(၁)သိန်းဝန်းကျင်တန်ဖိုးရှိသော ဟန်းဆက်များဟာ လူတန်းစားမျိုးစုံ
အသုံးပြုဖို့အဆင်ပြေစေပြီး ရွေးချယ် ၀ယ်ယူဖို့အမှတ်တံဆိပ်တွေလည်း များစွာ
ရှိပါတယ်။ တံဆိပ်အများစုဟာလည်းလူသုံးများမယ့် ဟန်းဆက်များနဲ့
ဈေးကွက်ဝေစုကို ပိုမိုပိုင်ဆိုင်ရအောင်ဆောင်ရွက်ကြပါတယ်။ ထိုဟန်းဆက်
များရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ များသောအား ဖြင့် ၅ inches
ဝန်းကျင်ခန့်ပဲရှိတတ်ပါတယ်။ အခုလည်း DOOGEE အမှတ်တံဆိပ်က
စွမ်းရည်သင့်ဟန်းဆက်များကိုထုတ်လုပ်ရောင်းချပေးထားပါတယ်။
ယခု ဟန်းဆက်ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 4.5 inches ရှိပါတယ်။ မြင်ကွင်း စွမ်းရည် အတွက်ထောက်ပံ့ပေးထားသော Pixels ပမာဏကတော့ 480×854 ပါ။ အသုံးပြုနိုင်တဲ့ Network အမျိုးအစားများကတော့ GSM, WCDMA ဖြစ်ပါတယ်။ ကင်မရာနှစ်မျိုးနှစ်စားကို အပျော်တမ်းဓာတ်ပုံရိုက် လိုသူများ အတွက် တပ်ဆင်ပေးထားပါတယ်။
ကင်မရာရဲ့စွမ်းရည်များဟာထိပ်တန်းအဆင့်တော့မဟုတ်ဘဲအလယ်အလတ်စွမ်းရည်ကိုပဲပိုင်ဆိုင်ထားပါတယ်။ အဓိကကင်မရာဟာ 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 1.3MP စွမ်းရည်ပါ။ မှတ်ဥာဏ်ပမာဏ ပိုင်းအတွက် RAM ကို1GBထည့်သွင်းပေးထားပြီး ROMကို8GB ဖြစ်အောင်ဆောင်ရွက် ပေးထားပါတယ်။ အချက်အလက်အများအပြားသိမ်းဆည်းချင်သူများ အနေဖြင့် မှတ်ဥာဏ်ပမာဏကိုချဲ့ထွင်အသုံးပြုရပါမယ်။
အများဆုံး ချဲ့ထွင်နိုင်မယ့်ပမာဏကတော့ 32GBအထိဖြစ်ပါတယ်။ ဖုန်းရဲ့ အရွယ် အစားပမာဏကတော့ 133.5×68.3×8.8 mm ဖြစ်ပြီးအားသွင်းအသုံးပြု ရမယ့် ဘက်ထရီအမျိုးအစားမှာ1800 mAhပါ။ ကာဗာလက်ဆောင် ကိုလည်း ရရှိနိုင်ပါမယ်။ ဖုန်းတွင် Quad-core CPUအမျိုးအစားကိုထည့်သွင်းပေးထား ပါတယ်။
<Specification>
Network - GSM/WCDMA
Screen - 4.5 inches
Memory - up to 32 GB
Bluetooth - Yes
CPU - MT 6582 Quad Core
OS - Android OS,v4.4
Contact - 09-785688888
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။