10/26/2015

♪ “iOS 9 ရဲ့Tool အသစ်တွေသုံးမယ်ဆိုရင်” ♫


iOS 9 တရားဝင်ထွက်လာပါပြီ။သူထက်ပိုပြီးUpdate ဖြစ်ချင်ရင်iOS 9.0.1 ကိုသုံးနိုင်ပါသေးတယ်။iOS 9 ဟာSystem Performance တက်စေဖို့ ထူးထူးခြားခြားကြိုးစားထားပါတယ်။နောက်ဆုံးထွက်iPhone 6 Plus လို ဟာမျိုးတွေမှာHardware ပိုင်းပိုကောင်းအောင်မြှင့်ထားလို့Software အသစ်နဲ့Hardware အသစ်နှစ်မျိုးပေါင်းစွမ်းရည်ဟာ မြင့်မှာသေချာပါတယ်။
iOS 9 မှာSecurity ပိုင်းကိုလည်းပိုကောင်းအောင်မြှင့်ထားပါတယ်။ ရှိရင်းစွဲ Application ကိုလည်းအရည်အသွေးပိုကောင်းအောင်မြှင့်ထားပါတယ်။ ထူးခြားတာကအရင်Version မှာမပါတဲ့Application အသစ်တွေပါလာတာ ဖြစ်ပါတယ်။Siriကိုကြည့်ရင်Application အဟောင်းသာဆိုတယ် စွမ်းဆောင် ရည် ပိုပြီးထက်မြက်လာပါတယ်။အရည်အသွေးပိုကောင်းတဲ့ကီးဘုတ်ကို iOS 9 မှာတွေ့ရမှာ ဖြစ်သလိုApplication Switcher ကိုလည်းဒီဇိုင်းအသစ်နဲ့ တွေ့ရပါမယ်။iCloud Drive ကတိုးတက်မှုတွေရှိလာသလို ဖြည့်ဆည်းမှု အသစ်တွေလည်းထည့်ထားပါတယ်။Photos မှာဆိုရင်Screen Shot နဲ့ Selfieအတွက်Album အသစ်တွေထပ်ထည့်ပေးထားပါတယ်။Selfie Album ကဖုန်းရဲ့ရှေ့ကင်မရာနဲ့ရိုက်တဲ့ပုံတွေကိုသိမ်းဆည်းပေးပါမယ်။Notes Application ကိုလည်းအသစ်ပြင်ပြီးရေးဆွဲပေးထားပါတယ်။အခုဆိုရင်Notes ကိုသုံးပြီးText Format လုပ်နိုင်ပါတယ်။စာသားနဲ့ဓာတ်ပုံတွေLink တွေကို ရောပြီး ပြနိုင်တယ်။Notes ထဲမှာလက်ဆွဲပုံကြမ်းတွေလည်း ထည့်နိုင်ပါ တယ်။Find Friends Application ကအလိုအလျှောက်Install လုပ်သွားပြီး ကိုယ်သိတဲ့ပုဂ္ဂိုလ်တွေရဲ့Location ကိုခြေရာခံပေးပါမယ်။Find iPhone Application ကလည်းiOS 9 မှာတစ်မျိုးထူးခြားလာပါတယ်။Apple Device တစ်မျိုးမကသုံးရင်Device တစ်ခုကနေပြီးတခြားDevice တွေဘယ်မှာရှိ တယ်ဆိုတာခြေရာခံနိုင်ပါတယ်။
iPadသုံးတဲ့လူတွေကတော့iOS 9 ရဲ့Multitasking စွမ်းဆောင်ရည်ကို ပထမဆုံးအကြိမ်အသုံးပြုနိုင်ကြပါလိမ့်မယ်။iOS 9 ဟာiPhone 4s နဲ့အထက်၊ iPad 2 နဲ့အထက်မှာအလုပ်လုပ်ပါတယ်။iPod Touch ဆိုရင်5th Generation နဲ့အထက်မှာအလုပ်လုပ်ပြီးiPad Mini Version အားလုံးမှာအလုပ်လုပ်ပါမယ်။ သေချာတာကတော့iOS 9 မှာပါတဲ့စွမ်းဆောင်ရည်အပြည့်အစုံကိုiOS Device အားလုံးမှာမရနိုင်ဘူးဆိုတဲ့အချက်ပါပဲ။ကောင်းပြီiOS 9 ရဲ့Tool အသစ် တွေကိုတစ်ချက်လောက်ကြည့်ရအောင်။iOS 9 မှာဒီဇိုင်းအသစ်ပြန်ဆင် ထားတဲ့ App Switcher ကိုတွေ့ရမယ်။Home Button ကိုနှစ်ချက်နှိပ်ရင် တစ်ခုအပေါ်တစ်ခုထပ်နေတဲ့App Cards တွေကို မြင်ရပါမယ်။ လတ်တ လော သုံးထားတဲ့App တွေကညာဘက်မှာရှိပြီးဟိုးအရင်သုံးထားတဲ့App တွေကဘယ်ဘက်မှာရှိပါတယ်။ ဘယ်ညာပွတ်ဆွဲပြီးကိုယ်သွားချင်တဲ့နေရာဆီကိုသွားလို့ရပါတယ်။တခြားApple Device တစ်ခုပေါ်မှာApp တစ်ခုခုနဲ့ အလုပ်လုပ်ထားတာရှိရင်Handoff Indicator ကတစ်ဆင့်အဲဒီApp ဆီ လှမ်းချိတ် ပြီးသွားနိုင်စွမ်းရှိပါတယ်။Spot Light Search ကိုသုံးတယ် ဆိုရင် Screen အလယ်လောက်ကနေပြီးအပေါ်ဘက်ကိုပွတ်ဆွဲရတဲ့အလုပ်နဲ့ အသားကျနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။iOS 9 မှာတော့Screen ရဲ့ ဘယ်ဘက်ခြမ်းကနေအတွင်းဘက်ကိုပွတ်ဆွဲရမှာဖြစ်ပါတယ်။iOS 9 မှာ Siriဟာကြိုတင်တွေးဆထားတဲ့အကြံပြုချက်တွေကို ပြထားနိုင်တယ်။အဲဒီ အထဲမှာကိုယ်သုံးကောင်းသုံးနိုင်ဖွယ်ရှိတဲ့App တွေပါမယ်။ကိုယ့်အတွက် လိုချင်လိုနိုင်တဲ့Contacts တွေပါ,ပါမယ်။ဒါ့အပြင်Top New Stories တွေကို လည်း ပြပေးပါမယ်။အခုဆိုရင်Siriကိုအရင်ထက်ပိုပြီးမေးခွန်းတွေပိုမေးလို့ ရပါပြီ။စကားပြောပြီးမေးလို့ရသလိုစာရိုက်ထည့်ပြီးလည်းမေးနိုင်ပါတယ်။
Appleရဲ့မြေပုံစနစ်ဟာအရင်ကအဆဲခံခဲ့ရသလောက်အခုအချိန်မှာအများကြီးတိုးတက်ကောင်းမွန်လာပါတယ်။ iOS 9 မှာရွေးချယ်ထည့်သွင်းပေးထား တဲ့ မြို့ကြီးတွေရဲ့ဘတ်စ်ကားလမ်းကြောင်းတွေကိုကြည့်နိုင်ပါတယ်။ကားပြောင်း၊ရထားပြောင်းစီးရမယ့် Transit တွေ ကိုလည်းပြပေးလာနိုင်ပါတယ်။UK အတွက် ဆိုရင်တော့လောလောဆယ်မှာလန်ဒန်မြို့တစ်မြို့အတွက်ပဲ ပြည့်ပြည့်စုံစုံကြည့်နိုင်ပါဦးမယ်။ဒါပေမယ့်နောက် ပိုင်း မှာမြို့တွေတဖြည်း ဖြည်းတိုးပြီးထည့်သွင်းလာနိုင်ပါတယ်။ကားလမ်း ပြုပြင်ရေးလုပ်နေတဲ့ နေရာတွေ၊ကား လမ်း ပိတ်ထားတဲ့နေရာတွေကိုလည်းမြေပုံပေါ်မှာ ပြပေး ပါတယ်။ရထားဘူတာရုံနေရာမှာတစ်ချက်ခေါက်ရင်ရထားထွက်လာမယ့် အချိန်တွေကို ပြပေးပါမယ်။Multitaskingဆိုတာကလည်း iOS 9 မှာဖြင့် လောလောဆယ်ထူးခြားတဲ့အချက်ပါပဲ။Android ဘက်ခြမ်းမှာတော့Version 4.4လောက်ကတည်းကGalaxy Device တွေမှာMultitasking ကို မြင်နေရ ပါတယ်။iOS 9 မှာMultitasking ရတယ်ဆိုပေမယ့်လောလောဆယ် iPad တွေပေါ်မှာပဲသုံးလို့ရပါဦးမယ်။ဒီလုပ်ငန်းစဉ်ပါလာတာအလုပ်လုပ်ရလွယ်စေတာမို့ကြိုဆိုရပါမယ်။ သူနဲ့အတူFeature သုံးခုကိုလည်းထည့်ပေးထား ပါတယ်။
ပထမတစ်ခုကSlide Over ပါ။လက်ရှိသုံးနေတဲ့Appကိုပိတ်စရာမလိုဘဲတခြား App တစ်ခုထဲ သွားနိုင်တဲ့စွမ်းဆောင်ရည်ပါ။မူလAppရဲ့ညာဘက်ဘေးကနေ အတွင်းဘက်ကိုပွတ်ဆွဲပေးရပါမယ်။ပြီးရင်အပေါ်ဘက်နားကHandle နေရာ မှာတစ်ချက်ခေါက်ရပါမယ်။ပြီးရင်ကိုယ်သွားချင်တဲ့App ကိုရွေးပေးပါမယ်။
Slide Over သုံးရင်App တစ်ခုကိုFull Screen မသုံးနိုင်ပါဘူး။ အထူး သဖြင့် Sideberပွင့်နေတုန်းမှာမသုံးနိုင်ပါဘူး။App နှစ်ခုတစ်ပြိုင်တည်းသုံးနိုင်ဖို့ အတွက် Split View ကိုပြောင်းပေးရပါမယ်။Slide Over ကိုအရင်ဖွင့်ပါ။ ကိုယ်သွားချင်တဲ့ App ဆီသွားပါ။ပြီးရင်ဘယ်ဘက်မှာတွေ့ရမယ့်Handle ကို Drageဖိပြီးဆွဲပါ။ကိုယ်ထားချင်တဲ့ Window အရွယ်အစားရောက်အောင်Drag ဖိပြီးဆွဲနိုင်ပါတယ်။ Split View ရောက်ပြီဆိုရင်တစ်ချိန်တည်းမှာApp နှစ်ခုကို ကူးချည်သန်းချည်သွားပြီးအလုပ်လုပ်နိုင်ပါတယ်။ App တစ်ခုဆီသွားဖို့ တစ်ခု ပိတ်ပေးရမယ်ဆိုတာမျိုးမရှိတော့ပါဘူး။iPad Air 2 နဲ့iPad Mini 4 တွေမှာပဲ ဒီစွမ်းဆောင်ရည်ကိုအပြည့်အ၀သုံးနိုင်ပါမယ်။တတိယမြောက် သုံးနိုင်တဲ့ Multitasking Tool ကPicture in Picture ဖြစ်ပါတယ်။ တခြားအလုပ် တွေကိုScreen ပေါ်မှာလုပ်နေတုန်းဗီဒီယိုကြည့်နိုင်စေမှာဖြစ်သလိုFace Time သုံးချင်လည်းသုံးနိုင်စေမှာ ဖြစ်ပါတယ်။မတူညီတဲ့Screen နှစ်ခု တစ်ပြိုင်တည်းကြည့်ဆိုတဲ့သဘောပေါ့။Home Button ကိုတစ်ချက်ခေါက်ပြီး ပြလက်စဗီဒီယိုကိုအရွယ်သေးအောင်လုပ်ပါ။ပြီးရင်Screen ရဲ့ထောင့်တစ် နေရာ ရာကိုပို့လိုက်ပါ။မိမိတို့Screen ရဲ့အရွယ်အစားကိုအချိန်မရွေး ပြောင်း နိုင်သလိုScreen ပေါ်မှာကြိုက်တဲ့နေရာဆီလည်းပို့လို့ရပါတယ်။ ဗီဒီယို ပြကွက်အပေါ်မှာတစ်ချက်ခေါက်ရင်Control တွေ မြင်ရပါမယ်။ အဲဒီလို လုပ်ပြီးသွားရင်Screen ပေါ်ကတခြားApp တစ်ခုခုကိုခေါ်တင်ပြီးသုံးနိုင်ပါပြီ။
iOS 9 ရဲ့ကီးဘုတ်မှာလည်းလှည့်ကွက်အသစ်လေးတွေပါလာပါတယ်။Shieft Key ကိုတစ်ချက်ခေါက်ပြီးလုပ်နိုင်ပါတယ်။အဲဒီလိုခေါက်ရင်ကီးအားလုံး ပေါ်မှာအပြောင်းအလဲတွေဖြစ်ပါတယ်။ iPadပေါ်မှာလက်နှစ်ချောင်းဖိပြီးထားရင်ကီးဘုတ်ဟာTrack Pad ဘ၀ပြောင်းသွားပါမယ်။အဲဒါဆိုရင်Text တွေ ရေးရတာပိုလွယ်လာတဲ့အပြင်Text တွေရွှေ့ရတာလည်း ပို လွယ်လာ ပါမယ်။ ဒီလုပ်ငန်းစဉ်ကတော့iPhone 6S ပေါ်မှာလည်းအလုပ်လုပ်ပါတယ်။iCloud Drive App ကိုတော့Setting ထဲက၀င်ပြီးOn/Off လုပ်နိုင်ပါတယ်။On ထား ရင်ကိုယ်သိမ်းထားတဲ့ဓာတ်ပုံနဲ့Document တွေကိုiCloudထဲမှာကြည့်နိုင် ပါမယ်။ဒါ့အပြင်Folder Browsing လုပ်တာဖိုင်တွေဖွင့်တာ၊ဖိုင်နဲ့Folder တွေကိုတခြားတစ်နေရာရွှေ့တာ၊Share လုပ်တာနဲ့ဖျက်ပစ်တာတွေလည်း လုပ်နိုင်ပါတယ်။ဖိုင်နဲ့Folder လုပ်ငန်းတွေအတွက်Select ကိုသုံးရပါမယ်။ ပြီးရင်ရွှေ့တာ၊ပြောင်းတာContent Management လုပ်တာတွေကို ဆောင်ရွက်နိုင်ပါမယ်။
နောင်စိုး(ထားဝယ်)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com