Showing posts with label Apple ID. Show all posts
Showing posts with label Apple ID. Show all posts

7/17/2016

ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်း စာအုပ် (ဇူးနစ်) by CHAN LAY (MCMM)



မိတ်ဆက်

======
iOS Device ဆိုင်ရာ Tip & Trick များကို လေ့လာနေကြတဲ့ ညီအကိုတွေအတွက်
မသိမဖြစ် သိထားသင့်တဲ့ Apple ID Account တစ်ခု ကွန်ပျူတာဖြင့်
 အလွယ်ဖွင့်ယူနည်းကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ယခုဖေါ်ပြပါ Apple ID Account ဖွင့်နည်းသည် ကျနော်ကိုယ်တိုင်
ဖွင့်လေ့ဖွင့်ထရှိတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် 100% လုံးဝအဆင်ပြေပါတယ်။

ကွန်ပျူတာမှာတော့ Windows OS အရ 32 bit ကွန်ပျူတာဆိုရင်တော့ iTunes 32 bit ကို
ထည့်သွင်းပေးရမှာဖြစ်သလို 64 bit ဆိုရင်တော့ iTunes 64 bit ကိုထည့်သွင်းပေးရမှာပါ။

iTunes ဆောဝဲသည် iOS Device အားလုံးအတွက် Driver ဖြစ်သလို PC Suite လည်းဖြစ်ပါတယ်၊
Android Device တွေလို Driver နှင့် Suite ကိုခွဲခြားပြီး ထည့်သွင်းနေစရာမလိုပါ။


iPhone & iPad ကိုင်ဆောင်ထားတဲ့ User တိုင်းတွင် မိမိ၏ ကိုယ်ပိုင် Device များအတွက် Apple ID
ဆိုတာ ရှိကိုရှိနေရမှာပါ၊ တကယ်လို့ မိမိက songs, movies ကို iTunes မှ (သို့) Apple Store
မှဒေါင်းလော့ ရယူချင်တယ်ဆိုရင်တော့ Apple ID ရှိနေမှဒေါင်းလော့ရယူမှုအဆင်ပြေမှာဖြစ်ပါတယ်။

Apple ID ကို Create ပြုလုပ်တဲ့အခါလည်း Free user အနေဖြင့် ဖွင့်ယူနိုင်သလို
Premiere member အနေဖြင့်လည်း မိမိ၏ Credit card information များကို
ထည့်သွင်း ပေးပြီး ဖွင့်ယူလို့ ရပါတယ်။

Apple ID ရှိထားခဲ့ရင် Apple App များနဲ့တစ်ခြား Payments စနစ်ဖြင့် ပေးဝယ်ယူရမယ့်
Ecosystem ကိုအကောင်းဆုံး အထောက်အကူပြုပေးမှာလည်း ဖြစ်ပါတယ်။

Apple Deivce သည် ကိုယ်ပိုင် App များနဲ့ Store များကို အဓိကထားထုပ်လုပ်နေတာမို့
အသုံးပြုသူ User များကိုလည်း Device တစ်ခုပိုင်ဆိုင်တဲ့ သူတိုင်း တစ်ဦးတစ်ယောက်လျှင်
ကိုယ်ပိုင် Apple ID Account တစ်ခုစီဖြင့် စမတ်ကျကျ အသုံးပြု လေ့လာနိုင်အောင် ဖန်တီး
ပေးထားတာလည်း ဖြစ်ပါတယ်။


ယခုစာအုပ်တွင် ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်းနဲ့
အောက်ပါ အကြောင်းအရာများကို အသေးစစ်လေ့လာရမှာပဲဖြစ်ပါတယ်။


ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်း စာအုပ်

=============================

၁။ What is Apple ID? Apple ID ဆိုတာ ဘာလဲ?

၂။ Apple ID ကို ဘာကြောင့်အသုံးပြုကြရတာလဲ?

၃။ Apple ID ကဘယ်နှစ်ခုတောင် လိုအပ်တာလဲ?

၎။ Apple ID ကို လူတိုင်းနှင့် Share ပြုလုပ်နိုင်တာပဲလား?

၅။ Apple ID ကို Change ပြုလုပ်ယူနိုင်တာပဲလား?

၆။ Apple ID Account ပြောင်းလဲအသုံးပြုနည်းများ

၇။ iCloud မှ Apple ကိုပြောင်းလဲနည်း

၈။ iTunes ကိုအသုံးပြု၍ Apple ID ကိုပြောင်းလဲနည်း

၉။ Apple ID Account တစ်ခု ကွန်ပျူတာဖြင့် အလွယ်ဖွင့်ယူနည်း

၁၀။ Email & Password Option အပိုင်း

၁၁။ Security Info Option အပိုင်း

၁၂။ Optional Rescure Email အပိုင်း

၁၃။ မွေးနေ့ မွေးရက် ခုနှစ် အပိုင်း

၁၄။ Payment Type Option အပိုင်း

၁၅။ Billing Adress အပိုင်း

၁၆။ iPhone & iPad များတွင် Activate ပြုလုပ်နည်း

၁၇။ iTunes & App Store Option အပိုင်း




စတဲ့ Tip & Trick များကို လေ့လာဖတ်ရှုရမှာပဲဖြစ်ပါတယ်
ပထမဆုံး အကြိမ် Pre edition ဖြစ်တာမို့ စာလုံးပေါင်းအမှားများနဲ့
လိုအပ်ချက်များစွာဖြင့် ဖတ်ရှုကြရမှာလည်းဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ်
အားလုံးအတွက်ပဲ ရည်ရွယ်ရေးထားတာဖြစ်လို့ Free Version အဖြစ်
အောက်ကလင့်မှာ ဒေါင်းလော့ရယူအားပေးနိုင်ကြပါပြီခင်ဗျား


ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်း စာအုပ် (ဇူးနစ်) ကို အောက်က Download Buttom ကို Click ပြီး Download ရယူနိုင်ပါပြီ...။


< === ( :::: DOWNLOAD :::: ) ===>

Or

< === ( :::: DOWNLOAD :::: ) ===>


Special Credit ===> ဇူးနစ်(နည်းပညာ)


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net
Read More ...

11/14/2015

Apple ID ကို မိမိတို့ရဲ့ iPhone/iPad ပေါ်မှာ အလွယ်တကူ ပြုလုပ်နည်း (မသိသေးတဲ့သူများအတွက်သာ)

1. အရင်ဆုံး Gmail or Email တခုကို Setting > Mails,Contacts, Calendars မှာ Sign in လုပ်ပါ။ (အချို့ Email ဆိုရင် Browser မှာပဲ Sign in လို့ ရပါတယ်)
2. Sign in ၀င်ပီးလျှင် Mail ကို On ပါ။
3. အကောင့် မလုပ်ခင် အရင်ဝင်ထားတဲ့ အကောင့်ကို Sign Out လုပ်ပေးပါ။ (Setting > iTunes & AppStore > Apple ID > Sign Out)
ဒါမှလည်း AppStore ထဲဝင်ပြီး ဖွင့်တဲ့အခါ Box ကျလာမှာပါ။
4. Sign Out လုပ်ပြီးလျှင် AppStore ထဲဝင်ပါ။ Free App တခုခုကို Download လုပ်လိုက်ပါ။
5. Box တခု ကျလာပါမယ်။ Create New Apple ID ကို ရွေးပါ။
6. ပြီးလျှင် Store ကို ကိုယ်ကြိုက်တဲ့ Country ထားပါ။ (ကျွန်တော်ကတော့ US Store နဲ့ ရှင်းပြသွားပါမယ်) 
ရွေးပြီးရင် Next ပါ။
7. ထပ်ပီး Agree ကို နှိပ်ပါ။

8. ဒီနေရာမှာ Email နဲ့ Password ကိုရေးပေးရမှာပါ။
a) Email မှာ ကိုယ်ပြုလုပ်မယ့် Email ကိုဖြည့်ပါ။
b) Password ပေးရင် ရှေ့ဆုံးမှာ အနည်းဆုံး Capital Letter တလုံးနဲ့ နောက်ဆုံးမှာ ကိန်းဂဏန်းတခုခု ပါဝင်ရပါမယ်။ (Eg : Password12345)
c) Security Questions တွေထည့်တဲ့ အခါမှာ ကိုယ်မှတ်မိမယ့်ဟာကိုပဲ ထည့်စေချင်ပါတယ်။ အလွယ်ထည့်ပါ။
(ဥပမာ - What was the name of your first pet? ဆိုရင် အဖြေမှာ pet ပေါ့
What was the model of your Car? ဆိုရင် အဖြေမှာ car ပေါ့
What was the first name of your Boss ဆိုရင် အဖြေမှာ boss ပေါ့)
d) နောက်ပီး Email တခုရှိသေးတယ်ဆိုရင်တော့ Recuse Mail ပါ ထည့်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် Apple ID ရဲ့ Password မေ့သွားခဲ့ရင် ဒီနှစ်ခုနဲ့ ပြန်လည်ရယူနိုင်တာကြောင့်ပါ
e) ပြီးရင် Birthday ဖြည့်ပါ။ အားလုံးပီးရင်တော့ Next ပေါ့။

9. ဒီအဆင့်မှာ ကိုယ့်ရဲ့ Billing Information နဲ့ ပါတ်သက်တာတွေ ဖြည့်ပေးရမှာဖြစ်ပြီး အမှန်တကယ် Bank Card သုံးစွဲသူတွေဆိုပါက သေသေချာချာ စီစစ်ရန်လိုအပ်ပါတယ်။
ကျွန်တော်ကတော့ Free Account တခုဖွင့်နည်းပဲပြောပြပါမယ်။
a) None ကိုရွေးပါ။
b) Code နေရာမှာ လောလောဆယ် ဘာမှ မထည့်ပါနဲ့
c) အောက်ဆက်သွားရင် ကိုယ့်ရဲ့ လိပ်စာတွေ ဖြည့်ပေးရမှာဖြစ်ပါတယ်။
Address 1 မှာ ကြိုက်တဲ့ No ပေးပါ။ (eg : 200)
Address 2 မှာ ကြိုက်တာဖြည့်ပါ။ (eg : Tatkone)
City မှာလည်း ကြိုက်တာဖြည့်ပါ။ (eg : Mandalay)
State နဲ့ Zipcode မှာတော့ အရေးကြီးပါတယ်။ မှားလို့မရပါဘူး။
အောက်မှာ State နဲ့ Zipcode တွေ ဖော်ပြသွားပါမယ်။ ခုတော့ ဆက်လိုက်ဦးမယ်။
ဖုန်းနာပါတ်နေရမှာ ရှေ့ ၃ လုံး၊ နောက် ၇ လုံး ကြိုက်ရာဖြည့်ပါ။ (eg : 123-456-7890)
အားလုံးပြီးရင် Next


10. ပုံ ၁၀ အတိုင်း Verify Your Account ဆိုရင်တောင် အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။
(ထိုအဆင့်ပီးလို့ Apple ID မှ Password တောင်းလျှင် Cancel ကိုနှိပ်ပါ)


11. Verify လုပ်ဖို့အတွက် Mail ထဲဝင်လိုက်ပါ။


12. Apple က ပို့ထားတဲ့ Mail တဆောင်ရှိပါလိမ့်မယ်။ ၀င်လိုက်ပါ။


13. Verify Now ကိုနှိပ်လိုက်ပါ။


14. Apple ID နဲ့ Password ရေးပြီး Verify Address ကိုနှိပ်ပေးလိုက်ပါ။



15. ပုံ ၁၅ လိုပြရင် Verify လုပ်တာ အောင်မြင်ပါပြီ။



16. ပိုပြီး သေချာသွားအောင် AppStore က Free App တခုကို Download လုပ်ကြည့်ပါ။



17. သင်ဟာ ကိုယ်ပိုင် Apple ID တခုကို ပိုင်ဆိုင်သွားပီပဲဖြစ်ပါတယ်ခင်ဗျာ။





ref:IT Knowledge Sharer

အဆင်ပြေပါစေ..




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...