Showing posts with label Game နှင့်သက်ဆိုင်သောသတင်းများ. Show all posts
Showing posts with label Game နှင့်သက်ဆိုင်သောသတင်းများ. Show all posts

10/25/2017

♪ ယခုတစ်ပတ်မှာတော့ လတ်တလောပူပူနွေးနွေးထွက်ရှိလာတဲ့ နာမည်ကျော်ဘောလုံးဂိမ်း FIFA 18 ကို တင်ဆက်ပေးလိုက်ပါတယ် ♫

Image may contain: 1 person, standing

" FIFA 18 (PC) "
----------------------------------
စာရေးသူ - GT (Excellent)


ဒီကနေ့မှာ ဂိမ်းအမျိုးအစားတွေဘယ်လောက်ပဲများများ ခေတ်အဆက်ဆက်မှာ ရိုးအီမသွားဘဲ အမြဲတမ်းဈေးကွက်ဝင်နေတာ ကတော့ ဘောလုံးဂိမ်းတွေပါ။ ဒီထဲမှာမှ Electronic Arts ကနေ ပွဲထုတ်ပေးတဲ့ FIFA စီးရီးကတော့ Top (10) စာရင်းမှာ ထိပ်ဆုံးကလို ဦးဆောင်နေပြီး ပရိသတ်အများစုအသည်းစွဲလို့ဆိုရမှာ ဖြစ်ပါတယ်။ နာမည်ကျော် FIFA စီးရီး ရဲ့ (25)ခွေမြောက် တင်ဆက်မှုဖြစ်တဲ့ FIFA 18 ကို ဖန်တီးပေးထားတဲ့ Developer ကတော့ ယခင်အတိုင်း ကနေဒါ EA အုပ်စုဖြစ်ပြီး Publisher(s) ကတော့ မူပိုင် EA Sports ပါ။ ဂိမ်မာအားလုံး စိတ်ကျေနပ်စေဖို့ Microsoft Windows သမားတွေအပြင် Nintendo Switch, PlayStation 3, PlayStation 4, Xbox 360, Xbox One ပလက်ဖောင်းစုံအတွက် တစ်ပြိုင်တည်းပွဲထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ FIFA ဟာ ဘောလုံးဈေးကွက်ရဲ့ပြိုင်ဖက်ဖြစ်တဲ့ PES နဲ့ အမြဲတမ်းယှဉ်ပြိုင်နေရတာကြောင့် Feature သစ်တွေ အပြိုင်မြှင့်တင်ကြရာမှာ (2017)ဗားရှင်းမှာတုန်းက အင်္ဂလန်ရဲ့ (၁၉၆၈-၆၉) ရာသီမှာ (22)ဂိုးသွင်းယူနိုင်ခဲ့တဲ့ လန်ဒန်၊ ကလက်ပ်ဟန်က နာမည်ကျော်တိုက်စစ်မှူး Jim Hunter ရဲ့ မြေးဖြစ်သူ (17)နှစ်အရွယ် လူငယ်လေး အဲလက်စ်ဟန်တာ အဖြစ်ဝင်ရောက်ကစားရတဲ့ The Journey ဆိုသော Single-Player Story Campaign Mode အသစ်ကို ထည့်သွင်းပေးခဲ့တာ ပရိသတ်တွေမှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီတစ်ခါမှာလည်း The Journey: Hunter Returns ဆိုတဲ့ Mode အနေနဲ့ပြန်လည်ပါဝင်လာမှာဖြစ်ပြီး (18)နှစ်အရွယ်ရောက်သွားပြီဖြစ်တဲ့ အဲလက်စ်ဟန်တာအနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်တွေကတစ်ဆင့် ဘရာဇီးနဲ့ ယူနိုက်တက်စတိတ်မြေ ပေါ်အထိ ခြေစမ်းခွင့်ရလာမှာဖြစ်ပါတယ်။ ဂိမ်းပလေးအနေနဲ့ ယခင်လိုလိဂ်တွေ၊ နိုင်ငံတကာပွဲတွေ စုံလင်အောင်ကစားနိုင်တဲ့အပြင် ထပ်တိုး Features တွေအနေနဲ့ကတော့ နိုင်ငံပေါင်း (12)နိုင်ငံက လိုင်စင်ကစား ကွင်းပေါင်း (50)ကျော်နဲ့အတူ အခြားကွင်းသစ် (30)၊ စုစုပေါင်း (80)ကျော်ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ကာဗာပိုင်းကိုတော့ စပိန်လာလီဂါရဲ့ဘုရင် ရီးရဲမက်ဒရစ်အသင်းက နာမည်ကျော်ဘောလုံး မင်းသား ခရစ်တီရာနိုရော်နယ်ဒိုရဲ့ပုံနဲ့ ပွဲထုတ်ပေးထားပြီး Attacking Techniques ပိုင်းတွေ AI ပိုင်းတွေကို အဆင့်မြှင့်တင်ပေးထားတာကြောင့် ပလေယာတွေအနေနဲ့ ယခင်ဗားရှင်းတွေကထက် ပိုပြီးခက်ခက်ခဲခဲ ကစားရမှာအသေအချာပါ။ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ဂရပ်ဖစ်တွေ၊ သွက်လက်တဲ့လှုပ်ရှားမှုတွေအတွက် ကိုတော့ FIFA 17 မှာ စပြီးအသုံးပြုခဲ့တဲ့ Frostbite 3 အင်ဂျင်ကို ဆက်လက်အသုံးပြု ဖန်တီးရေးဆွဲပေးထားတာကြောင့် FIFA 17 မှာလို ကောင်းမွန်တဲ့ရသတွေကို ခံစားရမှာဖြစ်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





www.pyaephyo.com
 
 
 
Read More ...

10/02/2017

♪ PES 2018 PC Version အသစ်ထွက်ရှိ ♫

Image may contain: 3 people, text


ယခုအပတ်အတွင်းအသစ်ထွက်ရှိသော PC ဂိမ်းများထဲတွင် Football ဂိမ်းပရိသတ်များကြိုက်နှစ်သက်သည့် PES 2018 ၏ PC version ၀င်ရောက်လာပြီး Jersey နှင့်ကစားသမားအမည်မှန် licensed အသင်းတွေအဖြစ်ကတော့ UEFA Champions League, the UEFA Europa League, the France national football team နှင့် Brazil national football team တို့မှအသင်းတွေပါဝင်ထားပါတယ်။

RPG ဂိမ်းသစ်တွေအဖြစ်လည်း Strategy RPG ဂိမ်းအမျိုးအစား Divinity Sins 2 နှင့် Action RPG ဂိမ်းYs Seven တို့ဆက်လက်ဝင်ရောက်လာပါတယ်။ PES 2018 ကိုPCမှာ Controller နှင့်ကစားလိုသူတွေအတွက် Official Xbox360 wired controller များကို promotion စနစ်ဖြင့်ရောင်းချပေး သွားမည်ဖြစ်ပြီး PC Control Options များအား auto-detect စနစ်ဖြင့် ကြိုတင်သိရှိနိုင်မည်ဖြစ်ကာ Battery လိုအပ်မှာမဟုတ်ဘဲအချိန်မရွေး အသုံးပြုနိုင်မှာဖြစ်ပါတယ်။အဆိုပါ Official Xbox360 wired controller များကို၂၅,၀၀၀ကျပ်ဖြင့် GAME HIVE ဖုန်းနံပါတ်၀၉၇၃၁၁၈၅၅၀နှင့် ၀၉၄၅၀၀၄၁၅၀၀သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







www.pyaephyo.com
 
 
 
Read More ...

9/25/2017

♪ မြန်မာမှုဂိမ်းသစ် Tank Rival Mission စတင်ဖြန့်ချိ ♫


မြန်မာမှုဂိမ်းသစ်တစ်မျိုးဖြစ်တဲ့ Tank Rival Mission ကို MyPlay ကစတင်ဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။ နှစ်ဖက်ကစားရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး ဂိမ်းထဲကိုဝင်ရောက် ကစားတဲ့အခါမှာ မိမိကိုယ်တိုင် တင့်ကားတစ်စီးကို ထိန်းချုပ် ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။ 

တစ်ဦးနဲ့တစ်ဦး တစ်ဖက်စီနေပြီး ကစားနိုင်သလို အဖွဲ့လိုက်အနေနဲ့ လည်း တစ်ဖက်စီနေပြီး ချိတ်ဆက် ကစားနိုင်တယ်လို့ ဆိုပါတယ်။ ယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိတဲ့ဘက်က သတ်မှတ်ထားတဲ့ ဒင်္ဂါးပြားတွေရမှာဖြစ်ပြီး အဲဒါတွေနဲ့ ပိုမိုအဆင့်မြင့်တဲ့ Tank Rival Mission ပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။

အဆင့်တက်လာတိုင်း ပိုမိုအဆင့်မြင့်တဲ့ တင့်ကားတွေ၊ လက်နက်အသစ်တွေနဲ့ အခြားအပိုပစ္စည်းတွေ ကိုလည်း ဒင်္ဂါးအသုံးပြုပြီး ဝယ်ယူစုဆောင်းထားနိုင်မှာ ဖြစ်ပါတယ်။ “ပြည်တွင်း developer တွေဖန်တီးထားပြီး MyPLAY ကဖြန့်ချိတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်၊ မိုဘိုင်းဂိမ်း ဈေးကွက်ထဲကို ဂိမ်းအသစ်တစ်ခုနဲ့ စတင် ထိုးဖောက်ဖို့ ဖြစ်တယ်၊ နောက်လဲ ပြည်တွင်းပညာရှင် developer တွေ ဖန်တီးထားတဲ့ ဂိမ်းတွေကို တီထွင် ဖြန့်ချိသွားဦးမှာပါ” လို့ MyPlay ကုမ္ပဏီရဲ့ Operation Manager ကိုစိုင်းပြည့်ဖြိုးဟန်က ပြောပါတယ်။

လက်ရှိမှာ MyPlay ကနေထွက်ရှိထားခဲ့တဲ့ မြန်မာမှုဂိမ်းတွေကို ကစားသူဦးရေ အရေအတွက်အားလုံး နှစ်သန်းကျော်ရှိတယ်လို့ သိရပါတယ်။




Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/14/2017

♪ Land of Magic မြန်မာဂိမ်းသစ်ထွက်ရှိ ♫


My Game ရဲ့ Land Of Magic (ပဉ္စလက်ကမ္ဘာဂိမ်း) ကို ဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။ MMORPG ဂိမ်းအမျိုးအစားဖြစ်ပြီး MMORPG ဂိမ်းဆိုတာကတော့ ရာချီတဲ့ကစားသူတွေ အွန်လိုင်းပေါ်မှာ ဆော့ကစား ရမယ့် Massively Multiplayer, Online Role Playing Game ကို ဆိုလိုတာပဲဖြစ်ပါတယ်။ အဲဒီဂိမ်းမှာ ကစားသူတွေ စဉ်ဆက်မပြတ် ပါဝင်ဆင်နွှဲလို့ရမှာ ဖြစ်ပါတယ်။

လူသားတွေနဲ့ မကောင်းဆိုးရွားတွေကြားက စစ်ပွဲကိုအခြေခံထားတဲ့ နောက်ခံဇာတ်လမ်းဖြစ်တယ် လို့သိရပါ တယ်။ ဂိမ်းထဲမှာ ကမ္ဘာမြေကို အုပ်စိုးချုပ်လှယ်မယ့် မကောင်းဆိုးရွားတွေဟာ လူသားတွေကို စတင်ရန်ပြု တိုက်ခိုက်ပြီး အခြားသက်ရှိမျိုးနွယ်တွေကို အန္တရာယ်၊ အကြောက်တရားတွေနဲ့ လွမ်းခြုံကြီးစိုးထားပါတယ်။ ဂိမ်းကစားသူတွေအနေနဲ့ Warrior, Mage, Rogue တို့နဲ့အတူ လက်တွဲပူးပေါင်းပြီး အဲဒီလိုအကျည်းတန်တဲ့ မကောင်းဆိုးရွားတွေကို ပြန်လည်တိုက်ထုတ်လို့ Land Of Magic ကို သိမ်းယူရမှာဖြစ်ပါတယ်။


အဲဒီဂိမ်းကစားသူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ထောက်ပံ့ကူညီပြီး တစ်ချိန်တည်းမှာပဲ အတူတကွ တိုက်ပွဲဝင်နိုင်မယ်လို့ ဆိုပါတယ်။ Land of Magic ကို Google Play မှာ APK အဖြစ်နဲ့ ရယူနိုင်ပြီဖြစ်ပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ အဲဒီဂိမ်းကို မိတ်ဆက်ပွဲ ပြုလုပ်မှာဖြစ်ပြီး နေရာကတော့ Myanmar Plaza မှာလို့ သိရပါတယ်။ 

ဒီပွဲကိုလာမယ်ဆိုရင်တော့ Land of Magic ရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံနိုင်မှာဖြစ်သလို Land of Magic APK ဖိုင်ကို အပြန်အလှန်မျှဝေတာတို့ မီနီဂိမ်းတွေမှာ ပါဝင်ကစားပြီး ဆုလက်ဆောင်တွေ၊ လက်ဆောင်ကုဒ်တွေ၊ အမှတ်တရပစ္စည်းတွေ ရယူတာတို့လည်း ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။


-ထွန်းထွန်း
Credit to ==>  Internet Journal

 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/10/2017

♪ ဂိမ်းကစားဖို့ အကောင်းဆုံး စမတ်ဖုန်းများ ♫


နှစ်စဉ်နှစ်တိုင်း စမတ်ဖုန်းများရဲ့ RAM နဲ့ Processors များဟာ စွမ်းရည်မြင့်မားလာကြတဲ့အတွက် ဂိမ်း ကစားဖို့ အလွန် ကောင်းမွန်လာကြပါတယ်။ ဒါပေမယ့် ဂိမ်းကစားဖို့ ကောင်းမွန်တဲ့ စမတ်ဖုန်းများစွာ ထွက်ပေါ်နေတဲ့အတွက် ရွေးချယ်ရတာ မလွယ်ကူပါဘူး။ အဲဒီအတွက် Digital Times က စာဖတ်သူများ အဆင်ပြေစေဖို့ ဂိမ်း ကစားဖို့ အကောင်းဆုံး စမတ်ဖုန်းများကို ရွေးချယ်ပေးလိုက်ပါတယ်။

Samsung Galaxy S8
Galaxy S8 ဟာ ဈေးကွက်ထဲမှာ အကောင်းဆုံး Android Phone ဖြစ်ပြီး ဂိမ်းကစားရာမှာ အလွန် စွမ်းရည်မြင့်မားပါတယ်။ Galaxy S7 မှာ မိတ်ဆက်ခဲ့တဲ့ ဂိမ်းကစားတဲ့အခါ စွမ်းရည်မြှင့်ပေးတဲ့ ဆော့ဖ်ဝဲကိုလည်း S8 မှာ အဆင့်မြှင့်ပေးထားပါတယ်။ Phone Settings ရဲ့ Device Maintenance ကဏ္ဍမှာ Game Mode ကို Enable လုပ်နိုင်ပါတယ်။ အဲဒီမှာပဲ Game Launcher နဲ့ Game Tools တို့ ရှိပါတယ်။ Game Launcher မှာ သင့်ရဲ့ ဂိမ်းများ အားလုံးကို ပြသထားပါတယ်။ Game Tools ကတော့ 18.5:9 Aspect Ratio ကို မထောက်ပံ့တဲ့ ဂိမ်းများအတွက် အဆင်ပြေစေမယ့် Screen Mode ကို ပြောင်းလဲပေးပါတယ်။ Game Mode ကို သုံးထားရင် ဂိမ်းကစားတဲ့ အခါမှာ ချောမွတ်ပြီး Notifications များကို ပိတ်ပေးထားမှာပါ။



၅.၈ လက်မ AMOLED Infinity Display ( 1440×2960 Resolution ) ဟာ 18.5:9 Aspect Ratio ဖြစ်ပါတယ်။ ဒါဟာ သာမာန် QHD Phones များထက် 400 Pixels ပိုမို ရှည်လျားပါတယ်။ S8 မှာ စွမ်းရည်မြင့် Snapdragon 835 Processor , Adreno 540 GPU , 4GB RAM ထည့်သွင်းထားပါတယ်။

OnePlus 5


OnePlus ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး Galaxy S8 မှာလို Snapdragon 835 ထည့်သွင်းထားပါတယ်။ OnePlus 5 ကို ဂိမ်းကစားဖို့ ရွေးချယ်သင့်တဲ့ အကြောင်းကတော့ 6GB RAM ကနေ 8GB RAM အထိ ရွေးချယ်နိုင်လို့ ဖြစ်ပါတယ်။ သူ့မှာ ဂိမ်း စွမ်းဆောင်ချက် နှစ်ခု ပါပြီး Gaming Do Not Disturb Mode နဲ့ Dash Charge While Gaming တို့ ဖြစ်ကြပါတယ်။ ဂိမ်းကစားနေစဉ် Notification များလို အနှောင့်အယှက်များကို ပိတ်ခြင်းနဲ့ ဂိမ်း ကစားနေစဉ် လျှင်မြန်စွာ အားသွင်းခြင်းများကို အသီးသီး ပံ့ပိုးပေးမှာပါ။ Do Not Disturb မှာ ဂိမ်းကစားနေစဉ် ခလုတ်များ မှားယွင်းနှိပ်မိခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ၅.၅ လက်မ Full HD Display နဲ့ 3300mAh Battery များက အပူမလွန်ကဲစေဘဲ စွမ်းရည်မြင့် ဂိမ်းများကို ကစားနိုင်အောင် ပံ့ပိုးပေးပါတယ်။

Samsung Galaxy S7
Galaxy S8 ကို မတတ်နိုင်တဲ့ လူများအတွက် သူ့ရဲ့ ယခင်မျိုးဆက်ကလည်း ဂိမ်းကစားဖို့ အလွန် ကောင်းမွန်ပါတယ်။ Galaxy S7 မှာ Vulkan APIs ကို ထောက်ပံ့တဲ့အတွက် ဂရပ်ဖစ်များ အရည်အသွေး ကောင်းမွန်ပါတယ်။ ၅.၁ လက်မ Super AMOLED Display ဟာ QHD Resolution ရှိပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၇၇ ဖြစ်ပါတယ်။ အဲဒီအတွက် အလွန် အသေးစိတ်ကျတဲ့ ရုပ်ထွက်များကို ပံ့ပိုးပေးပါတယ်။ မိနစ် ၉၀ အတွင်းမှာ အားအပြည့်ဖြည့်ပေးတဲ့ 3000mAh Battery ပါပါတယ်။ Octa-Core Snapdragon 820 Processor , Adreno 530 GPU, 4GB RAM များက စွမ်းရည်မြင့် ဂိမ်းများကို ထောက်ပံ့ပါတယ်။

S7 ဟာ Game Launcher ပါတဲ့ ပထမဆုံး Samsung Phone ဖြစ်ပြီး S8 မှာလည်း ထည့်သွင်းပေးထားပါတယ်။ အဲဒီကနေ သင့်ရဲ့ ဂိမ်းများကို ကဏ္ဍများဖြင့် ခွဲခြားထားနိုင်ပြီး ကစားချင်တဲ့ ဂိမ်းကို လျှင်မြန်စွာ ဖွင့်နိုင်မှာပါ။ Game Tool က Notification များကို ပိတ်ခြင်း၊ ဂိမ်းကစားခြင်းကို Record လုပ်ခြင်းများကို ပြုလုပ်ပေးပါတယ်။

Sony Remote Play ပါတဲ့ Xperia Device များ





သင့်မှာ PlayStation 4 ရှိရင် Sony Remote Play ဖြင့် PS4 Games များကို Xperia Device များကနေ ကစားနိုင်ပါတယ်။ Xperia X, Z3, Z4, Z5 များမှာ ကစားနိုင်မှာပါ။ PS4 နဲ့ စမတ်ဖုန်းကို တူညီတဲ့ ၀ိုင်ဖိုင်မှာ ချိတ်ဆက်ထားတာနဲ့ ဖုန်းမှာ ဂိမ်းများကို Dualshock 4 Controller ဖြင့် ကစားနိုင်မှာပါ။ Controller ရဲ့ ထိပ်မှာ သင့်ဖုန်းကို တပ်ဆင်နိုင်မယ့် Game Control Mount ကို သုံးရင်တော့ ကစားရတာ ပိုမို ကောင်းမွန်မှာပါ။ PS4 နဲ့ တွဲဖက် ကစားနိုင်တဲ့ နောက်ဆုံးထုတ် Xperia Z5 မှာ ၅.၂ လက်မ မျက်နှာပြင်၊ Snapdragon 810 Processor , 3GB RAM ပါပါတယ်။





Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/02/2017

♪ ဘောလုံးဝါသနာအိုးတွေအတွက် - " FIFA 17 (PC) " ♫

Image may contain: 4 people


ဒီတစ်ပတ်မှာထွက်ရှိလာတာကတော့ ဘောလုံးဂိမ်မာတွေအသည်းစွဲ နာမည်ကျော် FIFA 17 ပဲဖြစ်ပါတယ်။ ဒီကနေ့မှာ ဂိမ်းအမျိုးအစားတွေ ဘယ်လောက်ပဲများများ ခေတ်အဆက်ဆက်မှာ ရိုးအီမသွားဘဲ အမြဲတမ်းဈေးကွက်ဝင်နေတာကတော့ ဘောလုံးဂိမ်းတွေပါ။ ဒီထဲမှာမှ Electronic Arts ကနေ ပွဲထုတ်ပေးတဲ့ FIFA စီးရီးကတော့ Top (10) စာရင်းမှာ ထိပ်ဆုံးကလိုဦးဆောင်နေပြီး ပရိသတ်အများစုအသည်းစွဲလို့ ဆိုရမှာဖြစ်ပါတယ်။ FIFA 16 ကိုဖန်တီးပေးထားတဲ့ Developer ကတော့ ယခင်အတိုင်း ကနေဒါ EA အုပ်စုဖြစ်ပြီး Publisher(s) ကတော့ မူပိုင် EA Sports ပါ။ ဂိမ်မာအားလုံးစိတ်ကျေနပ်စေဖို့ Microsoft Windows နဲ့ PlayStation 3, PlayStation 4, Xbox 360, Xbox One ပလက်ဖောင်းစုံအတွက် တစ်ပြိုင်တည်း ပွဲထုတ်ပေးခဲ့တာဖြစ်ပါတယ်။

FIFA ဟာ ဘောလုံးဈေးကွက်ရဲ့ပြိုင်ဖက်ဖြစ်တဲ့ PES နဲ့ အမြဲတမ်းယှဉ်ပြိုင်နေရတာကြောင့် Feature သစ်တွေ အပြိုင်မြှင့်တင်ကြရာမှာ အခု (2017)ဗားရှင်းမှာ အသစ်ထပ်မံ ထည့်သွင်းပေးထားတာကတော့ The Journey လို့ အမည်ပေးထားတဲ့ Single-Player Story Campaign Mode ပဲဖြစ်ပါတယ်။ Single-Player Story ဇာတ်ကောင်အနေနဲ့ အင်္ဂလန်ရဲ့ (1968-69)ရာသီမှာ (22)ဂိုး သွင်းယူနိုင်ခဲ့တဲ့ လန်ဒန်၊ ကလက်ပ်ဟန်က နာမည်ကျော်တိုက်စစ်မှူး Jim Hunter ရဲ့ မြေးဖြစ်သူ (17)နှစ်အရွယ် လူငယ်လေး အဲလက်စ်ဟန်တာနေရာကနေ ၀င်ရောက်ဆော့ကစားရမှာပါ။ ဘောလုံးကိုရူးသွပ်တဲ့ အဲလက်စ်ဟန်တာအနေနဲ့ ပရီးမီးယားလိဂ်တွေမှာ ခြေစွမ်းပြရင်း အင်္ဂလန်နိုင်ငံ လက်ရွေးစင်အသင်းမှာ ၀င်ရောက်ရွေးချယ်ခံနိုင်ခွင့်ရတဲ့အထိ အပြင်းအထန် ကြိုးစားရမှာ ဖြစ်ပါတယ်။ 


အခြား Features တွေအနေနဲ့ကတော့ အမာခံပရီးမီးယားလိဂ်အတွက် အသင်း (20)၊ ဘွန်ဒက်စ်လီဂါအတွက် (16)သင်း၊ စီးရီးအေအတွက် (20)၊ ပြင်သစ်လိဂ်အတွက် (20)၊ လာလီဂါအတွက် (19)သင်းနဲ့ ကျန်လိဂ်များစွာ လည်း ထည့်သွင်းပေးထားမှာပါ။ နောက်ခံမြူးကြွသွက်လက်တဲ့ SoundTrack ပိုင်းတွေအနေနဲ့ကတော့ (30) နီးပါး ပါဝင်တာတွေ့ရပါမယ်။ ကာဗာပိုင်းကိုတော့ Marco Reus, Eden Hazard, James Rodríguez နဲ့ Anthony Martial တို့ရဲ့ပုံတွေနဲ့ ပွဲထုတ်ပေးထားပြီး Attacking Techniques ပိုင်းတွေ AI ပိုင်းတွေကို အဆင့်မြှင့်တင်ပေးထားတာကြောင့် ပလေယာတွေအနေနဲ့ ယခင်ဗားရှင်းတွေကထက် ပိုပြီးခက်ခက်ခဲခဲ ကစား ရမှာအသေအချာပါ။


ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ဂရပ်ဖစ်တွေ၊ သွက်လက်တဲ့လှုပ်ရှားမှုတွေ အတွက်ကို တော့ ယခင်က Ignite ဂိမ်းအင်ဂျင်အစား Frostbite 3 အင်ဂျင်ကို ပထမဆုံးဆန်းသစ်မှုအဖြစ် အသုံးပြု ဖန်တီးရေးဆွဲပေး ထားတာကြောင့် ရသသစ်တွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် FIFA ရဲ့ အမာခံပရိသတ်တွေအတွက် စောင့်မျှော်ရကျိုးနပ်တဲ့ အခွေဖြစ်တဲ့အကြောင်း ညွှန်းချင်ပါတယ်။ ၀ယ်ယူကစားမယ်ဆိုရင်တော့ အမြို့မြို့ အနယ်နယ်တိုင်းက Excellent Softwares & Games ဆိုင်တိုင်းမှာ ရရှိနိုင်ပါပြီ။


Author: GT (Excellent)


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ “Huawei Mobile Myanmar မှ Mobile Legend Game ပြိုင်ပွဲတစ်ခုပြုလုပ်ပေးသွားမည်” ♫

No automatic alt text available.

Huawei Mobile Myanmar အနေဖြင့် ယခုလက်ရှိတွင် လူငယ်အများစု နှစ်သက်သဘောကျစွာ ယှဉ်ပြိုင်လျက်ရှိသည့် Mobile Legend Game ပြိုင်ပွဲတစ်ခုကို ရန်ကုန်မြို့ Junction Square တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိကိုယ်ပိုင် ၅ ဦးတစ်သင်းစီစုစည်းပြီး ဇူလိုင်လ (၂၈) ရက်မှစတင်ပြီး စာရင်းပေးသွင်း ရမည်ဖြစ်သည်။ စာရင်းပေးသွင်းခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့ ည (၉း၀၀ ) နာရီထိ လက်ခံသွားမည်ဖြစ်ပြီး သြဂုတ်လ (၁) ရက်နေ့တွင် Online အဆင့်ပြိုင်ပွဲများကို စတင်ပြုလုပ် သွားမည်ဟုဆိုသည်။ နောက်ဆုံး Final ပွဲစဉ်ကို သြဂုတ် (၅) ရက်နေ့တွင် Junction Square တွင် Huawei mediapad M3 များဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဟုဆိုသည်


အနိုင်ရရှိသော အသင်းများအနေဖြင့် ပထမဆုအဖြစ် ငွေကျပ်သုံးသိန်း ရှစ်သောင်းဝန်းကျင်တန်ဖိုးရှိ Huawei media-pad M3 (၅) ဆုနှင့်အတူ Huawei Esport Gaming Challenge Trophy ၊ ဒုတိယဆုအဖြစ်ငွေ ကျပ်တစ်သိန်းခုနှစ်သောင်းဝန်းကျင် တန်ဖိုးရှိ Huawei Y5 ၂၀၁၇ (၅) ဆုနှင့်အတူ Huawei Esport Gaming Challenge ဂုဏ်ပြုတံဆိပ် ၊ တတိယဆုနှင့် စတုတ္ထဆုအဖြစ် Huawei Esport Gaming Challenge ဂုဏ်ပြုတံဆိပ်များနှင့် Huawei မှ ဂုဏ်ပြုဆုလက်ဆောင်များကို ချီးမြှင့်ပေး အပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

Final ပွဲစဉ်များကို ရန်ကုန်မြို့ရှိ Junction Square တွင် August (၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် စတင်ပြုလုပ် သွားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Huawei Myanmar ၏ Facebook ဖြစ်သော https://www.facebook.com/HuaweimobileMM/ တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။



ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/01/2017

♪ Titanfall 2 PC Game ♫

Image may contain: one or more people and text

ယခုအပတ်အတွင်း PC ဂိမ်းသစ်များအဖြစ် EA ၏ရောင်းအားကောင်း သည့် Titanfall ဂိမ်းစီးရီး၏ ဂိမ်းသစ် Titanfall 2 ၀င်ရောက်လာပါတယ်။ အဆိုပါဂိမ်းတွင် ကစားသူဟာ Titans အမည်ရ စက်ရုပ်များကို ကိုယ်တိုင် မောင်းနှင် တိုက်ခိုက်နိုင်သလို Call of Duty ဂိမ်းများကဲ့သို့လည်း မြေပြင်ပေါ်တွင် တိုက်ခိုက်နိုင်မှာဖြစ်ပါ တယ်။ Offline ကစားနိုင်သော Single player story mode လည်း ပါဝင်ထားပါတယ်။

Telltale Games ရဲ့ Adventure ဂိမ်းသစ်ဖြစ်ပြီး Minecraft: Story Mode ၏ Season 2 လည်းထွက်ရှိလာပြီး Single player အဖြစ် ကစားရမည့်ဂိမ်းသစ်ဖြစ်ပြီး materials များကို ကိုယ်တိုင် ဆောက်လုပ်ရမည့်ပုံစံ မဟုတ်ဘဲ သူရဲကောင်းများကို ရှာဖွေရမည့် စွန့်စားခန်းဇာတ်လမ်းပုံစံ ဖန်တီး ထားသော ဂိမ်းသစ်ဖြစ်ပါ တယ်။ 4KTV Support ပါဝင်သော PlayStation 4 Pro ဂိမ်းစက်သစ်များလည်း ၀င်ရောက်လာပြီး 1 TB Hard disk space ပါဝင်ထားကာ promotion ဈေး ၆၆၀,၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်မှာဖြစ်ပြီး PS4 exclusive အခွေသစ်များဖြစ်သော Crash Bandicoot N Sane Trilogy နှင့်အတူ Horizon Zero Dawn, Persona 5, Yakuza 0 နှင့် NiOh ဂိမ်းများလည်း GAME HIVE ဖုန်းနံပါတ် ၀၉ ၇၃၁၁၈၅၅၀ နှင့် ၀၉ ၅၄၁ ၇၂၇၂ သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/26/2017

♪ Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု ♫


ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင် သင်ကြားပေးနိုင်ခြင်း မရှိပေမယ့် ကုဒ်ရေးသားနည်းများကို ဂိမ်းများဖြင့် လေ့ကျင့်ရတာ ပျော်စရာကောင်းပါတယ်။

၁။ CodeMonkey


CodeMonkey က တကယ့် ကွန်ပြူတာ ဘာသာစကား CoffeeScript ကို အသုံးပြု၍ HTML5 ဖြင့် သင့်ကိုယ်ပိုင် ဂိမ်းများ ဖန်တီးတတ်အောင် သင်ကြားပေးပါတယ်။ သူ့ကို ကလေးများအတွက် ရည်ရွယ် ထုတ်လုပ်ပေးထားပေမယ့် လူကြီးများအတွက်လည်း ပျော်စရာကောင်းပါတယ်။

၂။ CodinGame


CodinGame က JavaScript, Ruby နဲ့ PHP အပါအ၀င် ကွန်ပြူတာ ဘာသာစကား ၂၅ ခုကျော်ကို သင်ကြားပေးပါတယ်။ သူ့ရဲ့ ကောင်းတဲ့အချက်တစ်ခုက သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူတကွ ကစားနိုင်ပြီး နိုင်ငံတကာ ကုဒ်ရေးသားတဲ့ ပြိုင်ပွဲများကိုလည်း ပါဝင်နိုင်ပါတယ်။

၃။ CSS Diner


CSS Diner က CSS ကို ရိုးရှင်းစွာ သင်ကြားပေးတဲ့ ဂိမ်း ဖြစ်ပါတယ်။ CSS Selectors တွေရဲ့ အလုပ်လုပ်ပုံကို သင်ကြားပေးတဲ့ အဆင့် ၃၂ ခု ပါပါတယ်။ အဆင့်တိုင်းမှာ ယခင်အဆင့်မှာ သင်ကြားခဲ့တဲ့ အရာများအပေါ် အခြေခံ၍ ပိုမိုရှုပ်ထွေးတဲ့ ကုဒ်များကို ရေးသားရမှာပါ။

၎။ Flexbox Froggy


CSS Flexbox ရဲ့ အလုပ်လုပ်ပုံကို သင်ကြားချင်ရင် Flexbox Froggy ကို ကစားပါ။ Froggy နဲ့ သူ့သူငယ်ချင်းများကို ကူညီရင်းနဲ့ Flexbox မှ အရာများကို Align လုပ်ရတဲ့ အခြေခံ သင်ခန်းစာများကို သူက ရိုးရှင်းတဲ့ Interface ဖြင့် သင်ပေးမှာပါ။

၅။ Flexbox Defense


Flexbox Defense ဟာ သင့်ရဲ့ Flexbox စွမ်းရည်ကို လေ့ကျင့်နိုင်မယ့် နောက်ထပ် ဂိမ်းတစ်ခုပါ။ သူ့မှာ ၀င်လာတဲ့ ရန်သူလှိုင်းများကို နှိမ်နင်းဖို့ Towers များကို မှန်ကန်တဲ့ နေရာကို ရွှေ့ပေးခြင်းဖြင့် ကစားရမှာပါ။

၆။ CodeCombat


CodeCombat ဟာ ဆရာများနဲ့ ကျောင်းသားများအတွက် ဖန်တီးထားတာပါ။ ဒါပေမယ့်လည်း လူတိုင်း ကစားနိုင်ပါတယ်။ သူက Python , JavaScript, CoffeeScript , Lua Game Scripting Language များကို သင်ကြားပေးပါတယ်။ ဂိမ်းနဲ့အတူ Tutorial များကို ပြသပေးထားပါတယ်။

၇။ Ruby Warrior


Ruby ကို လေ့လာချင်ရင် Ruby Warrior ကို ကစားပါ။ သင့်ရဲ့ အရည်အချင်းအပေါ် မူတည်ပြီး Beginner နဲ့ Intermediate Level များ ရှိပါတယ်။ သင့်ရဲ့ Progress များကို သိမ်းထားဖို့ Facebook အကောင့်နဲ့ Login ၀င်နိုင်ပါတယ်။


၈။ Untrusted 



Untrusted က သင့်ရဲ့ JavaScript အရည်အသွေးကို စမ်းသပ်နိုင်မယ့် စွန့်စားကစားရတဲ့ ဂိမ်း ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ JavaScript များကို လေ့လာချင်သူများအတွက် အသုံးဝင်ပါတယ်။

၉။ Code Hunt


Code Hunt က ဆန်းသစ်တဲ့ နည်းလမ်းဖြင့် သင့်ကို ကုဒ်ရေးနည်း သင်ပေးပါတယ်။ သင်က ကုဒ် အစိတ်အပိုင်းတစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး လိုအပ်တာတွေကို ဖြည့်စွက် ပြုပြင်ပေးရပါတယ်။ Java , C# တို့ကို လေ့လာနိုင်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/25/2017

♪ Android အတွက် အကောင်းဆုံး PC/Console Games များ ♫


PC နဲ့ ဂိမ်းစက်များမှာ ဂိမ်းကစားတဲ့ လူများအတွက် အချိန်မရွေး၊ နေရာမရွေး အဲဒီ ဂိမ်းများကို ကစားနိုင်ရင် အလွန် အဆင်ပြေမှာပါ။ ဒီလိုအပ်ချက်ကို သိတဲ့အတွက် ဂိမ်းဖန်တီးသူများက ပီစီ၊ ဂိမ်းစက်များရဲ့ ဂိမ်းများကို Android အတွက် ထုတ်လုပ်ပေးထားပါတယ်။ ဒီဆောင်းပါးမှာတော့ Android အတွက် အကောင်းဆုံး PC/Console Games များကို ဖော်ပြပေးလိုက်ပါတယ်။

FIFA Mobile Football

FIFA Mobile Football ဟာ Android အတွက် အကောင်းဆုံး ဘောလုံး ဂိမ်းများထဲမှ တစ်ခု ဖြစ်ပါတယ်။ ၂၀၁၇ ဗားရှင်းမှာ ဥာဏ်ရည်တု ၊ ဂရပ်ဖစ်နဲ့ ဂိမ်းကစားတဲ့ အရသာတို့လို စွမ်းရည်များဟာ ပိုမို တိုးတက်လာပါတယ်။ ပွဲမှာ ကစားသမားများရဲ့ စိတ်ခံစားမှုများဟာ ပိုမို အားကောင်းလာပါတယ်။ ပြင်ပ ကမ္ဘာကအတိုင်း အသင်းများကို စဉ်ဆက်မပြတ် Update လုပ်ပေးနေပါတယ်။

Electronics Arts က ဂိမ်းရဲ့ အရွယ်အစားကို 100MB အောက်မှာ ရှိအောင် ပြုလုပ်ပေးထားခြင်းဖြင့် မိုဘိုင်း ကိရိယာများအတွက် အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အားနည်းချက်တစ်ခုက သူ့ကို ကစားဖို့ အင်တာနက် ဆက်သွယ်မှုလိုအပ်တာ ဖြစ်ပါတယ်။

• App version: 6.1.1
• App size: 30.1 MB
• App compatibility: Android 4.1 or higher
• Pricing: free with in-app purchases
Download

MyNBA2K17

ဘတ်စကတ်ဘော ချစ်သူများအတွက်လည်း NBA 2K17 ရဲ့ မိုဘိုင်းဗားရှင်းဖြစ်တဲ့ MyNBA2K17 ကို ဖန်တီးပေးထားပါတယ်။ EA ရဲ့ FIFA Mobile Football မှာလိုပဲ သူဟာ ဂိမ်းစက်များမှာလောက်တော့ ကစားလို့ မကောင်းပါဘူး။ ဒါပေမယ့် စွမ်းရည်မြင့် ဖုန်းများမှာတော့ ဂရပ်ဖစ်များက အလွန် ကောင်းမွန်ပါတယ်။ စွမ်းရည်နိမ့် ဖုန်းများမှာတော့ ဂရပ်ဖစ်များက တုန့်ဆိုင်းနေတတ်ပါတယ်။
ခြုံပြောရရင် MyNBA2K17 ဟာ Android အတွက် အကောင်းဆုံး ဘတ်စကတ်ဘော ဂိမ်း ဖြစ်ပါတယ်။ ဒါပေမယ့် EA ဟာ မိုဘိုင်းဖုန်းမှာ ပိုမိုချောမွတ်အောင် ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ သုံးသပ်မိပါတယ်။
• App version: 0.0.27
• App size: 50 MB
• App compatibility: Android 4.3 or higher
• Pricing: paid
Download

Grand Theft Auto
မိုဘိုင်းဖုန်းများအတွက် ကြာလရှည်ကြာ စောင့်စားခဲ့ရတဲ့ နာမည်ကျော် Grand Theft Auto ကို Android နဲ့ iOS မှာ ကစားနိုင်ပါပြီ။ ပီစီနဲ့ ဂိမ်းစက်များမှာလောက်တော့ ကစားရတာ သိပ်မကောင်းပေမယ့် မိုဘိုင်းဖုန်းမှာလည်း သင့်တင့်ကောင်းမွန်ပါတယ်။ Android အတွက် Grand Theft Auto: San Andreas ရဲ့ Trailer ကို အောက်မှာ လေ့လာနိုင်ပါတယ်။

ဂိမ်းများကို အင်စတောလုပ်နိုင်မယ့် လင့်များကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
GTA: III, GTA: Vice City, GTA: San Andreas, GTA: Chinatown Wars and Grand Theft Auto: ViceCity

Max Payne Mobile

May Payne Mobile ဟာ မိုဘိုင်းပလက်ဖောင်းအတွက် ၂၀၁၃ ခုနှစ်ကတည်းက ပေါ်ထွက်ခဲ့ပါတယ်။ သက်တမ်းကြာရင့်နေပေမယ့် အလွန်ကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းများမှာ ကစားရတာ အလွန် ချောမွတ်ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်ထုတ် ဖုန်းများမှာ ကစားရင်တောင် အဆင်ပြေပါတယ်။ ဂရပ်ဖစ်က HD အရည်အသွေးကို အဆင့်မြှင့်ပေးထားပါတယ်။ Controls များကို ကစားသူ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။
• App version: 1.2
• App size: 1.36 GB
• App compatibility: Android 2.3 or higher
• Pricing: paid
Download

Tomb Raider


မင်းသမီး Angelina Jolie အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်တဲ့ Tomb Raider Game ကို Android အတွက် ဖန်တီးပေးထားပါတယ်။ Touch Screen Commands များဖြင့် ကစားရမှာ ဖြစ်ပါတယ်။ စွန့်စား ကစားရတဲ့ အက်ရှင် ဂိမ်းဖြစ်ပြီး HD Graphic အရည်အသွေးက အလွန် ကောင်းမွန်ပါတယ်။ Tomb Raider 2 တောင် ထွက်ရှိနေပြီ ဖြစ်ပါတယ်။
• App version: 1.0.39
• App size: 320.2 MB
• App compatibility: Android 4.0 or higher
• Pricing: paid
Download Tomb Raider I




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/21/2017

♪ “Super Hero များပါမယ့် VR Game” ♫

Image may contain: 1 person, text

Incredible Hulk နဲ့ သူ့ရဲ့ ဘော်ဒါ စူပါဟီးရိုးများကတော့ Virtual Reality ကမ္ဘာကိုရောက်ရှိကြတော့မှာ ဖြစ်ပါတယ်။ စနေနေ့မှာ Disney’s D23 Event တွင် ကြေညာခဲ့တဲ့ Marvel Powers United VR Game မှာ စူပါဟီးရိုးတစ်ယောက်အဖြစ် သင်က ပါဝင်ကစားနိုင်မှာ ဖြစ်ပြီး VR အရသာဖြင့် ၀ုန်းဒိုင်းကြဲ ကစားနိုင်မှာ ဖြစ်ပါတယ်။

Powers United VR Game ကို Marvel က Oculus , Sanzaru Games တို့နဲ့ ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပြီးအခြား VR Game တစ်ခု ဖြစ်တဲ့ Robo Recall နဲ့ ဆင်တူပါတယ်။ Sanzaru Games ဟာ VR Sports Challenge , Ripcoilတို့ အပါအ၀င် Rift အတွက် VR Games များကိုဖန်တီးပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Powers United VR မှာကစားသူများဟာ Marvel ရဲ့ စူပါဟီးရိုး ၁၂ ယောက်ထဲမှ တစ်ယောက်ကိုရွေးချယ် ကစားနိုင်ပါတယ်။

Facebook နဲ့ Oculus တို့ဟာ VR Content များကိုဖန်တီးဖို့ အတွက် ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံထားပါတယ်။ Oculus ကို Facebook က ၀ယ်ယူထားတာ ဖြစ်ပြီးကုမ္ပဏီဟာစွမ်းဆောင်ရည်မြင့် Rift Headset နဲ့ ထိတွေ့ ကစားရတဲ့ Touch Controller Hardware များကိုဖန်တီးထားပါတယ်။ Marvel Powers United VR ကို ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိဖို့ ရည်ရွယ်ထားပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

6/26/2017

♪ ဂိမ်းကစားသူအချင်းချင်း Gem နဲ့ Coin များကို လေလံတင်ရောင်းချနိုင်မယ့် ရှမ်းကိုးမီး (ဘုံ) ဗားရှင်းသစ်ထွက်ရှိလာပါပြီ ♫


MyPLay ကုမ္ပဏီက အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ ရှမ်းကိုးမီး (ဘုံ) [SKM World 3.0] မှာ ဂိမ်းကစားပုံ feature အသစ်တွေနဲ့ ဂိမ်းထဲမှာ မိမိတို့ရရှိထားတဲ့ ဆုတံဆိပ်၊ Gem နဲ့ Coin တွေကို ကစားသူတွေအချင်းချင်း လေလံတင်ရောင်းချနိုင်အောင် ဖန်တီးပေးထားပါတယ်။ ဒီဂိမ်းမှာ ဒိုင်မပါဝင်ဘဲ အလယ်ဘုံစနစ်နဲ့ ဂိမ်းကစားသူတွေ စိတ်ကြိုက်ကြေးထပ်ကာ ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားဖွယ်ရာ ဖဲပွတ်ကစားနည်း feature လုပ်ဆောင်ချက်သစ်လည်း ပါဝင်လာပါတယ်။ နောက်ပြီး MyPlay ငွေဖြည့်ကတ် ၀ယ်ယူကစားတဲ့သူတွေကို ငွေကြေးဆိုင်ရာ “သော့” ကို ထည့်သွင်းထားပြီး သော့နဲ့ ကံစမ်းမဲသေတ္တာတွေကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။


“အခုဂိမ်း version အသစ်မှာက ကစားသူတွေ ပိုအဆင်ပြေပြေ ကစားနိုင်အောင် လုပ်ထားတယ်။ အမြင်သစ်နဲ့ rule တွေပြောင်းပြီး ဖဲပွတ်ကြည့်ရတဲ့စနစ်ကိုပါ ထပ်ထည့်ထားပါတယ်။ နောက်ထပ် ဂိမ်း versionအသစ် ၊ ဂိမ်းအသစ်တွေလည်း ထွက်ရှိဖို့ရှိနေပါတယ်” ဟု MyPlay ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Operation Manager ကိုစိုင်းပြည့်ဖြိုးဟန်က ပြောကြားခဲ့ပါတယ်။


SKM World ဗားရှင်း 3.0 ကို ဇွန်လ ၇ ရက်က စတင်မိတ်ဆက်ခဲ့ပြီး Android OS 2.3 နဲ့ အထက်ဖုန်းတွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအခြေစိုက် မိုဘိုင်ဂိမ်းကုမ္မဏီ MyPlay ကို အရှေ့တောင်အာရှအခြေစိုက် နည်းပညာဝန်ဆောင်မှုလုပ်ငန်း iSentric က ယခုနှစ်မတ်လအတွင်း ဝယ်ယူခဲ့တဲ့နောက်ပိုင်း ပထမဆုံးထွက်ရှိခဲ့တဲ့ ရှမ်းကိုးမီး (ဘုံ) ဂိမ်းကစားနည်း အသစ်လည်း ဖြစ်ပါတယ်။ MyPlay ကုမ္ပဏီက မြန်မာမှုဂိမ်းတွေကို တီထွင်ထုတ်လုပ်လျက်ရှိပြီး ယခုအခါ အရှေ့တောင်အာရှဈေးကွက်ကို ဖြန့်ချိမယ့် ဂိမ်းတွေကို ဆက်လက်တီထွင် သွားမယ်လို့ သိရပါတယ်။



-ရဲထွဋ်ဝင်း


Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...