ပြည်တွင်း၌
 Facebook လူမှုကွန်ရက်ကို အသုံးပြုနေသည့် account အရေအတွက်မှာ ယခုရက်သတ္တပတ်
 အတွင်း ၆.၉ သန်းအထိ မြင့်တက်လာပြီဖြစ်ကြောင်း Amara Digital Marketing 
Agency ၏ သုတေသနပြုလုပ်ထားသော အချက်အလက်များ အရ သိရသည်။
အဆိုပါ ကိန်းဂဏန်းများအနက် မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုသူ အရေအတွက်မှာ ၆.၃ သန်းခန့်ရှိပြီး 2G နှင့် 3G ကွန်ရက်ပေါ်တွင် အဆိုပါ လူမှုကွန်ရက်ကို အသုံးပြုသူဦးရေမှာ ၅.၄ သန်းခန့်ရှိကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် သုံးစွဲသူပေါင်း ၁.၉ ဘီလီယံရှိလာပြီဖြစ်သည့် အဆိုပါ လူမှုကွန်ရက်စာမျက်နှာ အား မြန်မာနိုင်ငံမှ အသုံးပြုသူအရေအတွက်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ၁.၄ သန်းသာ ရှိခဲ့ပြီး နှစ်အနည်းငယ်အတွင်း ၅ သန်းကျော် မြင့်တက်လာခြင်း ဖြစ်သည်။

Credit to ==> Internet Journal