွေရောရှိသေးလား
အဖြေ ၁၄ – တခြားနေရာတွေမှာတော့ လဲလို့မရသေးပါဘူ အခုလောလောဆယ်မှာတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ MPT အရောင်းဆိုင်များမှာပဲ လဲလို့ရပါသေးတယ်
အမေး ၁၅ – လက်ရှိသုံးနေတဲ့ ဆင်းမ်ကတ်က USIM ဟုတ်မဟုတ် ဆိုတာကို ဘယ်လိုသိလို့ရလဲ
အဖြေ ၁၅ – MPT က USIM တွေကို လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ထုတ်လုပ်ခဲ့ပြီး ယခုတိုင်ထုတ်လုပ် နေဆဲဖြစ်ပါတယ်။ ဒါကြောင့် MPT အသုံးပြုသူတော်တော်များများမှာလည်း USIM တွေကို ကိုင်ဆောင်ထားပါတယ်။
MPT ဆင်းမ်ကတ်မှာ MPT Logo အသစ်နဲ့ဆိုရင် အဲဒါက USIM ဖြစ်ပြီးတော့ ထပ်မံလဲလှယ်ဖို့မလိုအပ်ပါဘူး။
MPT ဆင်းမ်ကတ်မှာ MPT Logo အဟောင်းနဲ့ဆိုရင် USIM မဟုတ်ပါဘူး။
အမေး ၁၆- မေး။ 4G USIM နဲ့ အသုံးပြုရင် roaming လုပ်လို့ရလား
အဖြေ ၁၆ – ဟုတ်ကဲ့ USIM နဲ့ ဆိုရင်လည်း roaming လုပ်လို့ရပါတယ်။ သို့သော်လည်း 4G အတွက် Roaming ကို လက်ရှိပြင်ဆင်နေပြီးတော့ သုံးစွဲသူတွေက 2G/ 3G နဲ့လည်း roaming ဝန်ဆောင်မှုကို ပြုလုပ်နိုင်ပါတယ်
အမေး ၁၇ – အသုံးပြူသူတွေ 4G Network ရ မရဆိုတာကို ဘယ်လိုသိနိုင်ပါလဲ
အဖြေ ၁၇ – ပထမဦးဆုံး ဖုန်း Setting ကို ဝင်ပြီး LTE Network Mode ကိုရွေးပါ။ ဒါပြီးရင်တော့ 4G (သို့) LTE (သို့) L ကို ရွေးချယ်ပါ။ (စမတ်ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပြုလုပ်ရမယ့်နည်းလမ်းတွေတော့ ကွဲပြားသွားပါမယ်)
Choose Settings> More Network> Mobile Network> Network Mode> select LTE or 4G
If there is a choice of LTE or 4G, the device can be used for 4G-LTE network.\
Choose Settings> More Network> Mobile Network> Network Mode> select LTE or 4G ဆိုပြီး အဆင့်ဆင့် လုပ်ဆောင်သွားရမှာပါ။ LTE (သို့) 4G ကိုရွေးပြီးတဲ့နောက်မှာတော့ 4G Network ကို အသုံးပြုလို့ရပါပြီ။
** Setting ကတော့ ဟန်းဆက်အမျိုးအစားနဲ့ Operating System ( OS) အပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားမှာပါ။
အမေး ၁၈ – 4G Network နဲ့ အသုံးပြုတဲ့အခါမှာ အသံနဲ့ SMS အသုံးပြုမှုတွေမှာ ကွဲပြားခြားနားမှုတွေရှိပါသလား
အဖြေ ၁၈ – 4G Network နဲ့ အသုံးပြုတဲ့အခါမှာ အသံနဲ့ SMS အသုံးပြုမှုတွေမှာ ကွဲပြားခြားနားမှုမရှိပါဘူး
အမေး ၁၉ – 4G ကို ရဖို့ APN ကိုရော ပြောင်းလဲဖို့လိုသေးလား
အဖြေ ၁၉- 4G ကို ရဖို့ APN ကို ပြောင်းလဲဖို့မလိုပါဘူး
အမေး ၂၀ – 4G ကို သုံးဖို့အတွက် internet package တွေကို ဝယ်ထားဖို့လိုသေးလား
အဖြေ ၂၀- Internet package တွေကို ဝယ်ထားဖို့မလိုပါဘူး။ MPT ကို သုံးစွဲသူအားလုံး 3G ရဲ့ ဈေးနှုန်းအတိုင်းနဲ့ပဲ အသုံးပြုလို့ပါတယ်။
သို့သော်လည်း 4G ကို သုံးတဲ့အခါ အောက်ပါအချက်များနဲ့ ကိုက်ညီဖို့တော့လိုအပ်ပါတယ်.
၁) USIM
၂) 4G ကို ထောက်ပံပေးနိုင်သော Handset (I Phone ဆိုရင်တော့ IOS 10 နဲ့အထက်ကိုအသုံးပြုရမှာပါ။)
၃) ဆွေသဟာ အသုံးပြုသူ
အမေး ၂၁ – 4G တွေက စက်ပစ္စည်းအားလုံး (Handset အားလုံး) မှာ အသုံးပြုလို့ရလား
အဖြေ ၂၁ – 4G ၀န်ဆောင်မှုကို 4G စနစ်ထောက်ပံ့ထားတဲ့ စက်ပစ္စည်းတွေမှာပဲ ရယူနိုင်မှာဖြစ်ပါတယ်။ မိမိဖုန်းမှာ 4G စနစ်ပါမပါကို အဆိုပါဖုန်းဖြန့်ချိရောင်းချသူနဲ့ ပြန်လည်စစ်ဆေးကြည့်ဖို့လိုပါမယ်။ 4G စနစ်သုံးဖို့ MPT nano (U SIM) ဆင်းမ်ကတ်တစ်ကတ်လည်း လိုအပ်ပါမယ်။
အမေး ၂၂ – မိမိတို့ဖုန်း သို့မဟုတ် မိုဘိုင်းစက်ကိရိယာတွေမှာ 4G စနစ် သုံးလို့ရမရကို ဘယ်လိုသိရှိနိုင်ပါသလဲ။ ဘယ်လိုအမျိုးအစားတွေက 4G ထောက်ပံ့ထားလဲဆိုတာကို ပြောပြပေးနိုင်မလား။
အဖြေ ၂၂ – 4G စနစ်သုံးလို့ရမရဆိုတာကတော့ မိမိတို့အသုံးပြုတဲ့မိုဘိုင်းပစ္စည်းနဲ့ မိမိအော်ပရေတာက အသုံးပြုတဲ့ band ပေါ်မှာ မူတည်ပါတယ်။ ယေဘုယျအားဖြင့် မိမိဖုန်းက 4G စနစ်ထောက်ပံ့ထားတယ်ဆိုရင် Network mode ထဲမှာ WCDMA, GSM (2G) အစရှိသည်တို့နဲ့အတူ 4G ဆိုတာပါ တွေ့ရမှာပါ။ မိမိဖုန်းက 4G စနစ် အသုံးပြုလို့ရမရ ပြန်လည်စစ်ဆေးကြည့်ရင် ပိုကောင်းပါတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ထုတ်လုပ်ထားတဲ့ မိုဘိုင်းစက်ပစ္စည်းတွေ အများစုကတော့ 4G band ကိုအသုံးပြုလို့ရကြပါတယ်။ ဒါပေမဲ့ သေချာအောင် မိမိဝယ်ယူခဲ့တဲ့ ဖြန့်ချိရောင်းချသူ သို့မဟုတ် အရောင်းဆိုင်ထံမှာ ပြန်လည် အတည်ပြုကြည့်ပါ။
အမေး ၂၃- ကျွန်တော်ရဲ့ Handset ကတော့ 4G အလုပ်မလုပ်ပါဘူး။ MPT ကနေပြီးတော့ အဲဒီလိုမျိုးတွေအတွက် အထူးအစီအစဉ်တွေများရှိပါသလား
အဖြေ ၂၃- ခုလောလောဆယ်တော့ ကျွန်တော်တို့မှာ 4G Device အတွက် အထူးအစီအစဉ် တွေတော့မရှိပါသေးဘူး။ ကျွန်တော်တို့လည်း ကြိုးစားနေပြီးတော့ မကြာခင် ကမ်းလှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။
အမေး ၂၄ – 4G ထောက်ပံ့ပေးမယ့် Handset တွေကိုရော MPT ကနေ ရနိုင်လား
အဖြေ ၂၄- MPT Handset တွေဖြစ်တဲ့ M40 နဲ့ M50 တွေကတော့ 4G ကို ထောက်ပံ့မပေးနိုင်ပါဘူး။ ခုလောလောဆယ် MPT မှာတော့ 4G Handset တွေ မရှိပါသေးဘူး။
အမေး ၂၅- MPT က 4G ထောက်ပံ့တဲ့မိုဘိုင်းစက်ပစ္စည်းများ မိတ်ဆက်သွားဖို့ရှိပါသလား
အဖြေ ၂၅ – အရည်အသွေးကောင်းမွန်တဲ့ 3G မိုဘိုင်းစက်ပစ္စည်းတွေကို မကြာသေးမီကပဲ မိတ်ဆက်ထားတာ ဖြစ်ပါတယ်။ သုံးစွဲသူများရဲ့အသံကို နားစွင့်ပြီး 4G ဖုန်းများကိုလည်း ထုတ်လုပ်သွားမှာပါ။ ကျေးဇူးပြု၍ နောင်ထုတ်ပြန်မယ့်ကြေညာချက်များကို ဆက်လက်နားစွင့်ပေးပါ။
အမေး ၂၆ – ဘယ် handset တွေက 4G ကို ထောက်ပံ့ပေးတဲ့ handset တွေလဲ
အဖြေ ၂၇- ဈေးကွက်ထဲမှာတော့ 4G ကို ထောက်ပံ့ပေးတဲ့ handset တွေအများကြီးရှိပါတယ်။ ဈေးကွက်ထဲမှာလည်း မော်ဒယ်အသစ်တွေအများကြီးကို ရောင်းချလာကြတော့ ဘယ်အမျိုးအစားတွေ ဆိုတာကို ပြောဖို့ကတော့ခက်ပါတယ်။
အမေး ၂၇ – MPT က 4G ၀န်ဆောင်မှုကို 1.8GHz လှိုင်းစဉ်ပေါ်မှာ ဘယ်တော့လောက် အပြည့်အ၀ပေးနိုင်မလဲ။
အဖြေ ၂၇ – နိုင်ငံတော်အစိုးရက 1.8GHz spectrum ချပေးတာနဲ့ 1.8GHz ကိုအသုံးပြုပြီး 4G ၀န်ဆောင်မှု အပြည့်အ၀ပေးသွားမှာပါ။ ၂၀၁၇ ခုနှစ် အစောပိုင်းလောက်ဖြစ်မယ်လို့ ထင်ပါတယ်။
အမေး ၂၈ – MPT က 4G ၀န်ဆောင်မှုကို ဘယ်နေရာတွေမှာ ပေးသွားမှာပါလဲ။ တစ်နိုင်ငံလုံးအနေအထားနဲ့ ရာခိုင်နှုန်းဘယ်လောက်ကို လွှမ်းခြုံသွားမှာပါလဲ။
အဖြေ ၂၈ – MPT က 1.8GHz spectrum ကို ရတာနဲ့ တစ်နိုင်ငံလုံးအနေအထားနဲ့ ၀န်ဆောင်မှုပေးသွားဖို့ ပြင်ဆင်နေပါတယ်။ စစချင်းမှာတော့ လူဦးရေထူထပ်တဲ့နေရာများမှာ အရင်မိတ်ဆက်သွားပါမယ်။ ပြီးမှ ကျန်နေရာများကို ဖြည့်တင်းသွားပါမယ်။
အမေး ၂၉ – 4G ၀န်ဆောင်မှုအတွက် MPT ရဲ့ ဈေးကွက်ရှာဖွေရေးမဟာဗျူဟာတွေက ဘာဖြစ်မလဲ။
အဖြေ ၂၉ – ကျွန်တော်တို့က 4G ၀န်ဆောင်မှုကို တက်နိုင်သမျှ လူအမြောက်အများဆီသို့ အရောက်ပို့ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့သုံးစွဲသူများအားလုံး 4G ၀န်ဆောင်မှုကို ရယူနိုင်ဖို့ အကောင်းဆုံး ကြိုးစားပြီး နည်းလမ်းရှာဖွေသွားမှာပါ။ MPT ရဲ့ ဈေးကွက်ဗျူဟာအရ မီဒီယာတွေရဲ့ တစ်ဆင့် MPT အသုံးပြုသူတွေကိုဖြစ်စေ အသုံးမပြုသူတွေကိုဖြစ်စေ၊ OOH, PoSM အသုံးပြုတာတွေ ကဖြစ်စေ၊ နောက်ပြီးတော့ SMS ကတစ်ဆင့်ဖြစ်စေ နည်းမျိုးစုံကို အသုံးချပြီးတော့ သိရှိအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
refer - http://www.blog.myanmardigitallife.com/

အဆင်ပြေပါစေ..







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

10/28/2016

သင့် iPhone ကို ပျက်စီးအောင် လုပ်နေမိတဲ့ အချက် (၅) ချက်

အချို့ app တွေဟာ ဖုန်းဘက်ထရီအား စုပ်ယူကုန်ခန်းစေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် iPhone မှာ သင်မှားယွင်းစွာ လုပ်ဆောင်နိုင်တဲ့ အရာတွေကိုတော့ သင်သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်။ ဟောဒီ အချက် (၅) ချက်ကို သင့် iPhone  လုပ်ဆောင်မှုတွေမှာ အမြန်ဆုံးရပ်တန့်လိုက်ပါ။ 
၁။ ဖုန်းကို၂၄ နာရီ ၇ ရက်စလုံး အနားမပေးပဲ အသုံးပြုနေခြင်း
လူတိုင်း သူတို့ iPhone ကို တစ်ချိန်လုံး အသုံးပြုကြတယ်လို့ ယူဆပါတယ်။ ဘက်ထရီအသုံးမခံပဲ ပျက်သွားတာမျိုး အချိန်စောပြီး မဖြစ်စေဖို့ တစ်ပတ် (၁) ကြိမ် ပါဝါပိတ်ပေးသင့်တယ်လို့ ဆိုပါတယ်။ ၂၄ နာရီ ၇ ရက် သုံးစွဲခြင်းက ဘက်ထရီအတွက် ကောင်းမွန်တဲ့ အရာမဟုတ်သလို နောက်ဆုံးမှာ ပျက်စီးတဲ့အခြေအနေထိ ဖြစ်သွားစေနိုင်ပါတယ်။ သင့် iPhone က သင့်နှိုးစက်လည်းဖြစ်တယ်ဆိုတာ နားလည်ပါတယ်။ ဒီတော့ ဘယ်ချိန်မှာ ပါဝါပိတ်ရမလဲ။ အရင်တုန်းက နိုးစက်နာရီဟောင်းတွေ အသုံးပြုဖို့ ထည့်သွင်းစဉ်းစားပြီး ညဘက်အချိန်ကို ဖုန်းပါဝါပိတ်ဖို့ အသုံးချပါ။
၂။ အားအပြည့်သွင်းခြင်း 
အားသွင်းကိရိယာတွေ ထုတ်လုပ်တဲ့ Farbe Technik ကုမ္ပဏီ တွဲဖက်တည်ထောင်သူ Shane Broesky က ဘက်ထရီအား ၅၀% နဲ့ ၈၀% ကြားသွင်းတဲ့အခါ အိုင်ဖုန်းရဲ့ lithium-ion ဘက်ထရီဟာ အကောင်းဆုံးစွမ်းဆောင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လီတီယမ်အိုင်းယွန်း ဘက်ထရီတွေအတွက် ကောင်းတဲ့ အချက်တစ်ခုက ဖုန်းအား ၅၀% နဲ့ ၈၀% ကြားမှာ ထားဖို့ပါပဲလို့ သူက Digital Trends ကို ပြောပြခဲ့ပါတယ်။ ဒါက အားသွင်းထားတဲ့ အိုင်းယွန်းတွေ အလုပ်ဆက်လက်လုပ်ဆောင်ပြီး ဘက်ထရီကို  ကာကွယ်ပေးပါတယ်။
၃။ Apple ထုတ်မဟုတ်တဲ့ အားသွင်းကြိုး အသုံးပြုခြင်း 
မိမိ Apple ထုတ် ချာဂျာက အလုပ်မလုပ်တော့ဘူး ဒါမှမဟုတ် သုံးစရာမရှိဘူးဆိုပါစို့ ။ နီးစပ်ရာဆိုင်တစ်ခုခုမှာ  အမျိုးအစားမတူတဲ့ ချာဂျာတွေပြေးဝယ်ကြပါတယ်။ ဒါမျိုးမလုပ်ပါနဲ့။ Apple အမှတ်တံဆိပ်မဟုတ်တဲ့ ချာဂျာတွေက သင့် iPhone ပျက်စီးစေနိုင်တဲ့အပြင် မီးလောင်မှုပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
၎။ App တိုင်းမှာ location service တွေ setting ပြုလုပ်ခြင်း 
တကယ်လိုအပ်တဲ့ app တွေအတွက်သာ location service တွေ ဖွင့်ထားပါ။ Settings>Privacy>Location Services သို့ သွားရောက်စစ်ဆေးခြင်းဖြင့် ဘယ် app တွေမှာ location service အသုံးပြုထားလဲ သိနိုင်ပါတယ်။
၅။ Wi-Fi နဲ့ Bluetooth တစ်ချိန်လုံးဖွင့်ထားခြင်း 
Wi-Fi တစ်ချိန်လုံးဖွင့်ထားတာ ဒေတာသိမ်းဆည်းမှုအဆင်ပြေတယ်လို့ ယူဆပါလိမ့်မယ်။ မဟုတ်ပါဘူး။ Wi-Fi နဲ့ Bluetooth ဖွင့်လျက်ထားတာက ဘက်ထရီအချည်းနှီး ကုန်ဆုံးစေပါတယ်။ နှစ်ခုစလုံး ပိတ်ထားပြီး သုံးမယ်ဆိုတော့မှပဲ ဖွင့်ပါ။  

refer - http://www.trend.com.mm/







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

10/19/2016

♪ သင့်​ရဲ့ ကွန်​ပျူတာမှာ C:\ က default drive ဖြစ်​​နေရတဲ့အ​ကြောင်းရင်း ♫


သင် ကွန်ပျူတာကို အသုံးပြုတဲ့အခါ ‘C’ က default drive ဖြစ်နေတာကိုသတိပြုမိမှာပါ။ ဘာကြောင့်ဒီလိုဖြစ်ရ လဲ? `C´ ကပဲ default drive ဖြစ်ပြီး ‘A’ နဲ့ ‘B’ က မဖြစ်တာလဲ? ‘C’ drive အပြင် ‘D’ နဲ့ ‘E’ ရှိပြီး USB ထိုးလိုက်ရင် ‘F’ နဲ့ ‘G’ စသဖြင့် နာမည်ပေးပြီးသားတွေ့ရပါတယ်။ဒါဆို ‘A’ နဲ့ ‘B’ ကဘယ်မှာလဲ?



အရင်သုံးတဲ့သူတွေကတော့ ဘာကြောင့်လဲသိနိုင်ပေမယ့် computer ကို စသုံးမယ့်သူဆိုရင်တော့ ဒီမေးခွန်းတွေက စိတ်ရှုပ်စရာပါပဲ။ အဖြေကတော့ ကွန်ပျူတာတွေကို တိုးတက်အောင်လုပ်နေတဲ့အချိန်တွေတုန်းက ကွန်ပျူတာတွေမှာ ဖိုင်တွေသိမ်းဖို့ internal drive ကသိပ်မကြီးပါဘူး။ အဲ့ဒီအစား floppy disk တွေပါလာပါတယ်။ Floppy disk drive ကိုတော့ ‘A’ drive လို့ခေါ်ပြီး ဆိုဒ် 5 1/4 လက်မ နဲ့ 3 1/2 လက်မ ဆိုပြီး နှစ်မျိုးလာပါတယ်။ 5 1/4 လက်မ အရွယ် floppy disk ကိုတော့ ‘A’ drive လို့ခေါ်ပြီး 3 1/4 လက်မအရွယ် floppy disk ကိုတော့ ‘B’ drive လို့ခေါ်ပါတယ်။



အဲ့ဒီနောက်မှာ Hard Disk drive ထွက်လာပါတယ်။ သူ့ကိုတော့ ‘C’ drive လို့ခေါ်ပြီး ကွန်ပျူတာရဲ့ operating system (OS) ကိုသိမ်းဆည်းဖို့ဖြစ်ပါတယ်။



ကွန်ပျူတာ field မှာတော့ Hard Disk တွေက ဈေးပေါလာပြီး storage များများသိမ်းလို့ရပါတယ်။ ကွန်ပျူတာတီထွင်သူတွေရဲ့ Floppy disk တွေကို အသုံးပြုမှု ကျဆင်းလာပြီး မတွင်ကျယ်တော့ပါဘူး။ ‘A’ နဲ့ ‘B’ drive တွေကတော့ ပျောက်ကွယ်သွားပြီး ‘C’ drive ပဲ လက်ရှိကျန်နေပါတယ်။ ကွန်ပျူတာတွေရဲ့ Operating system ကို ‘C’ drive မှာတင်ထားတဲ့အတွက် ‘C’ က default drive ဖြစ်နေတာပါ။

သင့်ရဲ့ Hard Disk drive နဲ့ တခြား external drive တွေကို နာမည်အစဉ်လိုက်ထားချင်ရင်တော့ ကွန်ပျူတာရဲ့ Administrative rights မှာ ဝင်ပြောင်းလို့ရပါတယ်။ဒါကတော့ သင့်ရဲ့ ကွန်ပျူတာမှာ ‘C’ drive က default ဖြစ်နေရတဲ့ အကြောင်းရင်းတွေပါပဲ။


Nwe Oo Thant (Myanmar Mobile App)




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

10/10/2016

♪ သိမှတ်ဖွယ်ရာ IT ဝေါဟာရ အတိုကောက်များရဲ့ အဓိပ္ပါယ်များ ♫


IT ဝေါဟာရများရဲ့ အတိုကောက်စကားလုံးအချို့ရဲ့ အဓိပ္ပါယ်များကို ဗဟုသုတရရှိစေရန် မျှဝေပေး လိုက်ပါတယ်။ ဒါလေးတွေက IT လေ့လာနေသူတွေအတွက်သိထားရင် ပိုကောင်းပါတယ်။ ပုံလေးတွေကို ကြည့်ပြီး လေ့လာကြည့်လိုက်ပါ။

it1 it2 it3 it4 it5 it6 it7 it8 it9 it10 it11 it12 it13 it14 it15 it16 it17 it18 it19 it20 it21 it22 it23 it24 it25 it26 it27

#credit


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...